မိုင် ဂီယာ

ムラカミApril 6, 20128min50861

 

အင်း … ကျနော့်  GEARကျနော် မိတ်ဆက်ဦးမှပဲ ….
Body

Canon EOS Kiss X4/ Ribel Ti2i/ EOS 550D

 

 

လို့ ခေါ်တဲ့  ဘော်ဒီ ..သုံးတယ်ဗျ….

sensor အမျိုးအစားကတော့ APS/C အမျိုးအစားဖြစ်ပြီး

Crop factor 1.6x ရှိရဲ့…

Image sensor က 18.0MP ထွက်ပြီး

Image processor ဟာ DiGit 4 ဖြစ်လို့..

Canon 7D, 60D တို့နဲ့ အတူတူပဲဖြစ်ပါတယ်…

Sports ရိုက်တဲ့ 7D နဲ့ ဒိုင်ခွက်ပါတဲ့ 60D တို့ထက် ဈေးချိုလို့ ကျနော် ငမွဲမောင်ဂီ Kiss x4

သုံးရခြင်း ဖြစ်ပါကြောင်း..

(သူ့ဟာသူ စိတ်ဖောက်ချိန်ကျ best-buy တွေဘာတွေ လာကြွားရင် မယုံနဲ့ သိလား)

 

ဒီဘော်ဒီအကြောင်း ..အသေးစိတ်ကိုတော့ ဒီမှာ သွားဖတ်နိုင်ပါရဲ့ဗျာ..

P325739.PDF

 

 

Kit Lens

1) Canon EF-S 18-55mm 1:3.5-5.6 IS

 

 

ကင်မလာ ဝယ်တုန်းက ပါလာတဲ့ ပြောင်း ၂လက်ထဲက ပြောင်း အတို ဖြစ်တယ်ဗျ..။

18mm ဟာ fullframe body(5D mark II, III) တွေမှာဆို wide angle ဖြစ်ပေမယ့်

1.6x cropfactor ရှိတဲ့ ဘော်ဒီမှာတော့ သူဟာ normal lens ပဲဖြစ်ပါတယ်..

18mm မှာ ထားရိုက်ရင် အကျယ်ဆုံးသော aperture အနေနဲ့ f/3.5 ထားနိုင်တဲ့အတွက်

အရင်ကတော့ ..portrait သုံးဖြစ်တယ်ဗျ…

 

 

2) canon ef-s 55-250mm f/4.0-5.6 is

 

 

ဒါကတော့ တွဲပါတဲ့ kit lens ပြောင်းအရှည်ပါ… (သူတခုတည်း made in malaysia)

tele ပြောင်း ကောင်းကောင်း မဝယ်နိုင်သေးတဲ့အတွက် သူ့ကို Zoom lens, tele lens

အဖြစ် သုံးပါတယ်ဗျ.. f/4.0 အကျယ်ဆုံးထားနိုင်ပါရဲ့ …။ 1.6x crop factor ရှိတဲ့ body

ကိုင်ရတာ angle အနနဲ့ မဝိုက်ပေမယ့် zooming အတွက်ကျတော့ အထောက်အကူပြုတယ်ဗျ

250mm ကို 1.6x ဆိုတဲ့ crop factor နဲ့ မြှောက်လိုက်တဲ့အခါ 400mm ဖြစ်သွားတဲ့အတွက်…

Zooming အားကောင်းလာရဲ့ပေါ့ဗျာ …။

(Fullframe သမားတွေ လယ်ဗယ်တူ Zoom ဆွဲချင်တဲ့အခါ 100-400mm USM lens ပြောင်းအဖြူကြီးတွေ

ဝယ်ရမှာဖြစ်ပါကြောင်း..) ဈေးနဲ့အတူ ကွာလတီလည်း ကွာခြားပါကြောင်း..

ဆင်းရဲသား မောင်ဂီ တွေးတာကတော့ သည်ပြောင်း မကောင်းတော့ပြီ ဆိုရင် ဈေးအနည်းငယ် ပိုပြီး

အနည်းငယ် မော်ဒီဖိုင်းထားတဲ့ EF-S 55-250mm ii IS ဝယ်မယ် စိတ်ကူးမိပါကြောင်း..

 

 

 

3) canon ef 50mm f1.8

 

 

ဒါကတော့ nifty-fifty လေးပါ ..ကျနော် ပထမဆုံးဝယ်ဖြစ်တဲ့ ပြောင်းတိုလေးပေါ့ ..။ Prime lens

အမျိုးအစားဖြစ်ပြီး အလွန်အပေါက်ကျယ်တဲ့ f/1.8 ဖြစ်လို့ စိုင်ပစ်လို့ အကောင်းဆုံးသော ပြောင်းဖြစ်ပါကြောင်း…။

တန်ဖိုးအနေနဲ့လည်း ဒေါ်လှ ၁၀ဝအောက်မို့ … အိတ်ထဲ မဖြစ်မနေ ဆောင်ထားသင့်တဲ့ ပြောင်းလို့ …

စာမှာတော့ အဆိုရှိပါကြောင်း ..

သည်ကနေစပြီး ကောင်းသလောက် ဈေးများတဲ့ Canon EOS L Series Lens တွေ မဝယ်နိုင်တဲ့

ဆင်းရဲသားလေး မောင်ဂီဟာ 3rd party lens တွေကို ဘရိတ်ဖတ်စ် အငတ်ခံကာ ဝယ်ယူ စုဆောင်းပါတော့

တယ် တဲ့ …. (မသနားပါဘူး … ယားတာကိုး ..)

 

 

 

4) Tokina 10-17mm f/3.5-4.5 AT-X 107 DX AF Fisheye

 

 

ငါးမျက်စိ က နည်းနည်းပါးပါး ရိုက်တတ်ကတည်းက လိုချင်တာ တပိုင်းသေပေါ့ …

ဆြာသမားတယောက် ဦးပိန်တံတားကြီး ကွေးပစ်လိုက်တဲ့ပုံ လှမ်းပို့ကတည်းက ကျုပ်မှာ ရောဂါတက်နေတာ

အဲ့သလိုနဲ့ ငါးမျက်စိ အရှာထွက်ရင်းကနေ.. အရင့်အရင် ခေတ်တွေက ငါးမျက်စိတွေဟာ .

focus point ၁ခုတည်း ပါတဲ့ prime lens တွေပဲ များလေရဲ့ဗျာ … အဲ့သည့်မှာ tokina ကိုသွားတွေ့တော့တာပဲ

သူက 10-17mm ဆိုတော့ … 18-55mm kit lens နဲ့ ချိတ်ဆက် မိတယ်လေ… 18mmအောက် ..ဝိုက်ချင်ရင်

သူနဲ့ ဝိုက်ယုံပဲ …13-14mm နဲ့ အထက်လောက်ဆို အတော်အတန် ဝိုက်နေသေးပြီး distortion နည်းသွား

တဲ့အတွက် အတော်အတန် စိတ်ကျေနပ်စရာကောင်းပါရဲ့ဗျာ … ပါတ်ဝန်းကျင်အသားပေးတဲ့ လူပုံအချို့နဲ့

natural landscape တွေမှာ တောက်လျောက်သုံးဖြစ်ရဲ့ … architectural landscape တွေအတွက်တော့

သုံးစားမရတာ ဝန်ခံတယ်ဗျို့ ..(အချို့သော creative angle မှလွဲရင် ပေါ့လေ…)

 

 

 

 

5) Tamron SP AF 90mm f/2.8 Di Macro

 

 

ကျနော် တကယ် ရိုက်ချင်တဲ့ photography အမျိုးအစားကတော့ landscape ပါပဲ ..

