စိတ်ပင်ပန်းရင် တွေးပြီးရယ်ပေါ့

zaylayJune 11, 20101min401

တခါတုန်းက မနက်တိုင်းကော်ဖီဖျော်တဲ့ကိစ္စ( (brewing coffee))နဲ့
ပတ်သက်ပြီး လင်မယားနှစ်ယောက်
အငြင်းပွားကြတယ်။

“ ရှင်ဖျော်သင့်တယ်၊ ဘာလို့လဲဆိုတော့ ရှင်က အိပ်ယာစောစောနိုးတတ်တယ်လေ၊ ဒီတော
ကျွန်မတို့ ကော်ဖီစောစောသောက်ရတာပေါ့။ နော မောင်ရာ”

“ဟားဟား အဲလို လူလည်မကျနဲ့၊ မင်းက အိမ်ထောင်ရှင်မလေကွာ။ မင်း ကော်ဖီဖျော်နေတဲ့
အချိန် ငါက ထိုင်စောင့်နေရုံပဲ”

“အို.. ရှင်ဒီလိုမပြောနဲ့ ကျွန်မက အထောက်အထားနဲ့ ပြောတာပါ။
သမ္မာကျမ်းစာထဲမှာပါလို့ ပြောတာ”

“ဘာကွ။ လျှောက်မပြောနဲ့။ ကဲ.. သမ္မာကျမ်းစာထဲမှာ ဘယ်မှာပါလဲ ပြစမ်း”

“ ဟောမှာကြည့်..။”

( သူမက သမ္မာကျမ်းစာ New Testamentကို လှန်ပြလိုက်တယ်။ စာမျက်နှာများစွာရဲ့
ထိပ်မှာ ရေးထားတာက)

“Hebrews” (He Brews).

ဒါကြောင့်လည်း အမျိုးသမီးတွေ တော်ပါတယ်ဆို၊ အရာရာကို ချက်ကျလက်ကျ ပြောတတ်တယ်။

အမျိုးသမီး တစ်ယောက် က ဆေးရုံကြီးတစ်ခုထဲ ကို ဝင်သွားတယ်။ ပြနေကျ ဆရာဝန်
မအားတာကြောင့် ဆရာဝန်အသစ်တစ်ယောက် နှင့် ပြတယ်။ ၄မိနစ်မပြည့်ခင်မှာပဲ
ထိုအမျိုးသမီးဟာ ကြောက်လန်တကြား အော်ဟစ်ပြီး ဆေးရုံကော်ရစ်တာကို
လျှောက်ပြေးတယ်။

ဒါကိုမြင်လိုက်တဲ့ သူပြနေကျ ဆရာဝန်ဟာ ထိုအမျိုးသမီးကို လှမ်းတားပြီး
“ဘာဖြစ်တာလဲ ၊ စိတ်အေးအေးထားပြီး ပြောပြပါဦး”လို့ မေးလိုက်တယ်။
အကျိုးအကြောင်းသိသွားတဲ့ အခါ အမျိုးသမီးကို အခန်းတစ်ခန်းထဲမှာ ခဏအနားယူဖို့
ပြောပြီး၊ အမျိုးသမီးကို ကြောက်လန်တကြားအော်ဟစ်သွားအောင် လုပ်လိုက်တဲ့
ဆရာဝန်အသစ်ရဲ့ အခန်းဆီ သွားတယ်။ပြီးတော့ မေးလိုက်တယ်.

“အဲဒီအမျိုးသမီးကအခု အသက် ၇၃နှစ်ရှိနေပြီဗျ။ ကလေး၅ယောက် နှင့် မြေး ရ ယောက်လည်း
ရှိတယ်။ ဘာကြောင့် ခင်ဗျားမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောလွှတ်လိုက်ရတာလဲ။
လူနာကိုအော်ဟစ်သွားစေတဲ့အထိတော့ မလုပ်သင့်ဘူးလေဗျာ..။”

ဆရာဝန်အသစ်က လုပ်လက်စ အလုပ်မပျက် ပြန်ဖြေလိုက်တယ်။
“အခု ဆေးခန်းကို သူဘာကြောင့်လာသလဲ ခင်ဗျားသိသလား။ ကျွန်တော်လုပ်လိုက်တာ သူရဲ့
“ကျွတ်ထိုးတဲ့ရောဂါ” အခုပျောက်သွားပြီ …..။

