သင်္ကြန်ဘတ်ဂျက် (၁)

 

 

တနေ့က ကွန်မင့်ရေးရင်း သူများကို “စိတ်ကူးယဉ်ပြီးရေးတယ်.. ဘာ..ညာ..”  ..ဆိုပြီးပြောဆိုထားမိတော့

ဒီပိုစ့်မှာတော့ (သတင်းမဟုတ်ပေမယ့်) စိတ်ကူးယဉ်တာမပါပဲ အချက်အလက်မှန်တွေကိုပဲ ရေးပါ့မယ်။

 

သင်္ကြန်နားနီးပြီဆိုမှဖြင့်  ဘယ်သွားကြမယ်….  ဘာလုပ်ကြမယ်… စသည်စသည် ကြံစည်စိတ်ကူးပြင်ဆင်မှု့တွေရဲ့နောက်မှာ ထည့်တွက်စရာ၊ လျာထားစရာ၊ ပြင်ဆင်ထားစရာတခု ရှိပါတယ်။ အဲဒါကတော့ သင်္ကြန်မှာသုံးမယ့် အသုံးစားရိတ်ပေါ့…။

ချမ်းသာသူတွေ၊ တတ်နိုင်သူတွေ၊ ပိုလျှံသူတွေ အတွက်တော့ အဲဒါကအရေးကြီးဘူး..။ ခေါင်းထဲထည့်စရာမလိုဘူးလို့ ပြောချင်ရင်တော့ပြောပေါ့လေ။ ကျုပ်ကတော့ ကိုယ်တိုင်လဲ ရရစားစား ရိုးရိုးပုံမှန်တန်းကမို့ – ကျုပ်လိုလူတန်းစားဝန်းကျင်ကလူတွေကိုပဲ အကြောင်းပြုပြီး ရေးမှာပါ။ ဒီပိုစ့်က ရည်ညွှန်းတာက ရရစားစား ရိုးရိုးပုံမှန်တန်းက လူတွေအတွက်သာ ဖြစ်ပါတယ်လို့ စကားဦးသန်းထားပါရစေ..။

 

သင်္ကြန်မှာအများဆုံးစိတ်ကူးမိကြတာက  ဒီပိတ်ရက်ရှည်ကြီးမှာ  ခရီးထွက်မလား.. ပေါ့…။

စိတ်ကူးသူတွေရဲ့ ရှစ်ဆယ်ရာနှုံးလောက်က ဒီစိတ်ကူးကို ပြန်ဖျက်လိုက်ကြတတ်ပါတယ်။

ကျန်တဲ့နှစ်ဆယ်ရာနှုံးထဲမှာ အောင်မျိုးမင်းတို့ မိသားစုပါတယ်။

သူကတော့ လူလွတ်။ ကုမ္ပဏီဝန်ထမ်း။ သင်္ကြန်တွင်းမှာ သူ့ရုံးက ကောင်မလေးတွေထိုင်တဲ့မဏ္ဍပ်မှာ သွားကဲလိုက်- သူငယ်ချင်းတွေနဲ့ တရက်လောက် ရေပက်ခံကားနဲ့လိုက် လိုက်- ရပ်ကွက်ထဲမှာ တရက်လောက် ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်လိုက် လုပ်ချင်တာ။

ဒါပေမယ့် ဒီတနှစ်တော့  သူ့အမ-အစိုးရရုံးဝန်ထမ်းက ကလေးနှစ်ယောက်နဲ့ သင်္ကြန်ပိတ်ရက်ခရီးထွက်ချင်တယ်ဆိုလို့ ငြင်းလို့မဖြစ်တာနဲ့ပဲ ချောမိ-သွားပါတယ်။

ခရီးထွက်မယ်ဆိုတော့ ဘယ်ကိုထွက်ရပါ့ ??.

တကယ်က သင်္ကြန်မှာခရီးထွက်ချင်ရင် ချောင်းသာတို့ ငွေဆောင်တို့ ငပလီတို့ကတော့  အလိုက်ဖက်ဆုံး ပျော်စရာအကောင်းဆုံးပေါ့။ ဒါပေမယ့် ဘတ်ဂျက်လေ- ဘတ်ဂျက်။  လူတယောက်စာ ကမ်းခြေမှာ လေးရက်ကဲလိုက်ရင် တနှစ်လုံးရှာထားသလောက်နီးပါး ပြောင်သွားမှာ..။ သူတို့က အမလင်မယားရယ်၊ ကလေးစကောစက(teenage)နှစ်ယောက်ရယ်၊ သူရယ်  ပေါင်း ငါးယောက်တောင်။ ဒီတော့လဲ အားမတန်တော့ မာန်လျှော့ပြီး ဘုရားဖူးခရီးစဉ်တခုခုကို ရွေးဘို့စဉ်းစားရတယ်။

