ရတနာပုံ ယာယီဈေးကို မကြာမီဖျက်သိမ်းတော့မည်

klnJune 11, 20101min491

မန္တလေးမြို့ မီးလောင်သွားသော ရတနာပုံဈေးဆိုင်ခန်းများအတွက် ယာယီဈေးတန်းများကို စက်တင်ဘာလမှစပြီး ဖျက်သိမ်းတော့မည် ဖြစ်သည်။ မကြာမီ ရတနာပုံဈေး ဖွင့်လှစ်တော့မည်ဖြစ်ပြီး အဆိုပါဈေးကြီးသို့ ယာယီဆိုင်တန်းမှ ဈေးသည်များ ပြောင်းရွှေ့ကြရတော့မည်ဖြစ်သည့်အတွက် ယာယီဆိုင်တန်းများကို ဖျက်၍ မူလလမ်းများကို ပြန်လည်ပြုပြင်သွားမည်ဖြစ်သည်။ အဆိုပါ ဈေးများဖျက်သိမ်းလိုက်ပါက ယခင်လမ်းဟောင်းများဖြစ်သာ ၇ရလမ်း၊ ၂၆လမ်းမှ ၂၉လမ်းထိပ်ထိ လည်းကောင်း၊ ၃၁လမ်းနှင့် ၃၄လမ်းတို့တွင်လည်းကောင်း ကားနှင့် ဆိုင်ကယ်များ သွားလာနို်င်မည် ဖြစ်သည်။ ယာယီဆိုင်တန်းများမှာ ရတနာပုံဈေးကြီးမီးလောင်ပြီး နှစ်လအကြာတွင် တည်ဆောက်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့သည်။ ခြောက်ပေဆိုင်ခန်းတစ်ခန်းလျှင် ကျပ်ငါးသိန်းကုန်ကျခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၅၄ရ ခန်းတည်ဆောက်ခဲ့သည်။ ၇ရလမ်း ၂၆လမ်းနှင့် ၂ရလမ်းကြားတွင် အထည်တန်းဆိုင်ခန်းတစ်တန်း၊ ၂ရလမ်းနှင့် ၂၈လမ်းကြားတွင် ပန်းကန်တန်းဆိုင်ခန်း တစ်တန်း၊ ၂၉လမ်းထိပ်တွင် အထည်တန်းတစ်တန်း၊ ၃၁လမ်းတွင် ဆိုင်တန်းတစ်တန်းနှင့် ၃၄လမ်းတွင် ကုန်စိမ်းခြောက်တန်းတစ်တန်းတို့ကို အသီးသီးဖွင့်လှစ်ပေးခဲ့သည်။ ၃၁လမ်းဆိုင်တန်းမှာ ရောင်းချသူမရှိ၍ ဖျက်သိမ်းခဲ့ရသည်။ “ ကျွန်မတို့ ဈေးကြီးသွားရတော့မယ်ဆိုတော့ ပိုပျော်ပါတယ်။ အဲဒီဈေးကြီးရောက်မှပဲ ရောင်းအားပြန်ကောင်းမယ်ထင်တယ်။ ဒီမှာက မိတ်ပျက်သွားမှာစိုးလို့သာ ဆက်ရောင်းနေရတာ ကျွန်မတို့ရှုံးပါတယ်။ ခုဈေးကြီးရောက်တယ်ဆိုတော့ အမြဲနေရတော့မှာလေ ” ဟု ၂၈လမ်း အထည်ဆိုင်ရှင်တစ်ဦးကပြောသည်။ ရတနာပုံဈေး ယာယီဈေးတန်းကို ၂၀၀၈ ခုနှစ်၊ ဧပြီလက စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး ၂၀၁ဝ ပြည့်နှစ် စက်တင်ဘာလတွင် ရတနာပုံဈေးကြီးသို့ အပြီးသတ်ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချရတော့မည်ဖြစ်ကြောင်း သိရသည်။

One comment

  • yannaingech

    June 11, 2010 at 6:32 pm

    ဈေးသစ်ကြီးရောက်ရင်လည်း မီးဂရုပြုကြပါမယ့်အကြောင်းနဲ့ တစ်စစီဖြစ်သွားတဲ့ လမ်းတွေကိုလည်း တတ်နိုင်သလောက် ပြန်ကြည့်ပါရန်အကြောင်းလေးများတော့ မှာကြားချင်ပါတယ်

Leave a Reply