သင်္ကြန်ဘတ်ဂျက် (၂)

 

 

 

အရင်ပြောခဲ့တာကတော့ ကျုပ်အနီးက လူတချို့ရဲ့ သင်္ကြန်ဘတ်ဂျက်ပေါ့လေ..

ဒါဖြင့်  ကျုပ်ကရော ….

 

ကျုပ်ဆိုတဲ့ ဦးပါလေရာဆိုသူဟာ   အလုပ်သမားလဲဟုတ် အလုပ်ရှင်လဲဟုတ်၊ တကယ်တော့ အဲဒီနှစ်မျိုးလုံးလဲ သိပ်တော့မဟုတ်တဲ့  စကောစကဘဝမျိုး။

ကိုယ်တစိတ်တပိုင်းထည့်ဝင်ထားတဲ့ လုပ်ငန်းစုလေးထဲက  ပေါက်စနလုပ်ငန်းလေးတခုကို  လစာယူပြီးစီမံနေရတာ..။

အဲဒီပေါက်စနလုပ်ငန်းပိစိလေးကလဲ  ဖုတ်လှိုက်ဖုတ်လှိုက်နဲ့  ချောင်းဆိုးသွေးပါနေတာ  လေးငါးနှစ်ရှိပြီ။  ကျုပ်အစီအမံကောင်းလို့ပဲလား  အသုံးစားရိတ်တွေ  အစွမ်းကုန်ချွေတာနိုင်လွန်းလို့ပဲလားတော့မသိ – ပြုတ်တော့လဲမပြုတ်သေး..။

လုံးပါးပါးလိုက်လာတာကတော့ ရေသည်ပြဇတ်ထဲက ဦးပုညစကားငှားပြောရရင်  “ဖြုတ်မျက်လုံးလောက်… သေးလို့ပင်ပျောက်..” ဆိုတဲ့အရွယ်ရောက်နေပြီ။ ကိုင်း… ကိုင်း … ထားပါတော့  ။ ကြွားရတာ အရသာမရှိလိုက်တာ..။

လိုရင်းပြောရရင်  ပိုက်ဆံ အမြတ်အစွန်း အပိုအလျှံ လုံးဝနီးပါး မထွက်တဲ့လုပ်ငန်း  ဆိုပါတော့…။

ဒီတော့  ဒီလုပ်ငန်းကလေးအသက်အလျှင်မီအောင်ဆိုရင်  လဆန်းကတည်းက  တစ်လလုံး ကုန်ကျရမယ့် အသုံးစားရိတ်နဲ့  တစ်လအတွင်း ရနိုင်မယ့် ခန့်မှန်းဝင်ငွေကို ချိန်ကြည့်ပြီး ကွက်တိဖြစ်အောင် စီမံရပါတယ်။ ကွက်တိက  ဘယ်လိုဖြစ်သလဲဆိုတော့.. သုံးစရာပေါ်လာရင်  ပိုက်ဆံရှိရင်သုံး- မရှိရင်နောက်လမှသုံး  ဆိုတာမျိုးပေါ့။(ပညာပါလိုက်တာနော် 😛 )။

အဲဒီနည်းဗျူဟာက  ကျန်တဲ့ ဆယ့်တစ်လ-လုံး အဆင်ပြေနိုင်ပေမယ့် ဧပြီလအတွက်တော့ မရဘူး။

ဧပြီ ဆိုတာက  သင်္ကြန်လ လေ။

အလုပ်ပိတ်ရက်များတယ်။ လုပ်ငန်းဝင်ငွေနဲတယ်။

ပြီးတော့ ဒီလရဲ့ထူးခြားချက်က  ပိုက်ဆံလက်ထဲမထားကြတဲ့-လ။

သင်္ကြန်ရက်ရှည်မှာ ခရီးထွက်မှာ လွတ်လွတ်လပ်လပ်နေမှာတွေကြောင့် ပိုက်ဆံပိုလျှံသူတွေက ဘဏ်ထဲထည့်ထားကြတယ်။ ပြန်ထုတ်ချင်ရင်တော့ အသချေင်္ယတကပ်လောက်ကြာတဲ့ အစိုးရုံးပိတ်ရက်အရှည်ကြီး+စနေတနင်္ဂနွေ ကုန်အောင်သာစောင့်ပေတော့..။ တချို့ကတော့ ပိုက်ဆံပွပွကြီးတွေကို  အချောင်းတွေ အတုံးတွေအဖြစ် အရွယ်ခြုံ့ပြီး သွားလေရာသယ်ကြ၊ သူများဆီအပ်ခဲ့ကြတာမို့ သင်္ကြန်နီးရင် ရွှေဈေးတောင် တက်တတ်ပါတယ်။

