အဘဖောရေ ရွာထဲကထွက်ချင်ပေမယ့် ထွက်လို့မရသေးဘူးဗျာ ………… မီးကတော့စိတ်ထဲရှိရင် မြုံမထားတတ်ဘူး တစ်ခုခုဆိုပြောလိုက်ရမှကျေနပ်တယ်ဗျာ ဒီပို့စ်ကိုဖတ်ပြီး တစ်ခြားသူတွေလည်း သိသင့်တာလေးတွေသိရအောင်လို့ပါ ……..ဒီရွာထဲက ထွက်မယ်ဆိုတော့ ရွာသားတွေက ရွာထဲကို ပြန်ဝင်လာခဲ့ပါ နံမည်ပြောင်းလိုက်ပါ ဒါမျိုးတွေနဲ့အကြုံဥာဏ်အမျိုးမျိုးပေးကြတယ် ဒါပေမယ့် အဲဒီလိုအလုပ်မျိုး မီးမလုပ်ဘူး မီးကရွာသူရွာသားတွေကိုခင်တယ် မီးကိုလည်း Khaing Khaing ဆိုတဲ့နံမည်နဲ့လူတွေသိကြတယ် ဒါကိုပဲမီးကကြိုက်တယ် ……. မီးအဓိကထွက်သွားတဲ့ ရည်ရွယ်ချက်က ဒီလိုပါ ……… Pls see b/m…….

ရွာထဲကထွက်တာ ဘာကြောင့်ဆိုတာ ဒီစာလေးတွေကိုကြည့်ပါ ဒါကအဘဖောရဲ့ပို့စ်ထဲမှာ ဒီနေ့ပြန်ရှင်း ပြထားတာလေးတွေပါ ……..

Khaing Khaing says:

အဘဖောရေ လူတစ်ကိုယ် စိတ်တစ်မျိုး စဉ်းစားပုံစဉ်းစားနည်းတွေကလည်း မတူကြပါဘူး … မီး ရွာထဲကထွက်တာ အဘကိုစိတ်ထဲဘယ်လိုမှမနေပါဘူး မီးရှင်းပြပရစေ အဘပို့စ်ကိုရှာပြီး ရေးတာ က မီးရေးလိုက်ရင် အဘအီးမေးထဲကိုဝင်မှာပဲလေ ဒါကြောင့်ပါ ဖိုရမ်ကိုတော့ ကြောက်သွားပြီ အဟိ …. ရွာသားတွေအားလုံးမြင်တာကိုမသိလို့ … ဒီလိုအဘရေ အဘဘယ်လိုင်းမှာလိုက်နေ တယ်ဆိုတာမီးသိပါတယ် အဘက မီးတို့လူကြီးကို မသိစရာမရှိဘူး ဘာလို့လဲဆိုတော့ မီးတို့လူကြီးက နံမည်ကြီးလေ အဟိ ……… တော်တဲ့နေရာမှာပေါ့ …… တစ်ခုမီးစိတ်ထဲဘာကို ကြောက်သွားလဲဆိုတော့ အဘက သူ့နာမည်ကြီးကိုထည့်တော့ မီးတော်တော်လန့်သွားတယ် အဘသိနေတာကိုမဟုတ်ဘူးနော် မီးလူကြီးအကြောင်းသိတယ်မှတ်လား သူကလူရိုးကြီး အကယ်လို့များ သူ့တို့ဆွေမျိုးအသိုင်းအ၀ိုင်းတစ်ယောက်ယောက်က တွေ့သွားရင် မီးကိုသူက ပြောမှာ ညည်းဘာတွေရှုပ်ရှုပ်ယှက်ယှက်လုပ်နေလဲဆိုပြီးတော့လေ မီးရဲ့ မန်းမန်းအိုးလေးကွဲသွားမှာ စိုးလို့ပါ မီးကအဘရဲ့ကွန့်မန့်လေးတွေကိုဖျက်ခိုင်းတာကို အဘက ဟင့် ကိုထပ်ပေးသေးတယ် မီးလည်းအတော်ကိုလန့်သွားတယ် ဒါကြောင့်မီးရှောင်ပြေးတာပါ အဟိ … စိတ်ဇိုးလို့ဝုတ်ပါဘူး … အဘရယ် မီးကရွာထဲဝင်တာလဲ နံမည်အမှန်နဲ့ဝင်တာလေ မီးလိုင်းနံမည်နဲ့ မီးနံမည်ကို တခြား သင်္ဘောသီးတွေ့ရင် မီးမှန်းတိတွားမှာ သေချာပေါက်ပဲ အဟိဟိ မီးဆိုတာသိရင်ဖွမှာလေ … ဒါကြောင့်ပါ … အဘက သူကြီးဆိုတော့နည်းနည်းတော့ကြောက်တာ လည်းပါတယ် တော်ကြာ မီးရဲ့ စီဒီစီမှာ နီလိုက်မှဖြင့် အဟင့် ….. မီးရေထဲမဆင်းရဘဲဖြစ်နေမှာစိုးလို့ပါ …. မီးအကြောင်းကို အားလုံးသိပါတယ် သင်္ဘောသီးလောကမှာ မီးသဘောကောင်းတယ်ဆိုတာလေ အဟိ …. အဘလိုက်နေတဲ့လိုင်းက တိုတိုတွေကိုလည်းမေးကြည့်လို့ရပါတယ် မီးအကြောင်း အဟိ … အဘ မီးအကြောင်းတွေကြောနဲ့နော် နောက်ဆို …. ဒါဗြဲ …..

