စုုံထောက်အောင်တိုုက် နှင့် ကြောင်ဝတုုတ်ဂိုုဏ်း (၅)

နောက်တစ်နေ့ ကျွန်ုုပ်နှင့် ကိုုအောင်တိုုက်တိုု့သည် မင်းသမီးဆူးခက်၏ ဆူးဝင်နီခြံကြီးသိုု့ ထပ်မံသွားရောက်ပြီး သဲလွန်စတစ်စုုံတရာ ရလိုုရငြားမေးမြန်းစုုံစမ်းခြင်းကိုု ပြုကြပါသည်…

သိုု့ရာတွင် ဘာမှမယ်မယ်ရရ၊ အထောက်အကူရသော အဖြေများတွေ့ရသဖြင့် စိတ်ဓာတ်ကျစရာပင်…

ကိုုအောင်တိုုက်မှာတော့ Google နှင့် Wiki တိုု့မှာ နတ်ဘုုရားအကြောင်းနှင့်ပက်သက်သမျှ တတ်နိုုင်သလောက် ရှာဖွေဖတ်ရှု့ ခြင်း၊ Print ထုုတ်ယူသိမ်းဆည်းခြင်းတိုု့ကိုု ပြုလျှက်ရှိပေတော့သည်…

ကိုုအောင်တိုုက်၏ ထူးခြားချက်မှာ ၎င်းစိတ်ဝင်စားသောကိစ္စတစ်ခုုခုုကိုု စူးစမ်းနေရမည်ဆိုုပါက ထမင်းမေ့၊ ဟင်းမေ့ ဆေးလိပ်တစ်ဗူးနှင့် တနေကုုန်နေမည့် လူစားမျိုး…

ထိုုစဉ် စက်ဘီးလေးနှင့် အရပ်တကာလှည့်ပြီး ထီလက်မှတ်ရောင်းသောကောင်လေးတစ်ယောက်က  ကိုုအောင်တိုုက်အားလာရောက်တွေ့ဆုုံပြီး စာတိုုလေးတစ်စောင်ကိုု ဂျာနယ်နှင့်ရောပေးသွားသည်…

 

အောင်တိုက် ။            ။ ကိုုသူရရေ…ဇာတ်လမ်းကတော့လှနေပြီဗျ… ကိုုမင်းမတ်လိုု့ယူဆရတဲ့သူတစ်ယောက်က (၁)နာရီလောက်မှာ ဆူးဝင်နီခြံကြီးဆီကိုု တစ်ကိုုယ်တော်စွန့်စားပြီး လာခဲ့တယ်တဲ့…

 

သူရ ။                            ။ အဲဒီအကြောင်းကိုု ကိုုအောင်တိုုက်က ဘယ်လိုုသိသလဲဗျ…ခင်ဗျားကတော အိမ်ထဲမှာနေပြီး အကုုန်လုုံးကုို နတ်မျက်စိနဲ့ကြည့်နေသလိုုပဲဗျာ…

 

အောင်တိုက် ။               ။ နတ်မျက်စိနဲ့တော့မဟုုတ်ဘူးဗျ… ထီလက်မှတ်ရောင်းတဲ့ကောင်လေးက ဖိုုးစိန်လမ်းဘက်မှာ မနက်ဆိုုရင် ဂျာနယ်ပိုု့တယ်…နေ့လည်ပိုုင်းဆိုုရင် ထီလက်မှတ်လိုုက်ရောင်း တယ်…ညပိုုင်းကျတော့ အဲဒီနားက ဆောက်လုုပ်ရေးလုုပ်ငန်းခွင်မှာ ညစောင့်လုုပ်တယ်ပေါ့ဗျာ… တစ်နေ့နေ့စားခ ၂၀၀၀ လောက်ပိုုပေးလိုုက်ရင်… ကျွန်တော့်အတွက် ဆူးဝင်နီကိုု အချိန်ပြည့်စောင့်ကြည့်ဖိုု့ စပိုုင်တစ်ယောက်ရထားတယ်ပေါ့… နံရံမှာ မျက်စိနဲ့နားတွေရှိတယ်ပေါ့ ကိုုသူရရယ်…

ထိုုသိုု့ ရှင်းပြပြီးနောက်…

အောင်တိုက် ။             ။ ဒီနေ့ကိုု သူရရေ… ကျွန်တော်တိုု့ K&L Telecom ကိုုသွားရအောင်ဗျာ… ကျွန်တော့အစ်မတစ်ယောက်နဲ့ ချိန်းထားတယ်…