နားညည်းသက်သာသွားတယ်
သတင်းထောက်တစ်ယောက်ဟာ အသက် ၁၀၄နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အဖွားအိုတစ်ဦးကို
အင်တာဗျူးပါတယ်။ “၁၀၄နှစ်ပြည့်သွားတဲ့အတွက် ကောင်းလိုက်တာလို့ ထင်တဲ့ အချက်က
ဘာပါလဲ ခင်ဗျာ”
အဖွားအိုက ရိုးရိုးလေးပဲ ပြန်ဖြေပါတယ်။”No peer pressure.”
္ဘ
အားနာလို့ပါ
လင်မယားနှစ်ယောက်ဟာ အိပ်ယာထဲမှာလှဲရင်း စကားပြောနေကြတယ်။
ယောကျာင်္းဖြစ်သူက “ငါလေ မင်းကို ကမာ္ဘပေါ်မှာ
အပျော်ဆုံးအမျိုးသမီးဖြစ်စေချင်ပါတယ်။”
ဒီတော့ အမျိုးသမီးက ပြန်ဖြေလိုက်တယ်။ “ဒါပေမဲ့ ကျွန်မ ရှင့်ကို
လွမ်းကျန်ခဲ့မှာပါ။”

အခု အဆင်ပြေသွားပါပြီ
လူတစ်ယောက်က အရေးပေါ်ဌာနကို ဖုန်းဆက်တယ်။
“ မြန်မြန်လေး ကူညီပါဦးခင်ဗျာ၊ ကျွန်တော့်သားလေး ကွန်ဒုံးတစ်ခုကို
မြိုချလိုက်လို့ပါ။”
၅မိနစ်အကြာမှာ ထိုလူက ပြန်ဖုန်းဆက်ပါတယ်။
“တစ်ခြားကွန်ဒုံးတစ်ခုရလို့ အခုအဆင်ပြေသွားပါပြီ ခင်ဗျာ။”

ဘုရားသခင် ကူညီနိုင်အောင်
“ငါ ငယ်ငယ်တုန်းက ဆိုင်ကယ်လိုချင်လို့ ဘုရားသခင်ဆီ ဆုတောင်းတယ်။ ဒါပေမဲ့
ဘုရားသခင်က အဲလိုနည်းနဲ့ မကူညီနိုင်ဘူးဆိုတာ ငါနားလည်သွားတဲ့အခါ၊ အရင်ဆုံး
ဆိုင်ကယ်ကိုခိုးတယ်။ ပြီးမှ ခွင့်လွတ်ဖို့ ဆုတောင်းလိုက်တယ်။

နှစ်ချို့ ဝိုင်က ပိုကောင်းတယ်ဆိုလို့
ငါ့မိန်းမကို ငါက ရှင်းပြတယ်။ ယောကျာင်္းဆိုတာ နှစ်ချို့ ဝိုင်နဲ့တူတယ်။
အသက်ကြီးလေလေ နှစ်သက်စရာကောင်းလေလေပေါ့.လို့။ နောက်တနေ့ကျ ငါ့မိန်းမက ငါ့ကို
နှစ်ချို့ ဝိုင်တွေ ထားတဲ့အခန်းထဲမှာ ငါ့ကို သော့ပိတ်ထားခဲ့တယ်ကွာ”

ငါ့သားများဖြစ်နေမလားလို့
အဖိုးအိုတစ်ဦးသည် ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် လိမ္မော်ရောင်၊
အစိမ်းရောင်၊ အပြာရောင် ကို စပ်တိစပ်ကြားဆံပင်ကို ဆေးဆိုးထားတဲ့
ကောင်လေးတစ်ယောက်ကို တွေ့တဲ့ အခါ စူးစူးစိုက်စိုက်
အကြာကြီးကြည့်နေမိတယ်။ခဏကြာတော့ ကောင်လေးက “လူတစ်ယောက်ကို ဒီလောက်ပဲ
ခေါတောကြည့်လာကြည့်နေရသလားဗျ၊ ခင်ဗျားကြီး တော်တော်ရိုင်းတာပဲ”
အဖိုးအိုက ပြုံးလိုက်ပြီး “စိတ်မရှိပါနဲ့ကွာ၊ ငါ တစ်ခါက ကြက်တူရွေးမ
တစ်ကောင်နဲ့ ညားဖူးလို့ မင်းဟာ ငါ့သားများဖြစ်နေမလားလို့ပါ။”

အားလုံးရယ်မော ပျော်ရွှင်နိုင်ကြပါစေ။
ကိုယ်ပျော်သလို သူများလည်း ပျော်ရအောင် ကိုယ့်မေးလ်မှာ ရှိတဲ့သူကို
ပြန်ရှယ်ပေးလိုက်ပါနော်။ :))
ပုံနဲ့စာတွေအားလုံးကို လသာည *(www.latharnya.com*)မှ ရယူပါတယ်။လေ့လာစရာ
ဗဟုသုတများစွာ ရှိသော မလသာည ဆိုဒ်လေးကို ကြုံရင်
အလည်သွားကြည့်ကြပါလို့။ :))

One comment

  • Scott

    July 27, 2010 at 6:11 pm

    ကြက်တူရွေး အပိုဒ်ကောင်းပါတယ်…

Leave a Reply