လောဖက်ကမ်းသို ့ အလည်တစ်ခေါက်ရောက် ခဲ့သည်

aye.kkApril 7, 20124min21318

လောဖက်ကမ်းသို ့ အလည်တစ်ခေါက် သွားရောက်ခဲ့ရင်း

အမှတ်တရ  ရိုက်လာခဲ့သောပုံလေးများဖြစ်ပါသည်။

လောဖက်ခြမ်းက ကမ်းနားအလှ။

လောကမ်းနားလမ်းက ဈေးတန်းလေး။

လော ဆိုင်းဘုတ်ကလေးအား အမှတ်တရ။

လောမှထွက်သည့် ကာမအားတိုးဆေးအရက်များက ဆိုင်တိုင်းရောင်းချကြပါသည်။


အသည်းယား စရာမြွေဆေးအရက်။ သူတို ့ ့အတွက်ကအားဆေး။

မြွေနှင့်တောက်တဲ့ဆေးအရက်။

ကင်းမြီးကောက်ဆေးအရက် ယောင်္ကျားးလေးတွေစွဲမက်။

မြွေဟောက်ဆေးရည်စိမ်ဂျင်စင်းပါအရက်။

လော အမှတ်တရ လက်ဆောင်ပစ္စည်း။

အမှတ်တရ ဆင်ရုပ်လေး။

မြေကြီးထဲ အိမ်ဖွဲ ့ခါ အကောင်ပေါက်ရသော အီဒုတ်များ။
ဒေသ ဟင်းလျှာအစားအစာ အဖြစ်ချက်စားကြသည်။

အီဒုတ်အကောင် သေလေးအား အနီုးကပ်တွေ ့ရသည်။

ကမ်းနဖူးကဓါတ်မီးတိုင်အလှများ။

လော (MAP) ဆိုင်းဘုတ် အမှတ်တရ အဖြစ်ရိုက်ခဲ့သည်။

လောကနေပြန်ခဲ့ပြီ ဆိပ်ကမ်းလေးအားအမှတ်တရ။

18 comments

  • အခြောက်မလေးဖရဲ

    April 7, 2012 at 3:44 pm

    ကိုပေကတော့ လောသွားတော့မယ်ထင်
    ဘာလို့လဲဆိုတော့ သူ့အကြိုက်တွေပေါလို့
    ဘာတွေလဲဆိုတာ ပြောတော့ဘူးနော် 😀

  • ကိုရင်မောင်

    April 7, 2012 at 4:12 pm

    ကင်းတွေမြွေတွေတယ်ပေါ့တဲ့နိုင်ငံပါလား…
    ကျေးဇူးဘဲအေကေကေရေ……

  • metallic

    April 7, 2012 at 4:22 pm

    လောရဲ့ဒီဘက်ကမ်းက ဘယ်နယ်ပါလိမ့်
    မြန်မာနိုင်ငံဘက်ကမ်းကနေသွားတာလား
    ဟုတ်ခဲ့ရင်ဘယ်မြိုှု့နယ်ထဲကပါလဲ သိပါရစေ
    ကျေးဇူးပါ

    • aye.kk

      April 7, 2012 at 6:22 pm

      metallic,ရေ..
      ထိုင်းနိုင်ငံမယ်ဆိုင်ကတစ်ဆင့်ကျင်းရှဲန်ကနေသွားတာပါ..
      ကျင်းရှဲန်မှာရှိတဲ့သုံးနိုင်ငံထိစပ်နေတဲ့နယ်နမိတ်တည်ရှိရာ
      (Golden-Triangle)ကိုသွားလည်ခဲ့တာပါ။
      ကျင်းရှဲန်ကမ်းနဖူးမှာတည်ထားတဲ့ဘုရားလည်းဖူးရင်း..
      မဲခေါင်မြစ်အလှတွေခံစားရင်း၊လောဖက်ကမ်းကိုလည်းအလည်ရောက်သွားခဲ့တာပါ။

  • ဗိုက်ကလေး

    April 7, 2012 at 4:54 pm

    အားပါး..
    ဆေးအရက်တွေ အသဲယားစရာပဲဗျာ..
    ဒါတွေဒီလိုရှိတာ ကြားဖူးယုံကလွဲ ပြီး မမြင်ဖူး မစမ်းသပ်ဖူးဘူး..
    ကျုပ်ဘော်ဒါ မောင်ပေတော့ သုံးဖူးမယ် ထင်ပါ့..
    သူလာမှ မေးကြည့်ဦးမယ်..