သို့သော် .. landscaper တယောက်ဖြစ်ဖို့ ရယ်က ခရီးတွေ ထွက်ရမယ် ..filter တွေ သုံးနိုင် သုံးတတ်ရမယ်

ပိုက်ပိုက် ကုန်ပေါက်တွေချည်း …(ရှိစုမဲ့စုနဲ့ တတ်နိုင်သလောက်လေး သွားဦးဝယ်ဦးတော့ …)

အချိန် မပေးနိုင်တာက အသည်းနာစရာ … မရိုက်ဘဲ ကလည်း မနေနိုင် …

သည်လို ဆိုတော့ landscape ဟာ လက်ရှိ ကျနော့် professional နဲ့ အလွန် မသင့်လျှော်ဘူးလို ဖြစ်နေတယ်…

လူပုံ မရိုက်တတ်ရင် ပိုက်ပိုက် မရဘူး ဆိုတာလည်း သိလာပြန်လေတော့ ..လူပုံ ရိုက်တတ်အောင်ရယ်

ကိုယ့်အနီးအနားက ဟာလေးတွေ လှအောင် ရိုက်တတ်ဖို့ရယ် ..စဉ်းစားလာရပြန်တယ်ဗျ…

(အော်..ရယ်… ကျုပ်လည်း မရိုက်ဘဲ မှ မနေနိုင်တာကိုး ..)

အဲ့သည်မှာ ကျနော် Canon 100mm f/2.8L Macro ကိုသွားတွေ့လေရဲ့ ..အစိမ်း ၈၀ဝကျော်သမို့ ..

၃၀ဝကျော်တန် Tamron 90mm f/2.8 Di Macro ကို ဝယ်ဖြစ်သွားလေရဲ့ဗျာ ..

ဒါ ခုတလော အများဆုံး ရိုက်ဖြစ်နေတဲ့ ပြောင်း ပါဗျ …

သူ့ အားသာချက်ကတော့ 1:1x lifesize macro ပြောင်းဖြစ်ပြီး partial နဲ့ fully macro mode ၂မျိုး

သုံးလို့ရတဲ့အတွက် .. လူလည် းရိုက်ဖြစ်တယ်ဗျ f/2.8 ဟာ တယ်လီ ပြောင်း တခုအနေနဲ့ သင့်လျှော်တဲ့

size လို့ ကျနော် ယူဆပါတယ် ..(မှားရင်ပြင်ပါ)

(ကိုယ်မပိုင်တဲ့ သူများ စိုင်တွေလည်း ဒီရက်ပိုင်း နည်းနည်း စမ်းပစ်ထားသေးရဲ့ …ဟီး..)

သည်လိုနဲ့ ကျနော့်မှာ လူရိုက်ပြောင်း f/1.8 50mm (အတို) တလက် f/2.8 90mm (အရှည်) တလက်

ရလာခဲ့တယ် ဆိုပါတော့ …

 

 

 

 

6)Tokina AT-X Pro 11-16mm f/2.8 DX

 

 

ဒါကတော့ ခုမှ ဝယ်ဖြစ်တာ …ဟီး ….

ဝယ်ဖြစ်တဲ့အကြောင်းပြချက်ကတော့ .. လက်ပကျွတ်ဝယ်ဖို့ ရတဲ့ ဘတ်ဂျက်ကို သူများ လက်ပကျွတ်

ကတ်သတ်ပွတ်ပီး သကာလ ဈေးဝယ်ကိစ္စကို နောက် လ လည် အထိ ရက်ရွှေ့ရင်း …မလိမ့်တပါတ် လုပ်ဝယ်ထားတဲ့

ပြောင်းပါ … (အရဂါး စ တာ..)

တနေ့တနေ့ အွန်လိုင်းတခွင် ပြဲပြဲစင် လိမ့်နေတဲ့ အကျိုးကျေးဇူးပဲပြောမလား …

သီဟပူရ ကျွန်းသားတွေ ဆီမှာထက် ဈေးသက်သာတာဆိုလို့ လက်ချိုးလို့ ရတဲ့ အရှေ့ကျွန်းမှာ

ရှားရှားပါးပါး ဒီပြောင်းက ဈေးသက်သာသကိုး …

သည်ပြောင်းရဲ့ အားသာချက်ကတော့ ဝိုက်လည်း ဝိုက်တယ် အပေါက်လည်း ကျယ်တယ် f/2.8

ကျနော် Canon EOS 10-22mm USM ဝယ်ဖို့ ချောင်းသေးတာရယ်… သို့သော် ပေါ့လေ..

ဒီပြောင်း ရဲ့ f/2.8 ဆိုတဲ့အချက်ကို ဘယ်လိုမှ မငြင်းဆန်နိုင်ဘူးဖြစ်သွားတယ်ဗျာ…

ငါးမျက်စိနဲ့က စိုင်ပစ်တဲ့အခါ …အဝိုက်မမှန်ရင် ..ပုအိုက်အိုက် ဖြစ်လိုဖြစ် ..မဖြစ်လည်း ခြေတွေလက်တွေ

ကွေးကောက်ကုန်တာဆိုတော့ … ဝိုက်လည်းဝိုက်မယ် ဖြောင့်လည်း ဖြောင့်မယ် ဆို ..landscape ရော

စိုင်ကော ကောင်းကောင်းပစ်လို့ရပြီပေါ့ … ကျနော် အထက်မှာ ပြောခဲ့သလို architectural landscape ဆိုတဲ့

subject လည်း coverage ရသွားပြီပေါ့ဗျာ …

 

 

 

Accessories

ကျနော့်မှာ ထူးထူးဆန်းဆန်းပစ္စည်း ၂မျိုး ရှိသဗျ… အဲ့ဒါကတော့ …

1. Reverse Ring (Macro-Convertion Ring)

Macro lens မရှိခင် ရော …(ခုနောက်ပိုင်း အနည်းငယ်ပါ) အသုံးကျတဲ့ ပစ္စည်းလေးပါ..

ကျနော် 18-55mm နဲ့ 55-250mm ကို ဇောက်ထိုးတပ်ပြီး manual focus mode နဲ့ macro

ရိုက်လေ့ရှိပါတယ်.. macro lens ရဲ့ minimal focal point ရဲ့ အပေါ်ဘက် အောက်ဖက် အနည်းငယ်ထိ

ကျနော့်ကို နယ်ချဲ့ခွင့်ပြုထားတဲ့ ပစ္စည်းလေးပါ..

 

2. Infa-red Filter

 

စလုံးမတော့ ..lens sensor မှာ infra-red ပြောင်းထည့်လို့ ရတယ် ဆိုရဲ့ဗျာ..