သင်္ကြန်ရက်လဲ ကာမိပြီး သိပ်လဲ မရှည်တဲ့လမ်းကြောင်း ငါးခုရှိတယ်။

၁- ရွှေစက်တော်၊ ပုဂံ၊ ပုပ္ပါး

၂-ပုဂံ၊ စွယ်တော်လေးဆူ၊ မန္တလေး၊ ပြင်ဦးလွင်

၃-မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ

၄-တောင်ကြီး၊ အင်းလေး၊ ပင်းတယ

၅-ကျိုက်ထီးရိုး၊ မော်လမြိုင်၊ ကျိုက္ခမီ

အားလုံးအကြိုနေ့ထွက် ငါးညအိပ် ခြောက်ရက်- နှစ်ဆန်းတရက်နေ့ပြန်ရောက်ဆိုတော့ သင်္ကြန်လဲပြီး အိမ်လဲရောက်ပေါ့။

ရိုးရိုးအိပ်ပရက်စ်ကားကြီးတွေက (ကြုံသလိုတည်း၊ ဖြစ်သလိုစား၊ ကံကောင်းရင် အသက်နဲ့တကွပြန်ရောက်)

တယောက်စာ 80000/90000 ဝန်းကျင်၊ အထူး အဆင့်မြင့် တွေက 170000-200000  အမျိုးမျိုးပဲ။

အောင်မျိုးမင်းတို့ကတော့ ငါးယောက်တောင်ဆိုတော့ ရိုးရိုးဘုရားဖူးကားတွေကိုပဲစဉ်းစားနိုင်ပါတယ်။

ဒါတောင် ပြင်တာဆင်တာ၊ ဝယ်တာခြမ်းတာ၊ လမ်းသုံးမှာနဲ့ဆိုရင် 600000 လောက်တော့ အသာလေးချောသွားမှာ။

အဲလောက်ကတော့ ကုန်ပစေပေါ့လေ။ ငွေလေးကြေးလေးလက်ထဲစိုတုန်း ကလေးတွေလဲ သိပ်မကြီးခင် တသက်တခါဆိုသလိုသွားရတာ..။

 

ဟန်နိုင်ဇော်ကတော့ ရပ်ကွက်ထဲကရေပက်ခံကားကို နှစ်ရက်စာ သုံးသောင်း တခါတည်းပေးထားတယ်။ ပိုက်ဆံကလက်ထဲရှိတုန်းပေးထားရတာ။ သူတို့လိုက်မယ့် ဆယ့်လေးပေကင်တာကလဲ မတ်လကတည်းက ငွေကြိုကောက်နေတာ။ နီးမှပေးရင် ကိုယ့်အတွက်နေရာမကျန်ပဲနေမှာ။ ရေပက်ခံကားကလဲ တွေ့တဲ့ကားနဲ့လိုက်လို့ ကောင်းတာမဟုတ်ဘူး။ ကိုယ့်အဖွဲ့နဲ့ ကိုယ်သိတဲ့လူတွေနဲ့မှ…။ စရိုက်ဆိုး သွေးဆိုးတဲ့သူတွေပါတဲ့ကားဆို ပြဿနာချည်း လိုက်ရှင်းနေရမှာ။  ဒါတောင်ကားခပဲရှိသေးတာ။ ကားပေါ်မှာ လူကြားသူကြားမြင်ကောင်းအောင်တော့ ဘီယာသံဗူးလေး အကင်လေး ဆွဲဘို့ ၊ နေ့လည်စားရေးသောက်ရေးလုပ်ဘို့တွေရှိသေးတယ်။ ရေပက်ခံနှစ်ရက်ကို လေးသောင်းကုန်မယ်ထား… ကျန်တဲ့သုံးရက် ကြုံဒိုးဘို့ နှစ်သောင်းလောက်တော့ ကုန်ဦးမှာ။

 