  • manawphyulay

    April 7, 2012 at 5:05 pm

    လောက ဘယ်နေရာမှာရှိတာလဲဟင်… နယ်မြေက အေးချမ်းတယ်နော်… အောက်က ပုလင်းတွေထဲကလည်း အသည်းယားစရာကောင်းတယ်….

    • aye.kk

      April 7, 2012 at 6:01 pm

      မနောရေ..
      မြန်မာဖက်ကမ်းကနေလည်းသွားလို ့ရပါတယ်..
      တာချီလိတ်ဝမ်ပုံကျေးရွာမှတစ်ဆင့်ပေါ့နော်..။

  • ဦးဦးပါလေရာ

    April 7, 2012 at 5:27 pm

    တရုတ်နားနီးလို့ထင်တယ် ။ အကောင်ဆေးစိမ်အရက်တွေသောက်လေ့ရှိတယ်ဆိုတော့လေ..။

  • ဆူး

    April 7, 2012 at 5:45 pm

    ကမော္ဘဒီးယား သွားတုန်းက အဲလို အရက်ပုလင်းတွေ မြင်ဖူးတယ်။ ဘာမှန်းကို မသိတာ.. ထူးဆန်းတယ်လို့သာ တွေးမိတာ.. အတွင်းမှာ အကောင်လေးတွေ အစီအရီထည့်ထားတာတဲ့ ပညာကိုတော့ အံ့ဩမိတယ်။
    အခုနောက်ပိုင်းမှ အဲဒီ အရက်ဆိုတာ ဘာအတွက်လဲ ဆိုတာ ရွာထဲမှာ ဖတ်ဖူးမှ သိတာ။
    ဒီမှာ စာဖတ်တာလည်း ဗဟုသုတ တိုးပါတယ်။

  • snow white

    April 7, 2012 at 6:39 pm

    အကောင်တွေနဲ့များဆေးဖော်တယ်နော် ဝဋ်လည်မှာမကြောက်ကျဘူးနော် တို့ မြန်မာလူမျိုးအနေနဲ့ကြည့် ရင်ဝဋ်လိုက်မှာကြောက်ပါတယ် ဘာတွေဘယ်လောက်ဘဲအားရှိရှိ ဝဋ်လိုက်မှာတော့ကြောက်မိသည်

  • ချာလီဂဇက်ဒလဝမ်

    April 7, 2012 at 11:05 pm

    ကျုပ်တော့ မသောက်ရဲဘူးဗျို့
    အကောင်တွေ မမြင်ရရင်တော့ တမျိုးပေါ့
    ခုတော့ မြင်တာနဲ့ တင် အသဲထဲက ယားစိစိနဲ့ . . ခိခိ .

  • Khin Latt

    April 8, 2012 at 3:55 am

    လော ကို လာအို လို့လဲ ခေါ်တယ် မှတ်တယ်။
    သူတို့မှာလဲ ဘုရင်စနစ် ရှိခဲ့ဘူးတယ် ထင်တယ်။
    သူတို့ကို ကြည့်ရတာလဲ မြန်မာပြည် နဲ့ သိပ်ပြီးကွာမယ် မထင်လှဘူး။
    အစ်မအေး ထိုင်း ဘက် သွားတုန်းက ရိုက်ထားတဲ့ ဗျူး တွေ နဲ့ ကွာတာ သတိထားမိလို့။
    မရောက်ဘူး တဲ့ နေရာတွေကို အသစ်ဆန်းကြည့်ရလို့ ကျေးဇူးပါအစ်မအေးရှင့်။ 🙂

