စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )

Foreign ResidentApril 9, 20125min596107

စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )

 

အခု အဘရဲ့ ဒီ Post က

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ

အကြောင်းရုပ်ပုံလွှာ (အပိုင်းသုံး) မှာ

စာရေးသူ San Hla Gyi ရဲ့ Comment ကိုပြန်စာပါ ။

စာက နဲနဲ ရှည်တော့ Post တင်လိုက်ပါတယ် ။

 

ဒီစာကို ရေးခါနီး အဘ အတန်တန် စဉ်းစားပါတယ်

အထူးသဖြင့် အမှန်ကိုပြောတာ ဖြစ်သော်လည်း

အပြောကောမှန်ရဲ့လား လို့ပေါ့လေ ။

 

သို့သော် တွေ့တွေ့လာသမျှ အခြေအနေတွေ အရ

မတရားမှုကို မတရားမှု မှန်း သေချာမသိ ဝေဝါး နေတဲ့အတွက်

တိုင်းရင်းသားတွေရဲ့ ခံစားရမှုကို နားမလည်နိုင်ပဲ

အမုန်းမီးတောက်တွေ ထပ်ထပ်တိုးလာတာတွေ့ရလို့

ရင်နာနာ နှင့်ပဲ ဒီစာကို ချရေးလိုက်တာပါ ။

 

” တနသာင်္ရီဟာ ပုဂံခေတ်ကတည်းက မြန်မာပိုင်ပါ “

 

ကို San Hla Gyi ရေ

ဝမ်းနည်းပါတယ် ။ ကျနော်က မွန်လူမျိုး ပါ ။

လောလောဆယ် မြန်မာနိုင်ငံသား ဖြစ်ချင်စိတ်

တော်တော်လေးကို ကုန်ခန်းနေတဲ့ မွန်လူမျိုး ပါ ။

 

အထူးသဖြင့် ဟိုတစ်ခါ ရခိုင်ပြည်နယ် ( ရွှေ – လုပ်ကွက် ထင်တယ် )

ကထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို ၊

ရခိုင် လူမျိုး ၊ ရခိုင်ပြည်နယ် အတွက် အသုံးပြုပေးဖို့ အစီအစဉ် မရှိပါဘူး ဆိုပြီး

ပြည်ထောင်စု ဝန်ကြီး ဆိုသူက လွှတ်တော်မှာ ( သောက်ရှက်မရှိ )

ရုပ်တည်ကြီး နှင့် တရားဝင်ကို ပြန်ဖြေသံကို ကြားပြီးတဲ့အခါကစပြီးတော့ပေါ့ ။

 

ကျနော်လေ မြန်မာနိုင်ငံသား တစ်ယောက် အနေနှင့်

ရှက်လိုက်တာ ၊ ရှက်လိုက်တာ ဆိုတာလေ ။

ဒင်းတို့မို့ သောက်ရှက်မရှိ လွှတ်တော်လိုနေရာမှာ ဒီစကားပြောထွက်တယ် ။

( လူသူအလယ်မှာ ဝစ်လစ်စလစ် ဖြစ်နေရင်တောင်

ဒီ ကိစ္စလောက် ရှက်စရာ မကောင်းဘူးလို့ ထင်မိတာပဲ )

 

အဲဒီကတည်းက ကျနော့်ရဲ့ မြန်မာ နိုင်ငံသား အဖြစ်ကို

စွန့်လွှတ်ချင်တဲ့ အထိကို စိတ်ကုန်ခဲ့တာပါ ။

 တိုင်းပြည် ဆင်းရဲလို့ မဟုတ်ပါ ၊

လူမျိုးရဲ့ စိတ်ဓါတ် အောက်တန်းကျတာကို ရှက်လို့ပါ ။

 

” တနသာင်္ရီဟာ ပုဂံခေတ်ကတည်းက မြန်မာပိုင်ပါ “

 

ကျနော်တို့ မွန်တွေ ပိုင်တဲ့ ၊ နေထိုင်တဲ့ ( ကရင်တွေလည်းနေကြတယ် )

ဧရာဝတီတိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကိုကျော်ပြီး ဘောက်မဲ့ကြောင့်

တနသာင်္ရီဟာ မြန်မာပိုင်ပါ ဆိုတဲ့စကား ထွက်ရတာတုန်း ။

 

အရင် ဘုရင်တွေ သတ်ကြဖြတ်ကြတာတွေ

ကျုပ်ကလည်း ထိုင်ကြည့်မနေတော့ မသေချာဘူးဗျ ။

အများစုက ဝိုင်းရေး ဝိုင်းပြောပြီး လက်ခံထားတာကတော့ ရှင်းရှင်းကြီးပဲဗျ ။

အေး ရှေးအရင်က လုပ်နိုင် မလုပ်နိုင် သိရအောင်

လက်ရှိ နီးနီးစပ်စပ် သမိုင်းကိုပဲ ပြန်ကြည့်ရအောင် ။

( ကိုယ့်သက်တမ်း ကလည်း ပြီးခဲ့တဲ့ နှစ် ၄ဝ ပဲမှီတာကိုးဗျ )

 

အခု ခေတ် အချိန်အခါမှာတော့ မြန်မာတွေ တိုင်းရင်းသားတွေကို

မတရားလုပ်တဲ့ အချက်ကတော့ ကမ်းကိုကုန်ရော ။

မြန်မာပြည်ဟာ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ တိုင်းပြည်ထဲမှာ

ထိပ်တန်းက ပါနေပါတယ် ။ ဒါလည်း အမှန်ပဲ ။

 

၁ ။

တိုင်းရင်းသား ပြည်နယ်တွေမှာ တိုင်းရင်းသား ဘာသာစကားကို

ကျောင်းသုံး ရုံးသုံး ပြဋ္ဌာန်းပေးရမယ် ။

အဲလို ကျောင်းသုံး ရုံးသုံး မ ပြဋ္ဌာန်းပေးတာဟာ

တမင်သက်သက် ( ယုတ်မာကောက်ကျစ်တဲ့ အောက်တန်းစား စိတ်ဓါတ်နှင့် )

လူနည်းစု တိုင်းရင်းသားတွေ ရဲ့ စာပေ ကိုဖျောက်ဖျက်တာပဲ ။

စာပေ နှင့် ဘာသာစကား ပျောက်ရင် လူမျိုး ပျောက်မှာပဲ ။

မွန် လူမျိုး ပျောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာပါ ။

 

သက်သေပြပါဆိုရရင်တော့ ရှင်းရှင်း လင်းလင်း ကြီးပါဗျာ ။

ကျနော်ဟာ မွန်လူမျိုးက ဆင်းသက်လာပြီး

မြန်မာသွေး တစ်စက်လေးတောင်မှ မပါပေမယ့်

ကျနော်ဟာ မွန်စကား မရေးတတ် မဖတ်တတ်တော့ပဲ

မြန်မာလိုသာ ရေးနေ ပြောနေရတာကို ကြည့်ပေတော့ ။

 

အခုလက်ရှိရော မွန်ပြည်နယ်မှာ မွန်စကား ရေးနိုင်တဲ့သူ

လက်တဆုပ်စာသာကျန်ပါတော့တယ် ။

ဒါတောင် မွန် သူပုန်တွေ ( မွန်ပြည်သစ်ပါတီ ) က

သက်စွန့် ကြိုးပမ်း မွန်စာသင်ကျောင်းတွေ ဖွင့်ပေးလို့ ။

 

အေး အဲလိုပျောက်ကွယ်ရအောင် မွန်ယဉ်ကျေးမှု ကရော

ခတ်တုံးတုံး လို့ ပြောချင်သေးလား ။

သမိုင်းတစ်လျောက် သူတင် ကိုယ်တင် တိုက်ခဲ့တဲ့ မင်းနိုင်ငံတွေပါ ။

မွန်တွေက မြန်မာတွေထက်စောပြီး ယဉ်ကျေးခဲ့တာပါ ။

မြန်မာစာရဲ့ တစ်ချို့စာလုံးတွေဟာ မွန်ဆီက ရခဲ့တာပါ ။

ဘုရား တရား ဆိုတာတောင် မွန်တွေဆီက တဆင့် မှ

မြန်မာတွေ သိရတာပါ ။

 

၂ ။

တိုင်းရင်းသားတွေကို အခွင့်အရေး တန်းတူ မ ပေးပါဘူး ။

အခွင့် အရေးတွေ ကွာလား မကွာလားကတော့ ပြောမနေနှင့် ။

” လူမျိုးကြီးဝါဒ မြန်မာပြည် ” ဆိုတဲ့ Post မှာ

https://myanmargazette.net/85812/arts-humanities

ရှမ်း တိုင်းရင်းသားလေး ရှုံး လူ ကို

သူ့ အဖေက နောင်ရေး အတွက် ဆိုပြီး

လူမျိုး = မြန်မာ လို့ဆိုပြီး ဖြည့်ပေးခဲ့တယ် ဆိုတဲ့

ရှမ်း တိုင်းရင်းသားလေး ရှုံး လူ ရဲ့ Comment သာဖတ်ကြည့်ပေတော့ ။

 

” ကျုပ်ကိုယ်တိုင်တောင် ရှမ်းဖြစ်ပါလျက်နဲ့

ဖောင်ဖြည့်တုန်းက ဗမာလို့ ဖြည့်ခဲ့ရဖူးတယ်။

နောင်ရေးကောင်းအောင်လို့တဲ့ အဖေကပြောတာပဲ။ “

 

၃ ။

ဘာသာရေး ခွဲခြား ဖိနှိပ်ပါတယ် ။

တိုင်းရင်းသားတွေ ရဲ့ ကိုးကွယ်မှုဘာသာ ကိုလေးစားရပါမယ် ။

သူ့ဘာသာသူ တောစောင့်နတ်ပဲ ကိုးကွယ် ကိုးကွယ် ၊

မြေကြီးပဲ ကိုးကွယ် ကိုးကွယ် ပါ ။ မထီမဲ့မြင်လည်း မလုပ်ရပါဘူး ။

ခွဲခြား လဲ မဆက်ဆံရပါဘူး ။

 

