စာစုလေးကအရမ်းကောင်းတယ်…သူငယ်ချင်းတွေကိုမဖြစ်မနေဖတ်ကြည်.ကြပါ……

zaylayJune 11, 20101min560

စာစုလေးကအရမ်းကောင်းတယ်…သူငယ်ချင်းတွေကိုမဖြစ်မနေဖတ်ကြည်.ကြပါ…….

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ “ငါ မဆိုးဘူး” ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ… ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ ကောင်းပါတယ်။

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

ချစ်ဖို့မလောနဲ့ အချိန်ပေးပါ

ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ
ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။
အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို
အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။

အကြံ(၁)

pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ

ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း
ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး
တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ
လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone
ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။
ဒါကြောင့် “အချစ်မှာမျက်စိမရှိ”ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။

ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို
ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။
အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊
သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက
နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့်
အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့
ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်
လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။

အကြံ (၂)

သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့

ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။
တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့
ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။
ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ “ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်”နဲ့
ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်။ သူ့ကို
ကိုယ်တကယ်ချစ်သလား?

တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။
သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ
ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။ ထမင်းစားပြီးနောက် သူကမျက်ရိပ်နဲ့
ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ
ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က
သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမျိုးကို နှစ်သက်တာကြောင့် သူ့စိတ်ကြိုက်
ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ်။ ဒါနဲ့တင် သူကမကျေနပ်ခဲ့ဘူး။
အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။ ခရီးတစ်လျှောက်
တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွံ့
ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့
စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။
သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အပြင် သူ့ကိုကျွန်မကြည့်လည်း
မကြည့်ချင်ခဲ့တော့ဘူး။

အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း
ကျွန်မသိလိုက်ရတယ်။ “ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။
ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်” ဆိုသလိုမျိုး
သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး
လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင်
သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါတယ်။

အကြံ (၃)

အခက်အခဲကြုံချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်

အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ
မတော်တဆတွေနဲ့လည်း ကြုံရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး
အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ်
ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက
အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြုံချိန်
အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ
ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက
ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။

မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး
ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြုံမှု၊ ကိုယ့်ပျော်ရွှင်မှုကို
ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကို ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့
ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။

တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး
ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ၊ အရာအားလုံးပြီးငြိမ်းမှ
“အဆင်ပြေလား?”ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့
ချစ်ရတာမထိုက်တန်ပါဘူး။

အကြံ (၄)

ပြောင်းလဲဖို့ အချိန်ပေးပါ

အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့
သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ
တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင်
သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက်
ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။
အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး
ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။
အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊
လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ
ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။
သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့
အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေ
မပြတ်ရှိခဲ့တယ်ဆိုပေမယ့် အမေမတုန်လှုပ်ခဲ့ဘူး။ အမေအတွက်
တဘက်သားရဲ့အချစ်ကို နားလည်ဖို့ သူ့တစ်သက်အချိန်ယူခဲ့ရတယ