Next Magazine Myanmar တဲ့ဗျာ..။ ဘယ်တော့ထွက်မလဲတော့ မသိဘူး လန်ထွက်နေတယ်။

အာဂApril 5, 20121min49435

ဒီမဂ္ဂဇင်းက ဘယ်တော့ ထွက်မယ်တော့ မသိဘူး။ ဒါပေမဲ့ စိတ်ထင် မကြာမည်ထွက်တော့မယ်နဲ့တူပါတယ်။
မဂ္ဂဇင်း ရဲ့ ပုံစံကဓာတ်ပုံတွေကြည့်ခြင်းအားဖြင့် ဖက်ရှင်နဲ့ အလှအပဘက် မဂ္ဂဇင်းဖြစ်ဖို့များနေပါတယ်။ အဲဒီမှာ သရုပ်ဆောင်ထားကြသူတွေကတော့ အဆိုတော် ဒီရေတိုး နောက်မော်ဒယ် မာရီနာ တို့ဖြစ်ပါတယ်။ရိုက်ထားတဲ့နေရာကတော့ ချောင်းသာမှာပါ။ ဓာတ်ပုံဆရာကတော့ ကျော်မိုးဦးဖြစ်ပါတယ်။ မဂ္ဂဇင်းတွေ ဆင်ဆာမတင်ရတော့ဘူးဆိုတော့ လုပ်ချင်တာတွေလုပ်လာကြတယ်နဲ့တူပါတယ်။ တကယ်များထွက်ဖြစ်ရင် ဆင်ဆာကဘာမှမပြောရင် နောက်ပိုင်း ဖက်ရှင်မဂ္ဂဇင်းတွေ မှာ သူထက်ငါ အပြိုင်ကြဲလို့ အဖော်အချွတ်၊ စက်ဆီ၊ချောဆီများလုပ်လာကြမလားမသိဘူး။အော် ဒီမိုကရေစီ များ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး…။ဘာပဲပြောပြော ဆက်လက်ဆောင့်ကြည့်ရမှာပါပဲ။ အများအတွက် အဆိပ်အတောက်မဖြစ်ရင်ပဲ..ကျေနပ်လှပါပြီ။

အထက်ပါပုံများကို အဆိုတော် ဒီရေတိုး Facebook ဓာတ်ပုံ ကျော်မိုးဦး face book တို့ မှ ကူးယူတင်ပြပါသည်။
http://www.facebook.com/media/set/?set=a.376766232357035.92031.100000709845432&type=3
http://www.facebook.com/profile.php?id=100001397007662&sk=photos

35 comments

  • kaung kin pyar

    April 5, 2012 at 2:49 pm

    ယောကျာင်္းလေးက ဒီထက်ပို စတိုင်လ်မိုက်ရင် ပိုကောင်းမယ်ထင်တယ်….။ အောက်ဆုံးပုံကတော့ သူချိုင်းမွှေးရှိလားလို့ မေးနေတာပါ။ ဒီမိုကရေစီကို ဒီဘက်လှေကားက အရင်တက်တာဖြစ်ပါလိမ့်မယ်…။ ဟိုဘက်လှေကားကတက်ရ နည်းနည်းခက်တယ်ထင်ပါ့…။

  • Mon Kit

    April 5, 2012 at 3:36 pm

    ဘယ်လို မန့်ရမလဲတောင် တိတော့ဘူး…….
    ကြည့်လို့တော့ ကောင်းသား……… 🙂

  • myanmarcitizen

    April 5, 2012 at 3:48 pm

    ဟင်း … နှော် .. ဟင်း …

    • R Ga

      April 5, 2012 at 3:55 pm

      ဟင်းနော် ဟင်းဆိုတော့ ထမင်းမပါဘူးဆိုတဲ့ သဘောလားမသိဘူး။နော်..။ ဟင်းချီးပဲလည်းစားလို့တော့ ကောင်းသားနော့