အေးမိုးစံတို့သူငယ်ချင်းလေးယောက်ကတော့ မဏ္ဍပ်ထိုင်ဘို့ ကြိုတိုင်ပင်ပြီးသား။ ရေလဲပက်၊ ပျော်လဲပျော်၊ အကြိုအပို့ နေ့လည်စာပါအပြီးမို့  မဏ္ဍပ်ထိုင်တာက အိန္ဒြေရတယ်။ လေးရက်လုံးဆိုတော့ လေးသောင်းနဲ့ ခြောက်သောင်းကြားပေါ့။(တကယ်တော့ငါးရက်)။ တခြားကုန်စရာကတော့ အဝတ်အစား ရေစိုခံမိတ်ကပ် နှုတ်ခမ်းနီ လောက်ပါပဲ။ စုစုပေါင်း 60000-70000 ဆို လောက်ပါတယ်။ မဏ္ဍပ်ထိုင်ရင် တခုတော့ဒုက္ခရောက်တယ်။ တချိန်လုံး ရေစိုစိုနဲ့ အေးနေတော့ အပေါ့အပါးသွားချင်တဲ့ဒုက္ခ။ မဏ္ဍပ်ကလုပ်ပေးတဲ့အိမ်သာကလဲ ခဏခဏဝင်လို့မကောင်း…။ လူသုံးရာလောက်ကို ပိုက်ခြောက်ဆယ်လောက် အလှည့်ကျကိုင်ရတာမို့ အုပ်စုထဲကလဲမထွက်ရဲ…။  ဒါပေမယ့်လဲ  ဒီလိုပဲ  ဖြစ်သွားမှာပေါ့နော..။ ပျော်ရဘို့သာ အဓိကလေ..။

 

တင်နွယ်ဦးကတော့ ဒီသင်္ကြန်အတွက် ဘာမှမယ်မယ်ရရစိတ်မကူးမိဘူး။

သင်္ကြန်ပေါင်း သုံးဆယ်ကျော်လောက်လဲ ကျော်ဖြတ်ခဲ့ပြီးပြီလေ..။

အခုတော့ စိတ်လဲ နားချင်ပြီ။ လူလဲ နားချင်ပြီ။

သင်္ကြန်အလုပ်ပိတ်တုန်း စားစရာတွေတနေ့တမျိုးလုပ်စား၊ စာအုပ်တွေ တစ်ဝကြီးဖတ်၊ မကြည့်ဖြစ်သေးတဲ့ ဗီဒီယိုကားတွေ အဝထိုင်ကြည့်ပြီး သင်္ကြန်ငါးရက်ကို ကျော်ဖြတ်ဘို့ စဉ်းစားထားတယ်။ နှစ်ဆန်းတရက်နေ့မှပဲ ကြီးကြီးမြတို့ စတုဒိသာမှာ ဝင်ကူလုပ်ရင်း ညနေဘက်ပရိတ်နာပြီး သင်္ကြန်ကို နှုတ်ဆက်ရမယ်။ ဒီလိုဆိုတော့ ကုန်ကျစားရိတ်လဲမရှိတော့ဘူး..။ စုစုဆောင်းဆောင်းလေးလဲလုပ်ဦးမှလေ..။ နောင်ရေးကရှိသေးတယ်..။ ဒီလောက် စုတာတောင် တနှစ်နေလို့ ရွှေတကျပ်သားမရချင်ဘူး…..။

 

 

အခုပြောခဲ့တာကတော့ ကျုပ်အနီးက လူတချို့ရဲ့ သင်္ကြန်ဘတ်ဂျက်ပေါ့လေ…

ဒါဖြင့် ကျုပ်ကရော….?

 

 

(ဆက်ပါမည်)

41 comments

  • htoosan

    April 4, 2012 at 9:58 pm

    သင့်အား တရားစခန်းမှ လိူက်လှဲစွာ ကြိုဆိုပါသည်။

    • ဦးဦးပါလေရာ

      April 5, 2012 at 12:35 pm

      ရက်စက်ပါ့ ကထူးဆန်းရယ် 🙁

      တူညားဒေ အော်ဟစ်ကခုန်နေတဲ့အချိန်မှာ ငြိမ်ငြိမ်လဲနေရမယ် ညစာလဲမစားရဘူးတဲ့လား… 😀

  • surmi

    April 4, 2012 at 10:30 pm

    နောက်တနည်းရှိပါသေးတယ် …
    ကလေးတွစုပြီးရေပက်ခိုင်းလိုက် ၊ ပြီတော. ဘေးနားကတိုင်ကြည်.
    ကလေးတွေကြည်.သလိုလိုနဲ. ဟိုကြည်.ဒီကြည်. ကြည်.။
    ဘယ်လောက်မိုက်သလဲ …ရေချိုးငါးပါ အစီအစဉ်လေ ….။

    • ဦးဦးပါလေရာ

      April 5, 2012 at 12:38 pm

      အဲလိုမှပေါ့
      ကိုဆာမိရဲ့ ကိုယ်တွေ့နည်းကမှ ဟုတ်တုတ်တုတ်..:P

  • kai

    April 5, 2012 at 3:07 am

    ဖွံ့ဖြီုးပြီးနိုင်ငံတွေကတော့.. နှစ်ကူးမှာ.. ပွဲတော်တွေဆက်လိုက်ပြီး… ငွေသုံးဖြုန်း(ပေး)ကြတယ်..
    ဒါဟာ.. တိုင်းပြည်အတွက်ပါ.

