ဆိုင်ကယ်များ ဇွန်လကုန်အထိ တရားဝင်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာ

klnJune 11, 20101min390

နိုင်ငံတော်က ပြည်သူလူထု ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ပြီး တရားမဝင်တင်သွင်းလာသည့် ဆိုင်ကယ်များကို ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၁ရက်မှ ၂၀၁ဝခုနှစ် ဇန်နဝါရီ ၃၁ရက်အထိ အခွန်အခများပေးချေ၍ တရားဝင်မှတ်ပုံတင်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ ပြည်သူများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တရားဝင်မှတ်ပုံတင်ပြုလုပ်ရေးကို အချိန်ကာလတိုးမြှင့်ပြီး ၂၀၁ဝခုနှစ် ဇွန် ၃ဝရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁ဝခုနှစ် ဇူလိုင် ၁ရက်မှစတင်ပြီး မှတ်ပုံတင်မဲ့ဆိုင်ကယ်များကို တရားဥပဒေနှင့်အညီ နိုင်ငံပိုင်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ နိုင်ငံပိုင်သိမ်းဆည်းထားသော ဆိုင်ကယ်များကို ပိုင်ရှင်ဖြစ်သူက ပြန်ရယူလိုကြောင်း လျှောက်ထားလာလျှင် ဆိုင်ကယ်၏တန်ဖိုးနှင့် ကျသင့်သည့်အခွန်ငွေများကို ပေးဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်က တရားဝင်အဖြစ် သတ်မှတ် မှတ်ပုံတင်ပေးမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။