ရန်ကုန် မြို့လယ်နေရာ အချို့တွင် စစ်အစိုးရဆန့်ကျင် စာများပေးဝေပြီး ဆန္ဒပြပွဲငယ်များပြုလုပ်

guestktyJune 11, 20101min570

ယနေ့ မွန်းလွဲ တစ်နာရီ အချိန်ခန့်က ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် ကုန်ဈေးတန်းလမ်း နှင့် သိမ်ကြီးဈေး တစ်ဝိုက်တွင် လူငယ် ၁၁ ဦးခန့်က အချင်းချင်း လက်ခြင်းချိတ်ကာ စစ်အစိုးရ အလိုမရှိဟု ကြွေးကျော် အော်ဟစ်ပြီး စစ်အစိုးရ ဆန့်ကျင် စာများလည်း ဝေငှသွားသည်ဟု သိရှိရသည်။

လူငယ်များ ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို တွေ့လိုက်ရသူ တစ်ဦးက စာတွေ ဝေသွားတယ်။

စစ်အစိုးရ အလိုမရှိ ၊ အာဏာရှင် ကျဆုံးပါစေ

လို့ အော်ကြတယ် ပြီးတော့ ချက်ခြင်းပဲ ဟိုင်းလပ်ကား တစ်စီး လာတော့ တက်သွားတယ် ။ ဘယ်သူမှတော့ အဖမ်း မခံရဘူး ၊ ကျန်ခဲ့တဲ့ စာရွက်အချို့ ကိုတော့ အခု စည်ပင်ရဲနဲ့ ပန်းဘဲတန်း ရဲစခန်း က လိုက်သိမ်း နေတယ်ဟု Freedom News Group သို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် စစ်အစိုးရ ဆန့်ကျင် စာများ ဝေငှမှုအား မည်သည့် အဖွဲ့က ပြုလုပ်သည်ကို မသိရှိရ သေးသော်လည်း ယခု သီတင်းပတ် အတွင်း ရန်ကုန် နယ်နိမိတ်ရှိ တက္ကသိုလ် အချို့တွင် အစိုးရ ဆန် ့ကျင်စာများ ဝေငှမှု ရှိသည်ဟု သိရသည်။ အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂမှ ကျောင်းဖွင့်ချိန် တွင် ဆရာ၊ ဆရာမများ၏ ကျောင်းသား များကို ကျူရှင် မယူ မနေရ ပုံစံဖြင့် စာသင်ကြား နေခြင်းကို ဆန့်ကျင်သွားမည်ဟု သိရသည်။

၂၀၁ဝ – ၁၁ ပညာ သင်နှစ်တွင် အခြေခံ ပညာ ကျောင်းဆရာ – ဆရာ မများက ကျုရှင် မယူသည့် ကျောင်းသားများအား အတန်းထဲတွင် ခွဲခြား ဆက်ဆံမှုများ ပိုမိုပြုလုပ် လာသည်ဟု သိရသည်။

ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုသည် အခြေခံ ကျောင်းများ ဖွင့်လှစ်ပြီး သီတင်း တစ်ပတ်ခန့် အကြာတွင် ဖြစ်သည်။