ဂေဇက်နယ်စည်းမခြား အရက်သမားများ သမဂ္ဂ(ပြန်လည်ပြင်ဆင်ပြီး)

အာဂApril 9, 20121min76946

မန္တလေးဂေဇက်။ရန်ကုန်

ရက်စွဲ။၂၀၁၂ခုနှစ်။ဧပြီလ၁ဝရက်
တန်ခူးလပြည်ကျော် ၄ရက်။၁၃၇၃ခုနှစ်။ အင်္ဂါနေ့

အကြောင်းအရာ ။ ။
၂၀၁၂ခုနှစ် ။ဧပြီလ ရရက်။တန်းခူးလပြည်ကျော်၁ရက် စနေနေ့တွင် ကျင်းပပြုလုပ်သော အရက်သမား ရဲဘော် ၈ယောက် (ဗိုလ်ကြီးမိုက်၊ဗိုလ်ဘလက်ချော၊ဗိုလ်ဖက်တီးကပ်၊ဗိုလ်အမတ်ဒိန်(ခ) ဗိုလ်အမတ်မင်း၊ဗိုလ်ကမ်းဝေး၊ဗိုလ်ရွှေတိုက်စိုး(ခ)စုံထောက်အောင်သိုက်၊ဗိုလ်သူရ၊ဗိုလ်အာဂ)တို့လူစုသည် ရန်ကင်းမြို့ ရန်ကင်းစင်တာအနီးရှိ ဘီယာဆိုင်တွင်ဘီယာတစ်ခွက်စတင်သောက် သုံး၍အရက်သမားတို့၏ထုံးစံအတိုင်းရောက်တတ်ရာရာများကိုတွေ့စုံဆွေးနွေးခဲ့ကြသည်။ထို့နောက် မန္တလေးဂေဇက်ရွာသူရွာသားများ(ရန်ကုန်အခြေစိုက်)အရက်သမားများဖြစ်သည့် ရဲဘော်(၈) ယောက်တို့သည် နောက်လာနောက်သား ရွာသူရွာသား အရက်သမားများကောင်းကျိုးအထွေထွေကိုရှေးရှု၍ ဘလက်လေဘယ်သွေးသစ္စာရေသောက် သုံးပြီး ဂေဇက်နည်းစည်းမခြား အရက်သမားများ သမဂ္ဂကို စတင်ဖွဲ့စည်းတည်ထောင်လိုက်သည်။ထို့နောက် သွေးသစ္စာ ဘလက်လေဘယ် များအားဆေးကြောအတည်ပြုရန်အတွက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အင်းယျားကန်ဘောင်သို့သွားကာ သမဂ္ဂဖွဲ့စည်းရေးကိစ္စရပ်များနှင့် အတည်ပြုစရာကိစ္စရပ်များကို အတည်ပြုပြီး အရက် သွေးသစ္စာများဆေးကြော၍ ကတိပြု ကာဖွဲ့စည်းတည်ထောင်လိုက်သည်။

ရည်ရွယ်ချက်။ ။

မန္တလေးဂေဇက်ရွာအတွင်းရှိ (အနယ်အနယ်အရပ်ရပ်ရှိ )ယမကာချစ်သူများ၊ ယမကာစုသောက်ခြင်းဖြင့် ချစ်ခြင်းမုန်းခြင်းကင်းစွာ၊ပျော်ရွှင်မြူးတူးသွေးစည်းညီညွတ်ရန်။
အနယ်အနယ်အရပ်ရပ်ရှိ ဂေဇက် ယမကာလုလင်များ ရန်ကုန်သို့ရောက်ရှိလာပါက။ သွေးစည်းညီညွတ်စွာဖြင့် စုပေါင်း အရက်သောက်ကြရန်။
ထိုသို့ စုပေါင်းသောက်သုံးနေသည့် အချိန်များတွင်လည်း ရွာတွင်းယမကာသမားများ၏ ဘဝအခြေအနေနှင့် စိတ်သောကများ ဖြေဖျောက်နိုင်ရန်အတွက် ပျော်ရွင်စွာနေထိုင်ရန်။
စသည့်ရည်ရွယ်ချက်များဖြင့် တည်ထောင်လိုက်သည်။