ဆိုတော့ .. သူများဆီက ချေးမယ်ငှားမယ် များကြံရင်- လအလည်မှတို့..  လကုန်ခါနီးမှတို့ …လုပ်ဘို့မစဉ်းစားလေနဲ့…။ လဆန်းရက်ကတည်းက ကြိုချေးငှားထားရတယ်။

ဒါကတော့ မုဆိုးစိုင်သင်ဆိုသလို  ဒီအလုပ်ကလေးလုပ်မိကာမှ အချေးအငှားကျွမ်းကျင်လာတဲ့ ဦးပါလေရာရဲ့ အတွေ့အကြုံတွေပါဗျာ..။

ဒါကြောင့်လဲ ဧပြီလဆန်းပြီ ဆိုမှဖြင့်  တစ်လလုံးအဝင်အထွက်တွေကို ကြိုတင်ပေသီးခေါက်ရပါတော့တယ်။

ပြီးခဲ့တဲ့ မတ်လ ကလိုးဇင်းဘဲလင့်ကတော့ ဘဲဥကွဲရုံသာသာပဲရှိတာ..။

ဒီလမှာ ပိုက်ဆံရှာရက်က ရက်နှစ်ဆယ်လောက်…။

ဒီလမျိုးမှာ တရက်ပျှမ်းမျှဝင်ငွေက ၄၀% အထိ ကျဆင်းတတ်တယ်။ လူတိုင်းက သင်္ကြန်ပဲစိတ်စောနေတာ။ သင်္ကြန်ပြီးပြန်တော့လဲ သင်္ကြန်နာကျနေတာကတကြောင်း သုံးစရာပိုက်ဆံကုန်သွားကြတာကတကြောင်းမို့ သူတို့အိပ်ကပ်ကို သိပ်မျက်စောင်းမထိုးသာ…။

ဒီလထဲကုန်စရာတွေကတော့ များပါဘိ။ သင်္ကြန်နီးလို့ သန့်ရှင်းရေးလုပ်တာ ဆေးသုတ်တာ အသေးစားပြုပြင်ရေးတွေကလဲ လုပ်ရဦးမှာ..။ ခရိုင်၊မြို့နယ်၊ ရပ်ကွက်အဆင့်မကျန် သင်္ကြန်အလှူငွေတွေလဲထည့်ရဦးမှာ..။ လုပ်ငန်းနဲ့နွယ်တဲ့ ဌာနဆိုင်ရာတွေကိုလဲ သူတို့ခရီးထွက်စားရိတ်လေးတွေ မထည့်ပေးရင် သိတဲ့အတိုင်း…။ ပြီးတော့ ကိုယ့်သဒ္ဓါအလျှောက် ဘာသာရေး လူမှု့ရေးအစ  သင်္ကြန်မဏ္ဍပ်၊ စတုဒိသာအလယ်  နှစ်ဆန်းတရက်နေ့ပရိတ်ပွဲလေးတွေအဆုံး  တတ်အားသရွေ့လေးတော့ လှူချင်တန်းချင် ဝင်ပါချင်သေးတာ..။

ဝန်ထမ်းတွေကို မတ်လကုန်က လစာပေးပြီးပြီဆိုတော့ အကြွေးတွေဆပ်လိုက်ရင် လဆန်းလေးငါးရက်ဆို သူတို့လက်ထဲဘာမှမကျန်တော့..။ ဒီလမှာတော့ ဆုကြေးပေးစရာလေးတွေစုပြီး ပေးရဦးမယ်။ ဒါမှ သူတို့သင်္ကြန်အသုံးစားရိတ်လေးလဲရအောင်လေ..။ အရင်လတွေကတော့ လအလည် ၁၇-ရက်နေ့လောက်မှာ ငွေနဲနဲချေးပေးတယ်။ ဒီလကတော့ သင်္ကြန်မတိုင်ခင် (၉)ရက်နေ့ကတည်းကချေးပေးရမှာ။ သင်္ကြန်ပြီးတော့လဲ သူတို့ပါးစပ်ကထုတ်မပြောရဲပေမယ့်  သင်္ကြန်တွင်းအတွင်း တစ်ပြားမကျန်ကုန်သွားလို့ စားရေးသောက်ရေးကအစခက်ခဲသွားမယ့် ကိုယ့်စီးပွားဘက်ဝန်ထမ်းလေးတွေကို ထပ်မချေးပေးပဲ ဒီအတိုင်းကြည့်နေရက်ပါ့မလား…။

 

အပြန်ပြန်အလှန်လှန်သုံးသပ်ရင်း ဦးပါလေရာတယောက်  သက်ပြင်းရှည်ကြီးကိုချပြီး  တယ်လီဖုန်းဆီ လက်လှမ်းလိုက်ရတယ်…

“…. ဟဲလို.. ဗေဒင်ဆရာလား.. ။ အေးကွာ…..  သိန်းနှစ်ဆယ်လောက်…..”

