သူရဲကောင်းတို ့စံမြန်းရာ

ShwemannmayJune 11, 20101min510

သူရဲကောင်းတို ့စံမြန်းရာ
မြောက်ပိုင်းအင်္ဂလန် ၊ယော့ခ်မြို ့အနီးတစ်နေရာမှာ ဦးခေါင်းမဲ့နေတဲ့ ၊ တိရစ္ဆာန်တွေရ ဲ့ကိုက်ဖြတ် ကုတ်ချစ်ခံထားရပာန်တူတဲ့
ရုပ်ကြွင်းပေါင်း ၈ဝ လောက်ကို တူးဖော်တွေ ့ရှိပြီးတဲ့နောက်မှာ သမိုင်းသုတေသီတွေက သူတို ့ပာာ ကမ္ဘာအကြီးဆုံး
သူရဲကောင်းတွေ ရဲ ့ နောက်ဆုံးစံမြန်းရာ သချိုင်းကို တူးဖော်တွေ ့ရှိပြီဆိုတာကို လက်ခံလိုက်ပါတော့တယ်။
အခုလောလောဆယ် လက်ရှိတူးဖော်ပြီးသားအခြေအနေအရတော့ ကျွန်တော်တို ့တွေ ့နေရတဲ့အရိုးစုတွေပာာ ရောမလူမျိူး
သူရဲကောင်းတွေဖြစ်ပာန်ရှိတယ်လို ့ ဒီတူးဖော်မှုကိုဦးဆောင်တဲ့ ယောခ်သမိုင်းသုတေသီ Kurt Hunter-Mann ကဆိုပါတယ်။
ဒီရုပ်ကြွင်းတွေကိုစစ်ဆေးမှုကို University of Central Lancashire မှ  Michael Wysocki က ကမာ္ဘမှာ အကြီးကျယ်ဆုံးတူးဖော်တွေ ့ရှိမှုလို ့ပြောဆိုလိုက်ပါတယ် ။
ကျွန်တော်တို ့တူးခဲ့ဖူးသမျှ မှာတော့ ဒီလောက်များပြားတဲ့ သူရဲကောင်းတွေကို မြုပ်နှံထားတဲ့နေရာ မတွေ ့ဖူးသေးဘူးလို ့သူက ဆိုပါတယ်။
2003 ခုနှစ်တုန်းကလည်း ဒီမြို ့အနောက်ဘက်မှာပဲ အိမ်ယာစီမံကိန်း တစ်ခုအတွက်တူးဖော်မှုတွေပြုလုပ်စဉ်ကတည်းက ရုပ်ကြွင်းအချိူ ့တူးဖော်တွေ ့ရှိခဲ့ဖူးပါတယ်။
နောက်ပိုင်း ဒီ သချိုင်းနေရာအနီးတစ်ဝိုက်မှာတူးဖော်တွေ ့ရှိမှူတွေ ပာာ သုတေသီတွေကို သို ့လော သို ့လော အတွေးတွေ ရှုပ်ထွေးစေခဲ့ပါတယ်။
တွေ ့ရှိချက်တွေအရတော့ ဒီ သချိုုင်းပာာ နှစ်ပေါင်း ၂၀ဝ ကျော် အသုံးပြု ခဲ့တယ်လို ့ ၁ရာစု က နေ ၄ ရာစုလောက်အထိ မှတ်တမ်းတင်ထားခဲ့တဲ့ရုပ်အလောင်းတွေကိုတွေ ့ရှိမှုကလည်း
သုတေသီတွေကို အတွေးပွားစေခဲ့ပါသေးတယ်။
နောက်ပိုင်းမှာ ခနာကိုယ်ပေါ်မှာ တွေ ့ရှိရတဲ့ အကိုက်ခံရတဲ့အမှတ်အသားတွေ ၊ အနာရွတ်တွေ ဒဏ်ရာဒဏ်ချက်တွေကိုကြည့်ပြီးတော့
သူတို ့ပာာ ကြီးမားတဲ့ တိရစ ္ဆာန်ကြီးတွေနဲ ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဂလက်ဒီယေတာသူရဲကောင်းတွေ ဖြစ်နိုင်တယ်လို  ့ကောက်ချက်ချခဲ ့ကပါတယ်။
ထင်ရှားတဲ့သက်သေတစ်ခုကတော့ ကြီးမားတဲ့အသားစားသတ္တဝါကြီးတစ်ကောင်ရဲ ့ အကိုက်ခံရတဲ့ပုံစံမျိူးတွေပါပဲ ။ ခြင်္သေ့ကြီး ၊ ကျား ၊ ဒါမှမပာုတ် ဧရာမဝက်ဝံကြီးတွေဖြစ်နိုင်တာပေါ့ဗျာ
လို ့ Kurt Hunter-Mann ဆိုပါတယ်။
ဒီအချက်ကို ခိုင်မာအောင် သက်သေခံနေတာကတော့ အချို ့သော ရုပ်ကြွင်းတွေပာာ ကျန်းမာကြံ့ခိုင်တဲ ့ လူငယ်လူရွယ်တွေရဲ ့ တည်ဆောက်ပုံရှိနေတာပါပဲ။
အထူးသဖြင့် သူတို ့ရဲ ့ညာဘက် လက်မောင်းတွေ ပာာ သိပ်ကို သန်မာလွန်းပုံရနေတာပါပဲ။
သမိုင်းအထောက်အထားများအရ ရောမလူမျိူးတွေပာာ သူတို ့ရဲ ့ ကျွန်တွေ ကို ဂလက်ဒီယေတာ သူရဲကောင်းတွေဖြစ်အောင် ငယ်စဉ်ကတည်းက
လေ့ကျင့်ပေးခဲ့တဲ့ အလေ့အထရှိတယ်လို ့လည်း ဆိုပါတယ်။
http://news.yahoo.com/s/nm/20100607/od_nm/us_gladiators_graveyard;_ylt=Au2PMMTXtgiBU3w_BODpQ37tiBIF;_ylu=X3oDMTJ0cGF0MWNhBGFzc2V0A25tLzIwMTAwNjA3L3VzX2dsYWRpYXRvcnNfZ3JhdmV5YXJkBHBvcwMxNQRzZWMDeW5fYXJ0aWNsZV9zdW1tYXJ5X2xpc3QEc2xrA2Z1bGxuYnNwc3Rvcg–