    • aye.kk

      April 8, 2012 at 11:02 pm

      မလတ်..
      အမှန်ကLAOS ဆိုတော့လာအိုလို ့ပဲခေါ်တာပါ..
      ဒီဒေသသုံးနေကြတာအများက၊လောလို ့ပဲသုံးနှုံးနေကြတာမို ့ပါ၊ယိုးဒယားတွေရောပါဘဲ..
      အဲဒီနေ ့ကယိုးဒယားကကျောင်းဆရာမလေးကအရမ်းခင်နေလို ့လိုက်ပို ့ပေးလို ့ ့ရောက်ဖြစ်ခဲ့တယ်။
      ပါးစပ်ရာဇဝင်လေးကြားဘူးတာပြောပြချင်ပါတယ်..
      ရှေးယ္ခင်ကတော့ဘုရင်စနစ်နဲ ့အုပ်ချုပ်ခဲ့ရင်း..
      တစ်ဗိုလ်တက်တစ်ဗိုလ်ဆင်းနန်းလုရင်း(အာဏာလုပွဲ)တွေနဲ ့ပြီးဆုံးနေလို ့..
      တိုင်းပြည်တိုးတက်အောင်၊ထူထောင်နိုင်အောင်၊ဖြစ်ထွန်းနိုင်အောင်မလုပ် နိုင်ကြဘူးလို ့ ပြောပြကြတယ်၊ကျမရောက်ခါစကလည်းလောကိုဗမာဖက်ခြမ်းကနေသွားဘူးတယ်
      (ဝမ်ပုံဆိပ်ကမ်း)ကနေကူးသွားတာပါ။
      အဲဒီတုံးကလည်းနယ်ဖက်ကကျေးရွာအများစုပေါ့နော်..
      ကျေးရွာဥက္ကဌ နေရာရတဲ့သူကို
      မကျေနပ်ရင်အချင်းချင်း(ဆွေမျိုးရင်း)ထဲကပဲသတ်ပြီးကိုအာဏာလုနေကြတာတွေ..
      မကြာခဏကြားခဲ့ရတယ်။ဥက္ကဌနေရာဆိုမမြဲဘူးလို ့ရွာခံတစ်ဦးကပြောပြတာပေါ့နော်။
      ဒီဘက်ခေတ်ထိကိုကူးစက်လာခဲ့တယ်တဲ့၊မြို ့တော်မှာတော့မဖြစ်တော့ဘူးလို ့သိရတယ်။
      ဟင်းသီးဟင်းရွက်တွေလည်းလတ်လတ်ဆတ်ဆတ်တွေမမြင်ခဲ့ရဘူး..
      ဈေးကမနက်ပိုင်းလေးဘဲလာပြီးခင်းရောင်းကြတယ်..
      ရေရှားပြီးမြေကလည်းမကောင်းဘူး။အစစအရာရာအားလုံးဈေးကြီးနေသလိုပဲ။
      ဘာမှမဝယ်ဘဲရောက်ဘူးတယ်ဆိုတဲ့သဘောလေးထားပြီးပြန်လာခဲ့တယ်။
      အာဏာလုရင်းတိုင်းပြည်မတိုးတက်နိုင်တာကိုလည်းစိတ်ထဲသံဝေဂရမိခဲ့ရတယ်။
      သိသလောက်ပြောပြမိတာပါ..။

  • weiwei

    April 8, 2012 at 9:03 am

    ဘကြီးပု တစ်ခါ ပြဖူးတာ မှတ်မိသေးတယ် …
    တာချီလိတ်ဘက်ကို ရန်ကုန်ကနေ ကားလမ်းအဆင်ပြေလားသိချင်ပါတယ် … လမ်းပန်းဆက်သွယ်ရေးကောင်းရင် တစ်ခါလောက်တော့ သွားလည်ချင်လို့ …

