Angkor ဘုရားကျောင်းရဲ့ ထူးဆန်းအံ့ဩဖွယ်ရာများ

zaylayJune 11, 20101min892

ကန်ဘောဒီးယား နိုင်ငံရဲ့ တောနက်နက်တွေထဲမှာ အလွန်ရှေးကျတဲ့
ကုန်းမြေဖွဲ့စည်းမှုများအပြင် ယဉ်ကျေးမှု အနှစ်သာရများ ၊
ရှေးဟောင်းအနုပညာလက်ရာများ တိမ်မြှုပ်ပျောက်ကွယ်လို့ နေပါတယ် ။ တစ်ခါတုန်းက
Khmer ဆိုတဲ့လူတစ်ယောက် အခြေချနေထိုင်ခဲ့တဲ့ Angkor ဘုရားကျောင်းဟာ
ယခုဆိုရင် ကမ္ဘာ လှည့်ခရီး သည် သန်းပေါင်းများစွာဟာ ဒီအံ့ဩဖွယ်ရာ
မြို့တော်ကြီးရဲ့ ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် တွေကို
ဖျက်ကနဲမြင်ယောင်ကြည့်ဖို့ အတွက် လာရောက်လို့ နေကြပါတယ် ။
ဧည့်သည်အများစုဟာ
မြို့တော်ကြီးရဲ့ ရှေးဟောင်း ဘုရားကျောင်းတော်တွေကို အာရုံစူးစိုက်နေစဉ်မှာ
အခြားသော သူတွေကတော့ အဆောက်အအုံတွေသဖွယ် ဖြစ်ပေါ်နေတဲ့
ကျောက်တုံးလှိုဏ်ဂူတွေထဲ ဝင်ရောက် လေ့လာကြဖို့ ကြိုးစားကြံစည်နေကြပါတယ် ။
ဒီအရာတွေအားလုံးဟာ နေ့စဉ်လူ့ ယဉ်ကျေးမှု ဘဝတွေကို ထင်ဟပ်
ပြနေစေပြီးခမ်းနားကြီးကျယ်တဲ့ စစ်မက်ရေးရာ လှို့ဝှက်ကြံစည်မှုတွေနဲ့
ဒီလှို့ဝှက်အစီ အစဉ်တွေအား လုံးဟာ ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်သော အရာများ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
Angkor ဘုရားကျောင်းမှာ
ဆွဲပြထားတဲ့ ထူးဆန်းသော တိရိစ္ဆာန်များ ပုံတွေဟာ ဒဏ္ဍာရီသက်သက် ဖြစ်ပေမယ့်
အချို့သော သတ္တဝါများဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာက တကယ်ပဲ
နေထိုင်ခဲ့ကြတာ ဖြစ်ပါသလား ။ Khmer ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝ လောက်က
ကန်ဘောဒီယား နိုင်ငံရဲ့ ဦးဆုံး လူ့ယဉ်ကျေးမူကို စတင်ခဲ့ သူပဲ ဖြစ်ပါတယ် ။
အိနိ္ဒယ ကုန်သည်တွေရောက်ရှိလာပြီးနောက် ဖွံ့ဖြိုးတိုးတက်လာတဲ့
လူနေမှုစနစ်အပေါ် များစွာ လွှမ်းမိုးသက်ရောက်မှု ရှိခဲ့ပြီး ကန်ဘောဒီးယားရဲ့
ပင်လယ်ကမ်းခြေဒေသတဝှိက်ကို စိုက်ပျိုးရေး ၊ သချင်္ာ ပညာနဲ့ အသိပညာ အတတ်ပညာတွေ
သယ်ဆောင်ရောက်ရှိလို့ လာပါတယ် ။
အိနိ္ဒယကုန်သည်တွေနဲ့
ကန်ဘောဒီးယား နိုင်ငံရဲ့ ဆက်သွယ်မှုဟာ ဟိန္ဒူ ယုံကြည်မှုကို သယ်ဆောင်လာခဲ့ပြီး
Vishnu နဲ့ Shiva နတ်ဘုရားတွေကို ဝတ်ပြုတဲ့ အလေ့အထများလည်း
ထွန်းကားလာခဲ့ပါတယ် ။ နောက်ပိုင်း နှစ်များမှာတော့ မဟာ ယာနဗုဒ္ဓ ဘာသာကို
Khmer ကစတင်ကိုးကွယ်စေခဲ့ပါတယ် ။ ၁၃ ရာစုနှစ်က ပွင့်တော် မူခဲ့တဲ့
Theravada ဘုရားရှင်ကိုလည်း ယုံကြည်ကိုးကွယ်ခဲ့ပါတယ် ။ Angkor
ဘုရားကျောင်းရဲ့ ဂူနံရံတွေက အမှတ်တမဲ့ ဖတ်မိတဲ့ စာတွေတောင်မှ ဒီရှေးကျတဲ့
လူမျိုးစုတွေရဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာအပေါ်ကို အလွန်ကိုးကွယ် ဆည်းကပ်ခဲ့ကြတဲ့
အရေးကြီး အချက်အလက်များကို တွေ့နိုင်ပါတယ် ။
အဆောက်အအုံအများစုဟာ ဟိန္ဒူ
ဘာသာကို ကိုယ်စားပြုနေပါတယ် ။ ထင်ရှားတဲ့ ရုပ်ထုကြီးကတော့ Garuda
လို့အမည်တွင်ပြီး လူ့ခန္ဓာကိုယ်မှာ သိမ်းငှက်တစ်ကောင်ရဲ့ ဦးခေါင်း
တောင်ပံနဲ့ အမြီးပါရှိပါတယ် ။ ဟိန္ဒူ ဒဏ္ဍာရီရဲ့ ကိုယ်စားပြုဖြစ်ပြီး Garuda
ဟာ ငှက်အပေါင်းရဲ့ ဘုရင်ဖြစ်သလို မြွေနဂါးတွေရဲ့ ရန်သူလည်း ဖြစ်ပါ တယ် ။
Angkor ဘုရားကျောင်းတွေရဲ့ အပြင်ဖက် နံရံတွေမှာ Garuda ငှက်ရဲ့ အချို့သော
ထင်ရှားသော အမှတ် အသားများကို တွေ့နိုင်ပါတယ် ။
ဒီထင်ရှားတဲ့
အဆောက်အအုံတွေထဲမှာ အလွန်အံ့ဩဖွယ်ရာကောင်းတဲ့ ကြီးမားတဲ့ သစ်ပင်ကြီးတွေနဲ့
ကျောက် တုံး တွေဟာ သဘာဝအလျောက် ပေါင်းစပ်ဖြစ်တည်နေကြတာကိုလည်း
တွေ့မြင်နိုင်ပါတယ် ။