25 comments

  • ဗိုက်ကလေး

    April 5, 2012 at 5:59 pm

    ဟာ..ဗေဒင်ချရာ ကိုရင်စည်သူက အဲလောက်ခိုင်နေတာ ဘာလို ့သင်္ဘောတက်နေသေးလဲမသိဘူးဗျာ 😆
    များအတွက်လဲ ဆယ်သိန်းလောက် ပိုချေးပေးပါဦး
    သဂျီးဆီက လခထုတ်ရင် ပြန်ဆပ်မှာပါ 😀
    လဂါးပြောတာပါဗျာ
    ဦးပါလေရာဂျီး ဘာပလန်ဆွဲမလဲ အတုခိုးပါဦးမယ်နော့

    • ဦးဦးပါလေရာ

      April 6, 2012 at 9:10 am

      မိစိန်ပေါက်-
      ကျုပ်လောလောဆယ် ခြေထောက်ကျိုးနေသေးလို့..
      အဲဒါပြန်ဆက်တဲ့တနေ့ ညီးဆီလာပြီး ပညာယူရဦးမယ်..

  • nozomi

    April 5, 2012 at 6:34 pm

    အပြင်မှာ မြင်ဘူးတော့ မထင်ရဘူး
    ဦးပါ အတွေး အရေးတော့ သဘောကျနေပြီ ဗျ
    အခု ကြီးကြပ်နေတဲ့ အလုပ်ပစ်ထားလိုက် စာပဲ ရေးနေရင်တောင် အဆင်ပြေလောက်တယ်
    ပထမဆုံး ထွက်မဲ့ စာအုပ်တော့ လက်မှတ်ထိုး အလကားပေးနော 😀

    • ဦးဦးပါလေရာ

      April 5, 2012 at 11:01 pm

      ဒီလောက်ပေါမယ်မထင်ရဘူး မဟုတ်လား… 😀 😀

      ကိုနိုဇိုမိရေ-
      အပြင်မှာတော့ မျက်နှာဖုံးတွေအထပ်ထပ်နဲ့ အကျင့်ပါခေါက်ရိုးကျိုးနေတော့တာကိုး..
      စိတ်တံခါးကို လွတ်လွတ်လပ်လပ်ဖွင့်ဖြစ်တာက ဂေဇက်မှာပါပဲ..။

  • MaMa

    April 5, 2012 at 9:56 pm

    ဦးပါလေရာရေ-
    ဘတ်ဂျတ်ဆိုတဲ့ ဘတ်ဂျတ်ကိစ္စ….
    နေ့တိုင်းစဉ်းစား….
    နေ့တိုင်း ဦးဏှောက်ခြောက်ပြီး ….
    ဘယ်ကများငွေရနိုင်မလဲလို့ ခေါင်းပူနေရတာ…
    ပြန်စဉ်စားကြည့်လိုက်တော့ ….
    ဒီလိုနဲ့ပဲ (ကြွေးတောင်းခြင်း၊ ချေးငှားခြင်း) နည်းမျိုးစုံကိုသုံးပြီးးးးးးးးး
    နေ့ပေါင်းများစွာ၊ နှစ်ပေါင်းများစွာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာပဲလို့…
    🙂
    ပြောမယ့်သာ ပြောတာ ဘတ်ဂျတ်မကုန်တဲ့ သင်္ကြန်နည်းကို ပေးထားတာတော့ ဦးပါလေရာ မသိခြင်ထောင် ထောင်နေတယ်။ 😆

  • FattyCat

    April 5, 2012 at 10:31 pm

    ဘတ်ဂျက်ကိုုဆွဲ…နေ့တိုုင်းပါပဲ…
    ငွေရလမ်းကိုုရှာ…တစ်နေ့မှမနားရပါ…
    နားရမယ့်ရက်လေးအတွက်…ဘတ်ဂျက်ရှာ…
    အော်….ဘယ်တော့မှ မနားရပါလားကွယ်….