ကျနော် ကတော့ ဖစ်လတာပဲ ဝယ်သုံးနေပါတယ်…။ တခါတခါ စိတ်ဖောက်လာတဲ့ အချိန်…

လောကကြီးကို အရောင်ပြောင်း ပစ်မိတာပါပဲ …။

 

3. Grid

 

 

ပြောပါတယ် မွဲပါတယ်ဆို …ဘက်ထွီ ထည့်တဲ့ ဗူးတစ်ဗူးအတွက်နဲ့ ကနွန်းကို ဒေါ်လှ၁၀ဝ ပေးဖို့

မသဒ္ဒါတာကြောင့် 3rd party Battery Grid ၁လုံး LP-E8 ဓါတ်ခဲခြောက် ၂ခဲ နဲ့ AA battery

၆လုံးနှင့်တကွ အလုပ် ဖြစ်နေပါကြောင်း

 

 

 

4. Shutter Release

long exposure နဲ့ light painting တွေရိုက်တဲ့အခါ သုံးဖြစ်တဲ့ ပစ္စည်းလေးပါ…

 

 

shutter ကို 2s delay ထားပြီး release နဲ့ ရိုက်တဲ့အခါ ..တုန်ခြင်း မှုန်ခြင်း ကင်းဝေးတယ်ပေါ့ဗျာ…

အဲ့ … တခုကျန်သေးရဲ့

 

5. SLIK Tripod

ဒါလည်း ဈေးပေါတဲ့ထဲက ရွေးဝယ်ထားတာပါ…

ခုတလော landscape မရိုက်တော့ သိပ်တော့ မသုံးဖြစ်ပါ…

သို့သော် ခရီးသွားတိုင်းတော့ မပါမဖြစ် ပါပါတယ်.. သိတဲ့အတိုင်း..

ပြန်မရမယ့်ခနတာလေးတွေကို မှတ်တမ်းတင်ဖို့ရယ်မှာ ကျုပ်ဘက်က သေချာဖို့တော့

လိုသပေါ့ဗျာ..

 

 

6. Filters

landscape အတွက် ကျနော် သုံးဖြစ်တာကတော့ 18-55mm အတွက် 58mm အချင်းရှိတဲ့

– ND 8

– ND 400

– ND 4 reverse

– CPL

တို့ပါပဲ … ဖစ်လတာ ဟိုလဒါကတော့ ဘာတံဆိပ်မှန်းမသိတဲ့

ဈေးချိုတဲ့ ပစ္စည်း ၂ခု ကို သုံးနေပါတယ်..

ND နဲ့ CPL ဟာ ရေတံခွန် ရိုက်ရင် တွဲမသုံးသင့်ဘူးဆိုတာလေး

လက်တို့ချင်ရဲ့… ND 400 ကတော့ seascape အတွက် သက်သက်ရယ်ပါ

ကာလာ ဖစ်လတာတွေ ဝယ်ချင်ပေမယ့် မွဲနေပါတယ်…

ဆြာသမားတွေကတော့ အသံထွက်မကောင်းတဲ့ UK ကလာတဲ့ LEE filters

တွေကို ညွှန်းလေ့ရှိပါရဲ့..

ကျနောက် တော့ KENKO နဲ့ FUJI Film ကို နှစ်သက် သလိုရယ်ပါ

 

7. SDHC မန်မိုရီ

 

 

လက်တလောတော့

SDHC Class 10 16GB

SDHC Class 6 2GB

နဲ့ …

စိတ်ဖောက်လာရင်

ဖုန်းထဲက MicroSD Class 4 16GB ကို adapter ခံပြီး ထုတ်ရိုက်လေ့ရှိပါတယ်..

 

 

8. HDD

 

 

ညအိပ်ညနေ ခရီးအတွက်တော့ မရှိမဖြစ် လိုတာ ဒါပါပဲ …

2TB Buffalo external-HDD တလုံး ဆို လုံလောက်ပြီ ဆိုပါတော့..

မွဲနေလို့ .. compact ဖြစ်တဲ့ SSD မဝယ်နိုင်လို့ … power supply သီးခြားပါတဲ့

ခပ်ထွားထွား HDD ထည့် ထမ်းနေရပါကြောင်း…

 

 

 

9. 0.7x wide converter

 

(အထက်မှာရေးရမှာ မေ့ကျန်ခဲ့လို့ ခုမှ ဖြည့်လိုက်တာပါ)

ဒါလည်း ကျနော် ကလိမ်ကကျစ် ကျထားတဲ့ ပစ္စည်းတခုပဲ ..

ဗီဒီယို ကင်မရာတွေမှာ သုံးလေ့ရှိတဲ့ အရာတခုဗျ…

တကယ်တော့ သူက ဈေးမဆိုးလှတဲ့ မှန်ဘီလူး ခုံး တခုသက်သက်ရယ်ပါ..

18-55mm မှာ အဲ့ဒါတပ်လိုက်ရင် အတန်ငယ် ဝိုက်သွားတယ်ဗျ..

(18×0.7= 12.6mm ဆိုတော့..)

13-14mm လောက်ထိ ဆင်းတယ်ပေါ့ဗျာ… kit lens ကို အကြံအဖန်ထု ..

မှန်ဘီလူးခုံး ခေါင်းစွပ် ဝယ်တပ်ပြီး wide lens လုပ်ယူတာပါ…

သူ့ အားနည်းချက်ကတော့ lens ရဲ့ ထိပ်ဆုံးက မှန်ဘီလူး မျက်နှာပြင်နဲ့

ခေါင်းစွပ် မှန်ဘီလူးခုံး မျက်နှာငြင်တို့ ၁လက်မလောက် ကွာဝေးတာကြောင့်

flare တွေထွက်ပြီး ညဘက် နဲ့ မီးလုံးတွေများတဲ့ situation တွေမှာ

ရိုက်လို့အဆင်မပြေတတ်တာပါ..

 

 

10. Reflectors

 

ကျနော့်မှာ kenko reflector တချပ်ရှိရဲ့ဗျာ ..ရွှေရောင် ငွေရောင်နဲ့ ပိတ်ဖြူ နဲ့ အမည်း

၄မျိုးလှည့်သုံးလို့ရရဲ့ … လက်တလောတော့ ကျနော် စိုင်ပစ်တဲ့အခါ against light situation

မျိုးမှာ သုံးဖြစ်ပါရဲ့ …. (ဝိုင်းသမ ကြတဲ့ ခေါင်းမီးတောက်တဲ့ပုံမှာ …ဟီး..)

flash speedlight ဝယ်ဖို့ စဉ်းစားထားပေမယ့် မဝယ်ဖြစ်သေးပါ…

canon 580ex flash တော့ လိုချင်သားဗျ….

နောက်ထပ်လိုချင်တာကတော့ txtenser tubes တွေပါပဲ…

ကိုသော့ရေ ..အဲ့သည့်အကြောင်းလေး ရေးစေချင်ရဲ့ဗျာ …

Accessories တွေ လည်း အတော်လေး စုံပြီမို့ … တော်သေးဘီဗျာ..

အနာဂါတ်အတွက်ဆိုရင်တော့ ..ကျနော့် ကစ်လန်းစ် ၂လုံး နေရာမှာ

24-70mm, 70-200mm f/2.8 လေးတွေ လိုချင်သား…

ဖူးလ်ဖရိမ် ဖိုက်ဒီ မာ့ခ်သရီးလေးရယ်ပေါ့ ….