K & L Telecom ဆိုုသည်မှာ မြန်မာနိုုင်ငံ၏ ပထမဆုုံးပုုဂ္ဂလိကပိုုင် Telecommunication ကုုမ္ဗဏီ ဖြစ်ပြီး မြန်နှုန်းမြင့်အင်တာနက်နှင့် မိုုဘိုုင်းဖုုန်းစနစ်ကိုု စတင်မိတ်ဆက်ခဲ့ပြီး… လူတန်းစားမရွေး မြန်မာကျပ်ငွေ ၁၀ဝ ဖြင့် ဖုုန်းဝယ်ယူနိုုင်ရန် စတင်ရောင်းချခဲ့ပြီးနောက်…မြန်မာလူမျိုးအများအပြားယုုံကြည်ကိုုးစားမှုခံယူရပြီး နာမည်ကောင်းရရှိနေသောကုုမ္ဗဏီတစ်ခုုဖြစ်ပါသည်…

ကျွန်ုုပ်နှင့် ကိုုအောင်တိုုက်တိုု့ လှိုင်မြို့နယ်ရှိ K & L ရုုံးချုပ်ရှေ့သိုု့ရောက်ရှိပြီး၊ ကြိုတင်ချိန်းဆိုုထားသည့်အတိုုင်း K & L Telecom မှ CEO အဖြစ် ကိုုယ်တိုုင်တာဝန်ယူဆောင်ရွက်နေသော နာမည်ကျော်နည်းပညာကုုမ္ဗဏီပိုုင်ရှင် ဒေါ်ခင်လတ်နှင့် တွေ့ဆုုံခဲ့ပါသည်…

အောင်တိုက် ။               ။ ကျွန်တော်ကတော့ အစ်မခင်လတ်နဲ့ ခင်နေတာဆိုုတော့ အရီးလတ်လိုု့ ခေါ်တယ်…ကိုုသူရ…အစ်မနဲ့ ကျွန်တော်နဲ့က ရပ်ဆွေရပ်မျိုးလိုုဖြစ်နေတာ…

အရီးလတ်    ။               ။ ကိုုသူရလဲ ကျွန်မကိုု မောင်လေးအောင်တိုုက်ခင်သလိုု ခင်နိုုင်ပါတယ်…အရီးလတ်လိုု့ပဲခေါ်ပေါ့…ရင်းရင်းနီးနီးရှိတာပေါ့နော်…

ဖော်ရွေသော မျက်နှာထားဖြင့် အတွင်းစိတ်ရင်းကောင်းသော အရီးလတ်ကလည်း ကိုုအောင်တိုုက် ကိုု အင်တိုုက်အားတိုုက်ကူညီခဲ့ပါသည်… ကိုုအောင်တိုုက်မှာ စုုံထောက်လုုပ်မစားပဲ စီးပွားရေးသမားတစ်ယောက်သာဖြစ်ခဲ့မည်ဆိုုပါက…အဆက်အသွယ်နှင့် အတွက်အချက် ကောင်းသောကိုုအောင်တိုုက်အဖိုု့ အောင်မြင်ကြီးပွားမည်မှာမလွဲဖြစ်ပေသည်…

အရီးလတ် ။       ။ အောင်တိုက်ရေ…ဦးမင်းမတ်ရဲ့ Email အသွားအလာတွေနဲ့ ဖုုန်းအဝင်အထွက် တွေကိုု စစ်ကြည့်လိုုက်တဲ့အခါ…အီဂျစ်နိုုင်ငံနဲ့ အဆက်အသွယ်လုုပ်ထားတယ်… ဦးမင်းမတ်က လုုံခြုံရေးအကောင်းဆုုံးလိုုင်းကိုု သုုံးထားတယ်… သူဆက်သွယ်နေတဲ့ နေရာက အီဂျစ်ရဲ့ Matruh (မာသုု) ဆိုုတဲ့မြို့လိုု့ပဲ အကြမ်းဖျဉ်းသိရတယ်…