သာသနာ အစစ်အမှန်ကို ဖြန့်ဖြူးပေးတော်မူသည် ဆိုပြီး

ချင်းပြည်နယ် မှာ ဘုရားသွားတည်ပြီး

ချင်း ခရစ်ယာန်တွေကို တစ်အိမ်တစ်ယောက် မလိုက်မနေရ

လုပ်အားပေး ဆင့်ခေါ် တာဟာ မြန်မာ အရိုင်းအစိုင်းတွေက လုပ်ခဲ့တာပါ ။

 

သူတို့ပြည်နယ် နှင့် သူတို့ အဘမြင်းဖြူရှင် မွေးနေ့မို့

ပြည်နယ် ရုံးပိတ်ရက် သတ်မှတ်ချင်ရင်လည်း ခွင့်ပေးရပါမယ် ။

 

စစ်တပ်မှာ အခုထိ ကျင့်သုံးနေတဲ့ ABC သုံးခု ထဲက

တစ်ခု ဖြစ်တဲ့ C=Christian / ဘာသာခြားဖြစ်ခြင်း ဆိုတာကတော့

ဗုဒ္ဓ ဘာသာကလွဲရင် ခွဲခြား ဆက်ဆံခြင်း ရဲ့

ထင်ရှားတဲ့ အထောက်အထားပါပဲ ။

 

၄ ။

ပြည်နယ်တွေက ထွက်တဲ့ သယံဇာတတွေရဲ့

မူလ ပိုင်ရှင် အမှန်က ပြည်နယ်သူ ပြည်နယ်သားတွေသာဖြစ်တယ် ။

သူတို့ ဆီကနေ ခိုးယူ ဓမြတိုက်ယူ အနိုင်ကျင့်ယူ တဲ့သူကတော့ ၊

အပေါ်က ရွှေ Gas ကိစ္စသာ ပြန်ဖတ်ကြည့်ကြတော့ ။

 

ဒီလောက် ထောင့်ပေါင်းစုံအောင်

တိုင်းရင်းသားတွေကို နှိပ်စက်ပြီးတော့များ

တိုင်းရင်းသားတွေ ပုန်ကန် ထကြွတော့

နယ်ချဲ့ ကိုလိုနီ စံနစ်ရဲ့ သွေးခွဲ အုပ်ချုပ်မှုကြောင့်တဲ့

ကျကျသေးတော့ သူခိုး သူခိုး ချင်း လက်ညှိး ပတ်ထိုးနေတယ် ။

 

သူများမြှောက်ပေးတိုင်း အားအားယားယား သူပုန် ထရအောင် ၊

တိုင်းရင်းသားတွေကို ငတုံးတွေ ချည်းပဲ ထင်လို့လား ။

 

လေယာဉ်တွေ အမြှောက်တွေနှင့် လာတဲ့ ဗမာတပ်ကို

အစပိုင်းမှာ K I A က တူးမီး သေနတ် နှင့် ပြန်ခံချခဲ့ရတာပါ ။

သေနတ် အမြောက် မှန်တာကလည်း

မန်းမှုတ်ပြီး အာငွေ့ပေးယုံ နှင့် ပျောက်သွားတာ မဟုတ်ပါဘူး ။

ဘယ် တိုင်းရင်းသား မှလည်း ပျော်လို့ စစ်တိုက်နေတာ မရှိဘူး ။

 

အေး တိုက်လို့ နိုင်မယ် ထင်ရင်လဲ စမ်းကြည့်လေ ။

အခု KIA တစ်ခုတည်း ကိုတောင်

ရှိရှိသမျှ တပ်မ ဒကစ စကခ နံမည်မျိုးစုံက

တပ်ရင်းပေါင်း တစ်ရာကျော် တက်ထိုးတာ

ဟိုက ဆော်ပလော်တီး လွှတ်လိုက်တာ နင့်နေတာပဲ မဟုတ်လား ။

တပ်ရင်း တစ်ခုဆို ဖွဲ့စည်းပုံပါ ပျက်သွားတယ် ။

 

KIA က ကြောက်ဖို့ နေနေသာသာ

အရှည်သဖြင့် အဆင်ပြေအောင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ၊

KIA က ခေါင်းဆောင်ပိုင်းက အောက်ကို မနည်းချော့ပြောနေရတယ် ၊

KIA တပ်သား အငယ်ပိုင်း အားလုံးက ငြိမ်းချမ်းရေး မယူဘူး ၊

သေသေကျေကျေ အပြတ်ဆက်ချမယ် ဆိုတာကြီးပဲ ။

 

ရခိုင်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လာတော့

သိန်းချီတဲ့ ရခိုင်လူထုကြီးက အဲဒီ ရခိုင်တပ်မတော် ကို

လှိုက်လှိုက် လဲလဲ ကြိုဆိုတာကို မြင်တဲ့အခါ

ရခိုင်လူထုကြီးရဲ့ သဘောထားအမှန်ကို

ရိတ်ရိတ်လေးတောင် မမြင်ကြဘူးလား ။

အဲဒီ ရခိုင် သိန်းချီကိုပါ ဆက်နှိမ်နင်းဖို့

Plan ဆက်ဆွဲကြမှာလား ။

 

တိုင်းရင်းသားတွေ လိုချင်တာ ခွဲထွက်ဖို့ မဟုတ်ပါဘူး ။

ကိုယ်ပိုင် အုပ်ချုပ်ရေးပါ ။

သူတို့ရဲ့ တောတောင်ထဲက ငြိမ်းချမ်းတဲ့ ဘဝလေးတွေကို

မတရား နှိပ်စက် မခံရယုံပါ ။

သူတို့ နေထိုင်တဲ့ ဒေသရဲ့ တောတောင် သယံဇာတတွေကို

သူတို့ သုံးစွဲခွင့် ရယုံလေးပါ ။

သူတို့ရဲ့ လူမျိုး နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးစံ လေးကို

ထိမ်းသိမ်းခွင့် ရယုံလေးပါ ။

ဒါလေးတောင် မ သဒ္ဒါကြတော့ဘူးလား ။

 

အေး အဲဒီဟာတွေဟာ ၊ ငါကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူး ၊

ငါနှင့် မဆိုင်ဘူးလို့ ဖင်ပိတ်ငြင်းချင်ရင်တော့ ။

လူကြီးလူကောင်း ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နားလည်စေရန် အတွက် ။

 

ဒီကိစ္စတွေနှင့် ပါတ်သက်ပြီးတော့

” လူမျိုးကြီးဝါဒ မြန်မာပြည် ” ဆိုတဲ့ Post မှာ

https://myanmargazette.net/85812/arts-humanities

စာရေးသူ Mg Ogga က ရေးထားတာကိုပဲ ဆက်ဖတ်ကြည့်ပါတော့ ။

 

” ထိုကိစ္စများကို ပြုလုပ်သူများ အကောင်အတည်ဖော်သူများမှာ

အုပ်ချုပ်သူ လူတန်းစား ဗမာများ ဖြစ်သည်။

ကျွန်တော်သည်လည်း ဗမာဖြစ်သည်။

ထိုကိစ္စသည် ကျွန်တော်မပြုလုပ်ခဲ့သော်ငြား ကျွန်တော့်တွင် တာဝန်ရှိသည်။

တာဝန်ရှိ၍ တာဝန်ယူရမည်ဖြစ်သည်။

ဒုတိယ ကမာ္ဘစစ်အတွင်း ဖက်ဆစ် ဂျပန်တို့ နိုပ်စက်ကြလို့

အရှေ့တောင်အာရှ နိုင်ငံ အတော်အများ ဒုက္ခရောက် ကြသည်။

ယခု ဂျပန်အစိုးရ ကား ဒုတိယကမာ္ဘစစ်က ဖက်ဆစ် အစိုးရနဲ့ ဘာမှ မဆိုင်

သို့သော် အခုထိ စစ်တွင်းကိစ္စများကို ယခုထိ တောင်းပန်ကြသည်။

 

ကျွန်တော်လည်း ယခု တိုင်းရင်းသား လူမျိုးများအပေါ်

ယခင်ပြုခဲ့သည် ကိစ္စရပ်များ အားလုံးကို ဝန်ချတောင်းပန်ပါသည်

( ကျွန်တော်လည်း ယခု တိုင်းရင်းသား လူမျိုးများအပေါ်

ယခင်ပြုခဲ့သည် ကိစ္စရပ်များ အားလုံးကို ဝန်ချတောင်းပန်ပါသည်  ) “

 

ဆိုပြီးတော့ ဝန်ချတောင်းပန် ထားပါတယ် ။

ပညာတတ် လူယဉ်ကျေး ( Repeat လူယဉ်ကျေး ) ဆိုတာ ၊ အဲဒါကိုမှခေါ်ပါတယ် ။

မသိသေးရင် နောက်တစ်ခေါက်လောက် ပြန်ဖတ်ကြည့်သင့်ပါတယ် ။

 

ဗမာတွေ တိုင်းရင်းသားတွေကို နှိပ်စက်ခဲ့တာ ၊

ယခင် သမိုင်းခေတ် တွေတုန်းက ၊

ကိုယ်တွေ ထိုင်ကြည့် မနေခဲ့သဖြင့် မသေချာ သော်ငြားလည်း ၊

ယခု ကိုယ်တွေ သက်တမ်းအတွင်းက

အဖြစ်အပျက်များကို သုံးသပ်လျှင်တော့

ဘယ်လူမျိုး က ယုတ်မာ သလည်း ၊

ဘယ်လူမျိုး က ရိုးသားလည်း ဆိုတာ ရှင်းရှင်းကြီး ပေါ်နေပါသည် ။

 

ဒါတွေကို လူမိုက်တစ်ဦးက လုပ်နေတာဆိုလျှင်

နားလည်ပေးနိုင်သော်လည်း ၊

အစိုးရ ဆိုပြီး နာမည်တပ် လုပ်နေရင်တော့

ဗမာ တစ်မျိုးသားလုံးက တာဝန်ယူရမှာဖြစ်သည် ။

 

အဲဒီတော့ အဲဒီလို မတရားမှုတွေကို

တိုင်းရင်းသားတွေအပေါ် လုပ်ခဲ့မိပြီ ဆိုတာကို

ယခုလို သိရပြီးတဲ့ အချိန်မှာ တောင်မှ

တိုင်းရင်းသားတွေ အပေါ် ပြန်တောင်းပန်ဖို့ စိတ်ကူး မရှိတဲ့ မြန်မာ များကို

” ယဉ်ကျေးမှု မရှိတဲ့ လူ့ အရိုင်းအစိုင်း မြန်မာ လူမျိုးများ ” ဆိုပြီး

ကျနော် ဒီနေရာကနေ အတိအလင်း စွတ်စွဲလိုပါတယ် ။

 

If you are neutral in situations of injustice,

you have chosen the side of the oppressor.

