နောက်တစ်နေ့ ကျွန်ုုပ်နှင့် ကိုုအောင်တိုုက်တိုု့သည် မင်းသမီးဆူးခက်၏ ဆူးဝင်နီခြံကြီးသိုု့ ထပ်မံသွားရောက်ပြီး သဲလွန်စတစ်စုုံတရာ ရလိုုရငြားမေးမြန်းစုုံစမ်းခြင်းကိုု ပြုကြပါသည်…

သိုု့ရာတွင် ဘာမှမယ်မယ်ရရ၊ အထောက်အကူရသော အဖြေများတွေ့ရသဖြင့် စိတ်ဓာတ်ကျစရာပင်…

ကိုုအောင်တိုုက်မှာတော့ Google နှင့် Wiki တိုု့မှာ နတ်ဘုုရားအကြောင်းနှင့်ပက်သက်သမျှ တတ်နိုုင်သလောက် ရှာဖွေဖတ်ရှု့ ခြင်း၊ Print ထုုတ်ယူသိမ်းဆည်းခြင်းတိုု့ကိုု ပြုလျှက်ရှိပေတော့သည်…

ကိုုအောင်တိုုက်၏ ထူးခြားချက်မှာ ၎င်းစိတ်ဝင်စားသောကိစ္စတစ်ခုုခုုကိုု စူးစမ်းနေရမည်ဆိုုပါက ထမင်းမေ့၊ ဟင်းမေ့ ဆေးလိပ်တစ်ဗူးနှင့် တနေကုုန်နေမည့် လူစားမျိုး…

ထိုုစဉ် စက်ဘီးလေးနှင့် အရပ်တကာလှည့်ပြီး ထီလက်မှတ်ရောင်းသောကောင်လေးတစ်ယောက်က  ကိုုအောင်တိုုက်အားလာရောက်တွေ့ဆုုံပြီး စာတိုုလေးတစ်စောင်ကိုု ဂျာနယ်နှင့်ရောပေးသွားသည်…

 

အောင်တိုက် ။            ။ ကိုုသူရရေ…ဇာတ်လမ်းကတော့လှနေပြီဗျ… ကိုုမင်းမတ်လိုု့ယူဆရတဲ့သူတစ်ယောက်က (၁)နာရီလောက်မှာ ဆူးဝင်နီခြံကြီးဆီကိုု တစ်ကိုုယ်တော်စွန့်စားပြီး လာခဲ့တယ်တဲ့…

 

သူရ ။                            ။ အဲဒီအကြောင်းကိုု ကိုုအောင်တိုုက်က ဘယ်လိုုသိသလဲဗျ…ခင်ဗျားကတော အိမ်ထဲမှာနေပြီး အကုုန်လုုံးကုို နတ်မျက်စိနဲ့ကြည့်နေသလိုုပဲဗျာ…

 

အောင်တိုက် ။               ။ နတ်မျက်စိနဲ့တော့မဟုုတ်ဘူးဗျ… ထီလက်မှတ်ရောင်းတဲ့ကောင်လေးက ဖိုုးစိန်လမ်းဘက်မှာ မနက်ဆိုုရင် ဂျာနယ်ပိုု့တယ်…နေ့လည်ပိုုင်းဆိုုရင် ထီလက်မှတ်လိုုက်ရောင်း တယ်…ညပိုုင်းကျတော့ အဲဒီနားက ဆောက်လုုပ်ရေးလုုပ်ငန်းခွင်မှာ ညစောင့်လုုပ်တယ်ပေါ့ဗျာ… တစ်နေ့နေ့စားခ ၂၀၀၀ လောက်ပိုုပေးလိုုက်ရင်… ကျွန်တော့်အတွက် ဆူးဝင်နီကိုု အချိန်ပြည့်စောင့်ကြည့်ဖိုု့ စပိုုင်တစ်ယောက်ရထားတယ်ပေါ့… နံရံမှာ မျက်စိနဲ့နားတွေရှိတယ်ပေါ့ ကိုုသူရရယ်…

ထိုုသိုု့ ရှင်းပြပြီးနောက်…

အောင်တိုက် ။             ။ ဒီနေ့ကိုု သူရရေ… ကျွန်တော်တိုု့ K&L Telecom ကိုုသွားရအောင်ဗျာ… ကျွန်တော့အစ်မတစ်ယောက်နဲ့ ချိန်းထားတယ်…