 

အင်း …

ဆေးလှုပ်သောက်ဦးမှ….
ခင်တဲ့
ဂီ

61 comments

  • ဖားသက်ပြင်း

    April 6, 2012 at 10:24 am

    ဒီပိုစ့်ကို အွန်လိုင်းမှာတွေ့ရင်
    လှမ်းလှမ်းခေါ်တတ်တဲ့ ချစ်ရင်ထူး-၂ အတွက် ရည်စူးပါသည်
    သူက ဘာမေးချင်မှန်းမသိ …ကိုယ်ကလည်း ဘာမှသိပ်မသိ..

    သူလှမ်းခေါ်ချိန်တိုင်း မောင်ဂီ က မူးလဲ နေရတာနဲ့ အိပ်နေရတာနဲ့
    ဒင်းနားတော်ကီ ချိန် ဖြစ်နေရတာနဲ့ …
    ကြာတော့ အားနာလို့ …

    (ဆြာ့ဆြာကြီးတွေ မြင်ရင်ကြားရင်ဟားမယ့်.. )ရှိစုမဲ့စုလေး ထုတ်
    တင်လိုက်ရခြင်းသာဖြစ်ပါတယ်ဗျာ…

    • ချစ်ရင်ထူးနှစ်

      April 6, 2012 at 12:38 pm

      ကျေးဇူး(အထူး)တင်ပါတယ် လေးဂီ ရေ ..
      နတ်ရှုး ဗုံဆော် နေသလား ဆရာရဲ့ ..
      ညကလည်း ဘာတွေ ပြောမှန်းမသိ ..
      မေးမလို့ဟာကို မြန်မာ ဖောင့် မရှိဘူး တဲ့လေ ..

      • ဖားသက်ပြင်း

        April 6, 2012 at 12:44 pm

        ဟုတ်တယ်လေ. ..ကျုပ်က လက်ပကျွတ်ဆို ဝယ်စရာမလိုဘူး
        (သူများဟာတွေချည်း ကပ်သုံးနေတာ..)
        ညည်းက ဖုန်းမုဒ် ဖြစ်တဲ့အချိန်တွေချည်း တက်တက်မေးနေတာကိုး…
        ကျုပ် ဖုန်း မှာ က မြန်မာဖောင့် သွင်းမရ ….(ရှာ့ပ် ကလား လိုင်းကန်ပနီကလားပိတ်ထားတော့)
        ရေးလို့ရရဲ့ ဖတ်လို့မရ … ဆိုက်တွေကိုတော့ အမ်အမ် ဘလောက်ဇာကနေ
        ဖတ်လို့ရရဲ့ ….

        alienware-x51 လေးချောင်းနေတာဗျ…
        ရန်ကုန်က ပြန်လာမှပဲ ဝယ်တော့မလား ရယ်…

        ခင်တဲ့

  • Khaing Khaing

    April 6, 2012 at 10:29 am

    ကိုကြီးဂီ အိုက်ဒါကြီးနဲ့ ဒေါ်ရွှေစင်ကိုရိုက်မယ်ဆို ………
    ချစ်ရင်ထူး 2 က ကိုကြီးဂီဆီက ပညာတွေ ကင်မလာအကြောင်းတွေတော်တော်သိချင်နေတာ သနွှားပါတယ်… အခုလိုတင်ပေးတာ ကောင်းပါတယ် ……. သူက ကင်မလားဝယ်ချင်နေတာ ဘယ်အမျိုး အစားဝယ်သင့်တယ် သူ့မှာလည်း ပိုက်ပိုက်နဲ့အဆင်ပြေမယ့်ဟာပေ့ါလေ ……. အခိုင်ကကြားက ဝင်ရွှီးပေးတာနော် ……… ဒါဖြဲ ……. သိပ်စလို့ကောင်းတဲ့ ဇရပ်ဒကာကြီး ချစ်ရင်ထူး ၂

    • ချစ်ရင်ထူးနှစ်

      April 6, 2012 at 12:40 pm

      akhaing.t ကျွန်တော် သိတယ်နော် ခိုင် ကဘယ်သူလဲ ဆိုတာကိုလေ ..
      ကျေးဇူးတင်ပါတယ် ခင်ဗျာ ..
      သွန်သင်ပါ ဆုံးမပါ .. သင်ကြားပေးပါ ..
      ဆရာ့ ဆရာ များ ခင်ဗျာ ..

  • marblecommet

    April 6, 2012 at 10:59 am

    ဘာမန့်ရမှန်းလည်းမသိဘူး
    ခပ်တည်တည်နဲ့ ရှောင်ထွက်သွားလို့ကလည်း မကောင်း
    ဒါနဲ့ .မန့်လိုက်တယ်..
    …………
    Tripod လေးတော့ လိုချင်တယ်ဗျာ
    ဒါ့ပုံရိုက်ဖို့တော့ မဟုတ်ဘူး
    ကျုပ်က ကတုန်ကရင် သမားဆိုတော့
    လိုလိုမယ်မယ်ဆောင်ထားမလို့
    အာဟိ….

  • blackchaw

    April 6, 2012 at 11:06 am

    အပေါ်က ကမ်းကြီး ကွန်းမန့်လိုပါပဲ ဂီဂီရေ။
    တကယ်နားမလည်ပေမယ့်
    အဲဒါမျိုးလေးတွေတော့ သုံးချင်ပါသေးကြောင်း
    ဝယ်မစားပဲ နှိုက်မြည်းသွားပါတယ်ဗျာ။

  • Mလုလင်

    April 6, 2012 at 11:34 am

    screwed type မဟုတ်ပဲ .. slide holder type filter ပြားလေးတွေတော့ လိုချင်သား … 550D က .. ISO မြင့်တဲ့ နေရာမှာ noise သတ် တာလဲ မိုက်တယ် ဗျို ့ … တစ်ခါ လား စမ်းရိုက်ကြည့်ဖူးရဲ့။ ဒါနဲ့ စကားမစပ် … 7D က .. dual DiGit 4 များလားလို့….။ 😎

    • ဖားသက်ပြင်း

      April 6, 2012 at 11:44 am

      ဟုတ်တယ်ဗျို့ ..အင်းမေ့ချ် မွန်းစတား
      ဒျူရယ် ပရော်ဆက်စာ… လွှတ် မြန်တဲ့ ဟာဂျီးဗျာ…
      ကျနော် ဖူးလ်ဖရိမ် အိပ်မက် စွန့်လွှတ်မယ်ဆို ..
      အဲ့ဒါ ကြီး စဉ်းစားမိတာပဲ….

      ခင်တဲ့

      • Mလုလင်

        April 6, 2012 at 2:26 pm

        စဉ်းစားမနေနဲ့ ဝယ်လိုက်တော့ … 8-15 လဲ ပေါ်နေပြီပဲဟာ … Traditional wide view အတွက်ကတော့ ပူစရာ မလိုတော့ဘူး …

        • ဖားသက်ပြင်း

          April 7, 2012 at 6:47 am

          တခုလေးဗျ ..digit5 ပေါ်နေပြီဆိုတော့ ..အဲ့ဒါကို သုံးပြီး midrange တခုခု ထုတ်မလား
          တွေးမိရဲ့ဗျာ …7D က sports category မှာ မင်းမူပြီဆိုတော့ …
          နကွန်းကို သတ်ဖို့ဆိုရင် digit-5 mid-range ကို full-frame နဲ့ ထုတ်နိုင်ချေရှိတယ်ဗျ…
          D-800 နဲ့ လက်ရည်ညီမယ့် ပြိုင်ဘက်သစ် ဆိုပါတော့ …

          အဲ့ဒါမျှော်မယ်ဗျို့ cheers 8D
          😀

  • ချစ်ရင်ထူးနှစ်

    April 6, 2012 at 12:45 pm

    သားတောင်ပဲ 550 D ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ ..
    လေးဂီ ရေ အားကိုးပါတယ်နော် ..
    သားတို့က အရမ်းဘောစိ တာ မဟုတ်တော့ တော်တော်လေး စဉ်းစားနေရတယ်ဗျာ …
    Rule တွေ အကြောင်းလေး ဆက်ပါဦး ဆရာ ..

