လူထု ဒေါ်အမာ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ လွမ်းဆွတ်ခြင်း စာလေးတွေ ရေးရအောင်

black chawApril 6, 20121min1359

မနက်ဖြန် ဧပြီလ ရ ရက်နေ့ဆိုရင် အမေ လူထုဒေါ်အမာ ကွယ်လွန်တာ၄ နှစ်တင်းတင်း ပြည့်တဲ့နေ့ပါ။
ဧပြီလ ၁ ရက် ရွေးကောက်ပွဲမှာ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံသွားတဲ့ ပုံရိပ်တွေကိုကြည့်ရင်း အမေ့ကို သတိရနေမိပါတယ်။
အခုလို ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်ပွဲခံနေတာတွေကို အမေ မြင်မသွားရရှာပါဘူး။
အမေလူထုဒေါ်အမာ ကွယ်လွန်တဲ့ ၄ နှစ်ပြည့် အမှတ်တရ အလွမ်းစကားလေးတွေ ရေးကြရအောင်ဗျာ။
အမေလူထု ဒေါ်အမာ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီထက်ပိုရေးချင်ပေမယ့် ဒီလောက်ပဲ ရေးနိုင်တာကို ခွင့်လွှတ်ပေးကြပါ။
အမေ လူထုဒေါ်အမာကို ကျွန်တော်တို့ ရွာသူားတွေ လွမ်းဆွတ်ခြင်း အမှတ်တရ အနေနဲ့ ကွန်းမန့်လေးတွေ ရေးပေးကြပါလို့
လေးလေးစားစား တောင်းဆိုပါရစေ ခင်ဗျာ။

မိုးမခ က ဓါတ်ပုံပါ ခင်ဗျာ။

9 comments

  • marblecommet

    April 6, 2012 at 11:37 am

    ကိုဘလက်က
    ဆြာမကြီးကွယ်လွန်ခြင်း လေးနှစ်ပြည့်အမှတ်တရေးကြဖို့
    ဆော်ဩတော့ …
    ဘာရေးရမလည်း စဉ်းစားကြည့်တယ်
    ဒါနဲ့ ရွာထဲမှာ ကိုကိုကာလသားတို့ အပျင်းပြေဖို့တင်ကြတဲ့
    မော်ဒယ်ဒါ့ပုံတွေကိုသွားတွေ့တော့မှ
    ဆရာမကြီးရဲ့ စကားတစ်ခွန်းကို သတိရလာတယ်ဗျာ
    ……
    …မိန်းမဆိုတာလှရပါတယ်….လှချင်ရပါတယ်..ဒါပေမဲ့.
    အလှကို ဘဝလို့ ထင်သွားရင်တော့ သွားပြီ……
    ……
    ဆိုတဲ့ စကားလေး ပြန်သတိရမိပါတယ်ခင်ဗျာ……
    ဆရာမကြီးကို လေးစားတဲ့
    ငကမ်း..

  • ဗိုက်ကလေး

    April 6, 2012 at 12:07 pm

    ကျောင်းဒဂါတို ့နဲ ထပ်တူ လွမ်းဆွတ် တမ်းတလျက်ပါဗျာ

  • Khaing Khaing

    April 6, 2012 at 12:44 pm

    မီးကတော့ ဆုတောင်းပေးလိုက်မယ် အမေမာ ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေ …….

  • ဦးဦးပါလေရာ

    April 6, 2012 at 9:50 pm

    အမေက ငယ်ငယ်ကတည်းက နိုင်ငံ့အရေးမှာ တက်ကြွခဲ့သူပါ
    အမေက ခေတ်အဆက်ဆက်ကို ဖြတ်သန်းရင်း အမျိုးသားရေးအတွက် ဘဝကိုမြှုတ်နှံခဲ့သူပါ။
    အမေက နောက်မျိုးဆက်တွေကို အဆုံးအမပေး နည်းပေးလမ်းညွှန်ရင်း တဖက်တလမ်းက ဝိုင်း“ဆယ်”ဘို့ ကြိုးစားခဲ့သူပါ။

    တိုင်းပြည်ကိုချစ်တဲ့
    လူမျိုးကိုချစ်တဲ့
    ပြီးတော့ မြန်မာ့ယဉ်ကျေးမှု့ဓလေ့တို့ ဗဟိုပြုရာ မန္တလေးကိုလဲချစ်တဲ့ အမေ့ကို လွမ်းဆွတ်မိပါတယ်ဗျာ…။

