စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၅)
နောက်တစ်နေ့ ကျွန်ုပ်နှင့် ကိုအောင်တိုက်တို့သည် မင်းသမီးဆူးခက်၏ ဆူးဝင်နီခြံကြီးသို့ ထပ်မံသွားရောက်ပြီး သဲလွန်စတစ်စုံတရာ ရလိုရငြားမေးမြန်းစုံစမ်းခြင်းကို ပြုကြပါသည်…
သို့ရာတွင် ဘာမှမယ်မယ်ရရ၊ အထောက်အကူရသော အဖြေများတွေ့ရသဖြင့် စိတ်ဓာတ်ကျစရာပင်…
ကိုအောင်တိုက်မှာတော့ Google နှင့် Wiki တို့မှာ နတ်ဘုရားအကြောင်းနှင့်ပက်သက်သမျှ တတ်နိုင်သလောက် ရှာဖွေဖတ်ရှု့ ခြင်း၊ Print ထုတ်ယူသိမ်းဆည်းခြင်းတို့ကို ပြုလျှက်ရှိပေတော့သည်…
ကိုအောင်တိုက်၏ ထူးခြားချက်မှာ ၄င်းစိတ်ဝင်စားသောကိစ္စတစ်ခုခုကို စူးစမ်းနေရမည်ဆိုပါက ထမင်းမေ့၊ ဟင်းမေ့ ဆေးလိပ်တစ်ဗူးနှင့် တနေကုန်နေမည့် လူစားမျိုး…
ထိုစဉ် စက်ဘီးလေးနှင့် အရပ်တကာလှည့်ပြီး ထီလက်မှတ်ရောင်းသောကောင်လေးတစ်ယောက်က ကိုအောင်တိုက်အားလာရောက်တွေ့ဆုံပြီး စာတိုလေးတစ်စောင်ကို ဂျာနယ်နှင့်ရောပေးသွားသည်…
အောင်တိုက် ။ ။ ကိုသူရရေ…ဇာတ်လမ်းကတော့လှနေပြီဗျ… ကိုမင်းမတ်လို့ယူဆရတဲ့သူတစ်ယောက်က (၁)နာရီလောက်မှာ ဆူးဝင်နီခြံကြီးဆီကို တစ်ကိုယ်တော်စွန့်စားပြီး လာခဲ့တယ်တဲ့…
သူရ ။ ။ အဲဒီအကြောင်းကို ကိုအောင်တိုက်က ဘယ်လိုသိသလဲဗျ…ခင်ဗျားကတော အိမ်ထဲမှာနေပြီး အကုန်လုံးကို နတ်မျက်စိနဲ့ကြည့်နေသလိုပဲဗျာ…
အောင်တိုက် ။ ။ နတ်မျက်စိနဲ့တော့မဟုတ်ဘူးဗျ… ထီလက်မှတ်ရောင်းတဲ့ကောင်လေးက ဖိုးစိန်လမ်းဘက်မှာ မနက်ဆိုရင် ဂျာနယ်ပို့တယ်…နေ့လည်ပိုင်းဆိုရင် ထီလက်မှတ်လိုက်ရောင်း တယ်…ညပိုင်းကျတော့ အဲဒီနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ညစောင့်လုပ်တယ်ပေါ့ဗျာ… တစ်နေ့နေ့စားခ ၂၀၀၀ လောက်ပိုပေးလိုက်ရင်… ကျွန်တော့်အတွက် ဆူးဝင်နီကို အချိန်ပြည့်စောင့်ကြည့်ဖို့ စပိုင်တစ်ယောက်ရထားတယ်ပေါ့… နံရံမှာ မျက်စိနဲ့နားတွေရှိတယ်ပေါ့ ကိုသူရရယ်…
ထိုသို့ ရှင်းပြပြီးနောက်…
