နင်ကအကောင်ကြီးတယ်….၂ခါလျှောက်

kaiJune 11, 20101min905
ကာတွန်း - ဟန်လေး (၄ . ၄ . ၂၀၁ဝ l ဟံသာဝတီ )

ပုံပြင်လေးကတော့ ဒီလိုပါ။
ရှေးအခါက ဗာရာဏသီပြည်မှာ မိုးတွေခေါင်တဲ့အခါ ချောင်းကန်မြစ်ချောင်းတွေ ရေခန်းပြီး ရေသတ်သဝါတွေ ဒုက်ခရောက်ကြပါတယ်။
အဲဒီမှာ တနေ့တော့ မြစ်ကမ်းဘေး လူတယောက်က အိုးကြီးတလုံးထဲရေထည့်ပြီး ရေနွေးအိုးတယ်ပါတယ်။ ရေတွေပွက်ပွက်ဆူလာတဲ့အခါ ရေနွေးအိုးပေါ်မှာ တုတ်တန်းတခု ထိုးပြီး ထားတယ်ပေါ့..။
ပြီးတော့ ရေနည်းလို့ ဒုက်ခရောက်နေတဲ့ မြစ်ထဲကဂဏန်းတွေကို အဲဒီတုတ်တန်းပေါ်က ဖြတ်လျှောက်ခိုင်းတာပေါ့။ ဟိုဖက်ရောက်တဲ့ဂဏန်းကို သူကရေပေါတဲ့ အင်းအိုင်မှာ သွားလွှတ်ပြီး ကယ်တင်ပေးမယ်ဆိုပါတယ်။
“ဂဏန်းများကို ကျွန်တော်ကယ်တင်နေသည်..အဲ..အဲ..ကယ်တင်သူကြီး” ဆိုပါစို့..။

ဂဏန်းတွေဟာ အသက်နဲ့ရင်းပြီး လျှောက်ကြရပေမဲ့ ရေနွေးငွေ ့အပူဒဏ်ကြောင့် အကောင်ငယ်လေးတွေ။ အကောင်လတ်တွေ ရေနွေးအိုးထဲ တော်တော်များများကျ သေကြပါလေရော..။ အောင်မလေး..ဂဏန်းပြုတ်နံ ့လေး..တသင်းသင်းနဲ့ဖြစ်လာတာပေါ့..။
အဲဒီလိုနဲ့…တချိန်တော့…ဂဏန်းတွေအားလုံးထဲမှာ ကျမ်းမာပြီး သန်စွမ်းဟန်ရှိတဲ့ အကောင်ကြီးကြီးဂဏန်းကြီးဖြတ်လျှောက်ရမဲ့အလှည့်ရောက်ပါတယ်။
ဘယ်ရမလဲ..
ဂဏန်းကြီးက အပူဒဏ်ကြံ ့ကြံ့ခံပြီး အိုးရဲ့ ဟိုဖက်အနားစွန်းရောက်အောင် ခက်ခက်ခဲခဲ ဖြတ်သွားပါတော့တယ်..။

ဒီတော့……
လူက..
“ဂဏန်းကြီး..နင်ကအကောင်ကြီးတယ်….၂ခါလျှောက်” လို့ ပြောလိုက်သတဲ့..။

ပုံပြင်လေးကတော့ ဒါပါပဲ..။
ဒီပုံပြင်လေး..ငယ်ငယ်ကဖတ်ဖူးတာပါ။ အသေးစိတ်မမှတ်မိတော့လို့..လိုရင်းပဲ..ဇြည့်အစာသွပ်ပြန်ရေးလိုက်တာဖြစ်ပြီး…အသေးစိတ်သိသူများ ..တိတိကျကျလေးရေးပေးစေချင်ပါတယ်ခင်ဗျား..။


အထက်က ပုံပြင်ကို ကျုပ်က( https://myanmargazette.net/?p=9020 )မှာ ကောမန့်အနေနဲ့တင်ထားခဲ့တာပါ။
အခု အင်တာနက်ထဲလိုက်နှိုက်ရင်း ကာတွန်း – ဟန်လေး ၄ . ၄ . ၂၀၁ဝ က ဟံသာဝတီ ဝက်ဆိုက်မှာ ကာတွန်းတင်ထားတာတွေ့တာမို ့ကာတွန်းယူရင်း ဒီမှာပါရောပြီး ပို ့စ်အသစ်တင်လိုက်ပါတယ်။

ဒီပုံပြင်အရ … အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ရွေးကောက်ပွဲမဝင်ဖြစ်တဲ့ ဆုံးဖြတ်ချက် သဘောပေါက်မိနိုင်မယ်ထင်ပါတယ်။
မီးဆိုတာ ကိုယ့်လက်ပေါ်ကျမှ ပူမှန်းပိုသိတယ်တဲ့..
ကာယကံရှင် ဂဏန်းက တခေါက်တခေါက် ဖြတ်ရတဲ့အခါ  ရေနွေးငွေ ့ဘယ်လောက်ပူတယ် ပိုသိမှာပေါ့နော။

5 comments

  • snow

    June 12, 2010 at 3:11 am

    ဟိဟိ ..ဟုတ်ပါ့..ဘယ်လျှောက်ချင်ပါ့မလဲ..သူ့မျာပူတာကိုးးးးးးး…..:D

  • kai

    August 12, 2010 at 7:41 am

    ဒီပုံပြင်နဲ့ဆင်တာလေးကို အင်္ဂလိပ်လိုရေးထားတာလေး တွေ့လိုက်ပြီး ပြန်ရှာမရလို့ဗျာ…။
    ပြန်ဖျက်သွားတာလား..။

  • fatty

    August 12, 2010 at 8:53 am

    once I posted that story, titled : YOU ARE TOO BIG …… TRY AGAIN PLEASE. But I do not remember the link number ….now this one is with illustrates …very good. At my post I added : how many times we have to vote…like this.

  • kai

    August 12, 2010 at 9:09 am

    ညာဖက်အပေါ်က Search နဲ့ရှာလိုက်တာ တွေ့ပါပြီခင်ဗျား။ လေ့လာသူတွေ ဖတ်နိုင်ဖို့ပါ။
    http://myanmargazette.net/?p=15374

  • Yin Nyine Nway

    August 12, 2010 at 10:41 am

    ကျေးဇူးပါ

Leave a Reply