    အောင်မြင်တဲ့.. အစုးိရတရပ်ဟာ.. လူထုငွေသုံးစွဲအောင်.. ပေါ်လစီလုပ်ထုံးတွေချပေးရတယ်..။
    ဒါမှငွေတွေလည်ပါတ်ပြီး.. အလုပ်အကိုင်အခွင့်အလန်းတွေ..ပေါ်ထွက်လာမှာမို့ပါ…

    မြန်မာပြည်သင်္ကြန်ပိတ်ရက်မှာ.. လူတွေငွေသုံးအောင်.. ဖြုန်းအောင်.. အစိုးရက. ငွေထုတ်ချေးပေးဖို့တောင်သင့်တယ်..။
    စီးပွားရေးအဆင်ပြေတဲ့.. ကုမ်ပဏီတွေကလည်း… အဲဒီရက်မတိုင်ခင်မှာမှ.. ဝန်ထမ်းတွေကို.. ဘိုးနပ်စ်ထုတ်ပေးသင့်တယ်.။ အထူးအပိုဆောင်းငွေ.. ထုတ်ပေးသင့်တယ်..။

    အရက်ကိုတော့.. အဲဒီရက်တွေအတွက်… စူပါ့စူပါအခွန်.. လုပ်ပြီးကောက်ပေတော့… :mrgreen:

    နောင်နှစ်တွေမှာ.. သင်္ကြန်ရက်.. တိုးရစ်လည်း.. လူ၁သန်းလောက်ဆွဲချနိုင်အောင်.. လုပ်သင့်တယ်..။
    ဒီနှစ်မှာ.. အဲဒီအတွက် ပရိုမိူးရှင်းဗီဒီယိုတွေရိုက်ထားသင့်.. ပြင်ဆင်သင့်တယ်..။
    မြန်မာတွေ.. ပျော်လည်းပျော်.. အလုပ်လည်းလုပ်သင့်လှပါတယ်..။

    • htoosan

      April 5, 2012 at 10:44 am

      အစိုးရ က လူတွေ ငွေသုံးအောင် ဖြုန်းအောင် ငွေ ထုတ်ချေး မချေး တော့ မသိဘူး ..
      သူတို့ သုံးဖို့ ဖြုန်းဖို့တော့ လုပ်ငန်းရှင်များထံမှ ရန်ပုံငွေ မထည့်မနေရ ကောက်ခံနေပါသည်။
      ပုဂံ၊ ညောင်ရွှေ မှာ ခရီးသွားကုမ္မဏီ တွေ ဟိုတယ်တွေကို မထည့်မနေရ ၃၀၀၀ဝ ကျပ် ကနေ ၁၀၀၀၀ဝ ကျပ် အထိ ကောက်ခံနေပါသည်။ အခြား လုပ်ငန်းရှင်များလည်း အကောက်ခံရမယ် ထင်ပါသည်။
      တနှစ်လုံး ၃ သိန်း တောင် ထားစရာနေရာမရှိတာ သင်္ကြန်ရက် တိုးရစ် တစ်သန်းဆိုရင်တော့ .. ကဲ .. ဟိုတယ် ဆောက်ကြမယ် .. ရှယ်ယာဝင်ချင်သူများ အမြန်ဆက်သွယ်ပါ…..

      • ဦးဦးပါလေရာ

        April 5, 2012 at 12:42 pm

        လုပ်ငန်းရှင်တွေကိုလား…
        ပြောပြရင် မျက်ရည်ကျသွားမယ်…
        ခရိုင်ထွေအုပ်နဲ့ မြို့နယ်ပြည်တွင်းအခွန်က သင်္ကြန်ခရီးထွက်ဖို့ အသီးသီး
        မြို့နယ်ထွေအုပ် က ဧည့်ခံစားရိတ်
        လုံခြုံရေးနဲ့ရပ်ကွက်ရုံးက မဏ္ဍပ်စားရိတ်အသီးသီး
        အဲသလောက်ပဲတွက်ရင်ကို …..

      • kai

        April 5, 2012 at 2:18 pm

        အင်း..
        ကျုပ်ကတော့.. တနှစ်.. ၁၀၀+% နဲ့.. နှစ်တိုင်း (အနည်းဆုံး၅နှစ်) တိုးရစ်အဝင်ခုန်ခုန်တက်သွားမယ်.. မြင်နေမိတယ်..