ခင်မင်ရင်းနှီးစွာဖြင့်
Khaing Khaing

မီးထွက်ခဲ့တာ ဒီလိုအကြောင်းလေးတွေရှိနေတာပါ ………..

အဲဒီနေ့ကအဖြစ်အပျက်လေးကို အားလုံးသိအောင်ပြောပြမယ်နော် …. ရွာထဲကိုဝင်တာ တူရဆိုတဲ့ (တစ်ကိုယ်လုံးမိုးချုပ်နေတဲ့) သူငယ်ချင်းကကူညီလို့ ၀င်ဖြစ်တာ …. ဘာမှမသိသေးတဲ့ မီးက အဘဖောရဲ့ကွန်မန့်ကို ဖျက်ချင်တော့ ဘာလုပ်ရမလဲ မသိဖြစ်နေတာလေ ဒါနဲ့သိသလောက်တတ်သလောက်လေးနဲ့ ဖိုရမ်ထဲကိုဝင်ပြီးရေးမိတယ်လေ ……….

သူကြီးရှင့် ….  မီးရဲ့ Personalကိစ္စများပါနေ ပါသဖြင့် ကွန်မန့်ထဲက စားသားများကိုဖျက်ပေးစေလိုပါတယ်ချင့် ……….. သူကြီးရှင် မီးက အခုမှ ဖိုရမ်ကိုဝင်ဖူးပါသဖြင့် အမှားပါရင်ခွင့်လွတ်ပါ မီးသိသလောက်နဲ့ သူကြီးထံပို့ပေးတာဖြစ်ပါတယ်ချင့် …

 

လေးစာစွာဖြင့်

Khaing Khaing”

အဲဒါကို တူကပေါ့က မီးကိုအဲလိုပြန်ရေးတယ်ချင့် … အဟင့် အဟင့် …………..

မီးက ဘာလို့ ဒီလောက် ဒေါသတွေ ထွက်နေတာလဲ..

မီး အဲဒါ လူမသိအောင် ကိုယ်ပိုင် အီးမဲ နဲ့တောင် ပို့ပြီး ပြောလို့ ရတယ်။

တကယ်ဆို ဒီလိုမဖြစ်သင့်ဘူးလေ မီးကရွာသူအသစ် မီးစာသားမှာ ဒေါသထွက်တဲ့ပုံစံလုံးဝမပါဘူးနော် …. မီးမသိလို သိတဲ့နေရာကနေတောင်းတောင်းပန်ပန်သေချာပြောပြီးရေးတာတာ တူတို့ကရွာသက်ရင့်နေသူ တွေလေ မီးမှားရင်တောင် ဒီလိုစာသားမျိုးတွေနဲ့မီးကိုမသုံးသင့်ပါဘူးလေ ……အဲဒီနေ့ကတော်တော်လည်း ရီရတယ် အဘဖောရဲ့စာသားတွေကို ဖျက်လိုက်တာမီးမသိဘူး ရွာသားတစ်ယောက်ကမေးတယ် ဖိုရမ်မှာဘာဖြစ်တာလဲတဲ့ အဲဒါနဲ့ မီးရဲ့ပို့စ်ထဲကိုပဲ ၀င်ကြည့်တော့ သူကြီးကဖျက်ပေးထားတယ်လေ မီးလည်းပျော်လို့ သူကြီးနဲ့အဘဖောကိုတောင် စာပြန်လိုက်သေးတယ် အဲဒီအချိန်ထိဘာမှမသိသေးဘူး ညရောက်တော့ ချစ်ချစ်နဲ့ online မှာချိန်းထားတယ်လေ အဲဒီအချိန်မှာ အားတုန်းလေး Gmail ထဲမှ မီးပို့စ်ကိုမန့်ထားတာတွေကို ဖတ်ကြည့်မိတယ် အဲအဘက ထပ်ရေးထားပြန်ရော ပြီးတော့အပေါ်မှာ ဖိုရမ်လို့အင်္ဂလိပ်လိုရေးထားတဲ့နေရာကို သွားကြည့်တယ် အဲဒီမှ တစ်ခြားသူတွေပါ ၀င်ရေးထားတာကိုသိရတယ် မီးငတုံးမက ဘေးမှာ ဖိုရမ်ထဲကအကြောင်းတွေပေါ်နေတာ လုံးဝမသိဘူး အဲအချိန်မှာပဲ သိလိုက်တယ် ဘေးမှာလည်း ပေါ်နေတယ်ဆိုတာကိုလေ ……. အမလေးလေး အရှက်တွေဗြန်းဗြန်းကွဲတော့တာပဲ အဟိ ရှက်လိုက်တာ …….. အဲဒါနဲ့မီးလည်း ရွာကထွက်စာကို သူများမသိအောင် ပို့စ်ထဲမှာရေးလိုက်တယ် ဒါပေမယ့် သိသွားတာပါပဲ …… ရွာထဲကိုပြန်လာဖို့ အားလုံးကပြောကြပါတယ် ဖိုရမ်ထဲမှာရော မီးရဲ့  private အကောင့်မှာရောပေါ့  မီးအမှန်ပြောရရင် ခံစားချက်နည်းနည်းမဲ့သွားတယ်ဗျာ ….. ဒါပေမယ့် ဒီစာသားလေးကို တွေ့တော့ ရှင်းပြမှဖြစ်တော့မယ် ဆိုတဲ့အတွေးဝင်လာတယ် …….