    • aye.kk

      April 8, 2012 at 7:27 pm

      ဝေဝေရေ..
      ရန်ကုန်-တောင်ကြီး-တာချီလိတ်
      ကားလမ်းခရီးနှစ်ဆင့်စီးရလိမ့်မယ်။
      ကားလမ်းခရီးကပင်ပန်းမယ်၊အများအားဖြင့်လေယာဉ်ခရီးလမ်းကိုသာ
      အသုံးပြုကြတာများတယ်။ကားလမ်းခရီးကသွားနေကြမောင်းနေကြမဟုတ်ရင်
      အဆင်ပြေနိုင်မယ်မထင်ဘူး၊ကိုယ်ပိုင်ကားစီးသူတွေဒီလမ်းခရီးကိုအထာမသိရင်
      မမောင်းရဲကြဘူး။
      အလယ်လာမယ်ဆိုအတတ်နိုင်ဆုံးကူညီပေးပါရစေ။

  • marblecommet

    April 8, 2012 at 11:24 am

    အဲဒီ ဆေးအရက်တော့ မသောက်ရဲပေါင်
    အသည်းယားစရာကြီး
    သင်းခွေချပ်အရက်တော့ သောက်ဖူးတယ်
    တကတည်း နှစ်ခြောက်ဆယ်အတွင်းအားကို
    ခဏချင်း ရလိုက်သလိုပဲဗျ ဟဲဟဲ…

  • pooch

    April 8, 2012 at 9:30 pm

    ဒီးဒုတ်အကောင်သေလေးက အူယားစရာလေး ။ တွင်းအောင်းဆိုတော့ ဆိမ့်နေမှာပဲ ထင်တယ် အရသာက။
    စားရဲမှာတော့ မဟုတ်ဖူး။ အန်တီအေး စားဖူးလား ။

    အကောင်ပလောင်တွေကို စိမ်ထားတာကတော့ မောင်ပေ့အကြိုက်ပဲ ။ ဒီပုံတွေ မြင်ပြီး သူများ သွားလည်ချင်စိတ်ပေါက်နေမလား မသိဘူး။

    အရီးလတ်ပြောသလိုပဲ ကျမတို့နဲ့ သိပ်မကွာလှဘူး ထင်ပါရဲ့။ ပုံစံလေးတွေကလည်း ခပ်ဆင်ဆင်ပဲ။

  • aye.kk

    April 8, 2012 at 10:22 pm

    pooch,..ရေ
    အီဒုတ်ကိုမစားဖူးဘူးကွယ်..
    သဘာဝကဆန်းကျယ်တယ်နော်။
    အန်တီစဉ်းစားတာက၊အီဒုတ်ကမြေကြီးထဲမှာအိမ်ဖွဲ ့ပြီးသူ ့သားလေးကို
    သားကောင်မမြင်အောင်ထားတာကိုပါ။
    ဘယ်လိုအသက်ရှင်နေထိုင်ပြီးအကောင်ပေါက်စေသလဲဆိုတာစဉ်းစားမရဘူး။
    အကောင်ကြီးထွားလာတဲ့ချိန်အဲဒီအိမ်အလုံးကြီးထဲကနေဖောက်ခွဲထွက်လာတယ်လို ့ပြောပြကြတယ်။
    တောင်ကြီးမှာလည်းရှိတယ်တဲ့၊ညောင်ချဉ်ရွက်နဲ ့ချဉ်ဟင်းအဖြစ်ချက်စားကြတယ်လို့ပြောတယ်။
    အန်တီကမတွေ ့ဘူးလို ့ဝယ်လာခဲ့တယ်၊သုံးလုံးကို(10)ဘတ်ပေးခဲ့ရတယ်။
    ရောင်းတဲ့မိသားစုကဆင်းရဲလွန်းလှလို ့အန်တီကကုသိုလ်လုပ်ခဲ့သေးတယ်။
    လောကအန်တီတို ့ထက်ဆင်းရဲလှတယ်လို ့မြင်မိတယ်။

Leave a Reply