မှတ်ချက်။ ။သမဂ္ဂတည်ထောင်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့်ရန်ကုန်အခြေစိုက် ယမကာလုလင် ရဲဘော်များအားနောက်နောင်တွင် သမဂ္ဂအစည်းအဝေးများတွင် ပါဝင်နိုင်ရန်ဖိတ်ခေါ်အပ်သည်။

ပုံ။
ဂေဇက်နယ်စည်းမခြား အရက်သမားများသမဂ္ဂ။
(ရန်ကုန်)အင်းယျားကန်ဘောင်

မိတ္တုကို

သူကြီးမင်း။မန္တလေးဂေဇက်လွတ်မြောက်နယ်မြေ။
နိုင်ငံတကာရှိ ရွာသူ။ရွာသားများ။
အနယ်နယ်အရပ်ရပ်ရှိ ရွာသူ။ရွာသားမျာ။

46 comments

  • သူရဇော်

    April 9, 2012 at 11:03 am

    ဟဲ့မောင်ဂရယ် ဘာကြီးဒုန်းအေ

  • water-melon

    April 9, 2012 at 11:08 am

    နောက်တာလား တောင်မရယ်
    အရှိန်မပြေသေးဘူးလား
    မနွယ်ရေ မနိုင်တော့ဘူးလား 😀

  • ဖားသက်ပြင်း

    April 9, 2012 at 11:28 am

    မပြေသေးတာသေချာတယ်…
    နည်းနည်းလေး ပဲ ရေးထားတာတောင် မှန်ဝူး..
    ဘယ့်နှယ့် ဧပြီ-ရ က တနင်္လာရမှာတုန်း…
    😀

    ကိုယ့်ဆြာ ..ဒိတ်တောင် ပျောက်ရှသွားရှာသကိုး ….

    ခင်တဲ့
    ဂီ

  • Thu Wai

    April 9, 2012 at 11:36 am

    ဆေးညွှန်း လေး ပေးမယ်နော် ဖြေဆေးပေါ့ ဘီအီး၊ဘီယာ ဂျင်သံပုရာ ရမ်ကိုလာနဲ့ ဗော်ဒ်ကာဆော်ဒါ ထပ်ဂွပ် ကြည့် ပါလား။

  • ကိုရင်မောင်

    April 9, 2012 at 12:08 pm

    ဟိုက်…နယ်စည်းမခြားသမဂ္ဂတောင်ဖွဲ့အုံးမယ်ဆိုပါလား…
    တရုတ်ဘီကြု့ လေးနဲ့ဘဲဖြေသိပ့်လိုက်ပါ့မယ်ကွယ်…

  • R Ga

    April 9, 2012 at 1:47 pm

    ဘယ်လိုဖြစ်ပြီး ပိုစ့်တက်သွားမှန်းတောင် မသိလိုက်ဘူး
    save ရုံ save ထားတာ ရေးတာတောင် အကုန်မပြီးသေးဘူးဗျ
    ဆောရီးပါ ကိုယ့်လူတို့ရေ ………..

  • kyeemite

    April 9, 2012 at 1:48 pm

    ကိုရင်ရာဂအမူးပြေသေးပုံမပေါ်…
    ကျုပ်အဲဒီအတွက်ပို့စ်တစ်ခုရေးထားသေးတယ်ဗျ..
    ရေးပီးမှမကြိုက်လို့ မတင်ဖြစ်တာ..

  • blackchaw

    April 9, 2012 at 1:56 pm

    စောင့်ဖတ်မယ်ဗျာ။ ရေးပါဦး။
    အပျော်ပေါ့။
    :mrgreen:

  • etone

    April 9, 2012 at 3:02 pm

    ကိုအာဂ အမူးမပြေသေးတာလား …. သူ့စာတွေကို မူပိုင်ရှင်က ဆင်ဆာဖြတ်သွားသလားဆိုတာတော့ စဉ်းစားစရာပါပဲ …. ။

    ဒါနဲ့ အဲ့နေ့က မှောက်ကြ .. အဲ သောက်ကြတဲ့အထဲမှာ .. ဘယ်သူလေးဖက်ထောက်တုန်း …. ။ 😆

  • kokothandar

    April 9, 2012 at 4:23 pm

    ဓါးသိုင်းကရင်း ကိုယ့်အမြီးကိုယ် ဖြတ်မိတဲ့ ခြင်္သေ့မင်းလိုများလား။ အမြီးလေးပြန်စားလိုက်အုံးနော်

  • Khaing Khaing

    April 10, 2012 at 11:41 am

    ဒါမျူးိလာလုပ်လို့ဘယ်ရမလဲ မောင်ဂရယ် ……..

