မန်းလေးမှာကျသောမိုုးသီး

ဆိုုး tApril 7, 20122min22816

၆ရက်နေ့..နေ့လည်၃နာရီလောက်မန်းလေးမှာမိုုးအရမ်းရွာပါတယ် ၂နာရီလောက်တုုန်းကတောင်ပူကြပ်နေတာပါပဲ မိုုးတွေအရမ်းရွာပြီးမိုုးသီးတွေရောပါ ပါတယ် အစတုုန်းကတော့ကျနော်လည်းသတိမထားမိဘူး ရွာကစကခေါင်မိုုးပေါ်မှာဒုုန်းဒုုန်း ဒုုန်းဒုုန်း ဆိုုတော့မိုုးရွာတာသည်းလိုု့ပေါ့ နောက်ကျတော့မှ
မိုုးသီးတွေမှန်းသိတာ ရေခဲဆိုုတော့လည်း ကျလိုုက် အရေပျော်လိုုက်နဲ့ပါပဲ ဒါနဲ့ကျနော်လည်းဓာတ်ပုုံလေးတွေရိုုက် ခုုတော့ဒီမှာတင်လေးလိုုက်ပါတယ်

၁..အများကြီးပဲ
၂..လေလည်းအရမ်းပါတယ် သစ်ကိုုင်းတွေလည်းကျိုးပေါ့
၃..ဖြူဖြူလေးတေ
၄..မိုုးတွေသည်းနေတာ
၅..အိမ်ထဲခုုန်ဝင်လာတဲ့မိုုးသီးလေး
၆..ဒါအပြင်ဘက်က
၇..ရေစက်လေး၂စက်
၈..နေနည်းနည်းပွင့်လာပီ

တစ်ကယ်တော့နေပွင့်တာနေလုုံးတောင်အပြည့်မပေါ်လိုုက်ပါဘူး ခနနေကျတော့မိုုးတွေအုုံ့ပြီးပြန်ရွာတာပါပဲ ဒါပေမဲ့မိုုးသီးတော့မပါတော့ပါဘူး

၉ ..မိုုးတိမ်မဲတွေ

16 comments

  • water-melon

    April 7, 2012 at 7:50 am

    အမလေး မပြောပါနဲ့တော့တော်
    သများလေ အဲဒီနေ့က သင်တန်းကနေပြန်လာတာ
    ကျုံးဘေးကနေ လေတွေကလည်းတိုက် သစ်ကိုင်းတွေလဲကျိုး
    ၂၆ဘီလမ်းက မီးပွိုင့်တောင် ကိုယ်ရှေ့ကျိုးကျတာ
    ဆိုင်ကယ်ရှေ့ခြင်းထဲကျလာတဲ့ မိုးသီးတွေတော့ကောက်စားသေးတယ်

    • Thel Nu Aye

      April 7, 2012 at 9:10 am

      နို့ဆီလေးပါယူသွားရမှာဖြဲမရဲ့။ သများတို့ငယ်ငယ်တုန်းကဆို မိုးသီးကျတာနဲ့ရေတံလျှောက်ထဲမှာ ခွက်နဲ့ခံပြီး နို့ဆီနဲ့သုတ်စားတာ။

    • ရင်နင့်

      April 7, 2012 at 10:06 pm

      မျက်နှာကောစပ်မှစပ်ရဲ့လားဗျ 😛

    • ရင်နင့်

      April 7, 2012 at 10:14 pm

      ကျေးဇူးပါဗျာ ဦးပေါက်..ဦးပေါက်လည်းကောင်းတာ ကျနော်သိပါတယ် 🙂

  • TTNU

    April 7, 2012 at 10:39 am

    ပုံလေးတွေမိမိရရရိုက်လိုက်နိုင်တာတော်လိုက်တာ။

    • ရင်နင့်

      April 7, 2012 at 10:16 pm

      တီချာကြီး ကျေးဇူးပါခင်ဗျ

  • ဗိုက်ကလေး

    April 7, 2012 at 10:46 am

    မိုးသီးမမြင်ဖူးလို ့ မြင်ချင်နေတာနဲ ့ ကွိတတ်ပဲဗျာ..
    တင့်ခရု
    ဒိုင်းညှောင့်

  • moethidasoe

    April 7, 2012 at 1:12 pm

    တောင်ကြီးမှာလဲ .. ၄ ရက်နေ့ နေ့လည်ပိုင်းမှာ မိုးသီးတွေ ကြွေပါတယ် .. ဓါတ်ပုံထက် ဗီဒီယိုတွေသာ ရိုက်ထားတဲ့ အတွက် တင်ပေးဖို့ ခက်နေပါတယ် .. ဒီတစ်ကြိမ်က ပထမဆုံးတွေ့ဖူးတာပါ .. ဗီဒီယို တင်လို့ ရမယ် ဆိုရင် လမ်းကြောင်းပြပေးပါ ..

  • snow white

    April 7, 2012 at 1:25 pm

    မိုးသီးစားဖူးတယ် မြင်လည်းမြင်ဖူးတယ် မိုးကရန်ကုန်မှာရွာမလိုတော့ဖြစ်ပြီးခုထိမရွာသေးဘူး သိကြားမင်းလည်း မန်းလေးကို ချစ်တယ်ထင်တယ် မန်းလေးကိုအရင်ရွာပေးတယ်နော် စိုင်းစို်င်းတောင်နှစ်တု်ိင်းသူမွေးနေ့ကိုရန်ကုန်မှာဘဲလုပ်ပြီးတော့ ဒီနှစ်တော့ထူးထူးခြားခြားမန်းလေးမှာလုပ်သေးတာဘဲလေ

  • photwenty

    April 7, 2012 at 1:49 pm

    နေပွင်.လာတဲ.ပုံလေးအရမ်းမိုက်တယ်ဗျာ
    ကူးသွားမယ်ဗျို.

  • ရင်နင့်

    April 7, 2012 at 10:16 pm

    ရပါတယ်ဗျာ ကူးသွားပါ

  • မွန်မွန်

    April 8, 2012 at 3:55 pm

    ချစ်စရာလေးတွေနော်…
    ခုမှပဲမြင်ဖူးတော့တယ်..
    စားရင် ဘယ်လိုအရသာလေးလဲဟင်…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 1:40 pm

    ဝါးးးးးးးးးးအများကြီးပဲနော်….
    နည်းနည်းတောင်ကြာသွားပြီပဲ…။

  • si tone

    August 14, 2012 at 2:53 pm

    ဟာ ………………….. မိုးသီးလေးတွေက ချစ်ဖိုကောင်းတယ်နော်…….
    စားလဲစား ချင်တယ်

  • mayjuly

    August 14, 2012 at 3:54 pm

    ခုမိုးသီးက နဲနဲ ကြီးတယ်နော်..မိုးပေါ်က ကျလာတုန်းက တော်တော်ကို ကြီး လို့ဖြစ်မယ်နော် ….

    ငယ်ငယ်က တွေ့ဖူးတဲ့ မိုးသီးက နဲနဲသေးတော့ ကောက်စားလိုက်တာနဲ့ လက်ထဲတင်ပျော်ပျော်သွားတယ် …

    ရေခဲတုံး အသေးစားလေးတွေ လိုပဲနော် …

Leave a Reply