မတရားမှု တစ်ခုဖြစ်ပေါ်နေတဲ့ အချိန်မှာ

ကြားနေတယ်ဆိုတာ

မတရားသူဖက်က ရပ်တည်တာပဲ ။

Desmond Tutu ( Nobel Peace Laureate )

 

အေး တိုင်းပြည်ရဲ့ မျှော်လင့်ချက်ကတော့ တခုပဲ ရေးရေး ကျန်တယ် ။

အဲဒါက ” အမေစု ” ပဲ ။

တိုင်းရင်းသားတွေ နဲနဲ ( နဲနဲ ) အယုံအကြည်ရှိတာ အမေစု တစ်ယောက်ပဲ ရှိတယ် ။

ဒါလည်း သူမ ရဲ့ နိုင်ငံတကာအဆင့်မှီ ပညာတတ်မှု နှင့်

တရားမျှတမှု နှင့် လူ့အခွင့်အရေး ဒီမိုကရေစီ ကိစ္စတွေမှာ

မဆုတ် မနစ် ရပ်တည်ခဲ့မှုကို လေးစား ယုံကြည်လို့ ။

 

အမေစုက Federal စံနစ် နှင့် ပင်လုံစိတ်ဓါတ် / စာချုပ် ဆိုတဲ့

စကား ကို မိန့်ခွန်းထဲမှာ ရဲရဲဝံ့ဝံ့ ပြောချလိုက်တော့

အဘ ဝမ်းသာလိုက်တာလေ ၊

ငါတို့ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး နှင့်

ရာသက်ပန် ဥမကွဲ သိုက်မပျက် ဆက်နေလို့ရအောင်

ဖြေရှင်းပေးမယ့် ခေါင်းဆောင် အစစ်ကို ရပြီလို့ ။

ထင်တဲ့ အတိုင်းပဲ မနေ့က KNU နှင့် အမေစု နှင့် တွေ့တော့ ၊

နှစ်ဖက်စလုံးက အမြင်အားလုံး တူပါတယ် ဆိုပြီး ကြေငြာတယ် ၊

 

နှစ်ပေါင်း ၆ဝ စစ်သားတွေ သောင်း သိန်း အသေခံပြီး တိုက်လာတာ ။

အခုလို အဖြေမျိုး နီးနီး စပ်စပ် ရခဲ့ဘူး လို့လား ။

 

စကားမစပ်ပါ နိုင်ငံတကာအဆင့်မှီ ပညာတတ်မှု နှင့် ပါတ်သက်လို့ပါ

မြန်မာပြည်တွင်းက ပညာရှင်များလည်း

နိုင်ငံရပ်ခြားကို ထွက်ပြီး လေ့လာကြပါအုန်းလို့ ။

အဲဒီတော့မှ ဦးနေဝင်းရဲ့ မိုင်းတိုက်ထားတဲ့

ပညာရေး အရိပ်အောက်ကနေလွတ်ပြီး

တကယ့် ဒီမိုကရေစီ လူ့အခွင့်အရေး တရားမျှတမှု ဆိုတာတွေရဲ့

တကယ့် အဓိပ္ပါယ် အစစ်အမှန် ကိုသိမယ် ။

နို့မို့ ခင်ဗျားတို့ ပြောပြောနေတဲ့ တရားမျှတမှု ဆိုတာကိုယ်နှိုက်က

တဖက်စောင်းနင်းကြီး ဖြစ်နေတယ် ။

 

တော်သေးဘီ ။

မြို့ မေတ္တာ ထင်မကဘူး ၊ နိုင်ငံ့ မေတ္တာ ပါခံယူမယ့် ။

အဘ Foreign Resident ။

 

 

107 comments

  • Thel Nu Aye

    April 9, 2012 at 6:10 pm

    ကျန်တာတော့ အများကြီးမပြောတတ်ပေမဲ့ “တိုင်းရင်းသားတွေ လိုချင်တာ ခွဲထွက်ဖို့ မဟုတ်ပါဘူး ။
    ကိုယ်ပိုင် အုပ်ချုပ်ရေးပါ ။” ဆိုတာတော့ သဘောကျတယ်အဘရေ။ ကျွန်မလဲ ဟိုအရင်ကတဲကဖြစ်စေ ချင်နေခဲ့တာပါ။ ဖြစ်လာပါစေလို့လဲဆုတောင်းပါတယ်။

  • ဦးဦးပါလေရာ

    April 9, 2012 at 11:37 pm

    ဖတ်ကြည့်လိုက် ပြန်ထွက်လိုက်နဲ့ ငါးခေါက်မြောက်မှာတော့ နဲနဲတော့ ပြောထားနှင့်ချင်ပါတယ်။
    ဆိုလိုတာက ဒီအကြောင်းတွေကို ဒီပိုစ့်မှာဖြစ်စေ အခြားနေရာများမှာဖြစ်စေ ထပ်ပြောဦးမှာ မို့ ပါပဲ။

    သမိုင်းတလျှောက်မှာ ဗမာလူမျိုးက အခြားလူမျိုးတွေအပေါ် အနိုင်ကျင့်ခဲ့တယ်လို့တော့ ကျုပ်မယူဆပါဘူး။
    တကယ်တော့ ဘယ်လူမျိုးကမှ ဘယ်လူမျိုးကို အနိုင်ကျင့်ခဲ့တယ်လို့လဲ မယူဆပါဘူး။
    အနိုင်ကျင့်သူတွေက အဲဒီတုန်းက နိုင်တဲ့ ခေါင်းဆောင်တွေသာဖြစ်ပါတယ်။
    သာမန်ပြည်သူ များမှာတော့ ဗမာရယ် ရခို်င်ရယ် မွန်ရယ် ရှမ်းရယ်မှ မဟုတ်ပါဘူး။ အားလုံး အနိုင်ကျင့်ခံကြရတာပါပဲ။

    နိုင်တဲ့သူက အနိုင်ကျင့်တယ်ဆိုတဲ့ အစဉ်အလာကလဲ ကမ္ဘာဦးကတည်းက ဒီကနေ့အထိ တကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အကျည့်တန်သော အစဉ်အလာကြီးပါပဲ။ အနိုင်ကျင့်တဲ့ ပုံစံက တော့ အမျိုးမျိုး ကွဲပြားတာပေါ့လေ။

    ဒါကြောင့် လူသားအချင်း အနိုင်ကျင့်တယ်ဆိုတဲ့ ရိုင်းစိုင်းတဲ့အစဉ်အလာကို ပပျောက်စေဘို့ဆိုရင် –
    လူမှန်သမျှ အားလုံး အတူတူ တန်းတူရည်တူပဲလို့ စိတ်ရောကိုယ်ပါ လက်ခံကျင့်သုံးမယ့် အခြေအနေမျိုးရောက်အောင် သွားနိုင်ဘို့လိုပါတယ်။

    • char too lan

      April 10, 2012 at 10:55 am

      ဦးပါပြောတဲ့ (တကယ်တော့ ဘယ်လူမျိုးကမှ ဘယ်လူမျိုးကို အနိုင်ကျင့်ခဲ့တယ်လို့လဲ မယူဆပါဘူး။
      အနိုင်ကျင့်သူတွေက အဲဒီတုန်းက နိုင်တဲ့ ခေါင်းဆောင်တွေသာဖြစ်ပါတယ်။
      သာမန်ပြည်သူ များမှာတော့ ဗမာရယ် ရခို်င်ရယ် မွန်ရယ် ရှမ်းရယ်မှ မဟုတ်ပါဘူး။ အားလုံး အနိုင်ကျင့်ခံကြရတာပါပဲ။) ဒီအချက်ကိုထောက်ခံသွားတယ်

  • pooch

    April 10, 2012 at 1:27 am

    ဦးပါရေ အတူတူပဲ ကျမလည်း ဖတ်လိုက် ပြန်ထွက်သွားလိုက်နဲ့ မမန်းတော့ဘူးနေပြီး ။ ခုတော့ မရတော့ဘူး။

    ၁။” တနသာင်္ရီဟာ ပုဂံခေတ်ကတည်းက မြန်မာပိုင်ပါ “တနသာင်္ရီဟာ မြန်မာပိုင်ပါ ဆိုတဲ့စကား ထွက်ရတာတုန်း ။

    ဘာဖြစ်လို့ ထွက်ရတာတုန်း ဆိုတော့ အဲ့ဒီလို သမိုင်း ရှိခဲ့လို့ ထွက်ရတာပါ။ မြန်မာ ဆိုတဲ့ စကားလုံးထဲမှာ တိုင်း ရင်းသား အားလုံး အကျုံးဝင်နေလို့ သုံးခဲ့ကြတယ် လို့ ထင်ပါတယ်။ ဟို ရှေးခေတ်ကထဲက သက်ဦးဆံပိုင် အာဏာရှင် စစ်ဘုရင် များ ဟာ နန်းတက်တာနဲ့ နယ်မြေချဲ့ထွင်လေ့ရှိကြပါတယ်။

    အဲ့ဒီလို ချဲ့ထွင်တဲ့ အကျင့်က ကိုယ့်ဗမာ လူမျိုး တခုထဲ မှ ထူးပြီး ရက်စက်ယုတ်မာခဲ့တာ မဟုတ်ပါဘူး ။ ကမာ္ဘ့သမိုင်းမှာ ရှိတဲ့ စစ်ဘုရင်တိုင်း ဒီလိုပဲ တိုက်ပွဲတွေ နွှဲခဲ့ကြတာပါ။ နိုင်ရင် နိုင်တဲ့သူက နိုင်တဲ့ အလျောက် ရှုးံရင် ရှုံးတဲ့ အလျောက် ရက်စက်ကြမ်းတမ်းလှတဲ့ လူသတ်ပွဲတွေ နယ်မြေလုပွဲတွေကို နွှဲခဲ့ကြတာပါ။

