အချစ်မြို့ဟောင်း

lulinmgApril 5, 20121min701

ဟိုးအတိတ်ကို

ပြန်တွေးမိတော့

မြေနီလမ်းလေးကို

လွမ်းမိတယ်…

ဒီချိန်ခါဆို

အရင်မြို့လေးမှာ

စံပယ်ပန်းတွေ

ဖူးပွင့်ပြီ…

မြင်ယောင်ကြည့်ပါ

ပင်ယံထက်မှာ

တရုပ်စကားပွင့်တွေ

ဝေနေပြီ…

ကျောင်းတော်ဆီက

ခေါင်းလောင်းသံတွေ

ကြားလိုက်ရတော့

ငယ်သူငယ်ချင်းတွေကို

လွမ်းမိတယ်…

မြေနီလမ်းမှာ

စံပယ်ပွင့်

တရုပ်စကားပွင့်တွေနဲ့

အရင်မြို့လေးမှာ

ခုချိန်ခါဆို

အလွမ်းတွေပွင့်နေမှာလား….?

One comment

  • lulinmg

    April 18, 2012 at 12:03 pm

    အားလုံးပဲထပ်တင်ပေးလိုက်ပါတယ်

Leave a Reply