  • Thit Sar Lin

    April 5, 2012 at 3:51 pm

    ချိုင်းမွှေးရှိလားမေးနေတာမဟုတ်ဘူး….
    သူနဲ့တူတူသဲလူးရအောင်လာခဲ့ပါလားလို့ခေါ်နေတာလေ..ဟီးဟီး
    စက်ဆီတွေကတော့ပေးသလားမမေးနဲ့နော်…
    .ချောင်းသာကလူတွေ မျက်စိအေးအောင်လုပ်ပေးနေတာနေမှာပေါ့……….ပူတဲ့အချိန်ဆိုတော့လည်း

  • ဇွဲမာန်အောင်

    April 5, 2012 at 3:57 pm

    ☺☺☺☺☺

  • ဗိုက်ကလေး

    April 5, 2012 at 3:58 pm

    စက်ဆီချောဆီဆိုပါကလား

  • Rose Minn

    April 5, 2012 at 4:05 pm

    စက်ဆီချောဆီက တို့ဗမာတွေနဲ့ မလိုက်ဘူးထင်တယ်နော်။ မျက်စိထဲ တစ်မျိုးကြီးပဲ။ 😛

  • နွယ်ပင်

    April 5, 2012 at 4:13 pm

    ပုံတွေက လန်ထွက်နေတာပဲ ခြံခတ်ပြီး ဒန်ခွက်နဲ့ ရိုက်ခံနေရဦးမယ် 😀

    • kaung kin pyar

      April 5, 2012 at 4:46 pm

      သံBrush နဲ့ပါ တိုက်လိုက်ပါ မနွယ်ပင်ရယ်….။

      • char too lan

        April 5, 2012 at 8:41 pm

        မှတ်ချက် ။ ။ အ သံ မ ထွက် စေ နဲ့ 😉

  • etone

    April 5, 2012 at 4:18 pm

    အဲ့ဒီ မရီးနာ က … ခရစ္စတီးနား ညီမအရင်းမို့လား … အရင်က တွေ့ဖူးတဲ့ ရုပ်ကတော့ .. ဘယ်လိုမှကို ပုံမလာဘူး… ကုလားရုပ်လည်း သိသိသာသာထွက်တယ် … ။

    မင်းသမီးပေါက်စတွေ သိပ်နာမည်ကြီးလျှင်… ဘာမှ မဝတ်ပဲအရိုက်ခံကြပါလို့ … အကြံပေးလိုပါတယ် …

    • naung naung

      April 12, 2012 at 5:43 pm

      ဟုတ်တယ် ဒေါ်ဒေါ်အိတုန်အကြံပေးတာကောင်းတယ် အဲလိုရိုက်ကြ ဒါဆိုတခါထဲနာမည်အကြီးကြီးဖြစ်သွားရော သားသားတို့လဲ ငှဲငှဲငှဲ

  • laypai

    April 5, 2012 at 5:11 pm

    မြန်မာဆိုရင် တော့ ဒီပို့ ကို ကြည့်နေတုံး အမှတ်တမဲ့တစ်ယောက်ယောက် ရောက်လာ ခဲ့ ရင် ခဏ တော့ မီနီမိုက်ဇ် လုပ်ရ မှာ သေချာ တယ်။
    ပြသင့် သူ ဖြစ် မှ ပြန် ပြီး ရီစတိုး လုပ်ရ မှာ ပ။

    တတ် နိုင်ဘူးလေ မြန်မာ တွေ ဒီနည်းနဲ့ ရင်ဘောင် တန်းမှ နိုင်ငံတကာ နဲ့ ဝင်ဆံ့ မယ်လို့ ယူဆ နေသူ တွေ အတွက် ကတော့ ဘာ ဘဲ ဖြစ်ဖြစ် ကြည့် ကောင်းပါတယ် လို့ ပြောရမှာပါ ပဲ။
    သဂျီး တို့ ဆီမှာ ဒီ အနေအထား ဆိုရင် ဘယ် လောက် တန်းဝင် သွားမလဲ သိချင်သေး။
    ဟိုတခါ အင်ယား ကန်ဘောင်မှာ မတ်ရပ် ကစ်စင် ပေး နေတဲ့ စုံတွဲ ပုံ ကို ပို့စကတ် ထုတ်လို့ ရတယ် ပြောထားဘူးလို့ ပါ။