    • ဖားသက်ပြင်း

      April 6, 2012 at 12:57 pm

      စိတ်ထိခိယက် အောင် ရေးပြန်တယ်…
      လေးဂီ ဆိုဒေါ့ ကျုပ် အသက် ဘယ်လောက် ထင်လို့တုန်း ဟင်င်င်င်
      😀

      • ချစ်ရင်ထူးနှစ်

        April 7, 2012 at 12:16 pm

        လွန်ရော ကျွံရော 27 ပေါ့ ဟ လား ကိုဂီ ..
        အစ်ကို က ကျွန်တော့် ရဲ့ ဆရာပါ ဗျာ ..
        ကျွန်တော့် ကို သင်ပြ ပေး ဆုံး ပါပဲ ..
        ကျေးဇူးနော် .. ကျေးဇူးကိုတော့ နောက်မှပဲ ဝိုက် တစ်လုံးလောက်နဲ့ ဆပ်မယ် စိတ်ကူးထားပါတယ် ..
        နောက်လည်း သင်ပြ ပေးပါဦးနော် .
        ခင်တဲ့
        ခ . ရ . ထ. ၂

  • manawphyulay

    April 6, 2012 at 1:22 pm

    ပြရုံပဲ မပြနဲ့နော်…
    ဂီဂီပြန်လာရင် အဲဒီထဲက တစ်ခုတော့ လက်ဆောင်ပေးရမယ်…. ဒါပဲ

  • kai

    April 6, 2012 at 4:36 pm

    ဂီဂီတယောက်လည်း မလွယ်ဘူး..
    မွဲဆေးဖေါ်ခိုင်းနေပြီ..

    အင်း..
    ဈေးသက်သာတဲ့.. လင်ခ့်တွေတွေ့ရင်ပေးပါဦင်္း…
    ရောဂါပြန်ထလာပြီ… 😕

    http://www.amazon.com/gp/product/B0007Y794O?t=slickdeals&tag=slickdeals
    Canon EF 70-300mm f/4-5.6 IS USM Lens for Canon EOS SLR Cameras
    Price: $434.99 & this item ships for FREE with Super Saver Shipping

    အဲဒါတန်လား..
    =
    ဒါရော.. တခါတည်အကုန်ပါပြီးသား.. (ထင်တာပဲ)
    http://www.amazon.com/Canon-T3i-75-300mm-Telephoto-Accessory/dp/B004UN54RW/ref=sr_1_19?s=electronics&ie=UTF8&qid=1333706982&sr=1-19
    Canon EOS Rebel T3i Digital 18 MP CMOS SLR Cameras (600D) with Canon EF-S 18-55mm f/3.5-5.6 IS Lens & Canon EF 75-300mm f/4-5.6 III Telephoto Zoom Lens + SSE Premium SLR Lens Accessory Package
    Buy new: $979.95

    • Mလုလင်

      April 6, 2012 at 6:33 pm

      မြန်မာ ပြည်ကဈေး နဲ့ ယှဉ် ရင်တော့ တန်တယ် လို့ပဲ ပြောရမှာပဲ သူကြီးရေ …. ဒါနဲ့ 600 အစား 60 ဝယ်ပါလား ဗျ … မထူးတော့ဘူး လေနော့

    • kai

      April 6, 2012 at 11:51 pm

      ဂီဂီရေ… ဒါကတန်သလား..
      အခွန်က10%ထပ်ပေါင်းရမယ်..။

      Canon T3i Kit (18-55 lens) $599 + Tax @ Frys *Not available for Shipping*
      The Canon T3i kit which includes the 18-55 mm lens is on sale at Frys.com for in store pickup and shipping (free) for $599 plus sales tax.

      http://www.frys.com/product/6547673

    • ဖားသက်ပြင်း

      April 7, 2012 at 6:51 am

      70-300mm ကတော့ ဟုတ်ပါပြီ..
      အောက်က range ကို ဘာနဲ့ ကာဗာ လုပ်မတုန်း တွေးကြည့်ရင်
      24-70mm ရှိတယ်…ဗျို့ ….. ဆိုတော့ …
      70-300 ထက်စာရင် ဈေးသက်သာပြီး range ကျယ်တဲ့
      tamron 18-250mm ဆို ၁လုံးထဲနဲ့ ကိစ္စပြတ်လေရဲ့

      ခင်တဲ့
      ဂီ

    • ဖားသက်ပြင်း

      April 9, 2012 at 8:09 am

      ဂလိုရှိတယ် သဂျီးရဲ့ …
      ဒီဇိုင်းနဲ့ ဖိုတိုဂလပ်ဖီ
      မားကတ္တင်းနဲ့ အက်ဒ်ဘာတိုင်းဇီင်း
      ဆိုတာ အမျိုးတွေ မဟုတ်လား ..
      တနေ့ ထမင်းကျွေးတဲ့ ပညာတွေ ဖြစ်ချင်ဖြစ်လာမှာနော…

      အသက်ကလေး၃ဝကျော်လို့ကတော့ ..
      မန်းဒေးတူဖရိုင်းဒေး ပုံမှန်ဝင်ငွေရတဲ့ အလုပ်ကိုလုပ်..
      ဝိခ်အန်း တွေမှာ စကီတသိုက်နဲ့ အောက်ဒိုးထွက်..
      ညတိုင်ဆို ဘီဘီလေး စုပ်ရင်း ရီတာ့ချ်လေး ပြင်….
      ပိုက်ပိုက် ပိုရအောင် အသစ်အသစ် ထွက်လတံ့သော
      ပြင်ပြင်ပြီးညာတဲ့ ပြင်ညာလေးတွေ ဆည်းပူးရင်းကနေ
      အချိန်အားလေး ရှိတဲ့အခါများ ..စာလေးဘာလေးရေး ..

      ကျုပ်တော့ ထမင်းတလုပ်ကို ဝါသနာပါရာ လေး လုပ်ရင်း
      ရှာစားချင်တော့တာရယ်…
      (အဲ့ ၆ချိုးတွေကြောင့်ပဲ …မှောင်မှောင်မဲမဲ မီးဖွင့်ဝင်နေရတုန်း)
      ဒုက္ခ

      🙁

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 6, 2012 at 6:21 pm

    သူများတို့လဲမဝယ်နိုင်ဘူး….လူဇိုးဂီဂီလူဇိုး…..
    အကြီးကြီးဈေးတွေရှိတဲ့ ကင်မလာကြီးကိုလိုချင်နေအောင်လာပြတယ်…..လူဇိုး……
    သူများတွေက…. အမ်ပီဖိုးကင်မလာသာသာဒါ့ပုံရိုက်စက်ပဲရှိတာကို….လောင်းအိတ်ပလိုရှာနဲ့လဲရိုက်ခိုင်းတယ်….
    တူများမှမတိတာအဲအဒိတ်ဘယ်ဂျီးကို….. ရှင်းပြဆိုတော့လဲမရှင်းပေးဘူး…….
    ဂျပန်တွေရဲ့ပင်လယ်ကြီးကိုလည်းမပြဘူး…..စိတ်ဆိုးဒယ်စိတ်ဆိုးဒယ်…..လူဇိုး…..

