အိုင်ဗရီကို့စ်မှ ကစားသမား ၄ ယောက်ကို ရတနာပုံအသင်းစမ်းသပ်

khinmintatthuJune 11, 20101min720

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့သော ရတနာပုံအသင်းသည် အိုင်ဗရီကို့စ်မှ ကစားသမားများကို ရတနာပုံအသင်းတွင် အစားထိုးရန်ရှိနေသော ဂျွန်နှင့် ကိုပါအိုရီတို့၏နေရာများတွင် အစားထိုုးရန်အတွက် ရိုဒရီဂွေး တာဟီ (၂ဝ နှစ်)၊ မောက်ဆာ ဆာနိုဂို (၂၃ နှစ်)၊ ဟီလာရီ အက်ဆာလီ မိုလို (၂၂ နှစ်)နှင့် အီဘရာဟင် ကနူတေး (၁၉ နှစ်) တို့ကို အစားထိုးရန်အတွက် အရန်အသင်းလိဂ်ပြိုင်ပွဲဝင်ရန် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေသော ရတနာပုံအရံအသင်းများ၏ခြေစမ်းပွဲများတွင် ထည့်သွင်းကစားစေပြီး စမ်းသပ်မှုများပြုလုပ်သွားမည်ဟု အသင်းကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားရန်ရှိနေသော ဒယ်လ်တာနှင့်ပွဲစဉ်တွင် ပွဲထွက်ကစားသမားများကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ဂျွန်နှင့် ကိုပါအိုရီတို့နှစ်ဦးစလုံး ပါဝင်နေ ကြောင်း သိရှိရသည်။ ရတနာပုံအသင်းနှင့် ဒယ်လ်တာအသင်းတို့ ယှဉ်ပြိုင်ကစားကြမည့် ပွဲစဉ်သည် မြန်မာနေရှင်နယ်လိဂ် ပထမပွဲစဉ်၏ နောက်ဆုံးပွဲစဉ်ဖြစ်နေသည်။ အဆိုပါပွဲကို ရတနာပုံအသင်း အနိုင်ရရှိအောင် ကစားနိုင်ပါက အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့  ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယနေရာရရှိမည်ဖြစ်သည်။ ဇေယျာရွှေမြေအသင်းရှုံးနိမ့်ခဲ့လျင်မူ အဆင့် ၁ နေရာသို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ဒယ်လ်တာအသင်းမှာလည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် တောင့်တင်းသော အသင်းတစ်သင်းဖြစ်ပြီး ကစားအားကောင်းတဲ့အသင်းတစ်သင်းလည်းဖြစ်ပါ တယ်။ အိမ်ရှင်ရတနာပုံအသင်းအတွက် ခက်ခဲနိုင်တဲ့ပွဲတစ်ပွဲဖြစ်ပြီး သရေတစ်မှတ်ကိုလည်း အိမ်ရှင်ဆီမှ ခွဲယူနိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းနဲ့ ဆုံတွေ့ရမှာဖြစ်လို့ အကြိတ်အနယ်ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲတစ်ပွဲအဖြစ် ပရိတ်သတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။