    Laypai အနေနဲ့ အတိအလင်း ပြောချင် တာက တော့ ဂေး လွတ်လပ် ခွင့် နဲ့ ခုလို ပုံ လွတ်လပ် ခွင့် နှစ်ခု ကတော့ မြန်မာပြည် နဲ့ အံမဝင်နိုင်လောက် ဖူး ထင်တယ်။

  • water-melon

    April 5, 2012 at 5:27 pm

    ဟွန့် ကောင်ဘော်ဒီကလည်း နာ့လောက်တောင့်ဘူး
    နေရာချင်းလဲပစ်ချင်တယ်
    ဒါနဲ့ Playboy မဂ္ဂဇင်းလေးတွေထွက်မယ်မကြားမိဘူးလား 😀

  • ssa

    April 5, 2012 at 5:45 pm

    ဒါမျိုးက ဖော်လေကြီးလေပဲဗျ……….
    နာမည်

  • Gipsy

    April 5, 2012 at 5:47 pm

    ဂေး လွတ်လပ် ခွင့် နဲ့ ခုလို ပုံ လွတ်လပ် ခွင့် နှစ်ခု ကတော့ မြန်မာပြည် နဲ့
    အံမဝင်လောက်ဘူး ဆိုပေမဲ့ အခုကြည့်နေရတာ အံဝင်နေသလားလို့…
    ဘယ်နေရာပဲ ကြည့်ကြည့် မလုံ့တလုံတွေ ချည်းပဲ…
    ခေတ်ပြောင်းနေပြီ ဆိုတာကို လက်မခံချင်ပေမဲ့ လက်ခံနေရပြီလေ….။

  • MaMa

    April 5, 2012 at 11:39 pm

    မတူတဲ့အမြင်နဲ့ မန့်ချင်တယ်။
    အပေါ်ဆုံးပုံမှာ မင်းသားလက်သီးဆုပ်က သဲထဲတစ်ဝက်လောက် နစ်နေပြီ။
    ကင်မရာမန်းက စနက်ရှော့ မရဘူးထင်တယ်။ :mrgreen:

  • kai

    April 6, 2012 at 3:58 am

    ကောင်လေးက.. ဆံပင်ရွှေရောင်ကြီးလုပ်ထားတာ.. အာရှသားရုပ်နဲ့.. အမြင်မှာ.. ရောထွေးတွေဝေတဲ့.. မက်ဆ်ဆေ့ချ်ရသလိုပဲ..
    ယောက်ျားဆန်တဲ့ မျက်နှာက.. ဘော်ဒီပြောင်ချောနဲ့.. ဆံပင်ဖက်ရှင်နဲ့.. ဂေးဖက်ကိုရောက်သွားသလိုပဲ..။
    ကျုပ်သာ လုပ်ငန်းရှင်ဆိုရင်တော့ ကြော်ငြာခေါ်မသုံးပါ..

    ကောင်မလေးကတော့.. အင်တာနေရှင်နယ်မျက်လုံးနဲ့ကြည့်ရင်..တုတ်နေသေးတယ်..။
    မျက်နှာက ကြည့်ကောင်းပေမဲ့..မိတ်ကပ်များနေပြီး.. ဘော်ဒီကတော့.. စူပါမိုဒယ်တန်းရောက်ဖို့.. မိုင်၁၀ဝလောက်ဝေးနေသေးပါကြောင်း… :mrgreen:

  • windtalker

    April 6, 2012 at 1:29 pm

    ဖုန်းနံပါတ်လေး နဲ ့ဘာလေးညာလေးပါ တွဲပါရင် ပိုကောင်းမလားလို ့။
    သိချင်သူများအတွက် ကိုယ်စား ဝင်မန် ့ပေးတာပါ ။ ဟီဟိ