Garuda ငှက်ဟာ သိန်းငှက်နဲ့
လူရဲ့ ဖွဲ့စည်းပုံကို မူတည်ဆင်းလက်လာပါတယ် ။ Angkor ကို လာရောက်လည်ပတ်တဲ့
ခရီးစဉ်ဟာ အလွန်ကို ကျယ်ပြောလှပြီး အန်ကောဝတ်လို့ခေါ်တဲ့ ဘုရား ကျောင်း
တော်ကြီးလည်း ပါဝင်ပါတယ် ။ အပြင်ဖက် ဂိတ်တံခါးေွကို ဖြတ်သန်းပြီးတဲ့အခါမှာ
ဦးခေါင်း ရ လုံးရှိတဲ့ မြွေနဂါး ရုပ်ထုနဲ့ တာရိုးလမ်းကြောင်းကြီးဟာ
အန်ကောဝတ်ဘုရားကျောင်းရဲ့ အလယ်တည့်တည့်ကို ညွှန်ပြ လို့နေပါတယ် ။

2 comments

  • kopauk mandalay

    June 12, 2010 at 4:10 pm

    သိပ်ရောက်ဘူးချင်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။
    မသေခင်သွားခွင့်ကြုံပါ့မလားမသိ?
    http://www.kopaukmdy.myanmarsarpay.info

Leave a Reply