    • ဖားသက်ပြင်း

      April 7, 2012 at 6:52 am

      long exposure အကြောင်း ကျနော့် ပိုစ့် အဟောင်းတွေ ရှိပါကြောင်း…

      ခင်တဲ့

  • Don Juan Ronald

    April 6, 2012 at 6:31 pm

    ရိုး ရိုး အရပ်သား များ သုံး တဲ့ ဟာ လည်း လုပ် ပေး ပါ ဦး ဆရာကြီး ဂီ ရေ ~~~

    • ဖားသက်ပြင်း

      April 7, 2012 at 7:13 am

      ကျနော် ပိုစ့်အဟောင်း တွေမှာ ၃ပိုင်းခွဲရေးဖူးပါရဲ့ဗျာ…
      ရှာဖတ်ကြည့်ပါနော….

      ခင်တဲ့
      ဂီ

  • weiwei

    April 6, 2012 at 7:45 pm

    ကင်မလာတစ်လုံးလောက်တော့ဝယ်ချင်တယ် …
    ဗမာငွေ ၅ သိန်းလောက်ဆိုရင် ဘယ်လိုမျိုးလောက် ရနိုင်မလဲ ?

      • ဖားသက်ပြင်း

        April 7, 2012 at 6:58 am

        600D ကို 18-55mm နဲ့
        ဒေါ်လှ ၇၉၉ လို့ အဆိုရှိသဗျ

        http://www.amazon.com/Canon-T3i-Processor-3-0-Inch-Vari-Angle/dp/B004J3V90Y/ref=sr_1_1?ie=UTF8&qid=1333758291&sr=8-1

        ကျပ်ငွေနဲ့ဆို ၆သိန်း ကျော် ကျမယ်..
        audio က stereo ဖြစ်ပြီး Full-HD ဆိုလေတော့ …

        D-SLR အနေနဲ့ရော Video Camera အနေနဲ့ ပါ သုံးနိုင်ရဲ့ဗျာ …
        basic level တော်ရုံတန်ရုံ video cam တလုံး ဟာ အောက်ထစ်
        ၃သိန်းကျော် ဆိုတော့ …

        ဒါနဲ့ဆို 2 in 1 ဖြစ်ပါကြောင်း..
        ကြပ်ပေး ..အဲ့လေ လက်တို့လိုက်ရပါသည်

    • ရင်နင့်

      April 6, 2012 at 11:01 pm

      ဗမာငွေ ၅သိန်းဆိုုရင် ကျနော်အခုုဝယ်ထားတဲ့ Canon SX40 HS ရတယ်ဗျ Teleအတွက်တော့ကောင်းတယ်ဗျ optical zoom က၃၅ရှိတယ်
      digital zoom က၁၄ဝထိရှိတယ်

    • kai

      April 6, 2012 at 11:41 pm

      Canon has the refurbished Canon EOS Rebel XS 10.1MP Digital SLR Camera w/ EF-S 18-55mm IS Lens for $400 – $100 off with coupon code SLR412 [Exp 4/14] + Free shipping with stackable code NEW412 [Exp 4/28] = $300 shipped.

      Includes free refurbished gadget bag, Dane-Elec 2GB SD card and tutorial DVD in cart.

      Features:
      10.1 MP CMOS, EOS Integrated Cleaning System, 3 fps
      Li-ion rechargeable battery, 2.5″ LCD, LCD live view mode

      http://shop.usa.canon.com/webapp/wcs/stores/servlet/product_10051_10051_300251_-1?WT.mc_id=C126149

      • Mလုလင်

        April 7, 2012 at 12:04 am

        Local မှာတော့ 1000D လို့ ခေါ်သဗျ ..

        • kai

          April 7, 2012 at 12:25 am

          မြန်မာပြည်မှာ ဘယ်လောက်တန်သလည်း..
          အခုဟာက.. (ကင်န်နွန်ကိုယ်တိုင်ရောင်းတဲ့..ဝ refurbished နော်…။

          ကိုက်ရင် မှောင်ခိုချမလို့.. 😆

        • ဖားသက်ပြင်း

          April 7, 2012 at 7:01 am

          မြန်မာပြည်မှာ စလုံးကနေ ယူရောင်းတာတွေ ရှိတယ် သဂျီး..
          (သိပ်နောက်ကျသွားဘီ…)
          ဆားဗစ်က ၁ပါတ်အတွင်း ရမယ် …ဆိုပဲ
          အမေဇုံမှာ ကြိုက်တာကို လက်ထောက် ငွေဈေးနဲ့ မြှောက်ပြီး
          ၁၀% ပေးစား ရတယ် တဲ့ …

          ဆိုတော့ … အွန်လိုင်း ရှော့ပင်းကို ကွန်မျူနီကေးရှင်းရယ်..
          ဘုစုလျူး ရယ်နဲ့ ရီမစ်စ် လုပ်ပြီး ဆွဲချထားတဲ့ ဘစ်ဇနက်စ်မော်ဒယ်..

          သာဓု ဒုက္ခ ပေါ့ဗျာ..

  • htoosan

    April 6, 2012 at 10:24 pm

    မာကတ်တာ ပညာစွမ်းတွေ တွေ့တယ်ဟုတ်….. 😀

    မွဲဆေးဖေါ်ခိုင်းနေပြီ..

    ဗမာငွေ ၅ သိန်းလောက်ဆိုရင် ဘယ်လိုမျိုးလောက် ရနိုင်မလဲ ?

    Me too

    နောက်တာနော် ဂီ..

  • ရင်နင့်

    April 6, 2012 at 11:07 pm

    ကိုုဂီကျွန်တော်လည်းmacroစမ်းနေတာဗျာ zomm မဆွဲဘဲနဲ့subject နားကိုုပြောင်းကပ်ပြီး manual focus လုုပ်တာပဲအဆင်ပြေတယ်ဗျ
    7D လေးနဲ့ macro ပြောင်းတပ်ပြီးဆော်ကြည့်ချင်တယ် 😀

    • Mလုလင်

      April 6, 2012 at 11:20 pm

      ကိုယ့်ဆြာ ရင်နင့် က .. 7D နဲ့လားဗျ …

      • Mလုလင်

        April 6, 2012 at 11:21 pm

        အပေါ်က comment ကိုမကြည့်မိလို့ပါ ဆြာ ရင်နင့် ရေ …. အာဟိ … လာထား .10 ကျပ် .. 🙂

        • ရင်နင့်

          April 7, 2012 at 10:23 pm

          အောင်မယ်လေးဗျာ ကြက်သိန်းတွေထတာ ဘယ့်နှာဆြာရမှာတုုန်းဗျ ဘေ့စစ်တောင်မသိတဲ့ အာပလာရင်နင့်ပါဗျာ