    လောကကြီးမှာ အင်အားကြီးသူက အင်အားနည်းသူကို သိမ်းပိုက်သွားတယ် ဆိုတဲ့ အကျင့်က အခုထိကို ရှိနေတာပဲလေ။ အကြီးစား လုပ်ငန်းတွေက အလတ်စား အသေးစားလုပ်ငန်းလေးတွေကို ဝါးမြိုသွားတာပဲ ။ ခံရတဲ့သူအဖို့တော့ တသက်အခဲ မကြေစရာပေါ့။ ဒါပေမဲ့ ဘာလို့ ဝါးမြိုခံလိုက်ရတာလဲ ?????
    အဖြေက ရှိပြီးသားပါ။ အနိုင် မခံရအောင် ကြိုးစားခဲ့ရင် ဝါးမြိုခံစရာ အကြောင်းမရှိဘူးပေါ့။

    တိုင်းပြည်ကို ဆက်လက်တည်ထောင်ပြီး အုပ်ချုပ်ခဲ့သူတွေ အဆက်ဆက် ညံ့ဖျင်းခဲ့လို့သာ ကိုယ်သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို ညီအစ်ကို သားချင်းတွေလို ပြည်ထောင်စု စိတ်ဓာတ်မမွေးပဲ နိုင်ထက် စီးနင်းအုပ်ချုပ်ခဲ့လို့သာ ပိုင်သာပိုင်ပြီး အဲ့ဒီ ညီအစ်ကိုတွေရဲ့ အမုန်းတွေကို ရခဲ့တာပါ။

    သူတို့ တိုင်းရင်းသားတွေကို နိုင်ထက် စီးနင်းအုပ်ချုပ်တာကို ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ဖူးသလို အဲ့ဒီလို လုပ်ရပ်တွေကိုလည်း အင်မတန်မှ စက်ဆုပ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အာဏာရှင် ဆိုတဲ့ လူတန်းစားက ကိုယ့်ဗမာ အချင်းချင်းကိုလည်း ဒီလိုပဲ ဖိနှိပ်ခဲ့တာပဲလေ။ ကျမတို့အားလုံး လည်း ခုထိ ဆင်းရဲတွင်းထဲ နက်နေတာသာကြည့်တော့လေ။ ဘယ်သူ့ အပေါ်မှာများ သူတို့ လူသားဆန်ဆန် အုပ်ချုပ်ခဲ့လို့လဲ။

    နောက် လူတွေ ရဲ့ နိုင်ထက်စီးနင်းစိတ်ဓာတ်ကို သိသာ ထင်ရှားစေတဲ့ ကမာ္ဘနဲ့ ချီတဲ့ အဖြစ်ကြီးတခုလည်း ဒီဘက်ခေတ်ရောက်မှ ကျော်မကောင်း ကြားမကောင်းရှိခဲ့ဖူးပါတယ်။

    စစ်ပြီးခါစ ဘော့စနီးယား ကို သွားပြီး ငြိမ်းချမ်းရေးတာဝန်ထမ်းဆောင်တဲ့ နိုင်ငံပေါင်းစုံက စစ်သားတွေ အများစု ဟာ စစ်ကြောင့် နိုင်ငံမဲ့ ခိုကိုးရာမဲ့တဲ့ မိန်းခလေးငယ်လေးတွေ ပေါင်း မြောက်မြားများစွာကို သူတို့ကိုယ်တိုင် ရက်ရက်စက်စက် အနိုင်ကျင့်ပြီး သွေးသားဈေးကွက်တခုအနေနဲ့ ရောင်းဝယ်ဖောက်ကားပြီး လူမဆန်အောင် နှိပ်စက် သတ်ဖြတ်ခဲ့ကြတာပါ။

    အဲ့ဒိလို လုပ်တဲ့သူတွေက နိုင်ငံတကာက ငြိမ်းချမ်းရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေပါတဲ့ ။
    ကဲ ….. ဘယ်နှယ့်ပြောရမလဲ။ အဲ့ဒါကိုလည်း သိသိကြီးနဲ့ ကမာ္ဘ့ခေါင်းဆောင်များက ဖုံးထားခဲ့ကြတာပါ။ ဘယ်သူကမှ ဖွင့်မပြောပဲ နောက်ပိုင်း Kathy ဆိုတဲ့ အမျိုးသမီး တဦးက အသက်အန္တရယ် ကြားက ကမာ္ဘ့ မီဒီယာတခုကနေ ဖွင့်ချခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှသာ အဲ့ဒီဒေသက အမျိုးသမီးတွေကို ကယ်တင်နိုင်ခဲ့တာပါ။
    အဲ့ဒီအကြောင်း ရုပ်ရှင်တောင် ရိုက်ထားကြပါသေးတယ်။ ( The Whistleblower) ပါ။

    အဲ့ဒီ တိုးတက် လှပါတယ်ဆိုတဲ့ တိုင်းပြည်များက လူတွေတောင် ယုတ်မာတာများ ရစရာ မရှိပါဘူး။ ဟစ်တလာလို ကျမတို့ ဘုရင်တွေက လူမျိုးတုန်းအောင် လည်း မသတ်ခဲ့ပါဘူး။ အဲ့ဒီခေတ်အခါက နယ်မြေချဲ့ထွင်ခဲ့တာကိုလည်း ကျမက အမှားတခု လိုမယူဆပါဘူး။ ကိုယ်ညံ့ရင် ကိုယ်က မတိုက်ရင် ကိုယ်က သူများလက်အောက်ခံဖြစ်သွားမှာမို့ သူတို့ခေတ်အရ လုပ်သွားတယ် လို့ပဲ လက်ခံထားပါတယ်။

    ၂။မြန်မာပြည်ဟာ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ တိုင်းပြည်ထဲမှာ

    ထိပ်တန်းက ပါနေပါတယ် ။

    အဲ့ဒီစကားကိုအပြည့်အဝ ထောက်ခံပါတယ် ။ လုံးဝကို အရေးကြီး ဦးစားပေး ပြင်ဆင်သင့်တဲ့ အကြောင်းအရာထဲမှာ ပါနေပါတယ်။

    ၃။ ” ယဉ်ကျေးမှု မရှိတဲ့ လူ့ အရိုင်းအစိုင်း မြန်မာ လူမျိုးများ ”

    အဲ့ဒီ စကားလုံးက ပြောဖို့ရာစောနေပါသေးတယ်။ တိုင်းပြည်က မနေ့တနေ့ကမှ လမ်းကြောင်းမှန်ပေါ် စရောက်တုန်းပဲ ရှိပါသေးတယ်။ မနေ့ကထိ ကျမတို့ ပါးစပ်ပိတ်နားပိတ်မျက်စိတွေ ပိတ်ပြီး နေခဲ့ရတာပါ။
    အားလုံးအတူတူပါပဲ။ ကျမတို့ဗမာတွေလည်း ထူးပြီး ချမ်းသာနေခဲ့ရတာမဟုတ်ပါဘူး။

    သူ့အချိန်အခါရောက်ခဲ့ရင်တော့ ပြောသင့်ပြောထိုက်တာကို ပြောပေးဆိုပေးမဲ့ လူရဲ့ လက်ထဲ တိုင်းပြည်ရောက်သွားရင်တော့ ဖြစ်လာမယ် ပြောလာမယ် လို့ယုံတယ်။

    ၄။လောလောဆယ် မြန်မာနိုင်ငံသား ဖြစ်ချင်စိတ်

    တော်တော်လေးကို ကုန်ခန်းနေတဲ့ မွန်လူမျိုး ပါ ။

    အဲ့ဒါကတော့ အဘဖောကို အကြံတခုပေးလိုက်ပါမယ် ။ ဆံထုံးနောက် ယောင်ပါလိုက်ပါ။ အမြန်ဆုံးနဲ့ စိတ်ချမ်းသာစေမှာမို့ပါ။ အဲ့ဒီလို ခံယူနိုင်တဲ့ အနေအထားတွေလည်း ရှိနေတဲ့ သူတယောက်မို့ ပါ။

    ဒီမြေကို ပြန်ခြေချရင် ဒီလောက်တောင် စုတ်ပြတ်ဆိုးဝါးနေတဲ့ တိုင်းပြည်ကနေ အဘဖောမှာ သေးသေးမွှားမွှား ကအစ နည်းမျိူးစုံနဲ့ ခိုးမှုကျုးလွန်တဲ့ သူဖြစ်လိုဖြစ် ။ စည်းကမ်းမရှိ ဗရမ်းဗတာ တိုင်းပြည်ကို ပြန်လာရင် အဘဖောရဲ့ ဖြူစင်ပြီး တိုးတက် တင့်တယ်နေတဲ့ စိတ်ဓာတ်ကောင်းတွေ အကျင့်ကောင်းတွေ သနပြီး မကောင်းတာတွေ ကူးသွားမှာ စိုးလို့ပါ။

    ကျမကိုယ်တိုင်ကတော့ အနော်ရထာက အနိုင်ကျင့်ပြီး ရက်စက်ပြီး ထူထောင်ခဲ့တယ်ပဲ ဆိုဆို နယ်ချဲ့ခဲ့တယ် ပဲ ပြောပြော ကိုယ့်အဘေးတွေ ထားခဲ့တဲ့ ဒီမြေဒီရေမှာပဲ သေတဲ့ အထိ ငတ်နေပါစေ စွဲမြဲအောင် နေသွားမှာပါ။ အော် … ညည်းက ငါတို့လို သူများနိုင်ငံသား ဖြစ်နိုင်တဲ့ အနေအထား ရှိသူ မှ မဟုတ်ပဲ ဒီလိုပဲ ပြောမှာပေါ့လို့ ကဲ့ရဲ့ချင်လည်း ကဲ့ရဲ့ နိုင်ပါတယ်။ သဲတပွင့်အနေနဲ့ပဲ အကျိုးပြုနိုင်ပြုနိုင် ကိုယ်နိုင်ရာ တာဝန်ကနေ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်ပြီး နောက်မျိုးဆက်အတွက် ကောင်းသော အကြောင်းတွေ ချန်ပေးခဲ့တဲ့ သူဖြစ်ချင်ပါတယ်။

  • pazflor

    April 10, 2012 at 4:10 am

    အမြင်တစ်မျိုးအနေနဲ ့ဆွေးနွေးတာကောင်းပေမဲ့ ဒီ post ကစည်းကမ်းချက် ၆ နှင့်ငြိသည်ဟုထင်ပါကြောင်း

