မကြာမီကုန်ဈေးနှုန်းတွေ တက်တော့မည်လော

fattyApril 3, 20121min19118

နိုင်ငံရပ်ခြားကနေ ကုန်တင်ပို့တဲ့အခါ အရင်က အကောက်ခွန်ကို တဒေါ်လာ ၄၅ဝ ကျပ်နှုန်းနဲ့မြှောက်ပြီးကောက်ပါတယ်။
အခု ၈၁ဝ လောက်နဲ့မြှောက်ပါတယ် ၂ ဆဆိုပါတော့ အဲတော့ ကုန်ဈေးနှန်းတွေတက်တော့မဲ့သဘောပေါ့။
ဥပမာ အာမခံကြေး ကို အရင်က တဒေါ်လာ ၆ ကျပ်ခွဲနဲ့မြှောက်ပြီး ၂ သောင်းကျော်ကျော်လောက်ဆောင်လာရတာ
မနေ့ကတော့ အာမခံကြေးသွားဆောင်လိုက်တာ ၈၀ဝ ကျော်နဲ့မြှောက်လို့ ၃၅ သိန်းကျော်သွင်းလိုက်ရပါတယ်။
နားလည်သူများ ဆွေးနွေးပေးကြပါ။

18 comments

  • ချာလီဂဇက်ဒလဝမ်

    April 3, 2012 at 12:37 am

    သိသူ တတ်သူ နားလည်သူ ဉာဏ်ရည်မြင့်သူ ဗဟုသုတရှိသူ များ ဝင်ရောက်ဆွေးနွေး
    ပေးကြပါ။
    အကျွနုပ် ဝါတားတား ငဒလဝမ် ကတော့ စောင့်၍ ဖတ်မည်၊ အားပေးမည်၊
    ဤကား ဒလဝမ်၏ ကြောင်ရေချိုးပေးသော အလုပ်ပင်တည်း။

  • Foreign Resident

    April 3, 2012 at 5:35 am

    ” အာမခံကြေး ကို အရင်က တဒေါ်လာ ၆ ကျပ်ခွဲနဲ့မြှောက်ပြီး
    ၂ သောင်းကျော်ကျော်လောက်ဆောင်လာရတာ
    မနေ့ကတော့ အာမခံကြေးသွားဆောင်လိုက်တာ
    ၈၀ဝ ကျော်နဲ့မြှောက်လို့ ၃၅ သိန်းကျော်သွင်းလိုက်ရပါတယ် ”

    ဘာ အာမခံကြေး တုန်း ဦးဖက်ရဲ့ ။ ယူသွားတဲ့ ပိုက်ဆံကော လောက်ရဲ့လား ။

    အင်းးးးးး အခွန်အခတွေကတော့ နိုင်ငံတကာ စံချိန်မှီ တက်ကုန်ပြီ ။
    ဝင်ငွေ တွေက နိုင်ငံတကာ စံချိန်မှီ လိုက်မတက်ရင်တော့ ။
    အင်းးးးး တိုင်းသူပြည်သားတွေအတွက် ရင်လေးတယ် ။

    ဒီမိုကရေစီ ရပြီး မွဲတာနှင့်
    ဒီမိုကရေစီ မရပဲ မွဲတာနှင့်
    ဘာကွာမလဲ မသိ ။ 🙁

    • photwenty

      April 3, 2012 at 10:24 am

      လွတ်လွတ်လပ်လပ်မွဲရတော.မယ်ထင်ပ
      တောင်းစားလို.ကောင်းတာပေါ.ဗျာ

  • htoosan

    April 3, 2012 at 6:29 am

    ကြားကာလ တစ်ခုမှာတော့ ခါးစည်းခံရမည်ထင်ပါသည်။

  • ကြောင်ကြီး

    April 3, 2012 at 8:49 am

    လွယ်ပါဒယ်.. တင်ထားတဲ့ အာမခံဂျေးရအောင် ပစ္စည်းအပျောက်ရိုက်လိုက်ပါ။ ပေးသင့်ပေးအပ်တဲ့သူတွေ ပေးပြီးရင် အရင်ကထက် ဦဖက်ပိုကျန်လိမ့်မယ်။ 👿

  • ဆူး

    April 3, 2012 at 9:13 am

    အမလေး ရင်လေးစရာတွေ ပါလား.. သူတို့ မြေစမ်း ခရမ်းပျိုးတာ.. မြေကြီးထဲ အောင်းနေတဲ့ အကောင်တွေ တူးရင်းနဲ့ ထိုးထိုးစွတာ ခံရလို့ သေကုန်သလို ဖြစ်နေပြီ။