K & L Telecom ဆိုုသည်မှာ မြန်မာနိုုင်ငံ၏ ပထမဆုုံးပုုဂ္ဂလိကပိုုင် Telecommunication ကုုမ္ဗဏီ ဖြစ်ပြီး မြန်နှုန်းမြင့်အင်တာနက်နှင့် မိုုဘိုုင်းဖုုန်းစနစ်ကိုု စတင်မိတ်ဆက်ခဲ့ပြီး… လူတန်းစားမရွေး မြန်မာကျပ်ငွေ ၁၀ဝ ဖြင့် ဖုုန်းဝယ်ယူနိုုင်ရန် စတင်ရောင်းချခဲ့ပြီးနောက်…မြန်မာလူမျိုးအများအပြားယုုံကြည်ကိုုးစားမှုခံယူရပြီး နာမည်ကောင်းရရှိနေသောကုုမ္ဗဏီတစ်ခုုဖြစ်ပါသည်…

ကျွန်ုုပ်နှင့် ကိုုအောင်တိုုက်တိုု့ လှိုင်မြို့နယ်ရှိ K & L ရုုံးချုပ်ရှေ့သိုု့ရောက်ရှိပြီး၊ ကြိုတင်ချိန်းဆိုုထားသည့်အတိုုင်း K & L Telecom မှ CEO အဖြစ် ကိုုယ်တိုုင်တာဝန်ယူဆောင်ရွက်နေသော နာမည်ကျော်နည်းပညာကုုမ္ဗဏီပိုုင်ရှင် ဒေါ်ခင်လတ်နှင့် တွေ့ဆုုံခဲ့ပါသည်…

အောင်တိုက် ။               ။ ကျွန်တော်ကတော့ အစ်မခင်လတ်နဲ့ ခင်နေတာဆိုုတော့ အရီးလတ်လိုု့ ခေါ်တယ်…ကိုုသူရ…အစ်မနဲ့ ကျွန်တော်နဲ့က ရပ်ဆွေရပ်မျိုးလိုုဖြစ်နေတာ…

အရီးလတ်    ။               ။ ကိုုသူရလဲ ကျွန်မကိုု မောင်လေးအောင်တိုုက်ခင်သလိုု ခင်နိုုင်ပါတယ်…အရီးလတ်လိုု့ပဲခေါ်ပေါ့…ရင်းရင်းနီးနီးရှိတာပေါ့နော်…

ဖော်ရွေသော မျက်နှာထားဖြင့် အတွင်းစိတ်ရင်းကောင်းသော အရီးလတ်ကလည်း ကိုုအောင်တိုုက် ကိုု အင်တိုုက်အားတိုုက်ကူညီခဲ့ပါသည်… ကိုုအောင်တိုုက်မှာ စုုံထောက်လုုပ်မစားပဲ စီးပွားရေးသမားတစ်ယောက်သာဖြစ်ခဲ့မည်ဆိုုပါက…အဆက်အသွယ်နှင့် အတွက်အချက် ကောင်းသောကိုုအောင်တိုုက်အဖိုု့ အောင်မြင်ကြီးပွားမည်မှာမလွဲဖြစ်ပေသည်…

အရီးလတ် ။       ။ အောင်တိုက်ရေ…ဦးမင်းမတ်ရဲ့ Email အသွားအလာတွေနဲ့ ဖုုန်းအဝင်အထွက် တွေကိုု စစ်ကြည့်လိုုက်တဲ့အခါ…အီဂျစ်နိုုင်ငံနဲ့ အဆက်အသွယ်လုုပ်ထားတယ်… ဦးမင်းမတ်က လုုံခြုံရေးအကောင်းဆုုံးလိုုင်းကိုု သုုံးထားတယ်… သူဆက်သွယ်နေတဲ့ နေရာက အီဂျစ်ရဲ့ Matruh (မာသုု) ဆိုုတဲ့မြို့လိုု့ပဲ အကြမ်းဖျဉ်းသိရတယ်…