  • manawphyulay

    April 6, 2012 at 1:54 pm

    လူကြေငြာတာလား ဘာကြေငြာတာလားမသိ ယောက်ျားလေးက ဘိန်းစွဲနေတဲ့ရုပ်နဲ့ အသက်မပါဘူး ရိုက်ထားတာကလဲ… စိတ်လေတယ်။ ဘယ်လိုပုံတွေ ထုတ်ဦးမှာပါလိမ့်

  • myanmarcitizen

    April 6, 2012 at 2:49 pm

    ကောင်မလေးကိုတော့ မဝေဖန်တော့ဘူး ဟိုကောင်ကတော့ အခြောက်ပုံပေါက်နေတယ်။

  • kyeemite

    April 6, 2012 at 3:23 pm

    ကျုပ်လဲယောက်ကျားလေးကိုကြည့်မရ…
    အိုက်တင်ကလဲသေနေတယ်…
    ဒုတိယပုံမှာအဆိုးဆုံးဘဲ…

  • snow white

    April 8, 2012 at 11:35 am

    အားကျသင့်တာအားကျ ကျရင် တိုးတက်မယ် ဘတ်(စ)ကားပေါ် ခုတော့အားကျတာတွေလွဲနေတယ် နော် မြန်မာမမှ ဟုတ်ရဲ့လားသူကိုယ့်သူဘယ် နိုင်ငံရောက်တယ်ထင်နေလည်းမသိဘူး

  • ပေစိ

    April 8, 2012 at 4:54 pm

    ဟေ့ကောင် မင်းဖယ် အဲဒါ ငါ့နေရာ ဂလု——ဂလု——ဂလု

  • uncle kyaw

    April 9, 2012 at 11:50 pm

    သမီးရှင်တွေ အတွက်တော့ မောစရာပဲဗျို့….နည်းပညာဖွံ့ဖြိုး တိုးတက်လာတော့…ကမာ္ဘကြီးက ..ကျဉ်းကျဉ်းလေး……အင်း….ဖန်တွတ်တွတ် …ပဲဗျို့…
    ဖန်တွတ်တွတ် ဆိုသည်မှာ….တခါက တိုင်းပြည်တစ်ပြည်မှာ အုန်းသီး ဟာ တော်ဝင် သစ်သီး ဖြစ်ပါသတဲ့…အဲဒီ တော်ဝင် အုန်းသီးကို ရှင်ဘုရင်နဲ့ မင်းညီ မင်းသားများ မိဘုရားများသာ စားသုံးခွင့် ရှိပါသတဲ့…တိုင်းသူပြည်သားများ စားသုံးခဲ့ရင် သေဒဏ်တောင် ပေးပါတယ်..ဒါပေမဲ့ နန်းတွင်းသားတစ်ယောက်က ဒီအုန်းသီး ကို စားချင်လွန်းလို့ တစ်ရက်မှာ ဘယ်သူမှ မသိအောင် အုန်းသီးတစ်လုံးကို ခိုးယူလာပြီး ..သူ့ မိသားစုကို ခေါ်..ညဘက် လူသူတိတ်တဲ့အချိန်မှ ..အုန်းသီးကို အလုံးလိုက် ..တစ်ယောက် တစ်ကိုက် ကိုက်စားကြပါသတဲ့…မိသားစု ဟာ တော်ဝင်အုန်းသီးကို ဝမ်းသာအားရ ကိုက် ကိုက်ပြီးစားလိုက်ကြတာ..အထဲက အုန်းသီးရဲ့ အုန်းမှုတ် ရောက်သွားတော့ အစေ့ က တော်တော်ကြီးပါလားဆိုပြီး လွှင့်ပစ်လိုက်ပါသတဲ့..ခိုးယူလာတဲ့ နန်းတွင်းသား က မှတ်ချက်ပေးတာတော့ ” သူတို့ တော်ဝင်အုန်းသီးဆိုတာကြီးက လည်း ဖန်တွတ်တွတ် ကြီးပါလား” တဲ့ဗျာ..
    အတွင်းပိုင်းမှာ အရသာရှိတဲ့ အုန်းသီးဆံ နဲ့ အုန်းရည် ရှိနေတာ သူမှ မသိရှာတာကိုး…အပြင်က အခွံ ပဲ စားစရာ မှတ်ပြီး စားမိတာလေ…ကျွန်တော်တို့ လူမျိုးတွေလည်း ခု ဒီမိုကရေစီ အုန်းသီးကြီးရဲ့ အခွံကို စားပြီး ဖန်တွတ်တွတ် ဖြစ်နေကြသလားလို့..ဝမ်းသာအားရ ကိုက်စားနေတာ အခွံတွေ ဖြစ်နေမှာ စိုးရိမ်တာပါဗျာ….အတွင်းက အရသာ ကို ပီပီပြင်ပြင် စားသုံးနိုင်ကြရင် တော်ဝင်ရှင်ဘုရင် မင်းညီမင်းသား တွေ ဘဝ ရောက်လာကြမှာပါ…ကြားဖူးတဲ့ ပုံပြင် လေးနဲ့ ချိန်ထိုးကြည့်မိတာပါ…သမီးရေ ..ဒီမိုကရေစီ ရေစီးကြောင်းထဲမှာ ..လိုတာကို ဆယ်…မလိုတာကို ပယ်တတ်ဖို့ တော့ အရေးကြီးတယ်ကွယ်…သမီးရှင်တစ်ယောက်အနေနဲ့ ရင်မောလို့ပါကွယ်…