အောင်တိုုက် ။          ။ Matruh (မာသုု) ဆိုုတဲ့မြို့က အီဂျစ်ရဲ့ ရှေးကျတဲ့မြို့ထဲမှာ တစ်မြို့ အပါအဝင်ဗျ… အဲဒါဆိုုရင်တော့ အဲဒီမြို့ နဲ့ ကြောင်ဝတုုတ်ဂိုုဏ်းက လုုံးဝကိုု အဆက်အစပ်ရှိရမယ်… ကြောင်ဝတုုတ်ဂိုုဏ်းတည်နေရာပါဖြစ်နိုုင်တယ်… အဲဒီအဆက်အစပ်ကိုုရှာနိုုင်ရင် ပြဿနာရဲ့  ၅၀%ကို ရှင်းနိုုင်ပြီ… ကျုပ်မလဲကြာရင်ဖြင့် အသုုံးမကျတဲ့ စုုံထောက်လိုု့တောင် မှုခင်းဂျာနယ်ပိုုင်းကရေးချင်နေကြပြီ။ မင်းသမီး ဆူးခက်သေသွားတဲ့အမှုမှာ ကျုပ်သဲလွန်စရှာတာနှေးတယ်လိုု့တောင် အပစ်ဖိုု့ချင်သေးတာဗျ…လခယူထားတဲ့ အင်းစိန် စီအိုုင်ဒီကကောင်တွေက အိမ်နေပြီး…ကျုပ်ကိုုတောင် မီဒီယာကနေဖွချင်သေးတာ အရီးလတ်ရေ…တစ်ခုုခုုဆိုု အကျိုးအကြောင်းလေးတော့ ဖုုန်းလှမ်းဆက်ပါဦး…ကဲ…ကိုုသူရရေ… ဒီနေ့တော့ ဘာမှလုုပ်မရမယ့်အဆုုံး အိမ်ပြန်ပြီး…နားလိုုက်မယ်ဗျာ…မနက်ဖြန်ဆိုုရင်သိချင်တာ သိရမှာပါ…

 

ကျွနုု်ပ်နှင့် ကိုုအောင်တိုုက်တိုု့ ထိုုတစ်နေ့အတွက်အိမ်ပြန်ရောက်လာခဲ့သည်…သိုု့သော်… ညဥ့်ဦးပိုုင်းတွင်…ကိုုအောင်သိုုက်သည်…ကျွန်ုုပ်ကိုု ခေါ်ယူခြင်းမရှိတော့ပဲ…တစ်ဦးထည်းဆူးဝင်နီခြံကြီးဘက်သိုု့ ထွက်ခွာသွားခဲ့သည်…

မနက် နှစ်နာရီခန့်သို့ရောက်သောအခါ အိမ်သိုု့ပြန်ရောက်လာပြီး… မျက်နှာတွင်ရရှိခဲ့သော ဒဏ်ရာကိုုရေဆေးရင်း ဆေးထည့်နေသည်…ကျွန်ုုပ်မှာ ကိုုအောင်တိုုက်ကိုု မြင်လိုုက်ရသောအခါ…ကိုုအောင်တိုုက်မှဦးအောင်စကားစထားနှင့်ပြီး ဖြစ်၍

အောင်တိုက် ။         ။ ကျုပ် နောက်ထပ် (၂)ရက်ဆိုုရင် မင်းသမီးဆူးခက်ကိုု သတ်တဲ့တရားခံ ဖမ်းမိတော့မယ်… တရားခံက ညဘက်ဆိုုရင် ခြံကြီးထဲကိုုဝင်ပြီး သူကျန်ခဲ့တဲ့ပစ္စည်းကိုုလာပြန်ယူတာဗျ… ဒါပေမယ့် သူကလူခြေတိတ်မှလာပြီးရှာတာ… သူ့ပစ္စည်းလေးက အခုုထက်အထိပျောက်နေတုုန်းပဲ…အဲဒါကိုု တစ်ယောက်ယောက်ရှာတွေ့သွားရင် သူဟာဘယ်သူဆိုုတာ တိတိကျကျသိသွားမှာမိုု့လိုု့ အရဲစွန့်ပြီး လာရှာရတာ… ကျုပ်က အဲဒါကိုုရိတ်မိလိုု့ သွားစောင့်တယ်…သူအိမ်ထဲဝင်သွားပြီး (၂)နာရီလောက်အကြာမှာ အိမ်ထဲကနေ ပြန်ထွက်ခဲ့တယ်…အိမ်ပြင်လဲရောက်ရော…ကျွန်တော်နဲ့ မျက်နှာချင်းဆိုုင်တွေ့ပြီး သူနိုုင်ကိုုယ်နိုုင်အပြိုင်ကြဲလိုုက်တာ.. သူလဲကွဲ…ကျွန်တော်လဲကွဲပေါ့…နောက်ဆုုံး သူကလွတ်သွားပေမယ့်… ဘယ်သူလဲဆိုုတာတော့ ကျုပ်သိခဲ့ရတယ်… လူကောင်ပိန်ပိန်သေးသေးပေမယ့်…သူရသတ္တိအရာမှာတော့ မခေပေဘူးဗျ…ကျုပ်ကိုုတောင် ယှဉ်တိုုက်နိုုင်တယ်ဆိုုတာသာကြည့်တော့ဗျာ…