အောင်တိုုက် ။          ။ Matruh (မာသုု) ဆိုုတဲ့မြို့က အီဂျစ်ရဲ့ ရှေးကျတဲ့မြို့ထဲမှာ တစ်မြို့ အပါအဝင်ဗျ… အဲဒါဆိုုရင်တော့ အဲဒီမြို့ နဲ့ ကြောင်ဝတုုတ်ဂိုုဏ်းက လုုံးဝကိုု အဆက်အစပ်ရှိရမယ်… ကြောင်ဝတုုတ်ဂိုုဏ်းတည်နေရာပါဖြစ်နိုုင်တယ်… အဲဒီအဆက်အစပ်ကိုုရှာနိုုင်ရင် ပြဿနာရဲ့  ၅၀%ကို ရှင်းနိုုင်ပြီ… ကျုပ်မလဲကြာရင်ဖြင့် အသုုံးမကျတဲ့ စုုံထောက်လိုု့တောင် မှုခင်းဂျာနယ်ပိုုင်းကရေးချင်နေကြပြီ။ မင်းသမီး ဆူးခက်သေသွားတဲ့အမှုမှာ ကျုပ်သဲလွန်စရှာတာနှေးတယ်လိုု့တောင် အပစ်ဖိုု့ချင်သေးတာဗျ…လခယူထားတဲ့ အင်းစိန် စီအိုုင်ဒီကကောင်တွေက အိမ်နေပြီး…ကျုပ်ကိုုတောင် မီဒီယာကနေဖွချင်သေးတာ အရီးလတ်ရေ…တစ်ခုုခုုဆိုု အကျိုးအကြောင်းလေးတော့ ဖုုန်းလှမ်းဆက်ပါဦး…ကဲ…ကိုုသူရရေ… ဒီနေ့တော့ ဘာမှလုုပ်မရမယ့်အဆုုံး အိမ်ပြန်ပြီး…နားလိုုက်မယ်ဗျာ…မနက်ဖြန်ဆိုုရင်သိချင်တာ သိရမှာပါ…

 

ကျွနုု်ပ်နှင့် ကိုုအောင်တိုုက်တိုု့ ထိုုတစ်နေ့အတွက်အိမ်ပြန်ရောက်လာခဲ့သည်…သိုု့သော်… ညဥ့်ဦးပိုုင်းတွင်…ကိုုအောင်သိုုက်သည်…ကျွန်ုုပ်ကိုု ခေါ်ယူခြင်းမရှိတော့ပဲ…တစ်ဦးထည်းဆူးဝင်နီခြံကြီးဘက်သိုု့ ထွက်ခွာသွားခဲ့သည်…

မနက် နှစ်နာရီခန့်သို့ရောက်သောအခါ အိမ်သိုု့ပြန်ရောက်လာပြီး… မျက်နှာတွင်ရရှိခဲ့သော ဒဏ်ရာကိုုရေဆေးရင်း ဆေးထည့်နေသည်…ကျွန်ုုပ်မှာ ကိုုအောင်တိုုက်ကိုု မြင်လိုုက်ရသောအခါ…ကိုုအောင်တိုုက်မှဦးအောင်စကားစထားနှင့်ပြီး ဖြစ်၍

အောင်တိုက် ။         ။ ကျုပ် နောက်ထပ် (၂)ရက်ဆိုုရင် မင်းသမီးဆူးခက်ကိုု သတ်တဲ့တရားခံ ဖမ်းမိတော့မယ်… တရားခံက ညဘက်ဆိုုရင် ခြံကြီးထဲကိုုဝင်ပြီး သူကျန်ခဲ့တဲ့ပစ္စည်းကိုုလာပြန်ယူတာဗျ… ဒါပေမယ့် သူကလူခြေတိတ်မှလာပြီးရှာတာ… သူ့ပစ္စည်းလေးက အခုုထက်အထိပျောက်နေတုုန်းပဲ…အဲဒါကိုု တစ်ယောက်ယောက်ရှာတွေ့သွားရင် သူဟာဘယ်သူဆိုုတာ တိတိကျကျသိသွားမှာမိုု့လိုု့ အရဲစွန့်ပြီး လာရှာရတာ… ကျုပ်က အဲဒါကိုုရိတ်မိလိုု့ သွားစောင့်တယ်…သူအိမ်ထဲဝင်သွားပြီး (၂)နာရီလောက်အကြာမှာ အိမ်ထဲကနေ ပြန်ထွက်ခဲ့တယ်…အိမ်ပြင်လဲရောက်ရော…ကျွန်တော်နဲ့ မျက်နှာချင်းဆိုုင်တွေ့ပြီး သူနိုုင်ကိုုယ်နိုုင်အပြိုင်ကြဲလိုုက်တာ.. သူလဲကွဲ…ကျွန်တော်လဲကွဲပေါ့…နောက်ဆုုံး သူကလွတ်သွားပေမယ့်… ဘယ်သူလဲဆိုုတာတော့ ကျုပ်သိခဲ့ရတယ်… လူကောင်ပိန်ပိန်သေးသေးပေမယ့်…သူရသတ္တိအရာမှာတော့ မခေပေဘူးဗျ…ကျုပ်ကိုုတောင် ယှဉ်တိုုက်နိုုင်တယ်ဆိုုတာသာကြည့်တော့ဗျာ…