“ မီးမရှိရင် ဖယောင်းတိုင်ဝယ်ဖို့ပြင် (အဲလေ)  စကြနောက်ကြတာပဲဗျာ ဒုက်နဲရိုက်တာမှမဟုတ်တာ

အခုဟာက ဘာမဟုတ်တာကို ဇာချဲ့တယ်ဆိုတဲ့သဘော သက်ရောက်သလိုဖြစ်နေတာပေါ့  လူဇိုးကြီးရဲ့ “ ပေါ့စေချင်လို့ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုတာမျိုးဖြစ်နေမလားပဲ” လူဇိုးကြီးတို့က  အတွေးအခေါ်အပိုင်းမှာရော ရွာသက်မှာရော ရွာထဲကစာအရေးအသားတွေမှာပါ စီနီယာကြီးတွေပါ မီးတို့လို ဂျူနီယာ ပါမွှားလေးတွေကို စာသားလှလှလေးတွေနဲ့ ရွာထဲပြန်ဝင်လာအောင် attraction  မလုပ်သင့်ဘူးလား ….  တစ်ခါတလေကျရင် ရွာထဲမှာ စာရေးရင် မီးကိုယ်တိုင် သတိထားပြီးရေးရတယ် “နှုတ်တရာစာတစ်လုံးဆိုတဲ့စကားလဲရှိတယ်လေ” အားလုံးက အပြင်မှာ ဘယ်လိုအဆင့်အတန်းတွေ ဘယ်လိုရာထူးတွေပဲဖြစ်နေပါစေ ရွာထဲမှာတော့ အားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ရွာသူ/သားတွေပါပဲ ……… အချုပ်ကိုပြောရရင်တော့ ရွှေထိုက်သီချင်းထဲကလို “ရန်ဖြစ်ပြီးတော့လည်း ပြန်ပြန်ချစ်တာပဲ ”

ရွာထဲကိုပြန်ဝင်လာအောင် အထပ်ထပ်အခါခါ ချွဲနွဲ့နေသော မောင်လေးဖရဲ ……. အခုလို မီးကိုမခံချင်အောင် စခဲ့သော ကိုအောင်… မကောင်းကင်ပြာ ပို့စ်ထဲမှ ရသေ့အေကို ဥပမာတွေပေးသော မမအုံ ….. ရွာထဲကိုပြန်ဝင်အောင် အားဆေးကို လှုပ်တိုက်သော မမအီးတုံး …. ဖုန်းဖြင့်အားပေးစကားပြောသော လေးလေးဘလက် ကိုဖက်ကတ် ကိုကြီးကမ်း မိတိုက်မ မဲတူမ ကိုအမတ်မင်း လေးပေါက် ကိုနေ၀န်းနီ မောင်လေးခ ကိုကြီးဖားသက်ပြင်း မမဆူးရေ စိတ်မရှိနဲ့ မီးက စိတ်ထိခယက်လွယ်တယ်ဗျ …… အားလုံးက လူ့ဘ၀မှာ ခဏတာဆုံတွေ့ရတာပါ … ဒီရွာကလည်း မြန်မာပြန်က ကိုးနတ်ရှင်ကောင်းနေရင် ရွာထဲမှာ ရွာသူ/သားတွေ ရန်ဖြစ်ကြ ပြန်ချစ်ကြ ပျော်ကြပါးကြ သောက်ကြစားကြ (အဲဟုတ်ဝူး) စနေနေ့အုပ်စုကိုသတိရသွားလို့ ကိုးနတ်ရှင်မကောင်းရင်တော့ အခုလိုရန်ဖြစ်လို့ဘယ်ရမလဲနော် ………

 

ဂေဇက်ရွာမှ ရွာသူကြီး Kai မန္တလးဂေဇက် web site ကြီးကို မပျက်မစီးကြာရှည်စွာ တည်တံ့ခိုင်မြဲအောင် တည်ထောင်နိုင်ပါစေလို့ … နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ….. မီးကိုအားပေးခဲ့တဲ့ သူကြီးကိုလည်း ကျေးဇူးတင်ပါတယ် ………..

 

ခင်မင်ရင်နှီးစွာဖြင့်

Khaing Khaing

 

About Khaing Khaing

- - has written 38 post in this Website..