    • R Ga

      April 10, 2012 at 12:50 pm

      ခိုင်ရေ အခု ဒီပိုစ်ကို ပြန်တင်မယ်… နည်းနည်းမူးနေလို့ ခဏစောင့်

  • char too lan

    April 10, 2012 at 1:22 pm

    မူးနေတဲ့ဂွင်ကိုစောင့်ပီးတော့ စာမူတွေ “မ” သွားပီထင်တယ်
    ဂရုစိုက် ဂဂ ရေ… စာမူတွေဘတ်မယ် ဘတ်မယ် ဆိုပီးကြုံးဝါးနေဒဲ့သူရှိဒယ် ..
    ဘူ့ဂိုမှယုံနဲ့ နောက်ရင်ဘတ်ကို ညှောင့်စူးလိမ့်မယ် 😉

    • etone

      April 10, 2012 at 2:11 pm

      အတွင်းလူ ဒုက္ခပေးတတ်တယ်ဆိုတာ .. ဒါများလား မသိဘူး ချာတူးရေ .. ဟိဟိ ဖွပြီးပြေးပြီ ဒဂလောက် .. ဒဂလောက် … 😆

  • R Ga

    April 10, 2012 at 2:28 pm

    ယမကာလုလင်များနှင့် ရွာသူ။ရွာသားများအားလုံး ဂေဇက်နယ်စည်းမခြား အရက်သမားများ သမဂ္ဂ စာမူအား(ပြန်လည်ပြင်ဆင်ပြီး) ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။

  • FattyCat

    April 10, 2012 at 2:38 pm

    အဲဒါပဲ…
    နယ်စည်းမခြားအရက်သမားများအဖွဲ့တဲ့…
    အော်…သွားလေသူ ကိုရွှေတိုက်စကားပြန်ပြောရရင် ရပ်ကျော်ရွာကျော် ပထမဆုံးအရက်သောက်ဖူးတာပေါ့လေ…
    အခုတော့ ရပ်ကျော်ရွာကျော်…အရက်သမားအဖွဲ့ပါ ဖွဲ့လိုက်ပါပေါ့လား အာဂရယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • သမိန်ဂီ့

    April 10, 2012 at 2:45 pm

    အောင်မယ်ငီး မူးထှာ အေ…
    အရက်သမားတွေ ရေးတဲ့ပိုစ့်မို့လား မတိ…
    ဖတ်ရင်းနဲ့ကို မူးလာဘီ ..ဂေ့ …

    ညနေကျ ဟိုအရည်လေး သွားလောင်းချဦးမှ…..

    ဒက်ဂလောက်..ဒက်ဂလောက်..
    😀

    • R Ga

      April 10, 2012 at 2:50 pm

      အဘယ်ဆိုင်မှာ သောက်မည်နည်း….။ ဆိုတာ အမိန့်ရှိပါ ရဲဘော်ရေ အနားနီးရင် သွေးစည်း ရအောင်လာခဲ့မည်။ ဝေါ့ (လေချဉ်တက်သံ)

      • သမိန်ဂီ့

        April 10, 2012 at 2:57 pm

        တကယ်ဆိုရင် …အရက်ပဲလိုတယ်… ဘာကြောင့် အမြည်းက မရှိသလဲကွယ်..
        ပြန်သောက်မရမယ့် ပုလင်းတွေ ထဲ … ငါ ဘာကို မော့ဦးမှာလဲ..ဟဲဟဲ…
        အရက်ပဲ လိုတယ်….

        ဆိုင်ကို သောက်မှာ မှ မဟုတ်ဘဲ ရဲဘော်ရယ်…
        အရက်ကို သောက်မှာပဲဟာ …
        ကမ်းနား အစ ထွေးဒါးစ် အလယ် ကြိုက်တဲ့နေရာသာရွေးပေတော့ဗျို့ ….

