အမေစုအသက်ကိုကယ်ခဲ့တယ်ဆိုပဲ

ဖိုးထောင်April 8, 20121min1289

တချိန်က တီဗီမင်းသားကြီးလို့လူသိများတဲ့ စစ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က ဒီပဲယင်းအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေစေလွှတ်ပြီး ကယ်တင်ခဲ့ပါတယ်တဲ့ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှန်တကယ်လုပ်ကြံခဲ့တာပေါ့ ဒီရာဇဝတ်မှုကို သမ္မတ အနေနဲ့ ဘယ်လိုအရေး ယူမှာလဲဆိုတာ ကျနော်တို့စောင့်ကြည့်ရအောင် အောက်ကလင့်လေးမှာကြည့်နိုင်ပါတယ်
http://www.rfa.org/burmese/news/assk-u-khin-nyunt-04072012220444.html

9 comments

  • MTY

    April 8, 2012 at 4:47 pm

    ပြန်ဖွနေပြန်ပြီ။
    သိပြီးသားမို့ပြောတာပါ။မသိသေးသူများ
    linkကိုသွားလိုက်ပါ။

  • Ko 9

    April 8, 2012 at 6:53 pm

    တခုခုတော့စပြီးထင်တယ်…..ဘာကြောင့်အခုမှထုတ်ပြောရတာလဲ….??????

  • ကြောင်ကြီး

    April 8, 2012 at 11:16 pm

    သိပ်မရှင်းဘူးဗျ.. အာရ်အက်ဖ်အေမှာတော့ ဒေါ်စုကို ရဲစခန်းကနေ သူ့လူတွေက ကယ်ထုတ်သွားရတယ်တဲ့.. ဧရာဝတီသတင်းမှာကြတော့ လူအုပ်ကြားထဲကနေ ဆွဲထုတ်သွားတာတဲ့…။ သိထားတာ အန်အယ်လ်ဒီ လုံခြုံရေးတာဝန်ခံတွေက ဖောက်ထွက်ပေးသွားတာ၊ ကားမောင်းသမား အန်အယ်လ်ဒီလူငယ် အဖွဲ့ဝင်တဦးက ဒေါ်စုက ကျေးဇူးတင် အသိအမှတ်ပြုတာ မှတ်မိတယ်။ အဲဒီအနီးကပ်တွေထဲမှာ မြှုပ်ထားတဲ့ ထောက်လှမ်းရေးတွေ လုပ်ပေးသွားတယ်လို့ ပြောချင်တာလား…။ ဒါမှမဟုတ် လူရမ်းကားတွေဘေးကနေ လွတ်ပြီး ရဲစခန်းရောက်တော့မှာ ထောက်လှမ်းရေးက ကားနဲ့လာပြီး စစ်စခန်းဆီကို ခေါ်ထုတ်သွားတာကို ပြောချင်တာလား။ တခုတော့ရှိတယ် ဒေါ်စုလွတ်သွားလို့ ကြံ့ဖွတ်တွေက ညဖက်လာရဲစခန်းဝိုင်း လုပ်ကြံမဲ့ဘေးကနေ အကာအကွယ်ပေးတယ်ဆိုရင်တော့ မပြောတတ်ဘူး။ ဒါလည်းဖြစ်နိုင်တယ်.. အဘဂျီးက လုပ်မဲ့အတူတူ ဆုံးအောင်လုပ်လို့ ညွှန်ကြားထားရင်လည်း ထားမှာ။ ဦးခင်ညွှန့်ပြုတ်သွားတာ ဦးနေဝင်းမြေးတွေကိစ္စထက် ဒီပဲယင်းအရေးက ပိုဖြစ်နိုင်တယ်။ သေချာတာတော့ ဒီပဲရင်းလူသတ်ပွဲ တာဝန်ရှိသူများ လက်ရှိအစိုးရလက်အောက်မှာ နေရာတန္တရ ကိုယ်စီကိုယ်ငှနဲ့ စားကောင်းသောက်ကောင်း ရှိလျက်ဖြစ်တယ်ဆိုတာပါပဲ။ (သေသွားတဲ့ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်စိုးဝင်းကလွဲရင်…)

  • bo bo

    April 9, 2012 at 8:51 am

    မကြာမီလာမည်မျှော်

  • etone

    April 9, 2012 at 9:13 am

    အပေါ်မှာ ရေးခဲ့တဲ့ ….. ဘယ်သူက ဘယ်သူ့ကို ကယ်တယ်ဆိုတာကတော့ … အခုမှ အသံထွက်လာတာ ရယ်စရာပဲလို့မြင်မိပါတယ် ….။ NLD ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလို့ … ဒီအသံမျိုးထွက်လာတာ …. (တကယ်ပဲ ကယ်ကယ် ၊ မကယ်ကယ်) |ဂုဏ်ဖော ်ပြောဆိုခြင်းလို့ပဲ မြင်မိပါတယ် … ။
    စေတနာအထိုက်လျှောက် တကယ်ပဲ ကယ်ခဲ့တယ်ထား …. ကယ်တဲ့လူနဲ့ ကယ်ခံရတဲ့လူနှစ်ဦးနှစ်ဖက်တောင် ဒီလှို့ဝှက်ချက်ထိန်းခဲ့ပြီးပြီ … အပြန်လှန်လည်း အသိမှတ်ပြုထားပြီးသား အခြေနေတစ်ခု … ဒီအချိန်မှ ထုတ်မပြောသင့်တော့ဘူး … ။ လိုလည်း မလိုအပ်တော့ဘူး … 🙄

    အမေစုတို့ပါတီ အနိုင်ရတော့မှ ဒီစကားကြီး ထုတ်ပြောတာတော့ ….. ပေါ်ပင်ဖြစ်ချင်လို့ပြောတာလို့ မြင်မိပါတယ် … ။

  • TTNU

    April 9, 2012 at 11:53 am

    စိတ်ဝင်စားစရာတော့ကောင်းလာပြီ။

  • a me

    April 9, 2012 at 1:07 pm

    ဖြစ်နိုင်ရင် မေးလိုက်ခြင်တယ် ဟုတ်ရဲ့ လားလို့လေ

  • char too lan

    April 9, 2012 at 4:23 pm

    ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
    ” ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ …..

    ရှင်းနေပီ ဆားပုလင်းအဘပုရေ…. ဘယ်မှလိုက်နေစရာမလိုတော့ဘူး 😀

Leave a Reply