အောင်တိုက် ။ ။ ဒီနေ့ကို သူရရေ… ကျွန်တော်တို့ K&L Telecom ကိုသွားရအောင်ဗျာ… ကျွန်တော့အစ်မတစ်ယောက်နဲ့ ချိန်းထားတယ်…
K & L Telecom ဆိုသည်မှာ မြန်မာနိုင်ငံ၏ ပထမဆုံးပုဂ္ဂလိကပိုင် Telecommunication ကုမ္ဗဏီ ဖြစ်ပြီး မြန်နှုန်းမြင့်အင်တာနက်နှင့် မိုဘိုင်းဖုန်းစနစ်ကို စတင်မိတ်ဆက်ခဲ့ပြီး… လူတန်းစားမရွေး မြန်မာကျပ်ငွေ ၁၀၀ ဖြင့် ဖုန်းဝယ်ယူနိုင်ရန် စတင်ရောင်းချခဲ့ပြီးနောက်…မြန်မာလူမျိုးအများအပြားယုံကြည်ကိုးစားမှုခံယူရပြီး နာမည်ကောင်းရရှိနေသောကုမ္ဗဏီတစ်ခုဖြစ်ပါသည်…
ကျွန်ုပ်နှင့် ကိုအောင်တိုက်တို့ လှိုင်မြို့နယ်ရှိ K & L ရုံးချုပ်ရှေ့သို့ရောက်ရှိပြီး၊ ကြိုတင်ချိန်းဆိုထားသည့်အတိုင်း K & L Telecom မှ CEO အဖြစ် ကိုယ်တိုင်တာဝန်ယူဆောင်ရွက်နေသော နာမည်ကျော်နည်းပညာကုမ္ဗဏီပိုင်ရှင် ဒေါ်ခင်လတ်နှင့် တွေ့ဆုံခဲ့ပါသည်…
အောင်တိုက် ။ ။ ကျွန်တော်ကတော့ အစ်မခင်လတ်နဲ့ ခင်နေတာဆိုတော့ အရီးလတ်လို့ ခေါ်တယ်…ကိုသူရ…အစ်မနဲ့ ကျွန်တော်နဲ့က ရပ်ဆွေရပ်မျိုးလိုဖြစ်နေတာ…
အရီးလတ် ။ ။ ကိုသူရလဲ ကျွန်မကို မောင်လေးအောင်တိုက်ခင်သလို ခင်နိုင်ပါတယ်…အရီးလတ်လို့ပဲခေါ်ပေါ့…ရင်းရင်းနီးနီးရှိတာပေါ့နော်…
ဖော်ရွေသော မျက်နှာထားဖြင့် အတွင်းစိတ်ရင်းကောင်းသော အရီးလတ်ကလည်း ကိုအောင်တိုက် ကို အင်တိုက်အားတိုက်ကူညီခဲ့ပါသည်… ကိုအောင်တိုက်မှာ စုံထောက်လုပ်မစားပဲ စီးပွားရေးသမားတစ်ယောက်သာဖြစ်ခဲ့မည်ဆိုပါက…အဆက်အသွယ်နှင့် အတွက်အချက် ကောင်းသောကိုအောင်တိုက်အဖို့ အောင်မြင်ကြီးပွားမည်မှာမလွဲဖြစ်ပေသည်…
အရီးလတ် ။ ။ အောင်တိုက်ရေ…ဦးမင်းမတ်ရဲ့ Email အသွားအလာတွေနဲ့ ဖုန်းအ၀င်အထွက် တွေကို စစ်ကြည့်လိုက်တဲ့အခါ…အီဂျစ်နိုင်ငံနဲ့ အဆက်အသွယ်လုပ်ထားတယ်… ဦးမင်းမတ်က လုံခြုံရေးအကောင်းဆုံးလိုင်းကို သုံးထားတယ်… သူဆက်သွယ်နေတဲ့ နေရာက အီဂျစ်ရဲ့ Matruh (မာသု) ဆိုတဲ့မြို့လို့ပဲ အကြမ်းဖျဉ်းသိရတယ်…
