ဘောင်းဘီချွတ် အောင်ပွဲခံသည့် မကွေး ကစားသမား ပွဲပယ်နှင့် ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်ခံရ

introJune 11, 20101min753

ပြီးခဲ့သည့် မကွေး – ကမော္ဘဇ ပွဲစဉ်တွင် ဂိုးသွင်းအပြီး အသင်းဖော်ကို ဘောင်းဘီ လိုက်ချွတ်၍ အောင်ပွဲခံ ခဲ့သည့် မကွေး ကစားသမား ဟာဘိုဘူကာအား စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အရေးယူ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် ဘူကာသည် ပွဲချိန် ၂ရ မိနစ်၌ အသင်းဖော် အဘိုလာဂျီ ဂိုးသွင်းယူခဲ့ သည်ကို နောက်မှ ပြေးလိုက်ကာ ဘောင်းဘီ လိုက်ချွတ်ပြီး အောင်ပွဲခံ ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်ကို ဒိုင်လူကြီး များ၏ ပွဲပြီး အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခြင်း မရှိသော်လည်း စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ရုပ်သံ မှတ်တမ်းများကို ပြန်လည် လေ့လာပြီး အပြစ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် မကွေးအသင်း အုပ်ချုပ်သူ ဦးတင်ဟန်နှင့် ကစားသမား ဘူကာတို့ကို ခေါ်ယူကာ ယင်းဖြစ်ရပ် ပြန်လည် ပြသပြီး ၂ ပွဲပယ်နှင့် ဒဏ်ငွေ ကျပ် ၃ သိန်း ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ မကွေး အသင်းသည် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို ဝေဖန်မှုများ ပြုလုပ်လေ့ ရှိသဖြင့် ရှင်းရှင်းလင်းလင်း သိသာစေရန် ထိုသို့ ခေါ်ယူခဲ့ခြင်းလည်း ဖြစ်ကြောင်း စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဝင် တစ်ဦးက Soccer Myanmar သို့ ပြောကြားခဲ့သည်။

ဘူကာကလည်း ပရိသတ်အား မဖွယ်မရာ ပြုလုပ်ပြသည့် သဘော သက်ရောက်သော ယင်းဖြစ်ရပ် အတွက် ပြန်လည် တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဘူကာသည် ယင်းပွဲ၌ မိနစ် ၉ဝ ပြည့်အပြီး ဒိုင်လူကြီး၏ ပွဲသိမ်းခရာ မှုတ်ပြီးချိန်တွင် အကျႌချွတ်၍ ကွင်းပြင် ပြေးထွက် အောင်ပွဲခံခဲ့ သဖြင့်လည်း နှစ်ဝါ တစ်နီ ပြစ်ဒဏ် ထိသွားခဲ့သူ ဖြစ်သည်။ ယင်းပွဲတွင် မကွေး အသင်းသည် အမှတ်ပေး ဇယားကို ဦးဆောင် နေခဲ့သူ ကမော္ဘဇ အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်သည်။

3 comments

  • kopauk mandalay

    June 11, 2010 at 3:31 pm

    တယ်လဲ မိုက်ရိုင်းထွားကြိုင်းတာဘဲ။
    ချွတ်စရာလားလို့

  • darkoosky

    July 29, 2010 at 7:19 am

    di kaung ta khu khu taught pya chin pon pe…

  • chittu

    July 29, 2010 at 7:48 am

    အဲ ့လောက်လဲမပျော်သင် ့ပါဘူး
    ဘောလုံးကအလုံးကြီးလေ။

Leave a Reply