ကိုုအောင်တိုုက်သည် ကရာတေးနှင့် တိုုက်ကွမ်ဒိုုကိုု ခါးပတ်နက်အသည်အထိ သင်ကြားထားရုုံမျှမက ခက်ခဲကြမ်းတမ်းလှသော မြန်မာ့လက်ဝှေ့ ကိုု ကျွမ်းကျင်ပိုုင်နိုုင်စွာတတ်မြောက်ပါသည်… ငယ်စဉ်အခါက စိန်ခေါ်ကြိုးဝိုုင်းများပေါ်သိုု့တက်ရောက်ဖူးသော အတွေ့အကြုံပင်ရှိသူဖြစ်သည်…

 

သူရ                  ။                ။ ဒါဆိုုကိုုအောင်တိုုက် သူက ဘယ်သူလဲ ကျုပ်တိုု့နဲ့ဆုုံဖူးသလား…

အောင်တိုက် ။                ။  ဆုုံဖူးတာပေါ့ဗျာ… ကျုပ်တိုု့ကိုု ကားနဲ့တိုုက်သေအောင်ကြံခဲ့တဲ့ တက်တူးနဲ့ စပါယ်ယာ ကောင်လေးပဲ… သူဘာရှာနေလဲဆိုုတာ ကျွန်တော်က သူ့ထက်အရင်ရှာတွေ့ခဲ့တာ… အဲဒါက မင်းသမီးဆူးခက်ဆီကရတဲ့ခဲ့ ဓားမြှောင်နဲ့ ပုုံစံထပ်တူကျတဲ့ နောက်ဓားတစ်လက်… အဖြေကိုုတော့နီးလာပြီ…ဒါပေမယ့် ပုိုပြီးတော့ ရှုပ်ထွေးလာတယ်…

ဒါနဲ့ဗျာ… ဒီနေ့ အလုုပ်လျှောက်လွှာ ဘယ်နှစ်ခုုရလဲဗျ…

 

သူရ                   ။                ။ စုုစုုပေါင်း (၃)စောင်တော့ရတယ်ကိုုအောင်တိုုက်….

 

ကျွန်ုုပ်လဲ ကိုုအောင်တိုုက်ဆီသိုု့ လာရောက်တင်ထားသော လျှောက်လွှာများကိုု လက်လွှဲပေးလုိုက်သည်…ကိုုအောင်တိုုက်သည် ကျွန်တော်ထိုုးပေးလိုုက်သော အလုုပ်လျှောက်လွှာ (၃)စောင်ကိုု ခပ်သော့သော့ကြည့်လုိုုုက်ပြီးနောက်… လျှောက်လွှာတစ်စောင်ကိုု ပြန်ချပေးလုိုက်ပြီး…

အောင်တိုက်       ။             ။ ဒီတစ်ယောက်ကိုု လစာ၃သိန်းပေးပြီးခန့်လိုုက်…သဘက်ခါအလုုပ်တန်းပြီးလာဆင်းဖိုု့ပြောလိုုက်…

ကျွန်ုုပ် ကိုုအောင်တိုုက် ပြန်ပေးလိုုက်သော လျှောက်လွှာလေးကိုု ဖတ်ကြည့်လိုုက်သောအခါ…

အမည်က ” နွယ်ပင် ” တဲ့….

ဆက်ရန်-

27 comments

  • နွယ်ပင်

    April 4, 2012 at 4:13 pm

    နွယ်ပင်တို့တော့ အလုပ်နောက်တစ်ခုရပြန်ပြီ ဟိဟိ
    လစာ ဘယ်တော့ လာထုတ်ရမလဲဟင် ………. 🙂

    • Shwe Tike Soe

      April 4, 2012 at 10:09 pm

      လစာက ခရက်တစ်ကဒ်နဲ.ရှင်းမှာပါ သမီးလေးရယ်… အဲဒီတော့ သမီး အာပလာ ဘဏ်မှာ သွားထုတ်နော်..