အောင်တိုက် ။ ။ Matruh (မာသု) ဆိုတဲ့မြို့က အီဂျစ်ရဲ့ ရှေးကျတဲ့မြို့ထဲမှာ တစ်မြို့ အပါအ၀င်ဗျ… အဲဒါဆိုရင်တော့ အဲဒီမြို့ နဲ့ ကြောင်ဝတုတ်ဂိုဏ်းက လုံးဝကို အဆက်အစပ်ရှိရမယ်… ကြောင်ဝတုတ်ဂိုဏ်းတည်နေရာပါဖြစ်နိုင်တယ်… အဲဒီအဆက်အစပ်ကိုရှာနိုင်ရင် ပြဿနာရဲ့ ၅၀%ကို ရှင်းနိုင်ပြီ… ကျုပ်မလဲကြာရင်ဖြင့် အသုံးမကျတဲ့ စုံထောက်လို့တောင် မှုခင်းဂျာနယ်ပိုင်းကရေးချင်နေကြပြီ။ မင်းသမီး ဆူးခက်သေသွားတဲ့အမှုမှာ ကျုပ်သဲလွန်စရှာတာနှေးတယ်လို့တောင် အပစ်ဖို့ချင်သေးတာဗျ…လခယူထားတဲ့ အင်းစိန် စီအိုင်ဒီကကောင်တွေက အိမ်နေပြီး…ကျုပ်ကိုတောင် မီဒီယာကနေဖွချင်သေးတာ အရီးလတ်ရေ…တစ်ခုခုဆို အကျိုးအကြောင်းလေးတော့ ဖုန်းလှမ်းဆက်ပါဦး…ကဲ…ကိုသူရရေ… ဒီနေ့တော့ ဘာမှလုပ်မရမယ့်အဆုံး အိမ်ပြန်ပြီး…နားလိုက်မယ်ဗျာ…မနက်ဖြန်ဆိုရင်သိချင်တာ သိရမှာပါ…
ကျွနု်ပ်နှင့် ကိုအောင်တိုက်တို့ ထိုတစ်နေ့အတွက်အိမ်ပြန်ရောက်လာခဲ့သည်…သို့သော်… ညဥ့်ဦးပိုင်းတွင်…ကိုအောင်သိုက်သည်…ကျွန်ုပ်ကို ခေါ်ယူခြင်းမရှိတော့ပဲ…တစ်ဦးထည်းဆူးဝင်နီခြံကြီးဘက်သို့ ထွက်ခွာသွားခဲ့သည်…
မနက် နှစ်နာရီခန့်သို့ရောက်သောအခါ အိမ်သို့ပြန်ရောက်လာပြီး… မျက်နှာတွင်ရရှိခဲ့သော ဒဏ်ရာကိုရေဆေးရင်း ဆေးထည့်နေသည်…ကျွန်ုပ်မှာ ကိုအောင်တိုက်ကို မြင်လိုက်ရသောအခါ…ကိုအောင်တိုက်မှဦးအောင်စကားစထားနှင့်ပြီး ဖြစ်၍
အောင်တိုက် ။ ။ ကျုပ် နောက်ထပ် (၂)ရက်ဆိုရင် မင်းသမီးဆူးခက်ကို သတ်တဲ့တရားခံ ဖမ်းမိတော့မယ်… တရားခံက ညဘက်ဆိုရင် ခြံကြီးထဲကိုဝင်ပြီး သူကျန်ခဲ့တဲ့ပစ္စည်းကိုလာပြန်ယူတာဗျ… ဒါပေမယ့် သူကလူခြေတိတ်မှလာပြီးရှာတာ… သူ့ပစ္စည်းလေးက အခုထက်အထိပျောက်နေတုန်းပဲ…အဲဒါကို တစ်ယောက်ယောက်ရှာတွေ့သွားရင် သူဟာဘယ်သူဆိုတာ တိတိကျကျသိသွားမှာမို့လို့ အရဲစွန့်ပြီး လာရှာရတာ… ကျုပ်က အဲဒါကိုရိတ်မိလို့ သွားစောင့်တယ်…သူအိမ်ထဲဝင်သွားပြီး (၂)နာရီလောက်အကြာမှာ အိမ်ထဲကနေ ပြန်ထွက်ခဲ့တယ်…အိမ်ပြင်လဲရောက်ရော…ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး သူနိုင်ကိုယ်နိုင်အပြိုင်ကြဲလိုက်တာ.. သူလဲကွဲ…ကျွန်တော်လဲကွဲပေါ့…နောက်ဆုံး သူကလွတ်သွားပေမယ့်… ဘယ်သူလဲဆိုတာတော့ ကျုပ်သိခဲ့ရတယ်… လူကောင်ပိန်ပိန်သေးသေးပေမယ့်…သူရသတ္တိအရာမှာတော့ မခေပေဘူးဗျ…ကျုပ်ကိုတောင် ယှဉ်တိုက်နိုင်တယ်ဆိုတာသာကြည့်တော့ဗျာ…
