ကျွန်တော့်ကို မာရာဒိုနာနဲ့ မနှိုင်းယှဉ်ပါနဲ့

khinmintatthuJune 11, 20101min500

တောင်အာဖရိကတွင် ကျင်းပမည်ဖြစ်တဲ့ ၂၀၁ဝ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင် မယ်လို့ အများစု ယုံကြည်ထားကြ တဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီကသူ့ကို မာရာဒိုနာနဲ့နှိုင်းယှဉ်ပြော ဆိုနေကြခြင်းကို ကန့်ကွက်လိုက်တဲ့ စကားပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြီး ခဲ့တဲ့ သီတင်းပတ်ကမှ မာရာဒိုနာကြီး ကိုယ်တိုင် သူ့ကစားသမားကို သူ့ ထက်ပိုကောင်းသူ ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့တာတွေ ရှိခဲ့ပြန်တော့ လည်း မက်ဆီဟာ မာရာ ဒိုနာကြီး သူ့ကိုမြှောက်ပင့်ချီးကျူးပြောဆိုတာ တွေကို စိတ်ပျက်မိလို့ အခုလို ပြောဆိုတာများလားလို့လည်း ယူဆစရာ ဖြစ်လျက်ရှိနေပါတယ်။

“ကျွန်တော့ကိုအဲဒီလိုခိုင်းနှိုင်းပြောတာတွေကို မကြိုက်ဘူး။မာရာဒိုနာနဲ့ ခိုင်းနှိုင်းခံရတာဟာ ကျေနပ်စရာဖြစ်ပေမယ့် ဒါကြီးကစိတ်အနှောင့် အ ယှက် ဖြစ်နေပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ဖို့ ကမ္ဘာ့ ဖလားမှာသက်သေပြနိုင်ဖို့လိုနေပါတယ်။ကျွန်တော်ဟာ အာဂျင်တီးနား လူမျိုးပါ။ ကျွန်တော့နိုင်ငံအတွက် ကစားရတာ ကိုပဲကြိုက်ပါတယ်” လို့ မက်ဆီက ပြော ဆိုသွားတာပါ။ ဒါဟာ မာရာဒိုနာကြီး ကို ဆန့်ကျင်မှုပါ နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ မာရာဒိုနာဟာ မက်ဆီ အကြောင်းပဲ အမွှမ်းတင်နေပြီး အာဂျင်တီးနားရဲ့ တခြားကစားသမားတွေ အပေါ်မှာ တော့အမွှမ်းတင်လှခြင်းရှိမနေခဲ့ပါဘူး။ မာရာဒိုနာကဆိုရင် ၈၆ မက္ကဆီ ကိုကမ္ဘာ့ဖလားမှာ သူခြေစွမ်းပြ ခဲ့တာထက်ကို အခု ၂၀၁ဝ ကမ္ဘာ့ဖလား မှာ မက်ဆီဟာ ခြေစွမ်းပြလိမ့်မယ်လို့ကို ပြောနေခဲ့တာပါ။ မက်ဆီဟာ အာဂျင် တီးနား လူမျိုးတစ်ဦးဖြစ်နေတာ၊ မက်ဆီ ကို သူ လေ့ကျင့်ပေး နိုင်သူဖြစ်ခဲ့တာတွေဟာ ကံကောင်းမှုတစ်ခုဖြစ်ပြီး အသင်းအတွက်တော့ သူဟာစံနမူနာကောင်း တစ်ခုဖြစ်နေခဲ့တယ်။ မက်ဆီဟာဟို အရင်ကောင်းခဲ့ကြသူတွေထက်ကို ပိုပါ တယ်ဆိုတဲ့ စကားတွေ ပြောဆိုနေခဲ့တာပါ။

အခုမှ အသက် ၂၂ နှစ်သာရှိသေး တဲ့ မက်ဆီဟာ ဒီအသက်အရွယ်လေး နဲ့တင် သူဟာ ရှိသမျှဖလားတွေ ရယူထားခဲ့ပြီး ကမ္ဘာ့ဖလား တစ်လုံးသာ ရယူဖို့ ကျန်နေ ခဲ့ပါတယ်။ ဒါကြောင့် သူဟာ အသင်း အပေါ်မှာ အာရုံစိုက် ထားပြီး လေ့ကျင့်လျက်ရှိ နေခဲ့ပါတယ်။ ဒါပေ မယ့်မာရာဒိုနာကြီးရဲ့ ချီးမွမ်းခန်းကြီးဟာ နည်းနည်းများလွန်းလာနေတဲ့အတွက်တော့ သူ့ကိုအနှောင့်အယှက်ဖြစ်လျက်ရှိနေခဲ့ပါတယ်။

မာရာဒိုနာ ဆိုတာကလည်း အပြုအမူအရ၊ အပြောအဆိုအရတို့မှာ အထိန်းအကွပ်မဲ့သူ နည်းပြဖြစ်နေတော့အသင်းအပေါ်ထက်တစ်ဦး တစ်ယောက် (မက်ဆီ) ကိုပဲ ဂရုစိုက်ရာ ရောက်နေခဲ့ပါတယ်။ ကစားသမားအဖြစ်နဲ့ ၈၆ မက္ကဆီကို ကမ္ဘာ့ဖလားကိုရယူခဲ့သလို နည်းပြ အဖြစ်နဲ့ အခု ၂၀၁ဝ ကမ္ဘာ့ဖလားကိုရယူချင်နေတာမှန်ပေမယ့်သူ့အပေါ်မှာတော့ ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းက သံသယတွေရှိထား မြဲပဲဖြစ်ပါတယ်။

သူ့ရဲ့အသင်းက တိုက်စစ်မှူးခြောက်ဦး (မက်ဆီ၊ မီလီတို၊ အဂွဲရို၊တေဗက်ဇ်၊ ဟီဂူအင်၊ မာတင်ပါလာမို) တို့ဟာဒီရာသီမှာ ၁၃၃ ဂိုးသွင်း ခဲ့ကြပေ မယ့် မာရာဒိုနာ ဘယ်လောက်အထိ အသုံးချနိုင်မလဲဆိုတာကိုလည်း စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

မက်ဆီကိုယ်တိုင်ကတော့ အာဂျင်တီး နားချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ စကားကို လုံးဝပြောဆိုခြင်းမရှိဘဲ အင်္ဂလန် ဗိုလ်စွဲနိုင်တယ်လို့ပဲ ပြောဆိုနေတာက လည်း စဉ်းစားစရာဖြစ်လျက်ရှိနေပါ တယ်။ အကောင်းဆုံးတိုက်စစ်တစ်ခု ပိုင်ဆိုင်ထားခြင်းအောက်မှာ အာဂျင်တီး နားကို ဘယ်ပုံဘယ်နည်းဆိုတာ မပြောဘဲ နေခဲ့ခြင်းက မာရာဒိုနာရဲ့လေ့ကျင့်မှုတွေဟာ မက်ဆီစိတ်ကြိုက် ဖြစ်မနေဘူးလား။Team တစ်ခု မာရာဒိုနာမတည်ဆောက်နိုင်သေးဘူးလား လို့ တွေးစရာဖြစ်လျက်ရှိနေပါတယ်။ မက်ဆီရဲ့ အပြောအရတော့ အာဂျင် တီးနား ဟာ ပုစ္ဆာဆန် လျက်ရှိနေပါရဲ့။