    ခင်တဲ့-
    ကြောင်ဝတုုတ်

    • ဦးဦးပါလေရာ

      April 5, 2012 at 11:17 pm

      ဖက်ဖက်ကက်-
      သံဝေဂသံလေးပေးပြီး ဘီယာတကဒ်နဲ့ နားဘို့မကြံနဲ့…
      ကားတစီးမြန်မြန်ငှားပြီး သင်္ကြန်လည်ဘို့လုပ်…။
      ဒီလိုအရွယ်ကောင်းလေးနဲ့ သင်္ကြန်မှ မကဲရရင် နှမြောစရာနော်… 😀

  • ကိုပါရေ
    ကျနော်ကတော့အဲဒီငွေကြေးစီမံခန့်ခွဲရေးဆိုတာကြီးကိုကြောက်လို့
    သူများဆီမှာလခစားလုပ်နေတာရယ်။

    • ဦးဦးပါလေရာ

      April 5, 2012 at 11:11 pm

      ကိုပေါက်ရေ-
      မှန်တာပြောရရင် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကတည်းက ကျွန်တော်က စာရင်းပဲကိုင်ဘို့၊ ဒါမှမဟုတ် အပြင်ရုံးပြင်ကန္နားကိစ္စလေးတွေပဲလုပ်ရဘို့ တောင်းဆိုခဲ့တာဗျာ..။
      ဒါပေမယ့် ကံကြမ္မာက မျက်နှာသာမပေးလေဘူး…

  • Swal Taw Ywet

    April 5, 2012 at 11:17 pm

    Dear ဦးဦးပါလေရာ ,
    Can I get a Job at your company? I really want to apply.
    For next year Water festival, I would like to get Bonus.( သိန်းနှစ်ဆယ်လောက် )
    OK? O …… k ? 🙂
    There are only Two duty for a leader.
    1> must reach the target.
    2> on the way to target, must take care the welfare of the followers.
    You are a good leader.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

    • ဦးဦးပါလေရာ

      April 6, 2012 at 9:15 am

      ကျေးဇူးပါ စွယ်တော်ရွက်ရေ-

      ကျုပ်ကတခြားအရည်အချင်းတော့ မရှိပေမယ့် target ကိုရောက်အောင်လုပ်တာတော့ ဖြစ်ပါတယ်။
      ကျုပ်လုပ်ငန်းရဲ့ target က “ နောက်တစ်လ ဆက်ရပ်တည်ရေး” …. လေ 😀

  • pooch

    April 5, 2012 at 11:28 pm

    ဦးပါရေ ကျမတို့အိမ်လည်း ပရုတ်လုံးလောက်တော့ မရှိတော့ ပေမဲ့ ရေသည်ပြဇာတ်ထဲက ဆံတုံးတော်ကြီး တမာသီးလောက်တော့ ကျန်နေသေးတယ် 😀

    • ဦးဦးပါလေရာ

      April 6, 2012 at 9:29 am

      အေးဆေးပေါ့ Pooch ရယ်…
      ဒို့မြန်မာလုပ်ငန်းရှင်တွေ
      (သူများမချီးကျူးလို့ကိုယ့်ဟာကိုယ်ချီးကျူးရရင်) ချီးကျူးစရာကောင်းတာတခုက
      အေးအေး – ပူပူ၊ ထူထူ-ပါးပါး သိပ်အရေးမထား အသံမထွက်ဘူး၊ ပုံမပျက်ဘူး..။
      ပုံမှန်အတိုင်း စားမြဲသောက်မြဲ လှူမြဲ တန်းမြဲ ပျော်မြဲ ပါးမြဲ ပဲ..
      ကိုယ်စိတ်အရည်အသွေးတည်ငြိမ်လို့
      တက်တဲ့အခါတက် ကျတဲ့အခါကျ ဘာမှမဖြစ်ဘူး..။
      မကြာခင်တော့ ဒို့ခေတ် ပြန်ရောက်တော့မှာပါ..။

  • Ma Ei

    April 6, 2012 at 9:02 am

    အဲ့ဒီ ဘတ်ဂျက်ပေါ့…
    တစ်နှစ်တစ်ခါ ဒါလေးပေးဖို့ အရေး ဘတ်ဂျက်ရှိလား…အဲ့တိုင်းဝင်ရဲ့လား…
    တိုးလိုက်ရ လျှော့လိုက်ရ ထူထူလှီး ပါးပါးလှီး နည်းမျိုးစုံ…
    ဝန်ထမ်းတွေကမေး အပေါ်က ခုထိ အပရု မရသေး…
    ဘတ်ဂျက် ဆိုတာကြီး မုန်းထှာအေ…