ကိုအောင်တိုက်သည် ကရာတေးနှင့် တိုက်ကွမ်ဒိုကို ခါးပတ်နက်အသည်အထိ သင်ကြားထားရုံမျှမက ခက်ခဲကြမ်းတမ်းလှသော မြန်မာ့လက်ဝှေ့ ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ပါသည်… ငယ်စဉ်အခါက စိန်ခေါ်ကြိုးဝိုင်းများပေါ်သို့တက်ရောက်ဖူးသော အတွေ့အကြုံပင်ရှိသူဖြစ်သည်…
သူရ ။ ။ ဒါဆိုကိုအောင်တိုက် သူက ဘယ်သူလဲ ကျုပ်တို့နဲ့ဆုံဖူးသလား…
အောင်တိုက် ။ ။ ဆုံဖူးတာပေါ့ဗျာ… ကျုပ်တို့ကို ကားနဲ့တိုက်သေအောင်ကြံခဲ့တဲ့ တက်တူးနဲ့ စပါယ်ယာ ကောင်လေးပဲ… သူဘာရှာနေလဲဆိုတာ ကျွန်တော်က သူ့ထက်အရင်ရှာတွေ့ခဲ့တာ… အဲဒါက မင်းသမီးဆူးခက်ဆီကရတဲ့ခဲ့ ဓားမြှောင်နဲ့ ပုံစံထပ်တူကျတဲ့ နောက်ဓားတစ်လက်… အဖြေကိုတော့နီးလာပြီ…ဒါပေမယ့် ပိုပြီးတော့ ရှုပ်ထွေးလာတယ်…
ဒါနဲ့ဗျာ… ဒီနေ့ အလုပ်လျှောက်လွှာ ဘယ်နှစ်ခုရလဲဗျ…
သူရ ။ ။ စုစုပေါင်း (၃)စောင်တော့ရတယ်ကိုအောင်တိုက်….
ကျွန်ုပ်လဲ ကိုအောင်တိုက်ဆီသို့ လာရောက်တင်ထားသော လျှောက်လွှာများကို လက်လွှဲပေးလိုက်သည်…ကိုအောင်တိုက်သည် ကျွန်တော်ထိုးပေးလိုက်သော အလုပ်လျှောက်လွှာ (၃)စောင်ကို ခပ်သော့သော့ကြည့်လိုက်ပြီးနောက်… လျှောက်လွှာတစ်စောင်ကို ပြန်ချပေးလိုက်ပြီး…
အောင်တိုက် ။ ။ ဒီတစ်ယောက်ကို လစာ၃သိန်းပေးပြီးခန့်လိုက်…သဘက်ခါအလုပ်တန်းပြီးလာဆင်းဖို့ပြောလိုက်…
ကျွန်ုပ် ကိုအောင်တိုက် ပြန်ပေးလိုက်သော လျှောက်လွှာလေးကို ဖတ်ကြည့်လိုက်သောအခါ…
အမည်က ” နွယ်ပင် ” တဲ့….
နွယ်ပင်တို့တော့ အလုပ်နောက်တစ်ခုရပြန်ပြီ ဟိဟိ
လစာ ဘယ်တော့ လာထုတ်ရမလဲဟင် ……….
Was this answer helpful?
LikeDislikeလစာက ခရက်တစ်ကဒ်နဲ.ရှင်းမှာပါ သမီးလေးရယ်… အဲဒီတော့ သမီး အာပလာ ဘဏ်မှာ သွားထုတ်နော်..
Was this answer helpful?
