ကျွန်တော်အိမ်ကိုလာတဲ့ ဧည့်သစ်လေးတွေ

Diamond KeyApril 7, 20122min24143

အိမ်သစ်က မိတ်ဆွေသစ်လေးတွေကို မော်ဒယ်ထားပြီး ရိုက်လိုက်တာပါ။

ပုံစာတွေကိုတော့ ကိုယ့်စိတ်ကြိုက်သား ဖြည့်ဖတ်ပါတော့။

စိန်သော့ လက်ဆော့ထားပါတယ်။

https://www.facebook.com/KKDPC

43 comments

  • အခြောက်မလေးဖရဲ

    April 7, 2012 at 3:41 pm

    ဦးသော့
    မီးကိုလည်း အဲလိုရိုက်ပေးနော်
    ှီုဦးသော့ ရှည့်လေးတွေရောလာမစားဘူးလားဗျ

  • Diamond Key

    April 7, 2012 at 3:47 pm

    ဒီအိမ်ပတ်ဝန်းကျင်မှာတော့ ရှည့်လေးတွေ မတွေ့သေးဘူး ဖရဲရ။ စာကလေးတွေကတော့ များတယ်။ အဲ … ဒီကောင်လေးတွေ ကိုရီးယားကားတွေ ကြည့်ဖူးနေတယ် ထင်တယ်ဟ ……… ဟိုနား ဒီနား ပျံကာသွားရင်းလေ။ ဘာလို့လည်းဆိုတော့ ကိုယ်အေးအေးဆေးဆေး ဓါတ်ပုံ ရိုက်လို့ရတယ် သူတို့ကို ….. :mrgreen:

  • weiwei

    April 7, 2012 at 3:53 pm

    ချစ်စရာကောင်းလိုက်တာ …
    သူတို့ပျော်နေတာကြည့်ပြီး ကြည်နူးရပါတယ် …

  • aye.kk

    April 7, 2012 at 3:58 pm

    very, very, good.
    thank you.

    • Diamond Key

      April 7, 2012 at 4:31 pm

      ဟုတ်ပါတယ် မဝေနဲ့ AyeKKရေ၊ သူတို့လေးတွေ ကိုကြည့်ရတာကပဲ စိတ်ကို ကြည်နှုးစေပါတယ်ဗျာ 😀

  • metallic

    April 7, 2012 at 4:14 pm

    စာကလေးကို အဲဒီလောက်ချစ်စရာကောင်းမှန်းမသိခဲ့ဘူး
    ဟီး..
    စာကလေးတော့ဟုတ်ပါတယ်နော်
    ှုငှက်တွေကိုနာမည်နဲ့တွဲပြီးသိပ်မမှတ်မိတက်လို့
    သစ်ပင်ပန်းပင်တွေလောက်လေ့လာရတာမလွယ်လို့
    ( ကြီးကြီးကျယ်ကျယ်လေ့လာတယ်တဲ့ အမှန်ကတော့
    စနစ်တကျလေ့လာဘို့ကိုးကားစရာတွေက လက်လှမ်းမမီလို့ း))
    ကျနော်တို့ကတော့ ကြီးပါပြီ
    နောင်လာနောက်သားတွေ လေ့လာကြဘို့ပါ း)

  • Thel Nu Aye

    April 7, 2012 at 4:39 pm

    စိတ်အေးလက်အေးစားနေလိုက်တာ။ ချစ်စရာလေးတွေ။

  • ဗိုက်ကလေး

    April 7, 2012 at 4:46 pm

    ကိုသော့
    စာဂလေး ချစ်တယ်ထင်ပါ့
    ရောက်တဲ့အိမ်တိုင်း စာဂလေးအတွက်အိမ်နဲ ့စပါးတွေ ထားထားပေးထားတာ..
    သာဓုနော

  • ဆူး

    April 7, 2012 at 5:04 pm

    ချစ်စရာ ကောင်းလိုက်တာ.. သူတို့ လေးတွေ ကြည့်ရတာ ပေါ့ပါးလွတ်လပ်လိုက်တာနော်။

    ပထမဆုံး ပုံလေးက ဇောက်ထိုးကျတော့မလား ထင်ရတယ်။

  • manawphyulay

    April 7, 2012 at 5:09 pm

    လက်ပဲဆော့တာနော်။ ခြေပါဆော့ရင်တော့ ပုံတွေက ရှယ်တွေပိုဖြစ်မှာ မြင်ယောင်သေးတယ်။

    • Diamond Key

      April 7, 2012 at 5:24 pm

      ခြေပါဆော့လိုက်ရင်တော့ ပုံလေးတွေက ရှယ်စောင်းစောင်းဝါးဝါး လေးတွေဖြစ်မှာပေါ့ မနောရယ် :mrgreen:

