လုပ်စရာရှိတာတွေ………..

naywoon niApril 3, 20121min26113

ဒီစကားက နေရာတစ်ကာ မှာပြောနေရလို့ ရိုးချင်ရင်လည်းရိုးနေမယ်…။ မပြင်သ၍တော့ ပြောနေရဦးမှာပဲ…။ ကဲ…. ရွေးကောက်ပွဲလည်းပြီးခဲ့ပြီ…။ ပျော်လည်းပျော်ခဲ့ပြီ…။ ကိုယ်အားပေးတဲ့ သူနိုင်လို့ ..။ အဲနောက်တစ်ရက် ပန်ကြားချက်ထွက်လာရတဲ့ အထိ အပျော်လွန်ခဲ့တာ…။ ဘာတဲ့ တစ်ဖက်အဖွဲ့အစည်းကို ထိခိုက်နစ်နာစေမဲ့ အပြောအဆို အပြုအမူ ရှောင်ကျဉ်ဖို့ ဆိုလား ..။ ဘာမဆိုင် ညာမဆိုင် ဝင်အာမဲ့ နေဝန်းနီတောင် ရေးပြီးသားပို့စ် ဖျက်ပစ်လိုက်ရတယ်..။ ဟုတ်သားပဲ..။ ဒါ ဒီမိုကရေစီရဲ့ လမ်းစဉ်မှ မဟုတ်တာ …။ နေဝန်းနီတို့ နားလည်ပြီးသား ဒီမိုကရေစီ ဆိုတာက လွတ်လပ်ခြင်းနဲ့ အတူ သူတစ်ပါးကို မထိခိုက်မနစ်နာစေရဘူးဆိုတဲ့ တာဝန်ယူမှုပါတယ်…။ ခုတော့ လူတော်တော်များများ နားလည်လက်ခံ ကျင့်သုံးနေတာက လွတ်လပ်မှုပဲ…။ တာဝန်ယူမှု မပါဘူး…။ အဲဒိလိုမဟုတ်ပါဘူး…။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်က တစ်ပါးသူ တစ်ဥိးတစ်ယောက် ကို အနှောင့်အယှက် မဖြစ်စေရပါဘူး…။ ဒီစိတ်ဓါတ်ကို နေဝန်းနီတို့ လူမျိုးက ခုမှလေ့ကျင့် ပျိုးထောင်ရမှာ….။ ဒီစိတ်ဓါတ်ကိုသာ လေးလေးစားစားလိုက်နာ ကျင့်သုံးမယ်ဆိုရင် လူနေမှု ဝန်းကျင်မှာ ဓလေ့ စရိုက်ဆိုးဟောင်းတော်တော်များများ လွင့်ပါးပျောက်ကွယ်သွားမှာပဲ…။ ခုတော့ကြည့်ဦး …..။
မင်္ဂလာဆောင်တဲ့….။ တစ်ညလုံး အသံချဲ့စက်ဖွင့်တာမနားဘူး…။ တောရွာတွေမှာ အလှူတဲ့ လေးငါးဆယ်ရက်လောက် နားဒုက္ခ ခံကြပေရော့…။ ဒီဘာမဟုတ်တဲ့ ထုံးစံကြီးကို ဘာကြောင့် ဆက်လက်ထိန်းသိမ်းနေကြပါလိမ့်…။ စောစောကပြောတဲ့ လွတ်လပ်ခြင်းနဲ့ အတူ သူတစ်ပါးကို မထိခိုက်မနစ်နာစေရဘူးဆိုတဲ့ တာဝန်ယူမှု နဲ့ ဖျက်သိမ်းပစ်လိုက်ဖို့ မသင့်ဘူးလား …။ ဒီလိုပဲ ကျန်တဲ့ အသေးအဖွဲ ကိစ္စ လေးတွေ မှာလည်း သူတစ်ပါး တစ်စုံတစ်ယောက် ထိခိုက်နစ်နာမှု မရှိတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်လေးတွေ အပြည့်အဝ လက်ခံယူကြမယ်ဆိုရင်…….။
အဲဒိတော့ ကိုယ့် ခေါင်းဆောင်လို့ ခံယူထားတဲ့ သူရဲ့ ပန်ကြားချက်ကို ဒီမိုကရေစီ စိတ်ဓါတ်လို့ နားလည်လက်ခံပြီး ဒီမိုကရေစီ ရယူကြပါစို့လို့ ပြောရင်းးးးးးးးးး

13 comments

  • Moe Z

    April 3, 2012 at 1:26 pm

    အားပေးသွားပါတယ် ဘဘနီရေ
    အောင်ပွဲခံတယ်လို့ခေါင်းစဉ်တပ်ပြီး လက်လုပ်လက်စားတွေတောင် အလုပ်မလုပ်ပဲအမူးလွန်နေတဲ့သူများ၊
    ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့လုပ်ရပ်တွေနဲ့ မဆီမဆိုင်အပျော်ကျူးနေကြသူများအား အလွန်ပင်အမြင်ကပ်နေပါကြောင်း ..