LikeDislikeကိုအောင်တိုက်သည် ကရာတေးနှင့် တိုက်ကွမ်ဒိုကို ခါးပတ်နက်အသည်အထိ သင်ကြားထားရုံမျှမက ခက်ခဲကြမ်းတမ်းလှသော မြန်မာ့လက်ဝှေ့ ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ပါသည်… ငယ်စဉ်အခါက စိန်ခေါ်ကြိုးဝိုင်းများပေါ်သို့တက်ရောက်ဖူးသော အတွေ့အကြုံပင်ရှိသူဖြစ်သည်…
ထိုသူအား အပြတ် ဆော်လိုက်သူသည်….မည်သူနည်း ဆက်ရန်…။
Was this answer helpful?
LikeDislikeညံ့ပါ့ကွယ် နောက်ကအုပ်ထိန်းသူတန်းလန်းနဲ့လူကို ခန့်ရတယ်လို့
ကြိုးဝိုင်းထဲမှောက်လျက်လဲပြီ
Was this answer helpful?
LikeDislikeဘာာ…….. လစာ ၃ သိန်းတောင်ပေးတယ် ဟုတ်စ ……. နွယ်ဘင်ကို …….. ကျန်တဲ့ ၂ စောင်ကလူတွေ ကျတော့မကြည့်ဘူးလား ……. မျက်နှာလိုက်တာ ဘူးထတာ …….. ချဉ်ပါတယ်အေ ……. တော်ပြီ ….. ဒါဖြဲ ဖတ်သွားတယ်နော် ကိုဖက် ………
Was this answer helpful?
LikeDislikeဟဟ ဖတ်ရင်းနဲ့ မျက်စေ့ တွေ လည်လာပီနော်..
ဆက်ပေါ..ဆက်ပေါ …
Was this answer helpful?
LikeDislikeကိုရီးယားကားလို ဇာတ်သိမ်းမလျှော့သွားနဲ့နော်…
Was this answer helpful?
LikeDislikeဟား ဟား… ဖတ်ရတာ ရွှင်မြူးစရာလေးပါ….

ဆက်လက်အားပေးနေပါမယ်…..
Was this answer helpful?
LikeDislikeဇာတ်သိမ်းပြီဆိုရင် လွမ်းတသသဖြစ်အောင် သိမ်းဖို့ အကြံကုန်ထုတ်နေပါတယ်…
မွန်ကစ်ရေ-
ကျွန်တော့် စုံထောက်ဝတ္တုကလေ အတည်အခန့်တကယ်ရေးထားတာပါ…
ဒါပေမယ့် ကျွန်တော်ရွေးလိုက်တဲ့ ဇာတ်ကောင်တွေက အပြင်မှာတကယ်ရှိနေတဲ့အပြင်…အချင်းချင်းလဲသိနေကြတာဆိုတော့
နောက်ကျ..ပြောင်ကြရင်းနဲ့ ကျွန်တော့ဇာတ်လမ်းက ဟာသဇာတ်လမ်းကြီးများဖြစ်နေလား စဥ်းစားရသေးတယ်ဗျ…
ခင်တဲ့-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeစုံထောက် ၀တ္တု ကို အဆုံးပိုင်းအထိ ပြီးသွားလို့ ရောင်းဖို့ ရှိတယ် ဆိုရင် ဆူး ၀ယ်ဖို့ ရှိတယ်။
အတည်ပြောတာ မနောက်ဘူး။
Was this answer helpful?
LikeDislikeဆူး တို့ကတော့ စီပွားရေး လာဘ် မြင်ပ..။ စာအုပ်တိုက်လုပ်ပြီး ၀တ္တု ထုတ်တော့မယ်နဲ့တူတယ်။ ဒါပေမဲ့ အဲဒီဝတ္တုထဲမှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ နာမည် သုံးစွဲခတွေကို ပါ တစ်ပါတည်း ပေးချေဖို့ တောင်းဆိုပါတယ်။ မူပိုင်ခွင့်ပေါ့..။ ထုတ်ဝေသူ ပေးရင်ပေး မပေးရင် ကြောင်ဝတုတ် ဂိုဏ်းချုပ် (သို့) ဂုတ်ဂျိုင်း က ခွဲဝေပေးဆောင်ရမည်။
Was this answer helpful?