        တနှစ်.. ၅သန်းလောက်အဝင်ရှိပြီးမှ.. အရှိန်နည်းနည်းတန့်သွားလိမ့်မယ်..
        ဆိုတော့…
        ဘာပြင်ထားလည်း.. မောင်ရေခဲ.. 😆

  • ဖားသက်ပြင်း

    April 5, 2012 at 6:38 am

    အနှီကာလ…အလုပ်သိမ်းကျုံးလုပ်ရမယ်ဗျို့ ….
    စိတ်ကူးမယဉ်အား …..

    မစီးရတဲ့မီးရထား …ဂဲနဲ့ ထုလိုက်ဦးမယ်..
    ချဉ်ပါတယ်အေ…

    အာဟိ
    😛

    • ဦးဦးပါလေရာ

      April 5, 2012 at 12:55 pm

      ရပါတယ်။ ဂီဂီ ပြန်လာလည်မှ တဦးချင်းသီးသန့်သင်္ကြန်ကျပေးမယ်.. 😀

  • weiwei

    April 5, 2012 at 8:41 am

    ငယ်ငယ်တုန်းက အဖွားမဆုံးခင်က သင်္ကြန်ဆိုရင် တရားစခန်းကိုအတူလိုက်ပေးရတယ် … ကလေးမို့လို့ တရားကောင်းကောင်းမထိုင်ဖြစ်ခဲ့ပေမယ့် ဥပုသ်ကောင်းကောင်းစောင့်ပြီး ကုသိုလ်တွေတော့ အများကြီးယူခဲ့တာပေါ့ …
    အသက် ၂ဝ ကျော်လာတော့ သင်္ကြန်ရက်တိုင်း ခရီးပဲထွက်ဖြစ်တော့တယ် … ကျွန်မက ဘတ်ဂျက်ကိုကြည့်စရာမလိုဘူးလေ … 😛 သင်္ကြန်ရက်က အဖေ့ဘတ်ဂျက်ကိုသုံးတယ် …
    အသက် ၃ဝ ကျော်လာတော့ ခရီးလဲမထွက်ချင် တရားစခန်းလဲမဝင်ချင် အိမ်မှာတစ်ယောက်ထဲအိမ်စောင့်လဲမလုပ်ချင် …
    ဒီနှစ်သင်္ကြန်မှာတော့ အဖေ့ဘတ်ဂျက်နဲ့ခရီးထွက်ဖို့ သဘောတူလိုက်ပြီ … 🙂

    • htoosan

      April 5, 2012 at 10:32 am

      ဪ .. အပျိုကြီးများရဲ့ ဒုက္ခ… 😀

      အသက် ၃ဝ ကျော်လာတော့ ခရီးလဲမထွက်ချင် တရားစခန်းလဲမဝင်ချင် အိမ်မှာတစ်ယောက်ထဲအိမ်စောင့်လဲမလုပ်ချင် …

  • FattyCat

    April 5, 2012 at 8:53 am

    ဦးဦးရေ-

    ကက်ပီတယ်မှာ ဟန်နီကန်ဘီယာ ဘူးကြီးအရှည် ၂၄လုံးပါတဲ့ တစ်ကဒ်ကို ၃သောင်း၆ထောင်တဲ့
    အဲဒါတစ်ကဒ်ဝယ်ပြီး ရေခဲသေတ္တာရယ်…ရွှေငါးမောင်မောင်က နာမည်အမျိုးမျိုးတပ်ထားတဲ့ ဂျုံလုံးလေးတွေရတယ်နဲ့ အီကော်နော်မီဆန်ဆန် ဖြတ်ကျော်ဖို့ စဉ်းစားနေကြောင်း….

    • ဦးဦးပါလေရာ

      April 5, 2012 at 12:51 pm

      ဖက်ကက်လေးရဲ့…
      ဒီလိုသင်္ကြန်ကိုမစိမ်းကားပါနဲ့..
      နင်တို့ လူငယ်လေးတွေမှ သင်္ကြန်မလည်ရင် ကျုပ်တို့အဖိုးကြီးတွေလည်ရမှာလား… 😀

      အတည်ပြောမယ်နော်…
      ဖက်ကက်ခေါင်းဆောင်ပြီး
      ကားပက်လက်တစီးရှာပြီး မိတိုက်တို့ သူရတို့ နဲ့ တခြားကလေးတွေစုပြီး
      ရေပက်ခံဘို့လုပ်လေ..
      ဆယ့်လေးပေကင်တာ တရက်နှစ်သိန်း (ကိုယ့်ကားရှိလဲမသုံးနဲ့ စုတ်သွားမယ်)
      လူနှစ်ဆယ်xလေးရက် စားစရိတ် သောက်စားရိတ် လေးသိန်း
      ဘီယာကိုကိုယ့်ဟာကိုယ်သောက်ကြ..