  • R Ga

    April 4, 2012 at 4:16 pm

    ကိုုအောင်တိုုက်သည် ကရာတေးနှင့် တိုုက်ကွမ်ဒိုုကိုု ခါးပတ်နက်အသည်အထိ သင်ကြားထားရုုံမျှမက ခက်ခဲကြမ်းတမ်းလှသော မြန်မာ့လက်ဝှေ့ ကိုု ကျွမ်းကျင်ပိုုင်နိုုင်စွာတတ်မြောက်ပါသည်… ငယ်စဉ်အခါက စိန်ခေါ်ကြိုးဝိုုင်းများပေါ်သိုု့တက်ရောက်ဖူးသော အတွေ့အကြုံပင်ရှိသူဖြစ်သည်…

    ထိုသူအား အပြတ် ဆော်လိုက်သူသည်….မည်သူနည်း ဆက်ရန်…။

  • Moe Z

    April 4, 2012 at 4:34 pm

    ညံ့ပါ့ကွယ် နောက်ကအုပ်ထိန်းသူတန်းလန်းနဲ့လူကို ခန့်ရတယ်လို့
    ကြိုးဝိုင်းထဲမှောက်လျက်လဲပြီ 😀

  • Khaing Khaing

    April 4, 2012 at 4:37 pm

    ဘာာ…….. လစာ ၃ သိန်းတောင်ပေးတယ် ဟုတ်စ ……. နွယ်ဘင်ကို …….. ကျန်တဲ့ ၂ စောင်ကလူတွေ ကျတော့မကြည့်ဘူးလား ……. မျက်နှာလိုက်တာ ဘူးထတာ …….. ချဉ်ပါတယ်အေ ……. တော်ပြီ ….. ဒါဖြဲ ဖတ်သွားတယ်နော် ကိုဖက် ………

  • jujuma

    April 4, 2012 at 4:39 pm

    ဟဟ ဖတ်ရင်းနဲ့ မျက်စေ့ တွေ လည်လာပီနော်..
    ဆက်ပေါ..ဆက်ပေါ …

  • Ma Ei

    April 4, 2012 at 4:44 pm

    ကိုရီးယားကားလို ဇာတ်သိမ်းမလျှော့သွားနဲ့နော်…

  • Mon Kit

    April 4, 2012 at 4:45 pm

    ဟား ဟား… ဖတ်ရတာ ရွှင်မြူးစရာလေးပါ….
    ဆက်လက်အားပေးနေပါမယ်…..
    😀 😀 😀

  • FattyCat

    April 4, 2012 at 5:11 pm

    ဇာတ်သိမ်းပြီဆိုုရင် လွမ်းတသသဖြစ်အောင် သိမ်းဖိုု့ အကြံကုုန်ထုုတ်နေပါတယ်…

    မွန်ကစ်ရေ-
    ကျွန်တော့် စုုံထောက်ဝတ္တုကလေ အတည်အခန့်တကယ်ရေးထားတာပါ…
    ဒါပေမယ့် ကျွန်တော်ရွေးလိုုက်တဲ့ ဇာတ်ကောင်တွေက အပြင်မှာတကယ်ရှိနေတဲ့အပြင်…အချင်းချင်းလဲသိနေကြတာဆိုုတော့
    နောက်ကျ..ပြောင်ကြရင်းနဲ့ ကျွန်တော့ဇာတ်လမ်းက ဟာသဇာတ်လမ်းကြီးများဖြစ်နေလား စဥ်းစားရသေးတယ်ဗျ…

    ခင်တဲ့-
    ကြောင်ဝတုုတ်

    • ဆူး

      April 4, 2012 at 6:38 pm

      စုံထောက် ဝတ္တု ကို အဆုံးပိုင်းအထိ ပြီးသွားလို့ ရောင်းဖို့ ရှိတယ် ဆိုရင် ဆူး ဝယ်ဖို့ ရှိတယ်။
      အတည်ပြောတာ မနောက်ဘူး။

      • R Ga

        April 5, 2012 at 2:02 pm

        ဆူး တို့ကတော့ စီပွားရေး လာဘ် မြင်ပ..။ စာအုပ်တိုက်လုပ်ပြီး ဝတ္တု ထုတ်တော့မယ်နဲ့တူတယ်။ ဒါပေမဲ့ အဲဒီဝတ္တုထဲမှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ နာမည် သုံးစွဲခတွေကို ပါ တစ်ပါတည်း ပေးချေဖို့ တောင်းဆိုပါတယ်။ မူပိုင်ခွင့်ပေါ့..။ ထုတ်ဝေသူ ပေးရင်ပေး မပေးရင် ကြောင်ဝတုတ် ဂိုဏ်းချုပ် (သို့) ဂုတ်ဂျိုင်း က ခွဲဝေပေးဆောင်ရမည်။