LikeDislikeလစာ တော်တော် ကောင်းပါလား။
စကားမစပ် စုံထောက်ကြီးက ဘယ်က ၀င်ငွေ နဲ့ ဒီလောက် ပေးနိုင်တာလဲ။
Was this answer helpful?
LikeDislikeအော် စုံထောက်ပါဆို မှ ကားပါမစ်တွေ ရောင်းထားတာ မနဲဘူး ဟိဟိ အပေါဆုံးက ပိုက်ဆံပဲ…
အော် ဒါနဲ. အငြိမ့်မင်းသမီး အသတ်ခံလိုက်ရတာ စိတ်တောင်မကောင်းဘူး သူ.ဆီလဲ MarkII ပါမစ်ရောင်းထားတာ အကြွေးကျန်သေးတယ်… ခိခိခိ
Was this answer helpful?
LikeDislikeဟီ..ဟိ …
နာ့နာမည် ပါလာပြီ။
ဒီလောက် လူကဲခတ်ကောင်း မှတော့ ကောင်လေး ကြီးပွါး ဦးမယ်။
တကယ်ကြီးပြောတာ။
Was this answer helpful?
LikeDislikeအရီးလတ် ၁၀၀ တန် ဖုန်းလေးများ ၁၀ လုံးလောက်ပို့ပေးပါ။ မြန်နှုန်းမြင့်အင်တာနက်ပါပါမှနော်။
Was this answer helpful?
LikeDislikeဇတ်လမ်းကတော့ ကောင်းနေပြီဗျို့ ဆက်ရေးဆက်ရေး အားပေးနေတယ်နော် စုံထောက်အောင်ထိုက်က တိုက်ရေးခိုက်ရေးကောင်းတယ်ထင်တယ် ထိတိုင်းကွဲတဲ့ပွဲတိုင်းကျော်ဆိုပါတော့ နောက်တာနော် ဆက်လက်အားပေးနေတယ်
Was this answer helpful?
LikeDislikeသများတို့ကတော့ အစကနေ ပြန်ကျော့ဖတ်နေလို့ ဒီအထိ မရောက်သေးပေါင်.
Was this answer helpful?
LikeDislikeမာဇတာဖက်ကက်…(ရှမ်းလိုပြောသည်)မြန်မာလို…မုန့်ညှင်းတဲ့…..
ကျွန်တော့်အခန်းကဏ္ဍရောက်တော့မယ်နော်…. ဦးမင်းမတ်ရဲ့ကြိုးမိန့်ကိုလွှတ်ပေးအောင်လျှောက်လဲချက်
ပေးနိုင်တဲ့သူဆိုလို့ အကျိုးတော်ဆောင်ကြီးမောင်ရှမ်းပဲရှိတယ်….
ကျွန်တော့်နာမည်မထည့်လို့ကတော့ ဟင်းဟင်း……… ဦးကတ်ကြီး…ကော်ပီရိုက်မှုနဲ့အမှုဖြစ်မှရှေ့နေခ
မလျှော့ပေးပဲ….ထောင်ပါလုံးလုံးကျအောင်လုပ်ပစ်လိုက်မှာ…… အိမ်ထောင်အိမ်ထောင်(ကိုရီးယားက
တူးအန်အီးဝမ်းအဖွဲ့က မျက်လုံးကြီးကြီးကောင်မလေးအဆိုတော်နဲ့)…..
ထည့်ရင်ထည့်မထည့်ရင်သွင်း…အဲလေယောင်လို့…. ကျွန်တော့်ကိုလဲအမှုလိုက်အဖြစ်ငှားပါဦး….
လောလောဆယ်အမှုလိုက်ဖို့အမှုမရှိသေးလို့…….
ဦးမင်းမတ်ရဲ့ရှေ့နေ….နောက်တီးနောက်တောက်ဂိုဏ်းသား…ကြောင်ဝတုတ်ဂိုဏ်း၏ဥပဒေအကြံပေးအရာ
ရှိ…..ပြည်သူ့ချဉ်ဖတ်ခေါ်မောင်ရှမ်း…..