    ဒုက္ခပဲ.. 🙁

  • Onyx

    April 3, 2012 at 10:26 am

    အင်းသေချာပါတယ်လေ 30000 လောက်ပေးပြီး သိန်း30 လောက်ဒင်းတို့က ယူချင်တာကိုး ဗျ။
    ကုန်ဈေးနှုန်း ဒီထက်ထက်တက်ရင် လူတွေ ငတ်သေဖို့ပဲ ရှိတော့တယ်နော် ။
    ကုန်ဈေးနှုန်းကို ကျအောင်မလုပ်ပေးနိုင်ရင်တောင် ထက်မတက်ဖို့တော့ ထိမ်းထားပေးသင့်ပါတယ်
    ကုန်သည်ကြီးများလဲ ဒင်းတို့ပဲ ။ အဲလောက်တောင်ရှာပြီး ငရဲ မှာများလဘ်ထိုးပြီး နေလို့ရမယ် ထင်နေကြလားမသိဘူးနော် ။။

  • စနေ

    April 3, 2012 at 10:27 am

    လေးဖက်ရေ အခုအကောက်ခွန်ကို ဒေါ်လာပေါက်ဈေးအတိုင်းမြှောက်ပြီးဆောင်ရပါတယ် …. ဒါပေမဲ့ ကုန်သွယ်ခွန်ကို 5% နှုန်းပြောင်းလိုက်တော့ အရင် 10% မှ 25 % နဲ့ဆောင်ရတဲ့ ကုန်ပစ္စည်းတွေက အရင်ထက် အခွန်လျှော့သွားပါတယ် …. အရင် ကုန်သွယ်ခွန် Free ဆောင်ရတဲ့ ပစ္စည်းနဲ့ 5% နဲ့ ဆောင်ရတဲ့ပစ္စည်းတွေတော့ အခွန်နှုန်းတက်သွားပါတယ် … အရင် Free ဆောင်ရတဲ့ပစ္စည်းဖြစ်တဲ့ စာရေးကိရိယာ၊ ဆေးပစ္စည်း၊ ဓါတ်မြေဩဇာတွေတော့ အခွန်နှုန်းတက်သွားပါတယ် ……

  • ချစ်ရင်ထူးနှစ်

    April 3, 2012 at 11:06 am

    အခွန်နဲ့ပဲ သတ်နေတော့တာ..
    အဲဒါကြောင့် ပြောတာပေါ့ .. နိုင်ငံရေး မလုပ်နဲ့လို့ နိုင်ငံရေး လုပ်ရင်တော့ အခွန်ဆောင်ဖို့သာ ပြင်ထားပဲ .. အဲဒါ နံပါတ် (၁)

  • နွေဦး

    April 3, 2012 at 3:01 pm

    တိုင်းသူပြည်သားတွေ အခွန်ဆောင်ပြီရင် အခွံ ကျန်ပါလိမ့်မယ်…ဂစ်ဂစ် ဂစ်…။

  • kaung kin pyar

    April 3, 2012 at 4:04 pm

    အခွံကျန်ရင် ကံကောင်းပါတယ်….။ အခွံမကျန်ဘဲ အကြွေးပါကျန်မှ ဒုတ်ခွက်ပဲ……။ တက်ကြတော်…၊ ဒင်းတို့ပဲ….။ တင်းဒယ်….။ ဒီကြားထဲ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေက အမျိုးမပြုတ်သေးဘူး….။ KTV တွေ Night Club တွေနဲ့…လေးလုံးတွေလဲ ခေတ်စားတော့မယ်….။ ဒီပုံစံနဲ့တော့ ချမ်းသာကြဦးတော့မယ်….။

  • Mr. MarGa

    April 3, 2012 at 4:10 pm

    အဲဒါ ဈေးကွက် စီးပွားရေးစနစ်ကွ
    နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်ပေးတာ
    စေတနာကို မစော်ကားရဘူးလေကွယ်

  • fatty

    April 3, 2012 at 6:38 pm

    ကျနော်နိုင်ငံခြားကနေ စက်မှုကုန်ကြမ်းအချို့တင်သွင်းပါတယ်။ CIF နဲ့ဝယ်လို့မရပါ။
    CNF နဲ့ဘဲဝယ်ရပါတယ်။ အာမခံမပါလို့ဒီဘက်ကနေ အာမခံထားရပါတယ်။ ခါတိုင်း ၂ သောင်းခွဲဝန်းကျင်
    ကျပါတယ်။ အခုနှုန်းသစ်နဲ့မြှောက်လိုက်တာမှာ ၃၅ သိန်းကျော်ပါတယ်ခင်ဗျား။ အဲဒီစားရိတ်ဟာ
    စားသုံးသူတွေအပါ်ကိုဘဲသွားမှာပါ။ ခံပေအုံးတော့ …. ။

    • kai

      April 4, 2012 at 12:18 am

      FOB: Free on board, the seller has the responsibility to deliver the goods to a set point. Usually, once the cargo pases the ships rail, it’s off their hands.