  • blackchaw

    April 6, 2012 at 10:11 am

    ကိုပါလေရာကြီးရေ။
    ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
    တကယ်လို့များ အကြောင်းတိုက်ဆိုင်ခဲ့ရင်
    သင်္ကြန်မတိုင်မီ ဘီယာအေးအေးလေး သောက်ကြရအောင်။
    ဘတ်ဂျက်တွေဘာတွေ သိတ်မစဉ်းစားပါနဲ့။
    ကျွန်တော်တို့ ဘောစိ နိုဇိုးမိကြီးရှိတယ်။
    အင်မတန်သဘောကောင်းတယ်။
    အသက်ငယ်ငယ် နဲ့ ဘောစိဖြစ်နေတော့ အင်မတန်လက်ဖွာတယ်။
    ဒီလိုဘောစိမျိုးနဲ့ ခင်မင်ခွင့်ရလို့လည်း ဂုဏ်ယူမိပါတယ်။
    သောက်ကြရအောင်ဗျာ။ ပေါ့ပေါ့ပါးပါး ပေါ့။ 😛

    • ဦးဦးပါလေရာ

      April 6, 2012 at 10:25 am

      မီးပျက်ကာနီး ကိုချောအမည်လေးတွေ့လို့ ကမန်းကတမ်းဝင်ကြည်တာ..
      အကြောင်းတိုက်ဆိုင်အောင်လုပ်လေဗျာ… 😀
      ကျုပ်ကလဲ အယ်ကိုဟောနဲ့မတည့်ပေမယ့် ကိုလာအေးအေးလေးနဲ့ ဝိုင်းချင်ပါသေးရဲ့…

  • blackchaw

    April 6, 2012 at 10:12 am

    လက်မကြီးကြီး တစ်ချောင်းထောင်ခဲ့တာ တမင်မေ့ချင်ယောင်ဆောင်ပြီး
    ၁ဝ ယူသွားပါတယ်။
    ဘီယာသောက်တဲ့ ဘတ်ဂျက်ထဲထည့်ဖို့ပါ။
    😛

    • ဖားသက်ပြင်း

      April 6, 2012 at 10:27 am

      ဟင့်အင်း ..
      သများကတော့ အပြစ်ကင်း အောင် အပြင်းပဲ ကစ်ထှာ..
      ဘဘဘလက်ရေ ..သများပြန်လာမှ ..
      ကေတီဗီမှာ ရှာကီရာ ကို တာကီလာ နဲ့ မြည်းဂျဇို့ရဲ့…
      😀
      ဒက်ဂလောက်..ဒက်ဂလောက်..

  • ငမျောက်

    April 6, 2012 at 12:27 pm

    တယ်လီဖုန်းဆီ လက်လှမ်းကိုင်လိုက်တယ် ..
    ” ဟလို .. ဟလို .. ဦးပါ သိန်းနှစ်ချယ်လောက်ပါ …. ”
    အဲလို ပြောမို့ လုပ်နေတုန်း တစ်ဖက်က …
    “လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ချက်ပိတ်ထားပါတယ်ရှင် …” … တဲ့ … 😀

    • ဦးဦးပါလေရာ

      April 7, 2012 at 11:47 pm

      အဲတာကျုပ်မဟုတ်ဘူးနော် အလိုအလျှောက်(လူတိုင်းကို)ဖြေကြားစက်… 😀

      ဒါထက် လေသံလေးဖမ်းကြည့်ရတာ ခြောက်မျက်နှာကနေ နောက်တမျက်နှာပြောင်းသွားတယ်မှတ်တယ်..။ 😀

      • Khin Latt

        April 8, 2012 at 3:33 am

        ခြောက်မျက်နှာ က နေ မျောက်မျက်နှာ ပြောင်းသွားတာ ဒင်း သေချာတာ ပေါ့ ဦးပါ ရယ်။ 😀

  • ကြောင်ကြီး

    April 7, 2012 at 11:04 pm

    သင်္ကြန်ဘက်ဂျက်
    နင်းကန်တွက်ချက်
    တင်းခံပြတ်လတ်
    မင်းဒဏ်ရက်စက်
    ဝင်းဟန်မတ်တပ်…။

    • ဦးဦးပါလေရာ

      April 7, 2012 at 11:50 pm

      “ဝင်းဟန်မတ်တပ်…။”
      ဟုတ်ပါ့.. လူများအမြင်မှာတော့ ခပ်တည်တည်ပဲ။
      ရုံးခန်းထဲပြန်ရောက်မှ ခေါင်းစားပြီ ချွေးပြန်နေနေရတာ..။:)

  • Khin Latt

    April 8, 2012 at 3:35 am

    ဘဏ္ဍာရေးဝန်ကြီး နေရာ အတွက်တော့ သင့်တော်သူ တွေ့ပြီ။
    အဟမ်း … အဟမ်း .. အဟမ်း 😆

Leave a Reply