  • kai

    April 10, 2012 at 4:25 am

    မြန်မာပြည်ဟာ… အခုအချိန်မှာ.. လူမျိုးရေးနဲ့ပါတ်သက်တဲ့.. အချိုးအကွေ့ရောက်နေတယ်လို့ မြင်ပါတယ်..
    မလုပ်မကိုင်တတ်ရင်.. အစိတ်စိတ်ကွဲတဲ့ဆီ ဦးတည်သွားမယ်ဖြစ်ပြီး.. လုပ်တတ်ကိုင်တတ်ရင်… အင်မတန်တိုးတက်တဲ့.. ပြည်ထောင်စုနိုင်ငံတော်ရဲ့ ..ပထမခြေလှမ်း စနိုင်မှာပါ…

    ဒီတော့…
    အပြုသဘောနဲ့.. ဝေဖန်ရင်း.. ဖတ်နေတဲ့သူတွေထဲ.. လုပ်နိုင်ကိုင်နိုင်သူတွေပါရင်.. အတွေးလေးတွေချပေးနိုင်တာတွေ ရေးစေလိုတာပါ..။
    စိတ်ထဲရှိတာတွေ.. ဖြစ်ချင်/ဖြစ်သင့်တာတွေကို.. ချရေးကြည့်ပါ..
    တိုင်းရင်းသားတွေကို..(အထူးသဖြင့်) ဖိတ်ခေါ်ပါတယ်..။

    စည်းကမ်းကို.. ယူအက်စ်ဆန်ရှင်လိုပဲ.. ခဏ.. Waiver လုပ်ထားပါမယ်နော.. :mrgreen:

    ရွာသူားတွေကို အားကိုးပါတယ်..။ ကိုယ်ဖာကိုယ်ထိမ်းညှိကြပေါ့..။ :mrgreen:

    • ဇော်ရီ

      April 11, 2012 at 3:35 pm

      ရွာသား အသစ်ဆိုတော ရွာသူကြီးကို ဖားတဲ့ အနေနဲ့ လာရောက် ကန့်တော့ခဲပါတယ်… 😀

      ရွာသူကြီးပြောတဲ့ ဖြစ်ချင်၊ ဖြစ်သင့်တာလေးတွေ တွေ့မလား တစ်လုံးမကျန် အကုန်ဖတ်လိုက်တာ… တကယ်တန်း တွေ့တာတွေကတော မျှော်လင့်ထားတာ မတွေ့ခဲရ့ပါဘူး… အဘဖေါအား ဒါရေးလို့ ဝေဖန်ခြင်းနှင့် တိုင်းရင်းသားတွေ ခံရတဲ့ ကိစ္စကို ပြောဆိုခြင်းက အမှားတစ်ခုလို ဖြစ်နေတာကိုပဲ မြင်တွေ့ခဲရပါတယ်။

      ရွာသူကြီး ကျန်းမာပါစေဗျာ… တိုင်းရင်းသားရေးရာနဲ့ ပတ်သတ်လာရင်တော ဆွေးနွေးလိုစိတ် အပြည့်ရှိပါတယ် ဒါကြောင့်လဲ ဝင်ရောက်ဆွေးနွေးခဲပါတယ်…

      • kai

        April 11, 2012 at 4:41 pm

        ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ…
        နှစ်သစ်မင်္ဂလာပါ..။ ဆက်ဆွေးနွေးပါဦးလို့ ဖိတ်ခေါ်ပါတယ်..။
        http://myanmargazette.net/114201/

  • hein htet

    April 10, 2012 at 5:37 am

    ကဲ..ရော့ရော့…….မြန်မာ စစ်တပ်က တပ်မကြီးတွေနဲ ့ဝိုင်းတိုက်တာတောင်.ကေအိုင်အေ က ဆော်လွှတ်လိုက်တာ..ပြဲကွဲလို ့လို ့ပြောလို ့.လင့်ခ် ပေးလိုက်တယ်;(http://www.burmese.panglong.org/2008-08-03-15-59-20/98-2012-01-25-04-06-31/3070–power-kia-.html)…တစ်ခုပြောချင်တယ်…ကျူပ်တို ့ဗမာတွေကို အားရှိုမှ အနိုင်ကျင့်ရဲ တင်ထင်နေလား…ငကြောက်တွေ ထင်နေလား… ခင်ဗျားတို ့မွန်တွေ ဆီက .ဘာသာ ရတယ်..ဟုတ်တယ်.ဒါပေမဲ ့.အလွယ်တကူတော ့ရခဲ ့တာဟုတ်ဘူးဗျ..ခင်ဗျားတို ့လို တိုင်းရင်းသားတွေ ရှိနေလို ့ခု ထိ စစ်တိုက် က သုတ်တာခံနေရတာ….လူတွေက လေချည်ပဲ..နည်းနည်းလေး ဉာဏ်ရှိကြ..ဟိုမှာ ကေအိုင်အေ ..ခု ဘာဖြစ်နေလဲဆိုတာ…ဒီလို တွေးခေါ်ပုံနဲ ့တော့..တစ်သက်လုံးအောင်မြင်လိမ့်မယ်မဟုတ်…ပြီးတော့..ခင်ဗျား.ခုလို မြန်မာ စကားသင်ထားလို ့..ခုလို ပြောနိုင်..ရေးနိုင်တယ်မှတ်……ကျူပ်တို ့လည်း english စာကို သင်ခဲ ့ရတာပဲ…တော်ပြီဗျာ..ပြောချင်ဘူး

    • Foreign Resident

      April 26, 2012 at 6:28 am

      ကို hein htet ရေ
      ဒါလေးပါ ဆက်ဖတ်လို့ရပါတယ် ။
      —http://www.burmese.panglong.org/2008-08-03-15-59-20/98-2012-01-25-04-06-31/3101–power-kia-.html—

  • chityimhtoo

    April 10, 2012 at 8:26 am

    မြန်မာပြည်သည် ဒို့ပြည်
    မြန်မာစာသည် ဒို့စာ
    မြန်မာစကားသည် ဒို့စကား
    ဒို့ပြည်ကိုချစ်ပါ ဒို့စာကိုလေးစားပါ
    ဒို့စကားကိုမြတ်နိုးပါ။
    မြန်မာနိုင်ငံရဲ့ပထမဆုံးသောငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆရာကြီးသခင်ကိုယ်တော်မှိူင်းရဲ့ တေးထပ်ကြီးပါ။ဒါတွေကအလကားမဟုတ်ပါဘူး။

    • kai

      April 10, 2012 at 11:32 am

      ပါတ်လည်မှားနေတာမို့ ထောက်ပြတာပါနော… 🙂
      လူငယ်တွေအမှတ်မမှားစေလိုပါ..
      “ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ ဗမာပြည်ကို ချစ်ပါ။ ဗမာစာကို ချီးမြှင့်ပါ၊ ဗမာ စကားကို လေးစားပါ” ကြွေးကျော်သံက.. သခင်ဘသောင်းရေးတာပါနော..

      ဆရာကြီးသခင်ကိုယ်တော်မှိူင်း က.. နိုဗယ်မရဖူးပါဘူး.
      နိုဗယ်ဆုရဖူးတာ.. မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် တဦးထဲရှိပါတယ်.။
      အမှတ်မမှားရင်.. အရှေ့တောင်အရှ အာစီယံနိုင်ငံများထဲ.. ငြိမ်းချမ်းရေးနိုဗယ်ဆု သူတယောက်ထဲ ရဖူးတာပါ… 😆

      ဆရာကြီးသခင်ကိုယ်တော်မှိူင်းရတာ.. Stalin Peace Prize ဖြစ်ပါကြောင်း…။

      • chityimhtoo

        April 10, 2012 at 8:06 pm

        ခွိခွိ တဂျီးကရဲ ….မြန်မာနေရာမှာ..ဗမာလို့ရေးရင်တစ်ညိုးဖစ်မှာဆိုးလို့..အချင်းချင်းတွေဘဲ…:P

      • maungmoenyo

        April 11, 2012 at 7:58 am

        ဟုတ်ပါရဲ့ သူကြီးရယ်။ ဒါ့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဝါဒ “နီ”တယ် (ကွန်မြူနစ် ဆန်တယ်) လို့ အဲ့ဒီခေတ်က သမုတ်ခဲ့ကြတယ်လေ။ စတာလင် ဆုရခဲ့လို့ပါ။ အမှန်တော့သူဟာလဲ ငြိမ်းချမ်းရေး ရဲ့ icon ကြီးတယောက်မဟုတ်လား။ (၃၃)ဥိးဆွေးနွေးပွဲလာကြသူတွေထဲ့ က ဗကပကိုယ်စားလှယ်တွေဆီက ဆရာကြီးအတွက် သခင်သန်းထွန်းက ပျားရည်စစ်တပုလင်း လက်ဆောင်ပါးလိုက်သေးဆိုဘဲ။

    • Foreign Resident

      April 10, 2012 at 1:45 pm

      ” မြန်မာပြည်သည် ဒို့ပြည် ၊ မြန်မာစာသည် ဒို့စာ ၊ မြန်မာစကားသည် ဒို့စကား
      ဒို့ပြည်ကို ချစ်ပါ ဒို့စာကိုလေးစားပါ ၊ ဒို့စကားကိုမြတ်နိုးပါ ”

      ကျေးဇူးပဲ ကို chityimhtoo ရေ
      ကို chityimhtoo သတိပေးတဲ့ နှစ်ချက်က ကွက်တိပဲ ။

      တိုင်းရင်းသားတွေ မုန်းတာ အဲဒီ စကားလုံးတွေ ကွက်တိပဲ ။
      အူလှိုက် သဲလှိုက်ကို မုန်းတဲ့ စကားတွေ ။ ဘာတဲ့ ။
      ” ” မြန်မာပြည်သည် ဒို့ပြည် ၊ မြန်မာစာသည် ဒို့စာ ၊ မြန်မာစကားသည် ဒို့စကား ”
      အဲဒီကတည်းက ပွဲပြီးပြီပေါ့ဗျာ ။