အားပေးသွားတယ်နော်…ဦးဖက်ကတ်….ဆက်ရေးပါဦးမျှော်နေမယ်………
Was this answer helpful?
LikeDislikeကြိုးမိန့် နောက်ကိစ္စဗျ..
အခုတော့ ဦးမင်းမတ်ရဲ့ အီးမေးလ်နဲ့ဖုန်းကိစ္စ ပရိုက်ဗိတ်စီ ကိုချိုးဖောက်တဲ့..
K & L Telecom မှ CEO ဒေါ်ခင်လတ်ကို တရားစွဲဖို့အတွက်..
ကိုရှမ်းကို ငှားလိုက်ပြီ..
ဒါနဲ့ ဆူးခက်လေး ကိုမသတ်ခင် ဘာလုပ်သွားတယ်ဆိုတာ မသိချင်ကြဘူးလား ဟင်င်..
Was this answer helpful?
LikeDislikeတစ်နေ့သ၌ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် အားလပ်လွန်းသည်ဟု မဆိုသာသော်လည်း
လုပ်ငန်းဆောင်တာဟူသည် ဘာမျှလုပ်ရန်မရှိဖြစ်နေပါသဖြင့်
ရွာဦးတောင်ပေါ်ကျောင်း ဘုရားဒါယိကာယောင်ယောင် ကပ္ပိယကြီးတစ်ဖြစ်လည်း
ဦးစံကျော် မှ စီမံထားလေသော ထမင်ခြောက်လှော်
( ထမင်းခြောက်လှော်ဟူသည် ထမင်းကို အခြောက်လှမ်းပြီးသကာလ ဆီမပါဘဲ လှော်ထားခြင်းဖြစ်၏ )
များကို ဦးရှောင် ၏ အိမ်ရှေ့ မန်ကျီးပင်ကြီးအောင်ရှိ
http://myanmargazette.net/31913/economic-news-international-news-news-industry-people-in-the-news-us-news-news
ကွပ်ပျစ်တွင် ခပ်မှေးမှေး အနားယူနေခိုက် ဦးစံကျော်မှ ကတိုက်ကရိုက် ရောက်ရှိလာပျီးလေလျှင်
ဟေ့ကောင် ဇော်ဂျီ ရွာထဲမှာ လူသေမှု့ဖြစ်လို့
ဤ မျှပင်ပြောသည်နှင့် ကျွန်ုပ်မှာ ချက်ခြင်းပင်လျှင် အနှီး လူသေမှု့ နေရာသို့ ကဆုန်ပေါက်ပြေးလေတော့၏
……………………………………..
ကျွန်ုပ်တွေ့လိုက်ရသည်မှာကား
ကျောင်းအမကြီး ဒေါ်စပ်ဆလူး ၏ရေတွင်းပျက်ကြီး၏ နှုတ်ခမ်းဝတွင် ကြိုးတိုးကျဲတဲပေါက်နေသော
မျက်ပင်များ၏ အလယ်တွင်
ဦးခေါင်းငိုက်စိုက်ကျလျှက် အသက်မရှိတော့ပြီဖြစ်နေသော
ဘုရားဒါယဂါဂျီး ဦးကုတ်ကမြင်း ၏ အလောင်းကိုတွေ့လိုက်ရသည့်အခိုက်ဝယ်
…………..
ဆက်ရန်………………..
မှီငြမ်း။ ။ ကာတွန်းသုတ
Was this answer helpful?
LikeDislikeလက်မတစ်ချောင်းထောင်၍ အားပေးသွားပါသည် …
Was this answer helpful?
LikeDislikeညီမလေးနွယ်ပင်ရေ-
ညီမလေးရဲ့လခကိုတော့ စုံတောက်ကြီး (လက်တောက်လောက်သာရှိသဖြင့်ခေါ်ဝေါ်ခြင်း) မှ တစ်ပြားမကျန် ပေးအပ်မည်ဖြစ်ကြောင်း ၀န်ခံထားပြီးဖြစ်ပါသည်….