  • Moe Z

    April 5, 2012 at 9:34 am

    တရားစခန်းပဲဝင်မယ် ဦးဦးပါလေရာရေ
    ခရီးက တစ်ခြားအချိန်တွေသွားလို့ရတယ်
    သင်္ကြန်လည်မယ့်ကုန်ကျစရိတ်ကို ရိပ်သာမှာလှူမယ်

    • ဦးဦးပါလေရာ

      April 5, 2012 at 1:00 pm

      သာဓုပါဗျာ..
      ဒါကတော့ လုပ်နိုင်ရင် ကိုယ့်အတွက်တကယ်အကျိုးရှိတာပါ..။

  • နွယ်ပင်

    April 5, 2012 at 10:45 am

    အခုချိန်ထိတော့ ဘာမှ မယ်မယ်ရရ မစဉ်းရသေးပါဘူး ဦးဦးပါလေရာရေ
    ခရီးပဲထွက်ရမလိုလို ကားနဲ့ပဲလည်ရမလိုလို မဏ္ဍာပ်ပဲထိုင်ရမလိုလို ဖြစ်နေတယ် ……….. 🙂

    • ဦးဦးပါလေရာ

      April 5, 2012 at 1:02 pm

      အဲဒီဂျာနယ်တိုက် ကားထွက်ပေးတယ်မဟုတ်လား…
      ကိုယ့်အဖွဲ့လိုက်ဆိုရင် ကားနဲ့လည်တာလဲမဆိုးဘူးနော်

  • ဗိုက်ကလေး

    April 5, 2012 at 11:35 am

    အူး ပါလေရာရယ်..အနော်ရယ်..
    ရေပြွှတ် တစ်ယောက်တစ်ချောင်းနဲ ့..ရပ်ကွက်ထဲ လိုက်ပက်ရအောင်လား..
    အနော့်ဘော်ဒါတွေ တိုရင်ဝတ်နေလို ့အဖော်မရှိလို ့ဘာဂျ

    • ဦးဦးပါလေရာ

      April 5, 2012 at 12:57 pm

      ဟဲ့ ..
      ဒို့နှစ်ယောက်ထဲဆို ပျင်းစရာကြီး..
      ကိုဘလက်နဲ့ ကိုနိုဇိုမီကို ရအောင်ခေါ်..
      ပြွတ်လေးချောင်း ဝယ်ထားမယ် …:D

  • kyeemite

    April 5, 2012 at 11:41 am

    အင်း..သင်္ကြန်အတွင်းအိမ်စောင့် ရုံးစောင့်
    ဖြစ်ရတော့မယ်..မဒမ်ကြီးမိုက်နဲ့ကလေးတွေက
    သူ့ဘော်ဒါမိသားစုတွေနဲ့ ချောင်းသာကိုတဲ့…
    ကျုပ်ကသင်္ကြန်ရက်တွင်း နှစ်ရက်ဂျူတီကျသေးတယ်..
    ဆိုတော့ကာမယ်..တင်နွယ်ဦး အကြံနောက်ဘဲလိုက်ရမှာဘဲ..
    သေရည်ဖိုးတော့ဘတ်ဂျက်နဲနဲရာထားတယ်..

    • ဦးဦးပါလေရာ

      April 5, 2012 at 1:09 pm

      အောက်က ဖက်ကက်တို့အဖေါ်လာလုပ်မှာကို ချင့်ချိန်နော..
      ဂျူတီ နှစ်ရက်ပါ ပျက်သွားမှ….:D 😀

  • FattyCat

    April 5, 2012 at 11:45 am

    ဦးမိုက်(ခ်) အိမ်ကို ကျွန်တော်တို့အဖွဲ့လာပြီး အိမ်ကူစောင့်ပေးမယ်လေ…
    သေရည်ဖိုး ဘတ်ဂျက်နဲနဲမြှင့်လိုက်တော့….

  • Onyx

    April 5, 2012 at 1:40 pm

    သင်္ကြန်တွင်းတော့လား ကြည့်လိုက်မယ်ဟဲ့ အခွေဆိုပြီး ဝယ်ထားတဲ့ အင်္ဂလိပ်ကားပိုင်းရှည်တွေ
    မီးမလာတော့ဝေးပြီ……………။ အိပ်တာပဲ အေးပါတယ်လေ ။

    • ဦးဦးပါလေရာ

      April 5, 2012 at 10:18 pm

      သတင်းကောင်းလေးတော့ပြောဦးမှ..
      ဒီညနေမှ ကြားတာ..
      သင်္ကြန်တွင်း ရန်ကုန်မှာ နေ့ပိုင်းကို လိုအပ်မှ(မနိုင်မှ)မီးဖြတ်မယ်တဲ့..
      ခွေတွေရွေးထားတော့…