  • ဆူး

    April 4, 2012 at 6:34 pm

    လစာ တော်တော် ကောင်းပါလား။
    စကားမစပ် စုံထောက်ကြီးက ဘယ်က ဝင်ငွေ နဲ့ ဒီလောက် ပေးနိုင်တာလဲ။

    • Shwe Tike Soe

      April 4, 2012 at 10:25 pm

      အော် စုံထောက်ပါဆို မှ ကားပါမစ်တွေ ရောင်းထားတာ မနဲဘူး ဟိဟိ အပေါဆုံးက ပိုက်ဆံပဲ…
      အော် ဒါနဲ. အငြိမ့်မင်းသမီး အသတ်ခံလိုက်ရတာ စိတ်တောင်မကောင်းဘူး သူ.ဆီလဲ MarkII ပါမစ်ရောင်းထားတာ အကြွေးကျန်သေးတယ်… ခိခိခိ

  • Khin Latt

    April 4, 2012 at 7:49 pm

    ဟီ..ဟိ …
    နာ့နာမည် ပါလာပြီ။
    ဒီလောက် လူကဲခတ်ကောင်း မှတော့ ကောင်လေး ကြီးပွါး ဦးမယ်။
    တကယ်ကြီးပြောတာ။ 😆

    • Thel Nu Aye

      April 5, 2012 at 5:29 pm

      အရီးလတ် ၁၀ဝ တန် ဖုန်းလေးများ ၁ဝ လုံးလောက်ပို့ပေးပါ။ မြန်နှုန်းမြင့်အင်တာနက်ပါပါမှနော်။

  • dalearalnear dalearalnear

    April 4, 2012 at 8:33 pm

    ဇတ်လမ်းကတော့ ကောင်းနေပြီဗျို့ ဆက်ရေးဆက်ရေး အားပေးနေတယ်နော် စုံထောက်အောင်ထိုက်က တိုက်ရေးခိုက်ရေးကောင်းတယ်ထင်တယ် ထိတိုင်းကွဲတဲ့ပွဲတိုင်းကျော်ဆိုပါတော့ နောက်တာနော် ဆက်လက်အားပေးနေတယ်

  • marblecommet

    April 4, 2012 at 9:15 pm

    သများတို့ကတော့ အစကနေ ပြန်ကျော့ဖတ်နေလို့ ဒီအထိ မရောက်သေးပေါင်.

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 4, 2012 at 9:39 pm

    မာဇတာဖက်ကက်…(ရှမ်းလိုပြောသည်)မြန်မာလို…မုန့်ညှင်းတဲ့…..
    ကျွန်တော့်အခန်းကဏ္ဍရောက်တော့မယ်နော်…. ဦးမင်းမတ်ရဲ့ကြိုးမိန့်ကိုလွှတ်ပေးအောင်လျှောက်လဲချက်
    ပေးနိုင်တဲ့သူဆိုလို့ အကျိုးတော်ဆောင်ကြီးမောင်ရှမ်းပဲရှိတယ်….
    ကျွန်တော့်နာမည်မထည့်လို့ကတော့ ဟင်းဟင်း……… ဦးကတ်ကြီး…ကော်ပီရိုက်မှုနဲ့အမှုဖြစ်မှရှေ့နေခ
    မလျှော့ပေးပဲ….ထောင်ပါလုံးလုံးကျအောင်လုပ်ပစ်လိုက်မှာ…… အိမ်ထောင်အိမ်ထောင်(ကိုရီးယားက
    တူးအန်အီးဝမ်းအဖွဲ့က မျက်လုံးကြီးကြီးကောင်မလေးအဆိုတော်နဲ့)…..
    ထည့်ရင်ထည့်မထည့်ရင်သွင်း…အဲလေယောင်လို့…. ကျွန်တော့်ကိုလဲအမှုလိုက်အဖြစ်ငှားပါဦး….
    လောလောဆယ်အမှုလိုက်ဖို့အမှုမရှိသေးလို့…….
    ဦးမင်းမတ်ရဲ့ရှေ့နေ….နောက်တီးနောက်တောက်ဂိုဏ်းသား…ကြောင်ဝတုတ်ဂိုဏ်း၏ဥပဒေအကြံပေးအရာ
    ရှိ…..ပြည်သူ့ချဉ်ဖတ်ခေါ်မောင်ရှမ်း…..
    အားပေးသွားတယ်နော်…ဦးဖက်ကတ်….ဆက်ရေးပါဦးမျှော်နေမယ်………

