ကျနော်တို့ မြန်မာပြည်မှာ သေနတ်ဆိုတဲ့ လက်နက်ဟာ တော်ရုံလူနဲ့ အပ်စပ်တဲ့အရာ မဟုတ်ပါဘူး..

အဲဒီလက်နက်သုံးပြီး ဖြစ်တဲ့အမှုက အန်အယ်လ်ဒီ အောင်ပွဲခံရာက အမှုဖြစ်ပွားတယ်ဆိုတော့ ကြည့်လည်းလုပ်ကြပါအုံး အရပ်ကတို့ရယ်

ဒါမျိုးတွေဖြစ်လာမှာစိုးလို့ အန်တီစုက ကြိုမှာထားရက်နဲ့…

ထူးဆန်းတာကတော့ အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများတာတဲ့..

ဓားခုတ်ရာတော့ လက်ဝင်မလျှိုမိကြပါစေနဲ့လို့လဲ ခွပ်ဒေါင်းတွေကို သတိပေးပါရစေဗျာ..

ဒီမိုကရေစီမျိုးစေ့လေးက ခုမှ အပင်ပေါက်ဖို့ အားယူတုန်းအခါရှိသေးလို့ပါ..

<blockquote>

အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား

ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင် ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။

အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။

(ထပ်မံသိရှိရသမျှ ဖေါ်ပြပေးသွားပါမည်) </blockquote>

ရန်ကုန်က CJ တွေ အစွမ်းပြကြပါအုံး…
credit : Yangon Press International

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011