  • snow white

    April 7, 2012 at 5:34 pm

    တကယ်ကိုရိုက်တက်ပါပြီတဲ့ တော်တော်လေး မိုက်တယ်ရိုက်ချက်ကလန်းတယ် ပုံလေးထဲကစာကလေးတွေ သိရှာဘူးနော် သူတို့သာသိရင် ငါတို့လည်းမန်းဂေဇက်ရွာရောက်ဖူးတယ်လို့ပြောမှာကျိန်းသေတယ်

  • windtalker

    April 7, 2012 at 7:42 pm

    အနော် လာရင်တော့ စပါးနှံဘီယာ နဲ ့ ဆော့ဆေ့ နဲ ့မှ ဖြစ်မယ် ကိုသော့ ။

    • Diamond Key

      April 8, 2012 at 10:42 am

      အဟ …….. ဖြစ်စေရမှာပေ့ါ ကိုပေရယ်။ ဒီကောင်လေးတွေ စပါးစေ့တွေ စားပြီးရင် အဲဒီ အနှံတွေက ပိုသွားတဲ့ဟာကို 😆
      အခုခေတ်မှာ ဆော့ကလည်း မြန်မာဖြစ် ဆိုပေမယ့် ဆေ့ (Save) ဖြစ်ပါတယ်ဗျ 😛
      ဒါနဲ့ အဲဒီ စပါးနှံတွေ ဘီယာထဲထည့်ပြီ ဆေ့ဖြစ်တဲ့ ဆော့နဲ့ ဘာလုပ်မှာလဲဟင် … မသိလို့နော် …. :mrgreen:

  • alinsett

    April 7, 2012 at 7:54 pm

    သဘာဝ ကျကျ ..နဲ ့ လာခြင်းကောင်းသော…ဧည့်သည်လေးတွေ..ပါ ။

  • Mလုလင်

    April 7, 2012 at 10:06 pm

    ဦး စိန်သာ့က တော့ ဦးစိန်သော့ ပဲဗျို ့ ….

    • Diamond Key

      April 8, 2012 at 10:44 am

      ဟင့် …………. များက အတု မဟုတ်ပါဘူး ……… ဟယ် 😆
      ဦး စိန်သာ့မှ ဦးစိန်သော့ စစ်စစ်ကြီး ပါဆို :mrgreen:

  • ရင်နင့်

    April 7, 2012 at 10:32 pm

    ပုုံတွေအားလုုံးကြိုက်တယ်ဗျာ ဦးစိန်သော့
    အောက်ဆုုံးကရေရင် ၄ပုုံမြောက်ပုုံနဲ့ အပေါ်ကရေရင် ၂ပုုံမြောက်နဲ့
    အဲ့၂ပုုံကိုုအကြိုက်ဆုုံးဘဲ

    • Diamond Key

      April 8, 2012 at 10:46 am

      အကြိုက်တွေ တူကုန်ကြပြီ နော် ………….. 😀

  • Khin Latt

    April 8, 2012 at 4:09 am

    (၁) ဆပ်ကပ် ထဲ မှာ ဒီလိုဘဲ။ ကြည့်ထား။
    (၂) ညီညီမျှမျှ
    (၃) ဝလိုက်တဲ့ စပါးစေ့
    (၄) ငါလာပြီဟေ့
    (၅) စူပါ စာ ဟေ့၊ မတူရင် မတုနဲ့
    (၆) ဒါငါ့နေရာ
    (၇) သွားစမ်း တစ်ခြားကို
    (၈) ဟေ့ကောင် – အနိုင်မကျင့်နဲ့
    (၉) အမှန်တော့ ဒီဘက်က ပိုတောင် အရသာရှိသေး
    (၁၀) ဘိုက်ဝသွားပြီ။ ဦးတော် လုပ်ပါတယ် ကြင်နာတတ်သော နှလုံးသား နဲ့ ကျေးဇူးရှင်ကြီး ရွှေရွှေသော့ရယ်။ ဒါထက်ပိုပြီး ကျွေးနိုင်မွေးနိုင် ပါစေတော်။ 🙂

