မက်ဆီ ဒဏ်ရာရနေသည်ဆိုခြင်းအား အာဂျင်တီးနား အသင်းဆရာဝန်ငြင်းဆို

khinmintatthuJune 11, 20101min690

အာဂျင်တီးနား ကြယ်ပွင့် မက်ဆီသည် ဒဏ်ရာကြောင့် အဖွင့် ပွဲစဉ်နှင့် လွဲချော် ရတော့မည် ဆိုသော သတင်းများကို အသင်း ဆရာဝန်ဖြစ်သူက ငြင်းဆို သွားခဲ့ကြောင်း အေပီ သတင်းဌာနက ထုတ်ဖော် ရေးသားခဲ့သည်။

အဂျင်တီးနား အသင်း၏ ဆရာဝန် ဖြစ်သူက “ကစားသမား၂၃ ယောက် စလုံးရဲ့ ကြံခိုင်မှုကတော့ ဒေါင်ဒေါင်မြည် ပါပဲ။ အပြင်မှာ ကြားနေရသလို မက်ဆီ အပါအဝင် ကစားသမား အချို့  လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရခဲ့တာကြောင့် အဖွင်ပွဲနဲ့ လွဲဖွယ် ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ပြီးခဲ့သည့် နေ့က လေ့ကျင့်ရေး အစီအစဉ် အပြီးတွင် ရှင်းလင်း ပြောဆို သွားခဲ့သည်။

အဆိုပါ လေ့ကျင်ရေး ကွင်းအတွင်း မက်ဆီသည် ထောင့်ကန်ဘော ကန်တင်မှုကို လေ့ကျင်လျှက် ရှိပြီး အသင်းနည်ပြ မာရာဒိုနာကမှု ဘေးတွင် ရပ်လျှက် မိနစ် အနည်းငယ်ခန့် စကားရပ် ပြောနေ ခဲ့သည်ဟုလည်း သိရသည်။ အာဂျင်တီးနား အသင်းသည် လာမည့် စနေနေ့ ညတွင် နိုင်ဂျီးရီးယား အသင်းနှင့် အဖွင့်ပွဲ ကစားရမည် ဖြစ်သည်။