        အရက်ပဲ လိုအပ်တယ်…

        😀

  • char too lan

    April 10, 2012 at 2:48 pm

    အစည်းအဝေးကျရင်လေ….
    ဘေးကနေ
    အနံ့ရှု
    အမြည်းနှိုက်
    လက်ပိုက်ပီး ရောကြည့်လို့ရမလား ခည !! 🙂

    • R Ga

      April 10, 2012 at 2:52 pm

      အနံ့ရှူပြီး မူးမယ်ဆိုရင် တော့ ဒီကိစ္စကို သမဂ္ဂမှာ အဆိုတင်သွင်းပြီး အဆိုပါနည်းလမ်းကို စတင် အကောင်အထည်ဖော်ရပါလိမ့်မယ်။ ဒါမှ ဒို့များအဖွဲ ဘဏ္ဍာရေး အတွက်အတော်လေးကို အဆင် ပြေမယ့်နည်းလမ်းပဲ။

  • water-melon

    April 10, 2012 at 2:50 pm

    နောက်တစ်ခါကျရင် သများလည်းပါမယ်
    ဟီဟီ ဒီလ ၃ဝရက်နေ့ဆုံမယ်နော်
    ဆာမိပြောတဲ့ ဟင်းစားရောပါလား :mrgreen:

    • surmi

      April 11, 2012 at 12:37 am

      ဖရဲမကတော. ဟင်းစားတောင်းနေပြီကိုအာဂရေ ……
      သမဂ္ဂမှာ ဒီကိစ္စရောပါလို.လားဟင် ။
      ဒီလောက်တောင်ဖြစ်လှ တာ သီရိမင်္ဂလာဈေး ပို.ပေးလိုက်ဗျာ ။မန်းလေးမှာ ပြန်ရောင်းလို.
      တောင်ရတယ်။ ထွက်ပြေးမယ်တော.မကြံနဲ. ဖရဲရေ ….ပြောပြီး ပြီးစေနော …..။

  • kai

    April 10, 2012 at 3:28 pm

    တကယ်က.. အရက်က..မူးပြီးရောစွတ်မသောက်ပဲ.. အရသာခံသောက်သင့်တာပါ…
    အရက်က. အမျိုးအစား…ကောင်းဖို့လည်းလိုသေးတယ်..

    အမေရိကသမ္မတဟောင်း ဘုရှ်များတချိန်လုံးမူးနေတာလေ..
    မသေသေးပါဘူး..။ 🙂

    ဆိုတော့…
    အရက်ကောင်းကိုသာ သောက်ကြပါနော…
    ပျော်မှသောက်..
    ပိုဖြစ်နိုင်ရင်.. ဝိုင်ကိုသောက်… ဝိုင်သောက်တာကို အားပေး..
    အဲဒါက.. ကမ္ဘာ့ကျမ်းမာရေးဝန်ဆောင်မှုအကောင်းဆုံးတိုင်းပြည်တခု (ပြင်သစ်၊)ရဲ့.. ဓလေ့အကျင့်ပဲ..
    အဲဒီမှာ.. မိန်းမ..အိုကြီးအိုမတွေလည်း.. ထမင်းစားခါနီးသောက်ကြတယ်..။
    အလုပ်အကိုင်အခွင့်အလန်းတွေ.. အများကြီးထွက်လာသလို.. လူတွေလည်းအသက်ရှည်..အနာလျှော့နည်းကုန်တယ်..

    အင်း..
    ကျုပ်လည်း… သမဂ္ဂထဲဝင်မယ်လေ…။ :mrgreen:

    • R Ga

      April 10, 2012 at 3:36 pm

      ဟေးးးးး သူကြီးမင်းပါ ေဂေဇက်နယ်စည်းမခြား အရက်သမားများ သမဂ္ဂထဲဝင်မည် ဆိုပါလား ။ ဒါဆိုရင်တော့ သူကြီးမင်း ကို ဥက္ကဌ ရာထူးကို ယူမနှေး ပေးအပ်လိုက်ပါပြီခင်ဗျ။ ထို့ကြောင့် ပြည်တွင်းရှိ သမဂ္ဂ ဝင်များအတွက် သူကြီးမင်းအနေဖြင့် အမေရိကမှ အရက်များ သို့ မဟုတ် အရက်သောက်သုံးရန်အလိုငှ ငွေတိုငွေစ အဿပြာ ၊ဒေါ်လာများ ထောက်ပံ ချီးမြှင့်ပေး ပါရန်ဥက္ကဌကြီးအား အနှူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

