Safari 5 ကိုတော့ ကြိုက်နေပြီကွယ်ရို့…

yannaingechJune 11, 20101min720

ဟိုတစ်ရက်က wailynnoo ရဲ့ post ကိုဖတ်ပြီး စိတ်ဝင်စားတာနဲ့ Safari 5 ကို ဒေါင်းပြီးစမ်းကြည့်ပါတယ်။ စမ်းတော့ကြိုက်သွားပါတယ်။ ကြိုက်မိတဲ့အချက်လေးတွေကို အောက်မှာ မျှဝေလိုက်ပါတယ်။

၁။ ပထမဆုံး သတိထားမိတာက ရှင်းလင်းသပ်ရပ်မှုပါ။ ဘယ်လောက်တောင်ရှင်းသလဲဆိုရင် ဘာမှမရှိလောက်အောင်ကို ရှင်းပါတယ်။ menu bar, tab bar, status bar တွေကို ကိုယ်တိုင် ပြန်ခေါ်လိုက်တော့မှ Firefox နဲ့ခပ်ဆင်ဆင်(ခပ်ဆင်ဆင်) အဆင်အပြင်လေးရလာပါတယ်။

၂။ default ထည့်ပေးထားတဲ့ tab လေး (၉) ခုပါပါတယ်။ အကြိုကဆုံးကတော့ Show top sites ဆိုတဲ့ tab လေးပါ။ သူပေးထားတဲ့ site တွေကိုဖြုတ်ပြီး ကိုယ်အသုံးများတဲ့ site တွေ ပြန်ထည့်ထားလိုက်မယ်ဆိုရင် page တစ်ခုတည်းမှာ သွားချင်တဲ့ site ကို ခေါက်လိုက်ရုံပါပဲ။

၃။ Firefox နဲ့ဆင်တဲ့အပိုင်းတွေ အနေနဲ့ R.C Pop up မှာ open link in new tab, open link in new window တို့ ပါတာရယ်၊ tab bar ရဲ့ ညာအစွန်ဆုံးက အပေါင်းလက္ခဏာလေးနှိပ်ရင် tab အသစ်ပေါ်လာတာရယ်ပါ။

၄။ IE နဲ့ ဆင်တဲ့အပိုင်းတွေထဲမှာသိသာတာက အောက်ခြေမှာပါတဲ့ status bar ပါ။ default အနေနဲ့ မပါပါဘူး။ ကိုယ်တိုင်ခေါ်တင်ရပါတယ်။ page တစ်ခုဖွင့်လိုက်ရင် ဖိုင်ဘယ်နှစ်ခုရှိတဲ့အနက် ဘယ်နှစ်ခုကို ဒေါင်းပြီးနေပြီဆိုတာမျိုး ပြနေပါတယ်။

၅။ IE နဲ့ Firefox မှာက page တစ်ခု loading လုပ်တာကြာနေပြီဆိုရင် stop/refresh လုပ်ဖို့ icon တွေက menu bar မှာ ထင်ထင်ရှားရှား ပါပေမယ့် သူ့မှာတော့ အတော်ရှာယူရပါတယ်။ နောက်ဆုံး address bar ရဲ့ ညာဘက်အဆုံးမှာသွားတွေ့ပါတယ်။ loading ပြီးချိန်မှာ refresh ပဲရမှာဖြစ်ပြီး loading လုပ်နေချိန်မှာလည် stop ပဲရပါမယ်။

၆။ တစ်နေကုန် စက်တစ်လုံးထဲမှာ သုံးနေတဲ့သူတွေအတွက် အဆင်ပြေစရာတစ်ခုရှိပါတယ်။ Gmail လို password ရိုက်ထည့်ပြီးမှ ရောက်နိုင်တဲ့ page မျိုးကို နေ့တစ်နေ့မှာ ပထမဆုံးအကြိမ် ရိုက်ပြီး၊ရောက်ပြီးသွားရင် အဲဒီ page ကို bookmark လုပ်ထားလိုက်ပါ။ စက်မပိတ်ဘဲ နောက်တစ်ခါ အဲဒီ page ကို သွားချင်ရင် password ထပ်ရိုက်စရာ မလိုတော့ဘဲ တန်းရောက်သွားမှာဖြစ်ပါတယ်။

၇။ သူလည်း zawgyi နဲ့ သုံးလို့ရပါတယ်။ လုပ်ပုံလုပ်နည်းကို တော့ wailynnoo ရဲ့ Post မှာ သွားကြည့်နိုင်ပါတယ်။ (Safari with Zawgyi)

၈။ နောက်ဆုံးနဲ့ အကြိုက်ဆုံးတစ်ချက်ကတော့ သိသိသာသာမြန်နေတာပါပဲ။ Firefox ထက်ရော၊ IE ထက်ရော ပိုမြန်ပါတယ်။ ဟုတ်မဟုတ်သိချင်ရင် သုံးလေးရက်လောက် စမ်းသုံးကြည့်လိုက်ပါ။ Tweak လေးတွေ တွေ့ရင်လည်း ပြန်ဝေမျှပေးကြပါဦး…