    • ဖားသက်ပြင်း

      April 7, 2012 at 7:04 am

      7D လိုချင်သားဗျ…
      ဒါပေမယ့် အပေါ်မှာ ကိုလုလင် ကိုဖြေခဲ့သလို
      8D စောင့်ကြည့်ချင်သေးရဲ့ ….
      လက်ရှိဘော်ဒီသေမယ့် အချိန်နဲ့ …
      ဈေးကွက်မှာ လက်တလော ဈေးချိုပြီး
      လက်ခံနိုင်စရာ spec ရှိမယ့် တခုခု ရွေးနိုင်အောင် …
      စောင့်တော့ စောင့်ပါဦးမယ်ဗျာ …

      macro က စာပြန်ဖတ်ရမယ်ဗျို့
      တခြား ဖိုတိုဂလပ်ဖီ တွေမှာ မရှိတဲ့ …တချို့အယူအဆတွေ ရှိရဲ့…

      ခင်တဲ့
      ဂီ

    • ဖားသက်ပြင်း

      April 9, 2012 at 8:15 am

      မက္ကရို ရိုက်မယ်ဆိုရင်ဖြင့်
      minimum focal length ကို သိပြီး
      shallow DOF နဲ့ aperture size ကို
      ချိန်ညှိနိုင်ဖို့ လိုမယ် ထင်ပါကြောင်း..
      လက်တို့သွားပါတယ်
      ဆြာရင်နင့်ရေ…

      • Yin Nint

        April 9, 2012 at 11:10 am

        ကျေးှဇူးပဲဗျို့ဒါနဲ့ဆြာလို့မခေါ်ပါနဲ့ဗျာ ကိုယ့်အကြောင်းကိုယ်သာအသိဆုံးမို့ပါ

  • Khin Latt

    April 7, 2012 at 3:27 am

    (၁) ဝါသနာပါ ပိုက်ပိုက်လိုက်နိုင်
    (၂) ဝါသနာပါ ပိုက်ပိုက်မလိုက်နိုင်
    (၃) ဝါသနာမပါ ပိုက်ပိုက်လိုက်နိုင်
    (၄) ဝါသနာမပါ ပိုက်ပိုက်မလိုက်နိုင်

    မောင်ဂီ ၏ အရီးတော် သည် အမှတ်စဉ်(၄) သမားတည်း။
    သို့ကမို့ကြောင့် မည်သို့ပင် စွဲဆောင်လင့်ကစား မတုန်လှုပ်ချေတကား။ 😉

    သို့ပင်သို့ငြား ဝီရိယလေး စိုက်ထုတ်ဟာ အများတကာကို သွားရည်တမြားမြား ကျအောင် သိမ်းသွင်းနိုင်သဖြင့် ပလပ်(စ်) ဝမ်း ရစေသတည်း။ အဟိ 😆

  • Diamond Key

    April 7, 2012 at 4:17 pm

    နော်တို့လို D3100 သမားလေးတွေမှာ ဒါမျိုးတွေ မြင်ရတော့ သွားရေတမြားမြားပါ တကား။ ဘယ် txtenser tubes လေးမှတောင် မရှိတဲ့သူကို ပြောရက်လိုက်တာ ဂီဂီရယ် …. ပို့ပေးလိုက်လေ …. နမူနာလေး ။ လိုချင်ထှာ ……….. ဪ ….. စိတ်ထိမ်းမှ ။ :mrgreen:

    • ဖားသက်ပြင်း

      April 9, 2012 at 8:03 am

      ပေါ့ထလိပ် စိတ်ပါနေတယ် ..ဆြာသော့ရေ…
      ဒီရက်ပိုင်း ကျနော့် အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးသာ ကြည့်ပါတော့..
      ရီတာ့ချ် တက္ကနီကွေး ကောင်းကောင်း လိုချင်တယ်ဗျာ…
      ဟိုဆြာတွေ လို စကင်းတုန်းလေးဒွေ အု-နု-ဖု-ရွ နေအောင်
      မသေခင်လေး ရိုက်တတ်ချင်ပါသေးဂျောင်း..

      လက်ပကျွတ် ဂန့်နေလို့ သူများ လက်ပကျွတ်တွေကနေ ပွတ်နေရတာ
      သိပ်အားမရတော့ ….

      အိပ်စတန်ဇာ ကျု တွေ လိုချင်ပေမယ့် ကျနော့်မလဲ တယ်လီကောင်းကောင်း
      မရှိသမို့ ..စိတ်ထိန်းနေရပါဂျောင်း…

      😀

  • Diamond Key

    April 7, 2012 at 4:19 pm

    ဪ.. မေ့ကျန်နေသေးလို့ ……….. တစ်လက်မထောင်သွားပါကြောင်း 😀

  • ဦးဦးပါလေရာ

    April 7, 2012 at 5:09 pm

    အော်… အဲဒီလောကမှာ လက်နက်ကြီးတွေ တယ်များပါတကား…

    ဓါတ်ပုံရိုက်ဝါသနာမပါတာ တော်တော်ကံကောင်းတယ်..။

    ခက်တာက ရွာထဲမှာ ဓါတ်ပုံဆရာတွေချည်းအတော်များတော့ တံငါနားနီးတံငါဆိုသလို တနေ့စိတ်ပါလာရင်ဒုက္ခပဲ။

    မဖြစ်သေးပါဘူး ဂီဂီ့ပိုစ့်အဟောင်းတွေ ပြန်ဖတ်ထားဦးမှ…။

  • kai

    April 8, 2012 at 8:36 am

    NIKON D5100 25478 Digital SLR Camera – 16.2 MegaPixels, 3″ LCD, CMOS Sensor, USB, HDMI, GPS Geo-tagging, 1920 x 1080, 30 fps (N13-4860)
    http://www.tigerdirect.com/applications/searchtools/item-details.asp?EdpNo=200292&SRCCODE=WEBLET03ORDER&cm_mmc=Email-_-WebletMain-_-WEBLET03ORDER-_-Deals

    အဲဒါလေးနောက်တပါတ်နေ လက်ထဲရောက်မယ်ဗျို့..။
    အခု လာမယ့် အယ်လ်အေသင်္ကြန်ကို ဗီဒီယို/ဓါတ်ပုံနဲ့.. (စပြီး) မှတ်တမ်းတင်ဖို့ ဖြစ်ပါကြောင်း…။
    ဝက်ဘ်ဆိုက်မှာ တင်ပေးမယ်ဖြစ်ပါကြောင်း…။

    မရှိတဲ့ ပိုက်ပိုက်ထဲက ဖြစ်ညှစ်ဝယ်ဖြစ်အောင်.. တွန်းအားဖြစ်စေတဲ့.. ဂီဂီရဲ့..မားကက်တင်းကို (စိတ်တိုတိုနဲ့) အသိအမှတ်ပြုပါကြောင်း.. :mrgreen:

    • ဖားသက်ပြင်း

      April 8, 2012 at 8:42 am

      How about lens Tha Gyi??
      😛

      Welcome to Rrpublic of DSLR
      😀

    • Foreign Resident

      April 8, 2012 at 10:46 am

      သူကြီးရေ ဘယ်လောက်ကျလဲဟင် ။
      ကျနော်လည်း အဲဒါပဲဝယ်ဖို့ စိတ်ကူးထားလို့ ။
      Auto နှင့်လည်း ရိုက်လို့ရတဲ့ဟာ မဟုတ်လား ။ 🙂

      • kai

        April 8, 2012 at 1:20 pm

        ၇၀ဝကျော်ကျော်လေးကျတယ်..။
        ဟီး.. ဂီဂီပြောမှ မှန်ပြောင်းပါမပါ.. ကြည့်မိတယ်..
        သင်္ကြန်ပြီးလို့.. မကြိုက်ရင်.. ပြန်ပို့လိုက်မှာပါ.. :mrgreen:
        ပါမဲ့ပုံပါ…။ f= 18 – 55mm လို့..ချောင်တချောင်မှာတွေ့တယ်..