  • ကိုချောရေ ပထမတစ်ခါမန်းတာက ပျောက်သွားတယ်.
    အခုလောလောဆယ်မှာတော့ အမေမာ နှစ်ပေါင်းများစွာနေခဲ့တဲ့အိမ်လေးက အုတ်ပုံဘဝရောက်သွားပြီ။
    အသစ်ဆောက်မလို့တဲ့။
    ကျနော်ငါးတန်းကျောင်းသားဘဝကစလို့ လူထုဦးလှနဲ့ လူှထုဒေါ်အမာတို့ရဲ့စာတွေနဲ့ရင်းနှီးခဲ့ရပါတယ်။
    ကျနော်စာရေးမယ်လို့ဆုံးဖြတ်ချိန်မှာ ဆရာကြီးနဲ့ဆရာမကြီးတို့ရေးတဲ့စကားပြောဟန်ကို အတုခိုးလို့ရေးခဲ့ပါတယ်။
    ကျနော်ရေးတာတွေဖတ်ကောင်းတယ်လို့ ချီးမွမ်းတာခံရရင် ဆရာကြီးနဲ့ ဆရာမကြီး ကြောင့်လို့ခံယူပါ၏။
    သို့သော်လူချင်းတစ်ခါမှ မဆုံဘူး ဆုံခွင့်မကြုံဘူးပါ။
    လေးစားပါ၏။

  • Khin Latt

    April 7, 2012 at 4:26 am

    မြန်မာပြည် က ထက်မြက်လှတဲ့ အမျိုးသမီးကြီး
    တိုင်းပြည်ကိုတိုးတက်စေဖို့ စိတ်စေတနာ နဲ့ စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ခဲ့တဲ့ အမျိုးသမီးကြီး
    ပြည်သူလူထု ဘက်က အမြဲရပ်တည်ပေး ခဲ့တဲ့ အမျိုးသမီးကြီး
    နှောင်းလူတွေ အတွက် သူ့အတွေ့အကြုံတွေ ကို မပြတ်မျှပေးခဲ့တဲ့ အမျိုးသမီးကြီး
    “စာရေးတယ်ဆိုတာ ကိုယ့်ဘာသာ အပျင်းပြေဖတ်ဖို့ ရေးတာမဟုတ်ဘူး။ သူများဖတ်ဖို့ ရေးတာပါ။
    အဲဒီတော့ ဖတ်တဲ့လူကို ကိုယ့်စာက ဘာအကျိုးပြုမှာလဲ။ အဲဒါ အရေးကြီးပါတယ်။ သူ့ခမျာလည်း အချိန်ကုန်ခံပြီး ဖတ်ရကျိုးနပ်ရမယ်လေစာဟာ ကိုယ့်အတွက်ရေးတာ မဖြစ်စေရဘူး။
    စာရေးတဲ့လူမှာ သူများအပေါ်စေတနာအပြည့်အဝ ထားရှိရတယ်။ မင်းစေတနာဟာ မင်းစာမှာ ပေါ်နေမှာ၊ ပေါ်နေတာပါ။” လို့ သူ့လို စာကောင်းတွေ ရေးဖို့ အားကျသူတွေကို နည်းလမ်းပေးခဲ့တဲ့ အမျိုးသမီးကြီး
    ဒီအကြောင်းတွေထက် ပိုပြီးရှိပါသေးတယ်။
    ကျွန်မတို့ သူ့စာတွေကို အမြဲလွမ်းနေသင့် ရုံသာမက အမြဲပြန်နွေး နေသင့် လောက်အောင်ကို သူ့စာတွေဟာ တကယ်ဘဲ တန်ဖိုးရှိလှ ပါတယ် မဟုတ်ပါလား။

  • winkyawaung

    April 7, 2012 at 2:34 pm

    အမေလူထုဒေါ်အမာခင်ဗျာ.. တရားမျှတခြင်းနဲ့ လွတ်လပ်တဲ့ နိုင်ငံတော် ဖြစ်အောင် ရောက်လေဘဝ မှ စောင့်ရှောက်ပေးသနားတော်မူပါ အမေ…။

  • aye.kk

    April 7, 2012 at 3:46 pm

    အမေလူထုဒေါ်အမာသို ့..
    လူ ့တန်ဘိုး၊လူ ့ဂုဏ်သိက္ခာ..
    အင်မတန်အရေးကြီးတာကို..
    ရှေ့ဆောင်ခါလမ်းပြသွားပါတဲ ့အမေ..
    အမေ့ကိုမြတ်နိုး..
    တန်ဘိုးထားလို ့..
    အမေ့လိုနာမည်တစ်လုံးရဘို ့..
    ကြိုးစားကာ၊ရိုးသားစွာနဲ ့နေသွားပါ့မယ်အမေ..
    အမေနောင်တမလွန်ကသာဓုခေါ်နိုင်ပါစေအမေရေ..။။

  • natmi mal88

    April 7, 2012 at 4:03 pm

    လူ့လောက ကနေ ထွက်ခွာသွားပေမယ့် နာမည်ကတော့ ယခုအချိန်ထိအသက်ရှင်ဆဲပါဘဲ….

Leave a Reply