      CIF: Cost of insurance and cargo, the seller has to provide you with all the doc’s that’s required for the buyer to claim the goods once delivered.

      CNF: Cost and freight (often uses CFR instead). Only thing different is the seller doesn’t have to provide the insurance for the cargo during the transport.

      အာမခံကို.. နိုင်ငံခြားမှာပဲ.. နိုင်ငံခြားငွေနဲ့ဝယ်သင့်တယ်ထင်ပါတယ်..။
      ဒါမှ နို်င်ငံခြားငွေနဲ့အလျှော်ရမှာပေါ့..။ မြန်မာငွေပေးရင်တော့.. မြန်မာအာမခံကုပဏီမှာ သွင်းသင့်တာပေါ့..။
      အမြတ်မာဂျင်နည်းရင်တော့.. အာမ, မခံပဲသွင်းပေတော့..
      risk တော့များတာပေါ့လေ..။

  • အံစာတုံး

    April 3, 2012 at 8:11 pm

    လစာတွေ တက်တယ်ဆိုတာ …
    အစိုးရ ဝန်ထမ်းတွေပါပဲ …
    ပုဂ္ဂလိကဝန်ထမ်းတွေ မပါပါဘူး ….

    အစိုးရ က သူ့ဝန်ထမ်းတွေကို လစာ တိုးပေးလိုက်ရလို့ ..
    တိုးပြီး ကောက်တာလားဆိုတာတော့ မသိပါဘူး …
    ဘာပဲဖြစ်ဖြစ် အခွန်ကြီးလို့ ကုန်ဈေးနှုန်းတွေ တက်လာမှာတော့ ကျိမ်းသေနေပါတယ် …
    ဒါဆို အရင်ကလိုပဲ ဒုံရင်းက ဒုံရင်း ဘဝတွေနဲ့ပဲ ဆက်လက် ရှင်သန်နေရဦးမှာပါ ..

    ကျုပ်တို့ မြန်မာပြည်ကြီးမှာ ဘယ်တော့များမှ ..
    သာမန်လူတစ်ယောက်ရဲ့ လုပ်ခလစာနဲ့ ချောင်ချောင်လည်လည်
    နေထိုင် စားသောက်နိုင်တဲ့ အဖြစ်ကို ရောက်ရှိလာမှာပါလိမ့် …. 🙄

  • surmi

    April 3, 2012 at 11:55 pm

    ဦးထောင် ပဲ.နင်း
    ပဲ.နင်း ဦးထောင်
    ဒီလိုနဲ. လှေတစ်စီးလုံးမြှုတ်တော.မယ် …..။

  • zaw min

    April 4, 2012 at 1:23 am

    သယ်ယူပို့ဆောင်စရိတ်တွေ၊အာမခံ အခွန်အခတွေတက်လို့ ကုန်ဈေးနှုန်းတွေတက်လာမယ်ဆိုရင်တော့ အစိုးရအနေနဲ့ ကုန်သည်ကြီးတွေကို ဈေးမကစားနိုင်အောင်ထိမ်းရမှာပဲ။

  • kyeemite

    April 5, 2012 at 10:02 am

    မြန်မာငွေလဲနုှံးက မပြင်မဖြစ်ပြင်ရတော့မှာပါ…
    အပြင်မှာပေါက်ဈေးတစ်မျိုး အစိုးရသတ်မှတ်ဈေးတစ်မျိုး
    နဲ့ ကြောင်တောင်တောင် လုပ်လာခဲ့တာကြာပါပြီ..
    အခုမှအမှန်နဲ့နီးစပ်လာတာပါ..
    သွင်းကုန်ထုတ်ကုန်အာမခံကိစ္စတော့နားမလည်ပါ..
    အပြောင်းအလဲကာလအခိုက်အတန့်မှာ အနည်းငယ်တော့
    ကမောက်ကမဖြစ်တာသဘာဝပါ…ကြာရင်အားလုံး
    တည်ငြိမ်လာမှာပါ..

Leave a Reply