        မပါလည်း… မဝယ်နိုင်တော့ဘူးဗျိူ့..။ ရန်ကုန်ပို့ ရောင်းစားပစ်မယ်..။ 😕
        အခုဟာတောင် အကြွေးဝယ်တာ…
        =
        ဒီနေ့ဝယ်ပြီးမှ အောက်ကဟာ ထပ်တွေ့တယ်..။
        Nikon D5100 DSLR Camera
        with 18-55 & 55-300mm
        VR Lenses, Case,
        4GB 30MB/s SD Card,
        DVD, & Guide.
        Built-in High Dynamic Range
        EFFECTS Mode
        3D Tracking Focus
        Full HD Movies
        Item # 580191
        Rated
        4.6 out of 5
        Open Ratings Snapshot
        (out of 400
        reviews )
        Share this Product:
        Facebook Digg DelIcioUs Twitter
        $1,249.99
        Free Shipping

        တဲ့..
        မန်ဘာတွေကို.. ဒေါ်လှ၃၀ဝ လျှော့ပေးဦးမှာ..
        အခွန်ပြန်ထည့်ရင်.. ၁၁၀ဝလောက်နဲ့… မှန်ပြောင်း.. 18-55 & 55-300mm ရမဲ့ပုံ…
        ထပ်ဝယ်လိုက်ရင်ဖြစ်တာပဲ..
        ကော့စကိုက.. တလအတွင်း.. ပြန်ပေးလို့ရတယ်…။

        • koaung

          April 8, 2012 at 3:12 pm

          သူကြီးရေတန်ပါတယ်ဗျာ ပိုက်ဆံဆိုတာကြာကြာထားရင် မှိုတက်တတ်တဲ့အမျိုးပါ ဒီနေ့ဝယ်ရင်ဒီနေ့သုံးလို့ရတယ်နော့ ဟီးဟီး
          ချွန်တွန်းလေးပါ :mrgreen:

        • ဖားသက်ပြင်း

          April 9, 2012 at 7:54 am

          မကြိုက်ရင် ပြန်ပို့မယ် ဆိုပဲ …
          မပို့ပါနဲ့ သဂျီးရယ်…

          ပိုစ့် ပရိုဒတ်ရှင်း ခေါ်တဲ့ …
          retouch လုပ်တဲ့ ပိုစ့်လေးတွေ ရေးပါဦးမယ်…

          စကားမစပ် အဒိုဘီ လိုက်ရွမ်း-ဖိုး ထွက်ပီနော..
          မန်ဘာရှစ်ပ် ဖရီးဝင်ပီး ဒေါင်းလုဒ် ချကာ ၁လ ဖရီးသုံးလို့ရပါကြောင်း …
          ဖရီးတလ ကျော်တဲ့အခါမတော့ ….
          အဟဲ ….
          သဂျီးသိပါတယ်ဂျာ ….
          😀

        • kai

          April 9, 2012 at 2:30 pm

          တကယ်ကို… စိမ်းကားလိုက်ပဟ…
          ကဲ.. စိမ်းလက်စနဲ့ ဂီဂီရေ..
          ဖတ်ရမယ့်စာအုပ်ကောင်းလေး.. ဘာလေး… ညွှန်ပါဦး..။

          အစိမ်းတွေထပ်ထွက်ရအောင်… 😕

          အခုကစပြီး. အထက်အရပ်..အောက်အရပ်တောင်မြောက်ဘေးဘီရှိသမျှအရပ်က.. သေးသေးမွှားမွှား..ပိုးကောင်ဂျပိုးကစပြီး.. ငှက်ကြွက်ယင်ခြင်.. လူကြောင်းကျားလေယဉ်..
          မသက်သာဘူးသာမှတ်ပေတော့လို့… 😆

        • သမိန်ဂီ့

          April 9, 2012 at 2:45 pm

          http://www.amazon.com/500-Poses-Photographing-Women-Photographers/dp/1584282495/ref=sr_1_fkmr2_2?ie=UTF8&qid=1333958524&sr=8-2-fkmr2
          (ဘဏ္ဍာရေး ဝန်ကြီးနဲ့ ကွိုင်တက်ရင်တော့ ကိုယ့်ဟာကိုယ်ရှင်းပါ..)

          သများတော့ ဒါပဲ ကြည့်တယ်…
          သူက ဖတ်စရာမလိုဝူးရယ်…
          သူရိုက်သလို လိုက်ရိုက်ရုံပဲ …

        • ဗိုက်ကလေး

          April 9, 2012 at 2:45 pm

          ဘုရား..ဘုရား..
          ရှောင်လော့ရှားလော့ အရပ်ဂဒို ့ရေ..
          အူးပေါက်ထက်ဆိုးမယ်ထင်တယ်
          😀

        • koaung

          April 9, 2012 at 3:40 pm

          လူပေါင်းမှားတယ်ဆိုတာဒါမျိုးကိုပြောတာထင်ပါ့ စိတ်ထိမ်းကြပါဗျာ ဟီးဟီး ဆိုနီအိုင်း၅ ကိုဒေါ်လှ ၅၀ဝနဲ့ရလိုက်တယ် ဈေးချတာနဲ့ ကလေးကိုဝဝယ်ပေး\လိုက်တယ် ၂၀ဝနီးပါးသက်သာသွားတယ် ၆လပိုင်းမှ အိုင်းပက်၃ကိုဆက်မယ် ဂီဂီရေ့ :mrgreen:

  • bigchef

    April 8, 2012 at 9:38 am

    ကျွန်တော်လဲ 500 d တစ်လုံးတော ့ပိုက်ထားတယ်.ဘာlens ဝယ်ရမလဲ စဉ်းစားနေတာ. ဂီဂီ ရေ ရှဲ ရှဲ နီ။
    ဒါနဲ ့ တို့ပြည် က online service ဖုန်း နံပတ်လေးတော့ ရရင်လိုချင်သား.

  • marblecommet

    April 8, 2012 at 10:50 am

    ဆြာဂီ ကျုပ်တို့ ဖတ်နိုင်တဲ့
    ပို့စ်မျိုးတွေလည်း တင်ပါဦး
    ခင်ညား က တုတ်တွေ ဒါးတွေပဲ
    ပြနေတာဂိုး .ဟိဟိ..

  • ပေစိ

    April 8, 2012 at 5:14 pm

    အနော့လဲ အဝတ်စကြီးထဲဝင်ရိုက်ရတဲ့ ရှေးတုန်းက ကင်မရာလေးတွေ့ရင်ပြောပါဦး ဝယ်ချင်လို့ း)

  • ချစ်ရင်ထူးနှစ်

    April 12, 2012 at 11:00 pm

    ဟ ကိုဂီ ..
    တစ်ခုလုံးလဲ အနီ တွေချည်းပါလား ..

Leave a Reply