    • Diamond Key

      April 8, 2012 at 10:49 am

      အောင်မလေး မျှော်လိုက်ရတာ၊ တို့အရီး ကျမှပဲ ပုံစာလေးတွေ လာတော့တယ် 😀
      အောက်ဆုံးက နံပါတ် ၁ဝ ပုံစာကို အကြိုက်ဆုံးပါဗျာ 😆
      ဒီတစ်ပတ် ထီ သိန်း ၁၅၀ဝ ဆုပေါက်ရင် ရွာလုံးကျွတ် ကျွေးအုံးမယ် :mrgreen:

      • MaMa

        April 8, 2012 at 8:55 pm

        ရွာထဲ မဝင်ဖြစ်တာနဲ့ ပုံတွေကို စာထည့်ပေးမလို့ မလတ်က ဦးသွားတယ်။ 😛
        သဂျီးက မတူတဲ့အတွေးဆိုလို့ စဉ်းစားထားတဲ့ နာမည်အသစ်တွေ ထပ်ထည့်ပေးလိုက်ဦးမယ်။ 😀
        ၁။ ဟယ်… တို့အတွက် အိမ်ကလေး ကွ။
        ၂။ အိမ်သာလို့ ဧည့်လာတယ်။
        ၃။ မျှမျှတတ တစ်တွဲစီ နော်။
        ၄။ တို့လည်း လာပြီ ဟေ့။
        ၅။ မလုကြနဲ့လေ။
        ၆။ တူတူ စားမယ်။
        ၇။ ဟိုဘက်နည်းနည်းတိုး။
        ၈။ သူတို့များ ချစ်နေလိုက်ကြတာ။
        ၉။ သူ့စပါးတွဲက ပိုများတယ်။
        ၁၀။ ပြန်ပါဦးမယ် ပြန်ဦးမယ်။ နှုတ်ခွန်းဆက်ပါတယ်။ 🙂

        • Diamond Key

          April 9, 2012 at 11:07 am

          မျှော်လိုက်ရတာနော် ……… ပုံစာလေးတွေကို အားပေးတာ ကျေးကျေး။ ပုံ ၁၁ များ ရှိသေးရင်တော့ “နောက်နှစ်ကို လည်း ဆီးလို့ကြိုကွယ် … မောင်တို့ လာပါမယ်” ပေါ့နော် :mrgreen:

  • TTNU

    April 8, 2012 at 10:11 am

    ကိုစိန်သော့ရေ…
    မနက်တိုင်အိမ်ရှေ ့မှာစက်ဘီးနဲ့ အော်အော်သွားတဲ့
    ဈေးသည်ကြီးကိုသတိရမိတယ်။
    “စာကုသိုလ်” တဲ့။

    • Diamond Key

      April 8, 2012 at 10:52 am

      ွှTTကြီးခင်ဗျာ … အဲဒီ ဈေးသည်ကြီးကလေ ………
      ” သူလေ သူလေ ကျွန်တော်ကို ဒီလို ဒီလို ခေါ်တယ် ….. ကိုစိန် (အဲ ဟုတ်ပေါင်) ဖေါက်သည်ကြီး” ……………….တဲ့ ။ 😀

  • snow htet

    April 8, 2012 at 12:42 pm

    စာလေးတွေတော့တော်တော်ပျော်မှာပဲ
    လူတွေအများကြီးက အရေးတယူနဲ့ဝိုင်းကြည့်ကြလို့လေ
    ကိုစိန်သော့ကလဲ ဧည့်သည်လိုသဘောထားတယ်ဆိုတာကိုသာသိရင်
    စာကလေးတင်မဟုတ်ဘူး……တစ်ခြားအကောင်တွေပါရောက်လာတော့မယ်ထင်တယ်
    ဂေဇက်မှာပါချင်လို့……….:P

    • Diamond Key

      April 8, 2012 at 2:59 pm

      ကိုပေါက်က ကျန်တဲ့ အကောင်လေးတွေ ခေါ်လာပါလိမ့်မယ် Snow ရေ၊ သူက ဟိုမလိုင်ရတဲ့ ကောင်ကြီးတွေ၊ အဲဒီ သားအမိတွေကို တစ်နေ့က ဒီးဒုတ်သွားရင်းတောင် ရိုက်လာသေးဗျာ 😀

