စီးရဲဖို ့ပဲလိုပါတယ်

ShwemannmayJune 12, 20101min652

သိန်း ၃ဝ လောက်ဆိုရပြီ။ ဘာကားစီးချင်လဲ။ တော်ပြီဗျာ မတော် လို ့သိန်း ၃၀  ပလုံသွားမှဖြင့်…

ဘာတွေပါလိမ့်လို ့စူးစမ်းမိသည်။ ကိုယ့်အကြည့်ကို ရိပ်မိသည့်မိတ်ဆွေ က ဝလုံးအကြောင်းပြောနေတာဗျ လို ့ရှင်းပြသည်။  ဝလုံးဆိုသောစကားလုံးက အသစ်ဖြစ်ရပြန်သည်။

ဝစ်သောက်ကား ကို ပြောတာဗျ။ ခင်ဗျား တတ်နိုင်ရင် ၃ဝ လောက်နဲ ့ကားစီးလို ့ရတယ်။ စီးရဲဖို ့တော့လိုတာပေါ့။ ဒီလိုဆိုတော့ ရီစရာအကောင်းသား။ ဒီအသက်အရွယ်ရောက်မှတော့ ကားများ ဘာခက်တာမှတ်လို ့နော်။ မန်းလေးသူ ပဲ ငယ်ကတည်းက ဘီးနှစ်လုံးကို ပာန်ချက်ညီအောင် ထိန်းပြီး ကျူံးပတ်ဘီးစီးလာတာပဲ။ စက်ဘီးပြီးတော့ ဆိုင်ကယ်တွေခေတ်စားလာပြန်ရော ။အဲဒီတော့လည်း အိမ်ကဝယ်ပေးတဲ့ဆိုင်ကယ်ကို တက္ကသိုလ်တက်တဲ့ ၄ နှစ်လုံးလုံး စိတ်ကြိုက်စီးလာတာပါ။

ကားတော့ မောင်းဖူးဘူးပေါ့နော ။ အိမ်က လည်း ရော ့ငါ့သမီးအတွက် ကားတစ်စီးလို ့ပေးရလောက်အောင် ထောတာမပာုတ်တော့လည်း ကိုယ်ပိုင်ကားတော့ မောင်းဖူးဘူးပေါ့ ။ ဒါပေတဲ့ သူငယ်ချင်းမောင်းတဲ့ပါဘလေကာလေးတော့ တက်ပြီးလျှောက်ကလိဖူးပါတယ်။ ပာိုနားဒီနား မန္တလေးအနီးတစ်ဝိုက်တော့ သူငယ်ချင်းတွေနဲ ့ သွားရင် ကိုယ်လည်းတက်မောင်းဖူးတာမျိူးတော့ရှိပါတယ်။ ပြောရရင်တော့ သိပ်အစိမ်းကြီးတော့ မပာုတ်ဘူးပေါ့လေ။

ထားပါတော့ ဝလုံးအကြောင်းပြန်ဆက်ပါမယ်။ ဆိုတော့ သူ ့စကားအရ ကားက ကိုယ်တက်မောင်းလည်း သိပ်ပြသနာမရှိလောက်ဘူးလို ့ယူဆသည်မို ့ စိတ်ဝင်တစားစပ်စုမိသည်။ ကျွန်တော်မောင်းရဲပါတယ်။ နည်းနည်း တစ်ရက်နှစ်ရက် ကျူံးပတ်မောင်းလိုက်ရင် လက် ပြန်တွေ ့လာမှာပါ။ လုပ်စမ်းပါဦး။ ဘယ်လိုကားမျိုူးစီးလို ့ရမလဲ။ ရှိလားရောင်းမယ့်သူ။ စီးတာတော့စီးရဲပါတယ်။ စိတ်ချမယ့်ပာာမျိူး ၊နောက်ကြောင်းရှင်းတဲ့ အုံနာမျိူးနဲ ့ဆိုရင်တော့ ဝယ်ချင်သားပဲ။

စာရွက်စာတမ်းတော့စုံပါစေနော်။

စုံပါတယ်အမရဲ  ့။ အမ ဘယ်လို စာရွက်လို ချင်လို ့လဲ။ ရန်ကုန်ကား ဗျ။ နံပါတ်အမြင့်နော်စသဖြင့်မိတ်ဆွေ က ခပ်ကြွားကြွားပြောသသည်။

ပြီးတော့ဆက်ပြောသေးသည်။ ရန်ကုန်ကလွဲရင်ကြိုက်တဲ့နေရာစီး ရန်ကုန်တော့မစီးနဲ ့

အင်

ဘယ်လိုပါလိမ့်? ကိုယ်ပာာကိုယ်ကိုယ်ပိုင်ကားဝယ်စီးပြီဆိုမှတော့ ဘယ်သွားသွား ၊ ဘာလုပ်လုပ်ပေါ့။ ဘာလဲပာ ?

ဒီကားက ရန်ကုန်ကားအမရ ။ စာရွက်စာတမ်းက အစ ဖရိမ်နံပါတ်အဆုံး အကုန်တူတယ်။သဘောပေါက်လား။ အက်ဆီးဒန် ့မဖြစ်စေနဲ ့၊ ရန်ကုန်မှာမမောင်းနဲ ့

ကျန်တာ ကြိုက်တဲ ့မြိ ု  ့မှာမောင်း အေးဆေးပဲ။ ဘာပြသနာမှမတက်ဘူး။ ဒါကြောင့်စီးရဲဖို ့ပဲလို တယ်ပြောတာ။ တစ်ချိူ ့ကလည်း အသိမ်းခံရမှာဆိုးလို ့မစီးကြဘူး။

စီးရဲရင်တော့ ကားလေးတဝီဝီနဲ ့စတိုင်ကျကျ မောင်းနေရုံပဲတဲ့။

ကဲ မိတ်ဆွေများ

ပိုက်ပိုက်လေးလည်း ပေါ မယ်

ဒရိုင်ဗင်းလိုင်စင်လေးလည်းရှိမယ်။ ဆိုရင် ကြိုက်ရာကား စီးလို ့ရပါပြီ။

စီးရဲဖို ့တော့လိုတာပေါ့နော………

2 comments

  • intro

    June 12, 2010 at 4:30 am

    အမ်…. ဒီလိုကိစ္စမျိုးရှိသလား (ပေါင်ချိန်လေသံဖြင့် မေးသည်) 🙂

  • Scott

    July 27, 2010 at 5:53 pm

    နယ်များမှာစီးလို့ရပါတယ်…အခုတော့မန္တလေးလဲဝစ်သောက်များဖမ်းနေပါတယ်…… ရန်ကုန်မှာလည်း စီးကြတယ် ဖမ်းရင်တော့ပြေးပေါ့လေ…

Leave a Reply