    • သမိန်ဂီ့

      April 11, 2012 at 10:51 am

      အိုဘယ့် …
      ရယ်မီလေးရယ်တဲ့မှ မာတင်
      😀

  • cobra

    April 10, 2012 at 4:32 pm

    နောက်တခေါက်သောက်ကြမယ်ဆိုရင်လည်းခေါ်ပေါ့
    ဟိုနေ့ကမလာဖြစ်တာတော့စိတ်ထဲမကောင်းဘူး။
    လာဖြစ်ရင်ရွာထဲက တိုတိုကြီးတွေနဲ့တူတူသောက်ရမှာ
    ခုတော့မသောက်ဇြစ်တော့ဘူး။
    နောက်တခေါက်တော့လာဖြစ်အောင်လာခဲ့မယ်
    ခေါ်လိုက်နော်သားသားကို။

  • MaMa

    April 10, 2012 at 5:00 pm

    အာဂလူသားကတော့ ကိုယ်ထိလက်ရောက် အမွေပေးနိုင်အောင် ကြိုးစားနေပြီထင်ပါ့။
    ဖြစ်ပေါ်လတ္တံသော ဘေဘီအာဂလေးတော့ ကံဇာတာဘုန်းတန်ခိုးတွေ ပွင့်လန်းပြီး ဝင်ရောက်လာတော့မယ်ထင်တယ်။ 😉

  • ဆူး

    April 10, 2012 at 5:52 pm

    ဒါနဲ့ စကားမစပ် အိမ်မှာ နှစ် ၃ဝ လောက် ရှိတဲ့ ဂျော်နီဝေါ့ကား ပုလင်းရှိတယ်။ နှစ်တွေ ကြာရင် ပိုတန်ကြေး တတ်တယ် ဆိုလို့.. ဈေးကောင်းရရင်တော့ ရောင်းချင်သား.. အဟိ

    • char too lan

      April 11, 2012 at 10:39 am

      ပြန်ကျိပါအုံး ဆြာဆူးရယ်….. တော်ကြာသိုးကုန်အုံးမယ်
      ထုတ်စရာချိဒါ ညံညံထုတ် 😉

    • သမိန်ဂီ့

      April 11, 2012 at 10:54 am

      ကိုကိုဆူးချင့် …
      အဲ့ ပုလင်းလေး သများတို့ သမဂ္ဂကို လှူပါလားချင့်..
      😀

      • ဆူး

        April 11, 2012 at 12:47 pm

        အရက်ကောင်းဆိုတာ နှစ်ကြာလေ တန်ကြေးပိုတက်လေ ဆိုတာ ကြားဖူးထားလို့.. ဈေးကောင်းရရင် ရောင်းချင်လို့ပါဆိုနေမှ… ဟွန့်.. အရက်ဆိုတာ မလှူကောင်းတဲ့ အထဲမှာ ပါတယ်တဲ့..

        • စော်ဘွားလေး မောင်မာန်ခ

          April 13, 2012 at 9:52 pm

          လှူမကောင်းရင်အလက်ဂါးပေးလိုက်ပေါ့တီဆူးရဲ့ ရောင်းရင်လည်းမိစာ္ဆဇီဝဖြစ်တယ်မှုတ်လား……
          ဂီရေ….ကိုဂရေ…လက်ဂါးသာတောင်းတော့ဗျို့……. ဇဂါးမစပ်…သိမ်းထားတာလည်း…
          အပြစ်ကြီးတယ်နော်တီဆူး…… အရက်ဆိုတာပုလင်းထဲကြာရင်မကောင်းဘူး……
          စဉ့်အိုးမဟုတ်ရင်…. သစ်သားစည်ထဲထားမှကြာကြာထားကောင်းမှာဗျ……

  • ရွာစားကျော်

    April 10, 2012 at 7:04 pm

    အဲဒီသမဂ္ဂမှာ ဝင်မသောက်ဘဲ အမြီး နှိုက်မြီးလို့ရောရမည့်.. အဲဒီ အစီအစဉ်ရှိမရှိ ဖြေကြားပေးပါရန် အဆိုတင်သွင်းပါတယ်ခင်ဗျ..