    • Diamond Key

      April 8, 2012 at 2:55 pm

      ကိုပေါက် …
      အိမ်မှာ ရှိတဲ့ ကောင်လေးတွေ ကို –
      – မဝေက ငါးလေးတွေ မော်ဒယ်ထား ရိုက်ပြီးပြီ
      – ကျွန်တော်က ငှက်လေးတွေ
      – ကြွက်လေးတွေ ရိုက်မယ်လို့ ဆိုထားတဲ့ သူလဲ ရှိနေပြီ
      ဒီတော့ ကိုပေါက် အိမ်မြောင်လေးတွေ မော်ဒယ်လုပ်စေဗျား ………….. :mrgreen:

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 8, 2012 at 9:08 pm

    အလှတရားကိုဖွင့်တဲ့သော့တစ်ချောင်း
    သူ့အမည် စိန်သော့ခေါ်တယ်…..
    ကြင်ကြင်နာနာနှလုံးသားနဲ့
    သတ္တဝါလေးတွေကို ချစ်တတ်တယ်…….
    ကင်မရာလေးကိုသူကိုင်ထားတယ်
    အလှတရားတွေကို တဖျပ်ဖျပ်နဲ့မှတ်ကျောက်တင်တယ်……
    အရိုင်းအလှကျောက်လေးတွေကို
    လှပအောင်အကွက်စိတ်စိတ်နဲ့သွေးထားသလို
    လောကရဲ့လှပမှုကိုသူဖော်ပြပေးတယ်……
    လှပစွာထုဆစ်မှုများစွာနဲ့
    ပန်းပုလက်ရာမြောက်အောင် ရုပ်လုံးဖော်သလို
    အနုပညာအသွေးအသားနဲ့ ပုံရိပ်တွေကိုဖော်ဆောင်ခဲ့တယ်……
    လေးစားပါတယ်
    လက်ရာရှင်ရယ်………………..
    ပုံ/
    မောင်ခ ….. ရှမ်းပြည်သား(တောင်ပိုင်း)

  • Diamond Key

    April 9, 2012 at 11:13 am

    အားပါး ………… တကယ်ခိုက်သွားပြီဗျာ ကိုမောင်ခရဲ့…….. စာသားလေးတွေကို။ :mrgreen:

  • ဖားသက်ပြင်း

    April 9, 2012 at 11:14 am

    နောက်ကျနေတာ ခွင့်လွှတ်ပါဗျို့…
    ဆြာတို့က ဆြာတွေဆိုတော့ …
    လက်တကမ်းက အလှတရားကို
    အမိအရ မှတ်တမ်းတင်နိုင်တာမို့

    လက်မထောက်ပြီး
    အားပေးသွားပါတယ်ဗျာ…

    ခင်တဲ့
    ဂီ

    • Diamond Key

      April 9, 2012 at 1:47 pm

      သူများတွေလို အပိုင်စိုင်မပစ်ရတော့လည်း စာပဲပစ်လိုက်တာပေါ့ ဆြာဂီရယ်…. 😛
      မပစ်ရရင် ….. မနေနိုင်တာက … လွဲလို့ ………….. ရှိတာကို ဆော်လိုက်မယ် :mrgreen:

  • kyeemite

    April 9, 2012 at 11:43 am

    ကိုစိန်သော့ခင်ဗျား..တခါကတင်တဲ့
    တစ်နေ့တာဘဝလေးနဲ့ယှဉ်ပီးတင်ပြတာလေးလည်း
    ကြိုက်လို့ ပါဝါပွိုင့်နဲ့ ကူးထားခဲ့သေးတယ်..
    အခုပုံလေးတွေလည်း တော်တော်အသက်ဝင်သဗျာ..
    ရှည့်လေးတွေ မပါတာဘဲကွာတယ်..
    ကိုသော့ရိုက်ချက်ကတော့ အံ့မခန်းပါဘဲ..
    အားပေးသွားသဗျို့..