    • amatmin

      April 5, 2012 at 9:38 am

      ကြိုးမိန့် နောက်ကိစ္စဗျ..
      အခုတော့ ဦးမင်းမတ်ရဲ့ အီးမေးလ်နဲ့ဖုန်းကိစ္စ ပရိုက်ဗိတ်စီ ကိုချိုးဖောက်တဲ့..
      K & L Telecom မှ CEO ဒေါ်ခင်လတ်ကို တရားစွဲဖို့အတွက်..
      ကိုရှမ်းကို ငှားလိုက်ပြီ..
      ဒါနဲ့ ဆူးခက်လေး ကိုမသတ်ခင် ဘာလုပ်သွားတယ်ဆိုတာ မသိချင်ကြဘူးလား ဟင်င်.. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 4, 2012 at 10:07 pm

    တစ်နေ့သ၌ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် အားလပ်လွန်းသည်ဟု မဆိုသာသော်လည်း
    လုပ်ငန်းဆောင်တာဟူသည် ဘာမျှလုပ်ရန်မရှိဖြစ်နေပါသဖြင့်
    ရွာဦးတောင်ပေါ်ကျောင်း ဘုရားဒါယိကာယောင်ယောင် ကပ္ပိယကြီးတစ်ဖြစ်လည်း
    ဦးစံကျော် မှ စီမံထားလေသော ထမင်ခြောက်လှော်
    ( ထမင်းခြောက်လှော်ဟူသည် ထမင်းကို အခြောက်လှမ်းပြီးသကာလ ဆီမပါဘဲ လှော်ထားခြင်းဖြစ်၏ )
    များကို ဦးရှောင် ၏ အိမ်ရှေ့ မန်ကျီးပင်ကြီးအောင်ရှိ
    http://myanmargazette.net/31913/economic-news-international-news-news-industry-people-in-the-news-us-news-news
    ကွပ်ပျစ်တွင် ခပ်မှေးမှေး အနားယူနေခိုက် ဦးစံကျော်မှ ကတိုက်ကရိုက် ရောက်ရှိလာပျီးလေလျှင်
    ဟေ့ကောင် ဇော်ဂျီ ရွာထဲမှာ လူသေမှု့ဖြစ်လို့
    ဤ မျှပင်ပြောသည်နှင့် ကျွန်ုပ်မှာ ချက်ခြင်းပင်လျှင် အနှီး လူသေမှု့ နေရာသို့ ကဆုန်ပေါက်ပြေးလေတော့၏
    ……………………………………..
    ကျွန်ုပ်တွေ့လိုက်ရသည်မှာကား
    ကျောင်းအမကြီး ဒေါ်စပ်ဆလူး ၏ရေတွင်းပျက်ကြီး၏ နှုတ်ခမ်းဝတွင် ကြိုးတိုးကျဲတဲပေါက်နေသော
    မျက်ပင်များ၏ အလယ်တွင်
    ဦးခေါင်းငိုက်စိုက်ကျလျှက် အသက်မရှိတော့ပြီဖြစ်နေသော
    ဘုရားဒါယဂါဂျီး ဦးကုတ်ကမြင်း ၏ အလောင်းကိုတွေ့လိုက်ရသည့်အခိုက်ဝယ်
    …………..
    ဆက်ရန်………………..
    မှီငြမ်း။ ။ ကာတွန်းသုတ

  • weiwei

    April 5, 2012 at 8:19 am

    လက်မတစ်ချောင်းထောင်၍ အားပေးသွားပါသည် …

  • FattyCat

    April 5, 2012 at 8:45 am

    ညီမလေးနွယ်ပင်ရေ-
    ညီမလေးရဲ့လခကိုတော့ စုံတောက်ကြီး (လက်တောက်လောက်သာရှိသဖြင့်ခေါ်ဝေါ်ခြင်း) မှ တစ်ပြားမကျန် ပေးအပ်မည်ဖြစ်ကြောင်း ဝန်ခံထားပြီးဖြစ်ပါသည်….
    ခိုင်ခိုင်နဲ့ မိုးစက်ပြောမှပဲ ကျွန်တော့ရဲ့ စုံထောက်ကြီးလဲ နှာဘူး…တဏှာရူးဖြစ်ရပါတော့တယ်…
    သည်းခံပါညီမလေး စုံထောက်ကြီးဆုံးဖြတ်ရင်…အကြောင်းရှိပါတယ်…