    • R Ga

      April 13, 2012 at 7:51 pm

      ဝင်မသောက် ဘဲ မမြည်း ချည်း ပဲ စားသုံးမည် ဆိုပါက မမြည်း စား သမဂ္ဂ အားတည်ထောင် ရန် ပြန်လည် အဆိုတင်သွင်းအပ်ပါသည်။ မှတ်ချက် ( တစ်ခွက်သောက်သောက်၊ တစ်စက်သောက်သောက် ၊ သောက်လျင်ပင်ကျေနပ်သည်။)

  • Mလုလင်

    April 10, 2012 at 7:05 pm

    အရက် ကို အချိုရည် ရော ရင် သိပ်စိတ်ဆိုးတယ်။ Red ပဲထား ၁ လီတာ ရဖို့ ၁ သောင်း ဝန်းကျင် ပေးရတယ်။ အဲဒါကို အချိုရည် နဲ့ ရော ရင်တရားပါ့မလား။ ဒီလို အပြုအမူမျိုးကို ရှောင်ကြည်ကြဖို့ အဆို တင်သွင်း လိုပါတယ်။ အရက် ကို အရက် အတိုင်း သောက်ဖို့ အဆိုပြု ချင်ပါတယ်။ အဝင် ဆိုးတာမကြိုက် ရင် အအေး သောက် ဒါဗြဲ …။

    • စော်ဘွားလေး မောင်မာန်ခ

      April 13, 2012 at 10:01 pm

      ရေမရောအသေစောတယ်ဗျ….. နောက်ကျမှလဲမသေချင်စောလဲမသေချင်ရင်…..
      ဖျော်ရည်ရောသောက်ရတယ်…. ကျွန်တော်ကတော့အရက်ရဲ့မူးတဲ့ပြင်းရှရှပူတဲ့အရသာကို
      ကြိုက်တယ်…အနံ့နဲ့အရသာတအားခါးတာမကြိုက်လို့ ဖျော်ရည်မွှေးမွှေးသောက်တယ်…
      မှတ်ချက်…. ဝိုင်ပြင်းပြင်းကိုပိုကြိုက်ပါတယ်… အထူးသဖြင့်ချဉ်စော်ခါးသီးတို့…
      ဂရိတ်ဖုတို့…စတော်ဘယ်ရီ..စပျစ်…မက်မန်း…အဲအသီးတွေကိုဝိုင်ဖောက်ထားတာပိုကြိုက်တယ်..
      သစ်တော်ဝိုင်မကြိုက်ဘူး…. နာနတ်ဝိုင်မကြိုက်ဘူး…ဒါပေမယ့်ဝိုင်ဆိုတာမှောက်တဲ့ထိသောက်မရ
      ဘူး… အရက်ကတော့မှောက်အောင်သောက်လို့ရတယ်.. ချဉ်စော်ကားသီးအရက်ကိုကြိုက်တယ်..
      ဘလက်တို့ဘလူးတို့… ချီးဗက်စ်…ဗဲလ်လင်တိုင်းဆိုတာတွေထက်… ချဉ်စော်ကားသီးနံ့မွှေးမွှေး
      လေးနဲ့ဖန်ရှရှခါးသက်သက်လေးမို့ပိုကြိုက်တယ်……..
      စိတ်ဝင်စားရင်…ရှမ်းတရုတ်မီးတောက်အရက်ကိုရှမ်းပြည်ကသယ်လာပေးမယ်…
      တစ်ပုလင်း…ဖင်မီးပွင့်မတတ်ကိုပူတယ်နော်…. ဗော့ဒကာနီးပါးပဲ….သောက်ကျမလား….