  • blackchaw

    April 5, 2012 at 1:53 pm

    သင်္ကြန်ကတော့ ဘယ်မှာနေနေ
    သူရာရေကတော့ ပါမှ…။
    ကျန်တဲ့အချိန်တွေ ဘီယာမသောက်ပေမယ့်
    သင်္ကြန်ကျရင်တော့ ဘီယာပဲသောက်မယ်။
    သောက်ဦးမယ်။
    သောက်ဦးမယ်။
    🙂 🙂

    • ဦးဦးပါလေရာ

      April 5, 2012 at 10:21 pm

      ကိုဘလက်တော့ ဘာတံဆိပ်ဆွဲနေကျလဲမသိဘူး..
      ူသင်္ကြန်နဲ့တော့ တိုက်ဂါးကအလိုက်ဆုံးလို့ပြောကြတာပဲ..
      သိပ်လဲမမူး.. ဆွဲသလောက်လဲဝင်.. taste လဲကောင်းတယ်ဆိုလား..

  • etone

    April 5, 2012 at 2:05 pm

    ဟီးဟီး .. ဦးဦးရေ …. ကျွန်မလည်း ဒီနှစ် အိမ်တွင်းအောင်းပါမယ် … ။
    မနှစ်ကလည်း အိမ်တွင်းအောင်းတယ် … ။ တစ်နှစ်လုံးမှာ …တစ်ခါမှ မရတဲ့ အခွင့်ထူးခံစားရသလိုပဲ …
    ♪ ♫ မနက်ဆို နေမြင့်မှ ထမယ် …. (ရုံးတက်စရာမလိုလို့ )
    ♪ ♫ အိပ်ယာထဲမှာ မုန့်စားမယ် …. ။ (ရုံးတက်တဲ့အချိန် စည်းကမ်းဆိုတာကြီးရှိနေလို့ .. )
    ♪ ♫ ပျင်းလာရင် ဂိမ်းဆော့မယ် … ။ (ကိုယ်စိတ်နဲ့ကိုယ်နေခွင့်ရလို့ … ။
    ♪ ♫ တီဗွီကြည့်မယ် … (သူများတွေပျော်နေတာ ၊ သရုပ်ဆောင်တွေ သီချင်းဆိုတာ .. ဘယ်သူတွေလန်းနေတာ သိအောင် …)
    ♪ ♫ သီချင်းအော်ဆိုမယ် … ။ (ရုံးမှာ ဆို အသံသေး အသံကြောင် အော်လို့မရလို့ … ဟီး )
    ♪ ♫ ♪ရေလည်း ချိုးချင်မှ ချိုးမယ် .. ခေါင်းလည်း ဖြီးချင်မှ ဖြီးမယ် …. အပေတေလိုနေမယ် … ။ ( အမြဲတမ်းပြေးလွှားနေရတဲ့ စိတ်တွေ … ဖြေလျော့လိုက်ချင်လို့လေ .. ) ။

  • Ma Ei

    April 5, 2012 at 2:08 pm

    သင်္ကြန်မတိုင်ခင် အိမ်ကိုနဲနဲပါးပါးပြင်မှာမို့ အခါတွင်းမှာ ပြန်ရှင်းလင်းရမှာရယ်..
    မုန့်လေးဘာလေးလုပ် အိမ်နီးနားချင်းဝေတာနဲ့ ဒီနှစ်သင်္ကြန် ပိုပင်ပန်းတော့မယ်…
    သင်္ကြန်ပြီးမှ အပန်းဖြေ တောင်ကြီးဘက်သွားဖို့စဉ်းစားထားပါတယ်…

    • ဦးဦးပါလေရာ

      April 5, 2012 at 10:29 pm

      သင်္ကြန်ပြီးမှခရီးသွားရင်တော့ tourist point တွေမှာ ပိုအေးအေးဆေးဆေးရှိမှာ…

  • Khaing Khaing

    April 5, 2012 at 2:25 pm

    မီးကတော့ ခရီးသွားချင်တာ ပိတ်ရက်ဆို ချစ်ချစ်မရှိတော့ ဘာမှလုပ်လို့မရဘူး မီးကတော့ အိမ်မှာပဲ နေပြီး သူများပျော်တာတွေကို ငေးတော့မယ် …… ပျင်းတောမယ်ဗျာ … သင်္ကြန်မှာကုန်မယ့်ပိုက်ပိုက်တွေကို ချစ်ချစ်လာမှ အပြတ်ကဲမယ် ……… ရိပ်သာဆို သင်္ကြန်မှာဝင်လို့မကောင်းဘူးလို့ထင်တာပဲ လူများတယ် စိတ်ရှုပ်စရာကြီး …….. အိမ်မှာပဲ တရားမှတ်တော့မယ် ……