      နောက်တစ်ခုက ဘာတဲ့ ” သခင်ကိုယ်တော်မှိူင်း ” ၊ မှန်လိုက်လေဗျာ ။
      အောင်မလေးဗျာ ၊ တိုင်းရင်းသားတွေ အမုန်းဆုံး လူတွေထဲမှာ သူက ထိပ်ဆုံးပေါ့ ။
      သိပ်မကြာသေးပါဘူး သခင်ကိုယ်တော်မှိူင်း က ဗိုလ်ချုပ်အောင်ဆန်း ကိုမှာသွားတဲ့
      အမှာစကားတွေ ဆိုတဲ့ စာစုတောင် ပြန်ပေါ်လာလိုက်သေး ။
      ( မှန်မမှန်တော့ ၊ သိပ် မသေချာဘူးပေါ့နော် ၊ ကိုယ်ကလည်း ဘေးမှာ ရှိမနေတော့ )
      ဘာတဲ့ ” ရခိုင် နှင့် မြွေပွေး တွေ့ရင် ရခိုင် အရင်သတ်တောင် ” ပါလိုက်သေး ။
      မှတ်မိသေးသူများ ရှိရင်တော့ Link လေး တင်ပေးကြပါအုန်း ။

      • ဇော်ရီ

        April 11, 2012 at 10:27 am

        ” ရခိုင် နှင့် မြွေပွေး တွေ့ရင် ရခိုင် အရင်သတ်တောင် ” ဒီအကြောင်းအရာက သခင်ကိုယ်တော်မှိုင်းပြောခဲတာ မဟုတ်ပါဘူး… နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲတာပါ… အဲဒီတုန်းက သူ့မှာ ခံပြင်းသွားရတဲ့ ခံစားချက် တစ်ခု ရှိခဲတဲ့အတွက် ဒီစကားကို ပြောခဲတာလို့ ထင်ပါတယ်… ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ထပ်ရှိတာက ဒီစကားကို သူ ပြန်ဖြေရှင်းဖို့ ဆန္ဒရှိခဲပေမယ့် လုပ်ကြံခံခဲရတာကြောင် မဖြေရှင်းပေးနိုင်ခဲဘူးဆိုပြီးတာ သိရပါတယ်…

        သခင်ကိုယ်တော်မှိုင်း ရေးခဲတယ်လို့ သိရတဲ့ ဗမာ ခေါင်းဆောင်တွေအတွက် သေတမ်းစာသာ ဖြစ်ပါတယ်… အဲဒါကမှ ခေါင်းဆောင်မဖြစ်သင့်တဲ့ သူတစ်ယောက်ရဲ့ သေတမ်းစာ ဖြစ်နေပါတယ်…

  • maungmoenyo

    April 10, 2012 at 10:30 am

    ကိုယ့်နိုင်ငံကိုချစ်ကြစတမ်းဆိုရင် ဒီဘလော့ဂ်တင်မက အပြည်ပြည်ရောက်နေကြသူတွေ ရင်ထဲ အတိုင်းနဲ့အလွန်ပါ။ ဒါပေမဲ့ တိုင်းပြည်ကိုချစ်ယုံချစ်လို့ပြီးတဲ့ခေတ်မဟုတ်ဘူးဆိုတာ အားလုံးကလက်ခံကြဘို့လိုပါလိမ့်မယ်။ ခုချိန်က တနိုင်ငံလုံးရစရာမရှိအောင်ခေတ်နောက်ကျကျန်ခဲ့နေတာပါ။ လူသန်း(၆၀) မှာ လူဦးရေထောင်ဂဏန်းလောက် ဟိုတယ်တွေတက်စားနိုင်သောက်နိုင်ပျော်နိုင်ပါးနိုင်တာကိုကြည့်ပြီး၊ ဟိုတယ်တွေမှိုလိုပေါက်လာတာကိုကြည့်ပြီး၊ မြန်မာပြည်ကြီးထမင်းရေချောင်းစီးနေပြီလို့ ဝမ်ူသာလုံးဆို့နေလို့မရပါဘူး။ ကျန်ပြည်သူ သန်း (၅၉.၉၉)ကျော် ကဗိုက်ဝရေးကိစ္စ နှာနှပ်နေရတဲ့အချိန်ဆိုတာမေ့ထားလို့မရပါဘူး။ cell phone လေးတောင်မကိုင်နိုင်တဲ့ ဆရာဝန်တွေနယ်တွေမှာ အများကြီးရှိနေပါ့သေးတယ်။ ကျန်သာမာန်လူတန်းစားဆိုရင်ဆိုဘွယ်မရှိပါ။ အဓိက က ပညာတတ်လူငယ်တွေ အစိုးရထိပ်ပိုင်းတွေနေရာအမြန်ယူနိုင်ကြဘို့လိုပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ပြီးပြောနိုင်ဆိုနိုင်၊ ဆွေးနွေးနိုင်တဲ့ပညာတတ် ဒိတ်ဒိတ်ကြဲတွေနေရာယူလာကြဘို့လိုပါတယ်။ “ပြည်တွင်းရဲ့အားပြည်တွင်းမှာရှိသည်”ဆိုတဲ့ စကားက မြန်မာပြည်ကို ရာစု တဝက်လောက်နောက်ချန်ပစ်ခြင်းခံခဲ့ရတယ်ဆိုတာ နဖူးတွေ့ဒူးတွေ့လေ။

  • htoosan

    April 10, 2012 at 10:35 am

    ပထမဆုံးဝန်ခံချင်တာကတော့ တော်တော်လေး အံ့ဩသွားပါသည်။ ဒီပို့စ်မျိုးရေးသူသည် အခြားသူတစ်ဦးမဟုတ်ဘဲ ဘဖော ဖြစ်နေလို့လည်းပါပါသည်။

    ဘဖော ပြောပြောနေတဲ့ အလွန် ယဉ်ကျေးတဲ့ official language မထားတဲ့ ဩဇီတောင် ဘာသာစကားတွေနဲ့ပါတ်သက်ပြီး ဒီလိုဖြစ်ခဲ့မှတော့..

    Between 200 and 300 Indigenous Australian languages are thought to have existed at the time of first European contact, of which only about 70 have survived. Many of these are exclusively spoken by older people; only 18 Indigenous languages are still spoken by all age groups.

    မိမိပေါ်မှာသာ မူတည်သည် ထင်ပါသည်။

    • Foreign Resident

      April 10, 2012 at 1:46 pm

      ဟဲဟဲ ကို htoosan ရဲ့
      မအံဩ ပါနှင့် ။
      ကျနော်က တရားမျှတတဲ့ Logical & Sensible အမြင် ရှိတာ ၊
      အမှန်တရား ကိုပဲမြတ်နိုးတာကို ကို htoosan သိပါတယ် ။

      ဟုတ်ပါတယ် ဘာသာစကားဆိုတာ extinct ပျောက်ကွယ်တတ်ပါတယ် ။
      အခု ကျနော်တို့ ရေးဖတ်နေတဲ့ မြန်မာ စကားတောင် တနေ့ ပျောက်ဆုံးရမှာ သေချာပါတယ် ။
      ဟဲဟဲ ၊ ဒါပေမယ့် တမင်သက်သက် မဖွံဖြိုးအောင်လုပ်လို့ ပျောက်ကွယ်တာနှင့် ၊
      သူ့ဖာသာသူ အချိန်တန်လို့ ပြောမယ့်လူ မရှိလို့ ပျောက်ကွယ်တာတော့ ဘယ်တူမလဲ ။

      ဩဇီက အဘော်ရီးဂျင်းတွေ နှင့် မြန်မာပြည်က တိုင်းရင်းသားတွေ ဘာကွာလည်းဆိုတော့ ၊
      ဟဲဟဲ ၊ ဩဇီက သူတို့ မှားခဲ့ပါတယ် ဆိုပြီး တောင်းပန်တယ်လေဗျာ ။
      အမုန်းကို တောင်းပန်တာ ။ ကြုံတိုင်းထည့်ပြောနေတာ ၊ ဘေးလူတောင် အမြင်ကပ်တယ် ။

      နောက်ပြီး ဩဇီမှာ အဘော်ရီးဂျင်း နှင့် တိုးရေလက်ကြားကျွန်းသားများ ဆိုတာ ၊
      တကယ့်တကယ့်ကို စူပါ့စူပါ အခွင့်ထူးခံ V V I P တွေပေါ့ဗျာ ။
      ဘယ် Application Form မှာမဆို အဲဒီ လူမျိုး အကွက်လေး ထည့်ပေးထားတယ် ။
      အဲဒီ Box လေးမှာ Tip လုပ်လိုက်တာနှင့် အကုန်လုံးနီးပါး Free ဖြစ်သွားရတာ ။

      အိမ်တွေမှ အစုလိုက် အပြုံလိုက် ရွာချီပြီးကိုဆောက်ပေးတာ ။
      ဟိုကျေးဇူးရှင်တွေက မနေပဲ နောက်တစ်နေရာ ထပ်ရွှေ့သွားရင်
      အဲဒီနေရာကိုပါ လိုက်ဆောက်ပေးတာ ။

      စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ကတော့ပြောမနေနှင့် ။
      မြန်မာ ဆရာဝန်တွေခမျာ ၊ ဂျင်းဘောင်းဘီကို
      တခါဝတ်ပြီးရင် မလဲတော့ပဲ ပြဲတဲ့ အထိဝတ်တဲ့
      သူတို့နား ၁ဝ ပေ ပါတ်လည် မှာ အနံ့တထောင်းထောင်း ထနေတဲ့
      အဲဒီ အဘော် တွေက Coffee ဖျော်ခိုင်းရင် ဖျော်ပေးရတဲ့ အကြောင်း
      ( Case History လေးရပါစေတော့ပေါ့ ၊ ကိုယ်က ဆေးကုပေးချင်နေတာကိုး )
      သူတို့ရဲ့ ဝဋ်ကြီးလှတာကို ပြောပြတာ နားနဲ့ စပ်စပ်ကြားခဲ့ပါ့ဗျာ ။
      မြို့ နာမည်လေးက Alice Spring တဲ့ ၊ မြန်မာ ဆရာဝန် ၃ဝ လောက်ရှိပါ ။