ကိုုအောင်တိုုက်သည် ကရာတေးနှင့် တိုုက်ကွမ်ဒိုုကိုု ခါးပတ်နက်အသည်အထိ သင်ကြားထားရုုံမျှမက ခက်ခဲကြမ်းတမ်းလှသော မြန်မာ့လက်ဝှေ့ ကိုု ကျွမ်းကျင်ပိုုင်နိုုင်စွာတတ်မြောက်ပါသည်… ငယ်စဉ်အခါက စိန်ခေါ်ကြိုးဝိုုင်းများပေါ်သိုု့တက်ရောက်ဖူးသော အတွေ့အကြုံပင်ရှိသူဖြစ်သည်…

 

သူရ                  ။                ။ ဒါဆိုုကိုုအောင်တိုုက် သူက ဘယ်သူလဲ ကျုပ်တိုု့နဲ့ဆုုံဖူးသလား…

အောင်တိုက် ။                ။  ဆုုံဖူးတာပေါ့ဗျာ… ကျုပ်တိုု့ကိုု ကားနဲ့တိုုက်သေအောင်ကြံခဲ့တဲ့ တက်တူးနဲ့ စပါယ်ယာ ကောင်လေးပဲ… သူဘာရှာနေလဲဆိုုတာ ကျွန်တော်က သူ့ထက်အရင်ရှာတွေ့ခဲ့တာ… အဲဒါက မင်းသမီးဆူးခက်ဆီကရတဲ့ခဲ့ ဓားမြှောင်နဲ့ ပုုံစံထပ်တူကျတဲ့ နောက်ဓားတစ်လက်… အဖြေကိုုတော့နီးလာပြီ…ဒါပေမယ့် ပုိုပြီးတော့ ရှုပ်ထွေးလာတယ်…

ဒါနဲ့ဗျာ… ဒီနေ့ အလုုပ်လျှောက်လွှာ ဘယ်နှစ်ခုုရလဲဗျ…

 

သူရ                   ။                ။ စုုစုုပေါင်း (၃)စောင်တော့ရတယ်ကိုုအောင်တိုုက်….

 

ကျွန်ုုပ်လဲ ကိုုအောင်တိုုက်ဆီသိုု့ လာရောက်တင်ထားသော လျှောက်လွှာများကိုု လက်လွှဲပေးလုိုက်သည်…ကိုုအောင်တိုုက်သည် ကျွန်တော်ထိုုးပေးလိုုက်သော အလုုပ်လျှောက်လွှာ (၃)စောင်ကိုု ခပ်သော့သော့ကြည့်လုိုုုက်ပြီးနောက်… လျှောက်လွှာတစ်စောင်ကိုု ပြန်ချပေးလုိုက်ပြီး…

အောင်တိုက်       ။             ။ ဒီတစ်ယောက်ကိုု လစာ၃သိန်းပေးပြီးခန့်လိုုက်…သဘက်ခါအလုုပ်တန်းပြီးလာဆင်းဖိုု့ပြောလိုုက်…

ကျွန်ုုပ် ကိုုအောင်တိုုက် ပြန်ပေးလိုုက်သော လျှောက်လွှာလေးကိုု ဖတ်ကြည့်လိုုက်သောအခါ…

အမည်က ” နွယ်ပင် ” တဲ့….

ဆက်ရန်-

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...