    • နေဝန်းနီ

      April 3, 2012 at 1:35 pm

      မိုးZ ရေ့ …. အရက်သမားကတော့ အရက်သောက်ဖို့ အကြောင်းရှာနေတတ်တာ….။ ဗမာပြည်က အရက်သမားတွေကိုပြောတာနော်…..။ အဘတို့တုန်းကလည်း ဒီလိုပဲ…။ အရက်သောက်တာကို ကိုယ့်ဖာသာကို သောက်ချင်လို့ သောက်တာပဲ…။ အဲဒိလို ပြောင်ဝန်မခံဘူး…။ ဟိုလူ့မွေးနေ့ မို့ ဒီလူသေလို့ ဝမ်းနည်းလို့…။ နေပူတော့လည်း နေပူခံ ….။ မိုးရွာတော့လည်း သွေးလေးလို့ နဲ့ အကြောင်းရှာခဲ့တာပဲ…။ တစ်ခြားနိုင်ငံတွေမှာတော့ အဲဟိုက အရက်သောက်တဲ့ သမားတွေတော့ ဘယ်လိုလဲမသိဘူး…။ ဂီဂီတို့ကတော့ ပုလင်းတူဘူးဆို့တွေ အကြောင်းမပြောရှာဘူး…။ သစ္စာရှိပုံများ…။

      • ဖားသက်ပြင်း

        April 3, 2012 at 2:17 pm

        ပြောပါ့မယ်ဗျာ…
        ခွက်ပုန်း ဆိုတဲ့ စကားလုံးက
        ကျုပ်တို့ ရွှေတွေအတွက် သက်သက် ပဲပေါ်လာတာ ထင်ရဲ့
        သူများတိုင်းပြည်မှာတော့ ရှိအံ့ မထင်….

        သောက်တာကတော့ သည်မှာလည်း အသေအကျေ သောက်ကြတာပါပဲ..
        (မနေ့ကတောင် သွားသောက်ခဲ့သေး..)

        ဒါပေသိ …သောက်တယ် ဆိုရာဝယ်…..
        ကြိုက်လို့သောက်ရင် အရက်သမား ဘွဲ့ခံပြီး
        သောက်ကြပေါ့….
        တခုခုကို ခုတုံးလုပ်သောက်တာကိုတော့ ကိုယ်တိုင်လည်း မနှစ်သက် သလို
        အားလည်းမပေးဘူး…အဟုတ်…

        သဂျီးပြောသလို စနစ်ကြောင့်လုံးလုံး မဟုတ် ဖူးဟူးဟူး….

        ကီရင်း အဆာဟိ ဆက်ပိုရို အဲဘိစု ဆန်တိုရီ
        ဘာသောက်ရင် ကောင်းမဲ ဟင်င်င်င်င်င်…..

  • nozomi

    April 3, 2012 at 1:35 pm

    ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် သူတစ်ပါး စိတ်ညစ် စိတ်ဒုက္ခရောက်နေတာတွေ အများကြီးပဲ
    အခုချိန်ကစပြီး လွတ်လပ်မှုနဲ့အတူတာဝန်ယူမှုပါရှိဘို့ အားလုံးရဲ့ တာဝန်ပါ

  • ဦးဦးပါလေရာ

    April 3, 2012 at 2:33 pm

    ဂုဏ်သိက္ခာရှိတဲ့ လွတ်လပ်မှု့ဆိုတာ သူတပါးကိုမထိခိုက်ရပါဘူး.။
    ဘာသာရေး လူမှု့ရေး ဓလေ့ထုံးတမ်း အစရှိတဲ့အကြောင်းပြချက်တွေနဲ့လဲ
    သူတပါးကို မနစ်နာစေသင့်ပါဘူး..။
    ကိုနီ့ ပိုစ့်ပါ အကြောင်းအရာကိုတိုက်ရိုက်ဆွေးနွေးရရင်-
    ကျုပ်ကတော့ အသံချဲ့စက် အလွန်အကျွံအသုံးပြုတာ / မလိုအပ်ပဲ အသုံးပြုတာ ကို
    ဘယ်လိုအကြောင်းပြချက်နဲ့မှ မထောက်ခံပါဘူး။
    စင်္ကာပူမှာ ၊ ဂျပန်မှာ ၊ ကိုရီးယားမှာ၊ နော်ဝေမှာ၊ အော်ဆီမှာ၊ ယူအက်စ်မှာ
    ဘယ်လိုနေရာမျိုးတွေမှာ အသံချဲ့စက် ဘယ်လို ဘယ်လောက်သုံးတယ်ဆို ပြောပြကြပါလား…။