      ရှားရှားပါးပါး အဘော် ပညာတတ်လေးများ တစ်ယောက်လောက်ရှိလာရင်
      ဩဇီမှာ ချီးမွန်းခန်း ဖွင့်ရတာလေ ။ ဝထ္ထု စာအုပ်တောင်ထွက်တယ် ။
      ကျောင်းပြီးတာနှင့် ရာထူးတန်းရတာ ။

      နောက်ဆုံး အဘော် ပညာတတ်တွေ ကိုယ်နှိုက်က
      ဩဇီတွေ အခုလို အလိုလိုက်လွန်းလို့ အဘော်တွေ
      ကြိုးစားချင်စိတ် ပျောက်ရပါတယ် ဆိုပြီးကို ပြောယူရတယ် ။

      နောက်ပြီး ဩဇီရဲ့ Tourist Attrection နာမည်ကျော် Uluru တောင် ဆိုတာလေ
      အဘော်တွေသာ ပိုင်ရှင်အမှန် ဖြစ်ပါတယ်ဆိုပြီး ပြန်ပေးထားသဗျ ။
      ” On 26 October 1985, the Australian government returned
      ownership of Uluru to the local Pitjantjatjara Aborigines ”
      ဘာတဲ့ သူတို့သုံးတဲ့စကားရှိပါတယ် Ancestral Ownership ဆိုပဲဗျ ။
      အဲဒီတောင်ကြီးကို အဘော်တွေက ဘိုးစဉ်ဘောင်ဆက် ပိုင်တာပေါ့ဗျာ ။
      ပြီးတော့မှ ဩဇီတွေက အဘော်တွေကို မြေငှားခပေးပြီး ပြန်ပြစားနေတာ ခမျ ။

      ကဲ ကို htoosan ရေ အခုလောက်ဆို
      အဘ ဘာကြောင့် ဒီလိုရေးရတယ် ဆိုတာ သိလောက်ပါပြီ ။
      အဘ လည်း ဩဇီ မရောက်ခင်က
      သူလိုကိုယ်လို ဦးနေဝင်း ပညာရေး လောင်းရိပ် ထွက်လေးပေါ့ ။
      ဒါတောင် အဘက ဩဇီ မပြောင်းခင် ကတည်းက
      နိုင်ငံတကာ ဂဒီးဂဒီး သွားနေတဲ့ သင်္ဘော ကပ္ပတိန် နော် ။

      ဒါပေမယ့် ဩဇီ မှာ ၂နှစ်ကျော်နေလာပြီးတော့မှ ၊
      တကယ့် ဒီမိုကရေစီ လူ့အခွင့်အရေး တရားမျှတမှု တို့ရဲ့
      တကယ့် အဓိပ္ပါယ်ကို သိလာတာ ခမျ ။
      အဲဒီရောက်တော့မှ တိုင်းရင်းသား အခွင့်အရေး ဆိုတာ ဘာ ၊
      ဒီမိုကရေစီ နိုင်ငံတွေမှာ တိုင်းရင်းသား တွေကို
      ဘယ်လိုဆက်ဆံကြတယ် ဆိုတာ သိလာတာ ခမျ ။

      ” သိလာတာ ” ဆိုတဲ့ စကားက ပေါ့လွန်းပါတယ် ။
      ရင်ထဲကို တစ်ဆိမ့်ဆိမ့် ဝင်လာပြီး ခံစားမိသွားတာ လို့ သုံးချင်တယ် ။

      ပြောရမှာတော့ စိတ်မကောင်းပါဘူး ၊
      မှန်ပေမယ့် ခါးတာလေး တစ်ခုတော့ ပြောချင်တယ် ။
      အဲလို တကယ့် အဓိပ္ပါယ်ကို သိလာအောင် ၊
      ရင်ထဲကို တစ်ဆိမ့်ဆိမ့် ဝင်လာပြီး ခံစားမိသွားအောင် ၊
      စာဖတ်ယုံ နှင့် မှန်းကြည့်ယုံ နှင့် မလုံလောက်ပါဗျာ ။
      အဲဒီ တိုင်းပြည်တွေမှာ နှစ်ပေါက်နေခဲ့ဘူးမှ သိမှာပါ ခည ။
      ဥပမာပေးရရင် စတုထ္ထဈာန် ရဲ့ အရသာကို
      ကိုယ်တိုင် ဈာန်ပေါက်အောင် ကျင့်ပြီးမှ သိတဲ့လူနှင့် ၊
      ဝိသုဒ္ဓိမဂ် ကျမ်းကို ဖတ်ပြီး မှန်းသိတဲ့လူလို ကွာတယ်ခမျ ။
      ဘာပဲဆိုဆို ဝိသုဒ္ဓိမဂ် ကျမ်းကို ဖတ်ပြီးတယ် ဆိုရင်တောင်
      သာမာန် လူထက်တော့ သာသေးတယ်ပေါ့လေ ။

      ဒါကြောင့်လည်း အဘက မြန်မာ ပညာရှိမင်းများကို
      ခဏလောက်တော့ အပြင်ထွက်ကြည့် ပါအုံးလို့ ပင့်နေရတာပေါ့ ။

      ကဲ ဒီလောက်ဆို ကို htoosan မအံဩတော့ပဲ
      ဘာကြောင့် အဘ ကမှ ဒီအကြောင်း ထပြောသလဲ သိလောက်ပါပြီ ။

      တခွန်းတည်း ပြန်ဖြေရရင် တရားမျှတမှုကို တိတိကျကျ နားလည် သွားလို့ပါကွယ် ။

  • water-melon

    April 10, 2012 at 11:50 am

    အဲလိုကြီးတော့ မပြောသင့်ပါဘူး
    ရှုတ်ချပါတယ်
    ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးတော့အပုတ်မခံနိုင်ဘူး

  • minnannawar

    April 10, 2012 at 12:12 pm

    မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများအရေး ဗမာလူမျိုးများအား တရားခံအဖြစ် အမည်တတ်လျှင် တရားမျှတမည်မထင်ပါ။ အဓိကကျသည်မှာ သက်ဦးဆံပိုင်ဘုရင်များနှင့် ၎င်းတို့၏နောက်လိုက်များသာဖြစ်မည်ထင်ပါသည်။ ဗမာမဟုတ်လို့ အစစအရာရာအနှိမ်ခံရသည်ဟု အမြင်သဘောပေါက်လာအောင်ဖန်တည်းခဲ့ မှုများရှိခဲ့ပါလိမ့်မည်။ သူငယ်ချင်းတိုင်းရင်းသားများ ပြောပြဘူးပါသည်။
    အရင်ကဖြစ်ခဲ့တာတွေ မေ့ပစ်လိုက်ပြီး အခုအသစ်ကပြန်စရင်မရနိုင်ဘူးလား။ တိုင်းပြည်ကို ပုံစံသစ်ဖြင့်တည်ဆောက်လိုပါက တိုင်းရင်းသားများအရေးအတွက် တိုင်းရင်းသားများပါဝင်သောကော်မီတီတစ်ရပ်ဖြင့် ဆက်လက်ဆောင်ရွက်သင့်ပါသည်။
    ဥပမာ–ဒေသခံများအတွက် ဒေသထွက်သယံဇာတခွဲဝေပေးခြင်း ကိစ္စမျိုး၊ ဒေသအုပ်ချုပ်ရေးတွင်ဒေသခံအများစုပါဝင်စေရေး။ စသည်အားဖြင့် ပြောင်းလဲလုပ်ဆောင်လျှင် အဆင်ပြေသွားမည်ထင်ပါသည်။ အမြင်ကြည်လင်အောင် ပထမဦးစွာဆောင်ရွက်သင့်ပါသည်။

    • Foreign Resident

      April 10, 2012 at 3:26 pm

      ဟဲဟဲ ။ အရမ်းမေ့ခိုင်းတာပဲနော် ။ ဟဲဟဲ ။
      အင်္ဂလိပ်တွေ ၊ ဂျပန် တွေ လာကျွန်ပြုကြတာလဲ မေ့လိုက်ပြီပေါ့နော် ။

      ဇာဂနာ ဟိုအပါတ်လေးတင်ပြောသွားတယ် ။ ဘာတဲ့ ။
      ” ခွင့်လွှတ်၍ ရသော်လည်း ၊ မေ့ပျောက်ဖို့ မသင့်ပါတဲ့ ”

      ဟဲဟဲ ။ ခွင့်လွှတ်၍ ရတယ် ဆိုတာတောင်မှ ။
      တဖက်သားက အပြစ် ဝန်ခံပြီး ၊ တောင်းပန် အုံးမှနော် ။
      ကြည့်ရတာတော့ ဝန်ခံ ဖို့ကော ၊ တောင်းပန် ဖို့ပါ ၊ အစီအစဉ် ရှိပုံ မရဘူး ။
      ဟဲဟဲ ။

  • Onyx

    April 10, 2012 at 1:28 pm

    မြန်မာဆိုတာကို ဘယ်လိုမြင်လို လဲမသိ ။ မြန်မာဆိုတာ နိုင်ငံလေ လူမျိုးမှ မဟုတ်တာကိုး
    မြန်မာ=ကချင်+ကယား+ကရင်+ချင်း+မွန်+ဗမာ+ရခိုင်+ရှမ်း လို့ ဆိုလိုတာမဟုတ်ဘူးလား
    အဲလိုမဟုတ်ဘူးဆိုရင် ဘာကိုဆိုလိုတာလဲပြောစေချင်တယ် ။
    နိုင်ငံတိုင်းမှာတော့ လူမျိုးတွေကွဲ ပြားပင်မဲ့ နိုင်ငံမှာသုံးတဲ့ စံသတ်မှတ်တဲ့ အသုံးနှုန်းဆိုတာတော့
    ထားသင့်တာပေါ့ ။
    အင်းလေ ဒီဘက်ကကြည့်တော့ လက်ဖဝါး ဟိုဘက်ကြည့်တော့ လက်ဖမိုး ဆိုတာမျိုးပေါ့လေ။
    ပြောတော့ဘူး

    • Foreign Resident

      April 10, 2012 at 2:04 pm

      ဟုတ်ပါ့ အဘ နားမလည်လို့ ဆက်ပြီးမေးပါရစေနော် ။
      အပေါ်မှာ ကို chityimhtoo ရေးသွားတဲ့
      မြန်မာစာသည် ဒို့စာ ဆိုတဲ့ဟာက ဘာစာကိုများ ရည်ညွှန်းသလဲ ခမျ ။
      မြန်မာစကားသည် ဒို့စကား ဆိုတဲ့ဟာကကော ဘာစကားကို နားလည်ရမလဲ ခမျ ။
      ဟဲဟဲ ။