ခိုင်ခိုင်နဲ့ မိုးစက်ပြောမှပဲ ကျွန်တော့ရဲ့ စုံထောက်ကြီးလဲ နှာဘူး…တဏှာရူးဖြစ်ရပါတော့တယ်…
သည်းခံပါညီမလေး စုံထောက်ကြီးဆုံးဖြတ်ရင်…အကြောင်းရှိပါတယ်…
ဆူးမေးထားတဲ့ စုံထောက်ကြီးဝင်ငွေကိစ္စပြောပါဦးမယ်…
အလွတ်စုံထောက်တို့မည်သည်…စုံထောက်ခြင်းအမှုကို Service ပေးသကဲ့သို့ အခကြေးငွေယူပြီး
အမှုမှန်ဖော်ထုတ်ပေးတာပါ… အမှုသည်များမှ ပုံမှန် Service Charges တွေအပြင် သဒ္ဓါတရားဖြင့်ပေးသော ငွေကြေးများပင်ရှိသောကြောင့် ထိုသို့ ချောင်လည်စွာနေထိုင်နိုင်ပါသည်…
နောက်တစ်ခုက အမှုလိုက်ရာမှာ ကုန်ကျစရိတ်အားလုံးကို အမှုအပ်သူမှ ရှင်းပေးရသည်ဖြစ်သောကြောင့် လစာငွေကို ရက်ရက်ရောရောပေးလိုက်ခြင်းဖြစ်နိုင်သည်….
လောလောဆယ်တော့ မင်းသမီးဆူးခက်ကွယ်လွန်သွားသဖြင့် အမှုလိုက်ရန်အသုံးစရိတ်များ ရှင်းပေးမည့်သူမရှိသောကြောင့် ကျူကျူကားလေးအားရောင်းချရန် ဆိုင်ထားကြောင်း….
Was this answer helpful?
LikeDislikeစုံထောက်အောင်တိုက် အမည်တွင်ထားလို့ စီအိုင်ဒီက မှုခင်းအရာရှိ ငမူး ဖြစ်ရမယ်။ တော်တော်ဆိုးတဲ့ကောင် အရက်တိုက်မှ စုံထောက်ရဒယ်လို့…
Was this answer helpful?
LikeDislikeကြောင်ဝတုတ်တော့ထောပီဟေ့..
ဝတ္ထုကမပီးသေးဘူး ၀ယ်မယ့်သူပေါ်နေပီ…
တန်တော့ သူသေတဲ့ဇတ်လမ်း မဖြန့်ချိနိုင်အောင်
မူပိုင်ဝယ်ပီး ဖျက်ဆီးပစ်မယ်နဲ့တူတယ်…
Was this answer helpful?
LikeDislikeဦးမိုက်(ခ်)ရေ-
ဟုတ်ပါ့…သူသေသွားတဲ့ဇာတ်လမ်းကို အပြင်မရောက်အောင်ထိန်းထားပုံရတယ်…ဟီးဟီး
Was this answer helpful?
LikeDislikeဟီဟိ “ မြန်နှုန်းမြင့်တဲ့” “၁၀၀”တဲ့၊
အရီးလတ်ရေ ဆယ်လုံးလောက် အရောက်ပို့ပေးလို့ရမလား။
Was this answer helpful?
LikeDislikeကိုအောင်တိုက်သည် ကရာတေးနှင့် တိုက်ကွမ်ဒိုကို ခါးပတ်နက်အသည်အထိ သင်ကြားထားရုံမျှမက ခက်ခဲကြမ်းတမ်းလှသော မြန်မာ့လက်ဝှေ့ ကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ပါသည်… ငယ်စဉ်အခါက စိန်ခေါ်ကြိုးဝိုင်းများပေါ်သို့တက်ရောက်ဖူးသော အတွေ့အကြုံပင်ရှိသူဖြစ်သည်…
် စုံထောက်ကြီးသိုင်းတွေဘယ်လိုတော်တော်
မူပိုင်မမကြီးရဲ့ ဗိုက်ခေါက်လိမ်လက်သိုင်းကိုတော့ ဘယ်တော့မှ မရှောင်နိုင်ဘူးမဟုတ်လား
Was this answer helpful?
LikeDislike