    ဆူးမေးထားတဲ့ စုံထောက်ကြီးဝင်ငွေကိစ္စပြောပါဦးမယ်…
    အလွတ်စုံထောက်တို့မည်သည်…စုံထောက်ခြင်းအမှုကို Service ပေးသကဲ့သို့ အခကြေးငွေယူပြီး
    အမှုမှန်ဖော်ထုတ်ပေးတာပါ… အမှုသည်များမှ ပုံမှန် Service Charges တွေအပြင် သဒ္ဓါတရားဖြင့်ပေးသော ငွေကြေးများပင်ရှိသောကြောင့် ထိုသို့ ချောင်လည်စွာနေထိုင်နိုင်ပါသည်…

    နောက်တစ်ခုက အမှုလိုက်ရာမှာ ကုန်ကျစရိတ်အားလုံးကို အမှုအပ်သူမှ ရှင်းပေးရသည်ဖြစ်သောကြောင့် လစာငွေကို ရက်ရက်ရောရောပေးလိုက်ခြင်းဖြစ်နိုင်သည်….

    လောလောဆယ်တော့ မင်းသမီးဆူးခက်ကွယ်လွန်သွားသဖြင့် အမှုလိုက်ရန်အသုံးစရိတ်များ ရှင်းပေးမည့်သူမရှိသောကြောင့် ကျူကျူကားလေးအားရောင်းချရန် ဆိုင်ထားကြောင်း….

  • ကြောင်ကြီး

    April 5, 2012 at 8:50 am

    စုံထောက်အောင်တိုက် အမည်တွင်ထားလို့ စီအိုင်ဒီက မှုခင်းအရာရှိ ငမူး ဖြစ်ရမယ်။ တော်တော်ဆိုးတဲ့ကောင် အရက်တိုက်မှ စုံထောက်ရဒယ်လို့… 😆

  • kyeemite

    April 5, 2012 at 9:25 am

    ကြောင်ဝတုတ်တော့ထောပီဟေ့..
    ဝတ္ထုကမပီးသေးဘူး ဝယ်မယ့်သူပေါ်နေပီ…
    တန်တော့ သူသေတဲ့ဇတ်လမ်း မဖြန့်ချိနိုင်အောင်
    မူပိုင်ဝယ်ပီး ဖျက်ဆီးပစ်မယ်နဲ့တူတယ်…

  • FattyCat

    April 5, 2012 at 9:41 am

    ဦးမိုက်(ခ်)ရေ-
    ဟုတ်ပါ့…သူသေသွားတဲ့ဇာတ်လမ်းကို အပြင်မရောက်အောင်ထိန်းထားပုံရတယ်…ဟီးဟီး

  • mg mg

    April 5, 2012 at 10:09 am

    ဟီဟိ “ မြန်နှုန်းမြင့်တဲ့” “၁၀၀”တဲ့၊
    အရီးလတ်ရေ ဆယ်လုံးလောက် အရောက်ပို့ပေးလို့ရမလား။

  • Novy

    April 6, 2012 at 9:36 am

    ကိုုအောင်တိုုက်သည် ကရာတေးနှင့် တိုုက်ကွမ်ဒိုုကိုု ခါးပတ်နက်အသည်အထိ သင်ကြားထားရုုံမျှမက ခက်ခဲကြမ်းတမ်းလှသော မြန်မာ့လက်ဝှေ့ ကိုု ကျွမ်းကျင်ပိုုင်နိုုင်စွာတတ်မြောက်ပါသည်… ငယ်စဉ်အခါက စိန်ခေါ်ကြိုးဝိုုင်းများပေါ်သိုု့တက်ရောက်ဖူးသော အတွေ့အကြုံပင်ရှိသူဖြစ်သည်…

    ် စုံထောက်ကြီးသိုင်းတွေဘယ်လိုတော်တော်
    မူပိုင်မမကြီးရဲ့ ဗိုက်ခေါက်လိမ်လက်သိုင်းကိုတော့ ဘယ်တော့မှ မရှောင်နိုင်ဘူးမဟုတ်လား

Leave a Reply