$200 ချီးမြှင့်မည့် မြန်မာဆိုက်ဘာ ကမာ္ဘ့ဖလား ခန့်မှန်းပြိုင်ပွဲ

introJune 11, 20101min671

$200 ချီးမြှင့်မည့် မြန်မာဆိုက်ဘာ ကမာ္ဘ့ဖလား ခန့်မှန်းပြိုင်ပွဲ

မြန်မာနိုင်ငံတွင် လူသုံး များသော နာမည်ကျော် မြန်မာ ဆိုက်ဘာ မီဒီယာ ဖိုရမ် (www.mmcybermedia.com) တွင် ၂၀၁ဝ ကမာ္ဘ့ဖလား ခန့်မှန်းပြိုင်ပွဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဆုအဖြစ် ဒေါ်လာ 200 ချီးမြှင့်မည်ဖြစ်ပြီး အမှတ်ပေးပုံစံဖြင့်ကျင်းပမည် ဖြစ်ကာ မည်သည့် ဝင်ကြေးမှ ပေးရန်မလိုကြောင်း သိရသည်။

ဆုကြေးများ အနေဖြင့် –

၁၊။ ပထမဆု ( USD 100 သို့မဟုတ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တွင် ဗိုလ်စွဲသော အသင်းအင်္ကျီ)

၂။ ဒုတိယဆု ( USD 90)

တို့ကို ချီးမြှင့်သွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ မြန်မာဆိုက်ဘာကနေပြီး မကြာခင်မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ခန့်မှန်း ပြိုင်ပွဲ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ခွင့်ရရှိသူများကတော့ Cyber Member နှင့် အဆင့် အထက် မန်ဘာများဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာဆိုက်ဘာ မိသားစုလေး ဘောလုံးပွဲ ကို ရင်ခုန်စွာနဲ့ကြည့်လို့ရအောင်သာ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။
ဆုများ အားလုံးကို မြန်မာနိုင်ငံ သို့သာ ပေးပို့သွားမည် ဖြစ်ပြီး ငွေသားဆု သာ လိုချင်ပါက ပြိုင်ပွဲ ပြီးသည်နှင့် တစ်ပါတ် အတွင်း ပို့ပေးသွားမှာဖြစ်ပါတယ်။ အင်္ကျီ သို့မဟုတ် ပစ္စည်း တစ်ခုခု ယူမည်ဆိုပါက အချိန် အနည်းငယ်မျှ ထပ်မံစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံပါတယ်။” ဟု မြန်မာဆိုက်ဘာမီဒီယာ ဖိုရမ် ၏ Admin Team မှ ပြောကြားပါသည်။

ပြိုင်ပွဲ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်ဟု သိရသည်။

၁။ အမှတ်ပေး စနစ်ဖြင့်သာ ကျင်းပမည် ဖြစ်ပြီး အမှတ်အများဆုံး ၂ ယောက် ဆု ချီးမြှင့်မည်။

၂။ အမှတ်အများဆုံး ဖြစ်နေသော်လည်း နောက်ဆုံးပွဲတွင် ဝင်ရောက် မခန့်မှန်းပါက ပြိုင်ပွဲမှ အလိုလို ထွက်သွားမည်ဖြစ်သည်။

၃။ မန်ဘာများအတွက်သာ ရည်ရွယ်ပြီးလုပ်သည့်အတွက် ပြိုင်ပွဲဝင်ခွင့်ကို cyber member level မှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုသွားမည်ဟု လျာထားသည်။

၃။ ဆုများကိုပေးအပ်ရာတွင် ချန်ပီယံ အသင်းအင်္ကျီ(သို့မဟုတ်) ၎င်း နှင့် ညီမျှသော ငွေကြေး ကို ပေးအပ်မည်ဟု လျာထားသည်။ (ပထမဆုအတွက်သာ)