  • အမတ်ဒိန်

    April 10, 2012 at 8:24 pm

    ကျနော်တော့ .သောက်ချင်စိတ်ပေါ်လာရင် အခြေအနေမျိုးစုံမှာ. သောက်နိုင်သလောက်သောက်ပြီး..
    သောက်ချင်စိတ်ပျောက်လာရင် အရက်သောက်နေရင်းနဲ့ ..
    ိုရပ်ချင်တဲ့ အချိန်မှာ..ရပ်ပစ်လိုက်တာပဲ….
    သဂျီးပြောတဲ့ ဝိုင်ကတော့ အရသာပျော့တာကြောင့်မကြိုက်ဘဲ..
    အရက်ကောင်းသောက်ဖို့ပြောတာကိုတော့ လက်ခံပါကြောင်း.. 🙂
    အရက်သမားစစ်စစ်မဟုတ်လို့လားမသိ..ကောင်းတာလေးသောက်ပြီး.
    အရသာကောင်းကောင်းလေးမှ မြည်းချင်ပါကြောင်း နှင့်…
    ခုတလော အရက်စကားတွေပဲ ပြောနေရတာကိုလည်း မူးမူးနဲ့ အားနာပါကြောင်း.. 😛 😛

  • surmi

    April 11, 2012 at 12:26 am

    ဆိုဒါနဲ. ကျွဲရိုင်းကို မျှအောင်စပ်ပြီး အရက်လိုသောက်မယ်လေ ၊ အဖွဲ.ထဲဝင်လို.ရမရ ဆုံးဖြတ်ပေးပါဦး။

    • R Ga

      April 13, 2012 at 7:58 pm

      ဆိုဒါနဲ့ ကျွဲရိုင်း ဆိုလျင် မရ ဘာ အခြား ဒေသ ရိုးရာ အရက်တစ်ခုခု ဖြစ်စေ…။ သို့ မဟုတ် မူး ယစ်စေတတ်သော အရာများ ပါ သောက်သုံးနိုင်ပါမှ အဖွဲဝင်အဖြစ်ခွင့်ပြုပါမည်။ (မှတ်ချက်။ ။ မသောက်ပဲနှင့် အဖွဲ့ဝင်များ သောက်သုံးရန်အလိုငှာ အလှူငွေ ပေးအပ်ခြင်းကို ပိုးစိုးပက် လက် ခံ နေကြောင်း အသိပေးအပ်သည်။)

  • မန္တလေးဂေဇက်ရွာအတွင်းရှိ (အနယ်အနယ်အရပ်ရပ်ရှိ )ယမကာချစ်သူများ၊ ယမကာစုသောက်ခြင်းဖြင့် ချစ်ခြင်းမုန်းခြင်းကင်းစွာ၊ပျော်ရွှင်မြူးတူးသွေးစည်းညီညွတ်ရန်။
    အနယ်အနယ်အရပ်ရပ်ရှိ ဂေဇက် ယမကာလုလင်များ ရန်ကုန်သို့ရောက်ရှိလာပါက။ သွေးစည်းညီညွတ်စွာဖြင့် စုပေါင်း အရက်သောက်ကြရန်။
    ———-ဆိုတော့. ကျနော်လဲပါဝင်ချင်ပါဘိ

    • R Ga

      April 13, 2012 at 7:54 pm

      ဝမ်းမြောက်ဝမ်းသာစွာ ဖြင့် လက်ကမ်းကြိုဆိုလျက်… မှတ်ချက် မူးလာလျင် ဗေဒင်ဟောပေးရမည်။

  • ကိုရင်မောင်

    April 11, 2012 at 3:56 pm

    လူကြုံရှိယင်နယ်စည်းမခြားသမဂ္ဂအဖွဲ့ကို တရုတ်အရက်ကောင်းကောင်း
    ပို့ပေးလိုက်ပါ့မယ်…….

    • R Ga

      April 13, 2012 at 8:01 pm

      နယ်စည်းမခြား အရက်သမားသမဂ္ဂဟု ဆိုထားခြင်းကြောင့် လူမျိုးဘာသာမခြား အရက်များ အား အရမ်းကို လှိုက် လှိုက်လှဲလှဲ ဖိတ်ခေါ်မိကြောင်း ။ ကြေငြာအပ်သည်။ ရန်ကုန်ခြေဆိုက်အဖွဲ့

  • Lwin Aung

    April 14, 2012 at 12:14 pm

    Remember , Thingyan festival ( Evening ) is time to drink for our.

Leave a Reply