    • နေဝန်းနီ

      April 3, 2012 at 5:43 pm

      ဦးပါရာရေ့….။ ကျွန်တော်ကြားဖူးတာကတော့ စစ်အာဏာရှင် အုပ်စိုးတဲ့ နိုင်ငံတွေ မှာသာ အသံချဲ့စက် အများဆုံးအသုံးပြုသတဲ့လေ…။ ဟုတ်မဟုတ်တော့ မသိဘူး…။ ဒေသန္တရ ကြွယ်သူများ အဆုံးအဖြတ်ပေးပါဦး

  • Onyx

    April 3, 2012 at 2:37 pm

    အရက်သမား (ဒီနိုင်ငံက ဂီဂီ ပြောသလိုဆို) တွေက သူတို့ ဘာသာ မသောက်ပဲ ရမယ်ရှာ အကြောင်းပြနေ
    ကြတာတော့ အများသားပါ ။ ဘုန်းကြီးပွဲ တို့ ၊ ဘုရားပွဲတွေတောင်မှ သောက်ကြသေးတာ ဘာမှလဲ
    မဆိုင်ပဲနဲ့ အခုကိစ္စက ပိုလို့တောင်မဆိုင်ပါဘူး ။ ငါတို့ ကြိုးစားဖို့ အခွင့်ရေး ရပြိဆိုပြီး တော့
    အလုပ်ကို ပိုလုပ်ကြရတော့မယ့် အချိန်ပါ။
    ကိုပျော် ဖို့ အတွက် သူများကို နည်းနည်းလေးပဲ ဖြစ်ဖြစ် စိတ်ဒုက္ခ ရောက်မယ်ဆိုရင် မလုပ်သင့်ပါဘူး

  • alinsett

    April 3, 2012 at 3:38 pm

    တိုတိုနဲ ့လိုရင်.း..ထိရောက်တဲ ့ပို ့စ်လေးလို ့….ပြောပါရစေ..

  • Mr. MarGa

    April 3, 2012 at 4:25 pm

    အင်းးးး
    သူတို့ပြောတာလဲ ဟုတ်တာပဲ
    ကိုယ်ကနိုင်နေပြီပဲဟာကို
    ဒါပေမယ့် ပြည်သူတွေ ကျပြန်တော့လဲ နှစ်ပေါင်းများစွာက မျှော်လင့်ထားတာတွေ ပြည့်ဝသွားတဲ့အတွက်
    သူတို့လဲ ပျော်ရှာမှာပဲလေ
    မြန်မာတွေက အစကတည်းက ပျော်ပျော်နေတတ်တဲ့ လူမျိုးတွေကိုး

  • surmi

    April 4, 2012 at 12:55 am

    ကိုနေရဲ.
    လွတ်လပ်ရေးနေ.ဆိုလဲ ကြည်.ပါလားဗျာ၊ လမ်းတွေပိတ်ပြီးဘောကန်တာ …
    စိတ်ညစ်ရပေါင်းလဲများပြီဗျို. ။ဆုလဲတောင်းပါရဲ.ဗျာ
    အသံချဲ.စက်နဲ.ဝေးရာမှာ လူဖြစ်ရပါစေလို. ။။။။

  • Khaing Khaing

    April 4, 2012 at 11:11 am

    ကိုနေရေ … ရွာထဲမှာလည်း အကြောင်းမရှိအကြောင်းရှာ ပျော်နေတဲ့လူတွေချိတယ်နော် ကိုနေဆုံးမပေးဦး …..

  • kyeemite

    April 4, 2012 at 3:18 pm

    ဟေ့မိခိုင် ဘယ်သူ့ကိုစောင်းပြောနေတာလဲ..
    ငါ့ဘာသာကြိုက်လို့သောက်တာဘာဖစ်လဲ..ဂေ့..

    • နေဝန်းနီ

      April 4, 2012 at 9:33 pm

      ကြိုက်တော့လည်းသောက်ပေါ့ ကိုကျီးရယ်….။ အတုလေးတော့ သတိထားဦး အရက်က အတုတွေ များတယ်…။ အရည်အသွေး တစ်ဖြေးဖြေးကျ လာပြီနော် မြန်မာပြည်ကအရက်တွေက

Leave a Reply