– ဒုတိယဆုကို ငွေသား ဒေါ်လာ ၉ဝ ချီးမြင့်မည် ဖြစ်ပါသည်။

၄။ ဆုများ အားလုံးကို စာတိုက်မှတဆင့် ပို့ပေးမည် ဖြစ်သည်။ ကြာမြင့်ချိန်သည် ဘောလုံးဝတ်စုံ ဝယ်ယူရရှိသည့် အပေါ် နှင့် စာတိုက် ဝန်ဆောင်မှု ပေးသည့် အချိန်ပေါ်တွင်မူတည်မည်။

ပြိုင်ပွဲ အမှတ်ပေးပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း Admin Team မှ ရှင်းပြပါသည်။

ကျွန်တော် ဥပမာလေးနဲ့ ပြောပါမယ်။ ဘရာဇီး – အင်္ဂလန် ပွဲကို ၂-ဝ လို့ မှန်းတယ်ဆိုပါစို့။ တကယ်ပွဲကန်တော့လည်း ၂-ဝ ဘဲဖြစ်သွားမယ်ဆိုရင် – မှန်းတဲ့သူက

-၁။ အိမ်ကွင်းဂိုး မှန်တဲ့အတွက် ၁ မှတ်

-၂။ အဝေးကွင်းဂိုး မှန်တဲ့အတွက် ၁ မှတ်

-၃။ အရှုံးအနိုင်မှန်တဲ့အတွက် ၁ မှတ်

စုစုပေါင်း ၃ မှတ်ရပါမယ်။

( ရှုံးထွက်အဆင့်တွေရောက်ရင် ပယ်နတီ ကန်ပြီးတဲ့အထိ RESULT ကို ထုတ်ပေးမှာဖြစ်ပါတယ်။ ၉-၆ ဂိုးနဲ့ ပြီးမယ်ဆိုလည်း ၉-၆ ပါဘဲ။ မိနစ် ၉ဝ တွေ အချိန်ပိုတွေ သတ်သတ်မပိုင်းပါဘူး။ နောက်ဆုံး အပြီးသတ် Result ပါဘဲ။)

အုပ်စုပတ်လည် ပွဲ အားလုံးကို ၁ဝ ရက်နေ့ မတိုင်ခင်မှာ ထည့်ပေးသွားပါမယ်။ ပွဲ မကန်ခင် မိနစ် ၃ဝ အလိုထိ ကိုယ်ထည့်သွင်းထားတဲ့ ဒေတာတွေကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ပွဲ ပြိးတာနဲ့ Result များကို ထည့်ပေးမှာဖြစ်ပြီး မည်သူ တစ် ပြေး နေသနည်းဆိုတာကို ချက်ချင်း ကြည့်နိုင်အောင် ပြုလုပ်ပေးသွားပါမည်။

အောက်ပါ မန်ဘာများမှ ယခု ပြိုင်ပွဲကို စပွန်ဆာ ပေးအပ်ခဲ့ပါသည်။

–၁) balagyi2007

–၂) ဇင်ဝေ(zinwai)

–၃) hiddenspider

–၄) phoejune

မြန်မာဆိုက်ဘာမှ မန်ဘာများကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်ဟု ကျွန်တော်တို့ Admin Team မှ ပြောကြားလိုပါသည်။

လေးစားစွာဖြင့်

The Grade

(မြန်မာဆိုက်ဘာမီဒီယာ ဖိုရမ်)

ပြင်ပွဲအသေးစိတ် အချက်အလက်များကို သိရှိလိုသူများနှင့် ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မြန်မာဆိုက်ဘာမီဒီယာ ဖိုရမ် http://www.mmcybermedia.com တွင် Register ပြုလုပ်၍ ဝင်ရောက်စုံစမ်းကာ ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။

One comment

  • khinmintatthu

    June 11, 2010 at 1:48 pm

    စိတ်ဝင်စားစရာတော့ကောင်းတယ်နော်။ ဘောလုံးပွဲကြည့်ရတာလဲ အလောင်းအစားထည့်သွင်းထားသလိုမျိုးဆိုတော့ ကြည့်လို့လည်း ကောင်းမယ့်ပုံပဲနော်….

Leave a Reply