  • luu noutlay

    April 9, 2012 at 11:55 pm

    ချောင်းသာက သဲတွေများယားတတ်ရင် ဘယ်လောက်ကောင်းမလဲ
    အဲသလိုဝတ်ချင်နေတာ
    ဝဲ နှင်းခူတွေပေါက်နေဖို့ကောင်းတယ်

  • ရွှေညာသား

    April 13, 2012 at 4:56 pm

    ဝေး – – ငါ့ web မှာ ပုံတွေမပေါ်ဘူး ဘယ်အတိတ်ဘဝက အကုသိုလ်လဲ
    သဂျီး ဘာဖြစ်ကုန်တာလဲ မြင်ချင်လှပြီ
    မန့်ထားတွေကိုက အမှန်တွေဆိုတော့ ပေါ်ပေးကြပါ ဘာပုံမှ မပေါ်ပေးဘူး
    ငါ့ချာမျက်နှာ ဘာဖစ်နေတာရဲ
    မမြင်ရဘူး

  • zaw min

    April 14, 2012 at 1:15 am

    သူကြီးရေ…ကောင်လေးက ဂေးလ်ဆန်လို့ သုံးလို့မရပေမယ့်၊ကောင်မလေးတော့ သုံးလို့ရမယ်ထင်ပါတယ်၊သူကြီးတို့ ဥရောပတန်းမဝင်ပေမယ့်၊အာရှတန်းတော့ ဝင်ပါတယ်…လောလောဆယ်တော့ သိန်း(၂၅)နဲ့(၅၀)ဝန်းကျင်လောက်ပဲရှိအုံးမယ်…။ကြေငြာအတွက်ပြောတာနော်…ချော်မတွေးနဲ့အုံး…

  • ထုံးဘဲဥ

    April 17, 2012 at 11:54 am

    စားရမှာလည်း သဲတရှပ်ရှပ်ဆိုတာ ဒါမျိုးလားဟင်င်င် :mrgreen:

  • သော်ကြီး

    April 17, 2012 at 9:37 pm

    လက်တွေက နေရာမှား မှားထောက်မိကုန်ရင် ဒုက္ခပဲနော်။

  • kham noon

    April 21, 2012 at 10:23 pm

    ဟွန်း………ဘိ်ုရီးရဲတွ…………..
    ………….

  • ရဲစည်

    April 21, 2012 at 11:37 pm

    တော်ပီ တခြားဒီမိုနိူင်ငံတွေ သွားမနေတော့ဘူး ဒီမှဘဲ မီးကုန်၊ယမ်းကုန် ကဲတော့မယ်

Leave a Reply