  • blackchaw

    April 9, 2012 at 12:47 pm

    ကိုသော့။
    ခင်ဗျားကတော့ ခလုတ်နှိတ်ရာ
    ပုံကောင်းထွက်နေတော့တာပဲဗျို့။
    အားကျစိတ်နဲ့ လေးစားစွာ ကြည့်သွားပါတယ်ဗျာ။
    မမေ့မလျော့ လက်မလေးတစ်ချောင်းလည်း ထောင်ခဲ့ပါတယ်။
    😛

    • ဖားသက်ပြင်း

      April 9, 2012 at 1:24 pm

      အားကျစိတ်နဲ့ လေးစားစွာကြည့်တာလည်း ကြည့်ပေါ့…
      တကယ်တော့…
      ဒီရွာထဲမတော့ DSLR ပြောင်း အကိုင်သင့်ဆုံးဆိုပီး
      ရွာ့ ဒါ့ပုံဆြာ အသိုင်းအဝိုင်းက တညီတညွတ်ထဲ သတ်မှတ်ထားပီးသား
      လူ၂ယောက်ကိုပြပါ ဆိုရင်
      ဘဘဘလက်(ရန်ကုန် အခြေစိုက်) နဲ့ လေးပေါက်(မန္တလေး အခြေစိုက်) ပဲဗျို့ ….
      😀

      စကားမစပ် ..သများကောင်းမှုနဲ့ အယ်လ်အေ အခြေစိုက် ဒါ့ပုံဆြာ အသစ်တယောက်
      တိုးလာတယ် ဆိုလား …ကြားမိရဲ့ …
      သူ့လက်ရာတွေ မျှော်နေဘာဂျောင်း…

      • Diamond Key

        April 9, 2012 at 1:41 pm

        ဟုတ်ပ ဆြာဂီရာ ……….. ဘပေါက်ဂျီး (ရန်မန်းအေ) DSLR အဖွဲ့လာသင့်နေပြီနော် :mrgreen:

    • Diamond Key

      April 9, 2012 at 1:52 pm

      အားပေးခံရတာ ကျေးဇူးတင်လျှက်ပါ ကိုကျီးမိုက်နဲ့ ကိုချောရာ 😀

  • blackchaw

    April 9, 2012 at 1:30 pm

    ဂီဂီ တို့ အချွန်နဲ့ မနေပါပြီ ဗျို့။
    စကားမစပ် ကိုသစ်နဲ့ တွေ့ကြပြီးပြီလား ဂီဂီရေ။
    ဘာကြားသေးလဲဗျ။
    နည်းနည်းလုပ်ပါဦး။
    😛

  • အမတ်ဒိန်

    April 9, 2012 at 1:57 pm

    ဆရာသော့ လက်ရာကြောင့်..
    အမှီအတွယ်မလို.ပြောင်းပြန်.ဇောက်ထိုး.အတည့်.လေပေါ်ဝဲနေတဲ့
    သူတို့ဘဝလေးတွေကို အားကျမိသလိုလိုဗျာ..
    ခေါင်းချင်း ဆိုင်ပုံလေးတွေ တွေ့မိတော့လည်း..ကိုဘလက်ရဲ့ ချိုပေါ့ကျထဲမှာ ဝိုင်းဖွင့်ထားကြတဲ့
    အနမ်းဖွင့်ဆိုချက်လေးတွေကိုပြေးတွေးမိလိုက်တာပဲ.. 🙂

    • Diamond Key

      April 9, 2012 at 3:03 pm

      အမတ်ကြီးရေ …. တို့ သဂျီး ပြောသလို ..
      {ပါးကြောတင်းလို့.. နှာခေါင်းပြားမလား
      ပါးကြောလျော့လို့.. နှာခေါင်းမြုပ်သလား
      ဗမာနမ်းရယ်တဲ့ ထီမထင်
      ရင်ခွင်နစ်..
      တဆစ်ဆစ် ချစ်ဆိပ်တက်အောင်
      လျှာချင်းစီးထိုး .. နှုတ်ခမ်းချင်းစုတ်
      ခြေချုပ်၍ ..မြေဖုတ်ကဝေနှယ်
      နမ်းတတ်သူ။ ။} ဆိုရင်တော့ နှတ်သီးလေးတွေ အတော်နာမှာဗျ :mrgreen:

  • cobra

    April 9, 2012 at 2:25 pm

    ရိုက်ချက်ကတော့ကမ်းကုန်။
    မိုက်တယ်ဟ
    ဆက်လုပ်ထား
    အားပေးနေတယ်။

    • Diamond Key

      April 9, 2012 at 3:06 pm

      ဖရား … ဖရား ….. 😯 မိုက်ချက်က ကန်းကုန် လို့ မပြောပေလို့ 😀

Leave a Reply