    • ဦးဦးပါလေရာ

      April 5, 2012 at 10:31 pm

      “ချစ်ချစ်လာမှ အပြတ်ကဲမယ် ………” တဲ့

      ဒီကလေးမတော့ တရားရဦးတော့မယ်… 😀

  • သင်္ကြန်ပိတ်ရက်အတွင်းမှာ ဘယ်လိုများ ထမင်းစားရမလဲလို့ နေ့စားလုပ်သားကောင်လေးက တွေးနေပါ၏

    • ဦးဦးပါလေရာ

      April 5, 2012 at 10:34 pm

      ကိုပေါက်ရေ..
      တကယ်တော့ သင်္ကြန်မှာ လူတိုင်းပျော်နိုင်တာတော့ မဟုတ်ပါဘူးဗျာ..။
      တချို့လူတွေအဖို့ဆို လောကကြီးရဲ့အရသာတွေဟာ သူတို့နဲ့မဆိုင်သလိုပဲ…

    • surmi

      April 6, 2012 at 12:32 am

      အပေါင်ဆိုင်တွေရှိတယ်လေကိုပေါက်ရဲ. ။

  • (သင်္ကြန်ပြီးမှ အပန်းဖြေ တောင်ကြီးဘက်သွားဖို့စဉ်းစားထားပါတယ်…)ဆိုတဲ့
    မအိရေ……………….
    ဆုံအုံးမယ်ထင်ပါရဲ့။
    ကျနော်ကအောင်ပန်းသွားဘို့ စီစဉ်ထားတယ်။

  • water-melon

    April 5, 2012 at 5:50 pm

    ဒီသင်္ကြန်ရောက်ရင် ကိုယ့်အသည်းလေးရေဆေး
    နောက်ရည်းစားအသစ်လေး ( ဘာနန့်နေတာလဲ အိမ်က မိန်းမအော်သံ)
    တော်ပါပြီ အိမ်မှာဘဲ နေတော့မယ်

    သင်္ကြန်မရောက်မှီ ဘီယာတွေဝယ်မယ် ပြောင်းဖူးတွေလှောင်ထားမယ် ရွှေငါးမောင်မောင်တွေဝယ်ထားမယ်
    ဒီနှစ်ငါးရက်ဆိုတော့ တော်တော်မြတ်မယ်ထင်တယ်
    ဦးပါလေရာ လာကူပါလားတော့
    တော်က မန်းလေးကမြောက်ပင်သားဆို 😀

    • ဦးဦးပါလေရာ

      April 5, 2012 at 10:39 pm

      ဖရဲ ရဲ့…
      သူများပျော်မယ့်အချိန်မှာ စီးပွားရေးသောင်းကျန်းနေရလား…
      ကျုပ်နဲ့အကြံတူနေပြီ 😛 😛

      (နေပါဦး… ကျုပ်မြောက်ပြင်သားဆိုတာ သူဘယ်လိုသိသွားပါလိမ့် ။ ဒီခေတ်ကလေးတွေ လျှင်ချက်ကတော့..။)

  • windtalker

    April 5, 2012 at 8:48 pm

    သူငယ်ချင်းတွေမဏ္ဍပ် ကို လိုက်ပြီးပရိုမိုးရှင်းလုပ်နေတယ် ။ ဒါမှ သင်္ကြန်မှာ ဖရီးတက်ကဲမယ် ။ ဘီယာသောက်မယ် ။ မူးမယ် ။ မရူးပါ ။ သင်္ကြန်မှာ မိန်းခလေး အရွယ်စုံ ဆိုက်စုံ ကာလာစုံတယ် ။ ဇါတ်လမ်းရှုပ်လို ့ကောင်းပေမယ့် ၊ ဇါတ်မနိုင်ရင် တိုင်ပတ်မယ် ။ သင်္ကြန်အပြင်ထွက်သော အမျိုးသားတိုင်း အတွက် မရှိမဖြစ် ဆောင်သင့်သော အရာမှာ ကွန်ဒုံး ပေတည်း ။

    • ဦးဦးပါလေရာ

      April 5, 2012 at 10:43 pm

      ကိုပေ့အကြံကို လိုက်နာကြပါ.. 😀

      ဒါပေမယ့် မသုံးဖြစ်ရင် အိမ်ထဲပြန်မဝင်ခင် လွှင့်ပစ်ခဲ့ကြပါ။ အိမ်ထောင်ရှင်အမျိုးသမီးများ ကိုယ့်ယောက်ျားကို စေ့စေ့စပ်စပ် ဂရုအစိုက်ဆုံးအချိန်ဟာ သင်္ကြန်ဖြစ်ပါကြောင်း..။

Leave a Reply