  • Foreign Resident

    April 10, 2012 at 1:48 pm

    ဟဲဟဲ ၊ ရွာသူားတွေ အဘ ဒီ Post တင်တဲ့အတွက် အရမ်း အံ့ဩသွားကြပြီလား ။
    ဟဲဟဲ ၊ တကယ်က အဘ က မွန်စပ်တယ်ဆိုပေမယ့် ၊ ပါးပါးလေးရယ်ပါ ။
    တကယ့် တကယ်ကတော့ ၊
    တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲ ဆိုတာကို နဲနဲ မီးမေါင်း ထိုးပြရင်း ၊
    ကိုယ့် မြန်မာတွေလဲ နဲနဲ လွန်နေပြီနော်လို့ နဲနဲ ထောက်ပြလိုက်တာပါ ။

    မေးခွန်းလေးနည်းနည်းလောက် ထပ်မေးမယ်နော် ။
    ပြည်ထောင်စု ၊ ပြည်ထောင်စု ဆိုလို့ပါ ။

    ဟဲဟဲ ၊ ဘာကြောင့်များ ပြည်ထောင်စု ချင်ကြတာလည်းဟင် ။
    မြန်မာတွေ ကိုယ်ကျိုးအတွက်လား ၊
    ဟဲဟဲ ၊ ( သယံဇာတ ပေါကြွယ်ဝတဲ့ ) နေရာမှာမှ နေထိုင်မိနေတဲ့
    ကံဆိုးရှာတဲ့ တိုင်းရင်းသားလေးတွေရဲ့ ကိုယ်ကျိုး အတွက်လား ။
    ဟဲဟဲ ၊ မလိမ်နှင့်နော် မှန်မှန်ဖြေ ။

    တိုင်းရင်းသားတွေက မြန်မာနှင့် မပေါင်းချင်ဘူး ဆိုရင်ကော ၊
    ပေါင်းချင်အောင် ဆွဲဆောင်မှာလား ၊ လူမျိုးတုံး သတ်မှာလား ။
    ဟဲဟဲ ၊ ဘာကြောင့်လည်း ။

    တိုင်းရင်းသားတွေက ယိုးဒယားနှင့် မှပေါင်းချင်ပါတယ် ဆိုရင်ကော ၊
    လူမျိုး ဘာသာစကား တူတယ်လေ ။
    မြန်မာ ရှမ်းက ရှမ်းကြီး ၊ ယိုးဒယား ရှမ်းက ရှမ်းလေး ။
    ညီနောင် သွေးချင်း အစစ်တွေလေ ။

    ဟဲဟဲ ၊ ပြည်ထောင်စုမှ ဖြစ်မယ် ဆိုရင်လည်း ၊ ဟဲဟဲ ၊
    တရားမျှတ သွားအောင် အစိုးရ အဖွဲ့ကို လူမျိုးစုအလိုက် တစ်လှည့်စီ
    ၄ နှစ်တစ်ခါ အုပ်ချုပ်သွားရင်ကော ဘယ်လိုလဲ ၊ ဟဲဟဲ ။

    လူကြီးမင်းတို့ရဲ့ သားသမီးတွေရော
    အတန်းကျောင်းပညာရေးကို ကချင်ဘာသာလေးနှင့် မသင်ချင်ကြဘူးလား ။
    ဟဲဟဲ ၊ မျှတသွားအောင် တွေးကြည့်တာပါ ။

  • Foreign Resident

    April 10, 2012 at 1:52 pm

    ဟဲဟဲ ၊ အနဲဆုံးတော့ သူကြီး နှင့် ဆရာဂီ အမြဲ ပြောပြောနေတဲ့
    ” Awareness ” ဆိုတာကြီးတော့ ရသွားလောက်ပါပြီ ။ ဟဲဟဲ ။

  • koko

    April 10, 2012 at 2:09 pm

    ဒီအချိန်မှာတော့ ဘယ်သူကြောင့်လို့ လက်ညိုးထိုး ရမဲ့အချိန်မဟုတ်တော့ ဘူးဗျ။ ဒါပေမဲ့ အမှန်တရား တစ်ခု
    အဖြစ် တော့ ရှိ ရပါမယ်။ ကရင် ကရွာတွေဆိုအ ရမ်းသနား ဖို့ကောင်းပါတယ်။တောထဲမှာလျပ်စစ် မီး မရှိ ။ကျောင်းမရှိ။ ကျန်းမာရေးစောက်လျောက်မှု က နတ္ထိ။ဘာမှ မရှိ ပါဘူး။ဒါတွေက အရေးမကြိီးဘူး။အရင်ကတည်းဒီလိုပဲနေလာတာ။ ဒါပေမဲ့ ထမင်းတစ်လုတ်ကို ကိုအေးအေးချမ်းချမ်းမစားရပါဘူး။ မိုင်းကြောက်ရ။ဟိုကြောက်ရ။ဒီကြောက်ရ။
    ရိုးသားမှုကတော့ လမ်းပေါ်မှာဘာ ချထားထားမပျောက်ပါဘူး။ ဗမာတွေလိုပါပဲ။

  • laypai

    April 10, 2012 at 2:23 pm

    ကျုပ်ကတော့ ကရင် စစ်စစ်။
    FR နဲ့ ဘဝတူ ပါဘဲ ကရင် စကား ကရင်စာ ကို ထမင်းစာ ရေသောက် တောင် မလည်ဝယ် တော့ဘူး။
    ကျွန်တော်တို့ လူ မဖြစ် ခင် ကပါ ရွာ မှာ ကရင် နှစ်သစ်ကူးပွဲ လုပ်နေတုံး သင်္ဘော ကြီး လာဖမ်းဖူးတာကြောင့် ကရင် နှစ်သစ်ကူး မကျင်းပ ရဲတဲ့ အထိ။ ( ခု တော့ နှစ်စဉ် ကျင်းပ နေပါတယ်။ )
    နွေရာသီ ကရင်စာ သင် ရင်လဲ ထိထိရောက်ရောက် တားတာ မဟုတ်ပေမဲ့ ခု ဘုဉ်းကြီး တရားပွဲ တွေကို တာသလိုမျိုး ရှိခဲ့ ပါတယ်။
    ၉ဝ ရာနုံး ကရင် ရွာ ဖြစ်တာ ကြောင့် လူကြီးတွေ က သိုသို သိပ်သိပ် လုပ်ပေးခဲ့ တာ ကြောင် ကရင်စာ နဲနဲ ပါးပါး တတ်ခဲ့ပါတယ်။
    ကိုလက်လှမ်း မီသလောက် တိုင်းရင်သား တွေ အပေါ် အစိုးရ ရဲ့ ပြုမူ ခဲ့ တာ တွေ ဟာ သမိုင်း မကောင်းခဲ့ ပါဘူး။
    ဝန်ထမ်း ရွေးချယ်ရာ၊ အားကစားနဲ့ ပတ်သက်တာ နေရာ တော်တော် များများမှာ တူလာရင် တိုင်းရင်းသားတွေ ခမျာ နေခဲ့ရ တာတွေ ကြီးပါပဲ။
    ငယ်ငယ် က သင်ဖူး တဲ့ သမိုင်း ကောင်းလေး တခု ကတော့ ကျန်စစ်မင်း က မွန်သွေးပါတဲ့ မြေးကို နန်းမွေ ပေးခဲ့ တာ လေးပါ။
    ခုချိန်ခါ မှာ ဖြစ်စေချင် တာတော့ တိုင်းရင်သာတွေ လဲ တန်းတူ အခွင့် ရေး ရဖို့ ပါဘဲ။
    FR ပြော သလို “တိုင်းရင်းသားတွေ လိုချင်တာ ခွဲထွက်ဖို့ မဟုတ်ပါဘူး ။
    ကိုယ်ပိုင် အုပ်ချုပ်ရေးပါ” (ဒီမိုကရေစီ အညွှန်းတင်၍ ထောက်ခံပါသည်။ )

  • အမတ်ဒိန်

    April 10, 2012 at 2:37 pm

    အဘဖောရေ..
    လောလောဆယ်တော့ အဲ့ဒီစကားလေးက အတော်ပြင်းလွန်းပါတယ်…
    “ယဉ်ကျေးမှု မရှိတဲ့ လူ့ အရိုင်းအစိုင်း မြန်မာ လူမျိုးများ”.. လို့သာ အဘဖောက တကယ်မြင်နေခဲ့ရင်..
    အဘဖော ပြောခဲ့တဲ့ ခပ်ကြမ်းကြမ်းစကားတွေက..တကယ့်ကို တိုင်းပြည်ကိုချစ်တတ်လို့ ..
    အမြင်မှန်.အတွေးသစ်တွေကြောင့်မို့လို့ ဆိုတာထက်..
    (အဘက.တရားမျှတ တဲ့ စနစ်အောက်မှာ နေထို်င်နေရတဲ့အတွက် ).အဲဒီစနစ်မရှိတာနဲ့ပဲ
    ဒီကလူတွေကယဉ်ကျေးမှု မရှိတဲ့အရိုင်းအစိုင်းတွေမို့လို့..
    အင်မတန်မှကို သနားလွန်းလှပါတယ်မြင်သလိုဖြစ်နေပေါ့..

    ကျနော့အမြင် အင်မတန်ယဉ်ကျေးပါတယ်ဆိုတဲ့ အင်္ဂလိပ်မင်းတွေ တောင်ကိုယ်ကျိုးစီးပွားအတွက်.နယ်ချဲ့ခဲ့သေးတာပဲ..
    အဘတို့ပြောသလို.ရိုင်းစိုင်းလှတဲ့ မြန်မာကလည်း အဲဒီခေတ်ကာလများက တခြားပြည်နယ်တွေကို
    စစ်မက်ပြုတာတော့လည်း လွန်မယ်မထင်ပါဘူး..
    မထင်ဆို အပြန်အလှန်ကို တိုက်နေကြတာပဲကိုး.အားသာတဲ့သူက အနိုင်ရတာ အဲ့ခေတ်ရဲ့ စနစ်လေ..
    နောက်ပြီး အင်မတန်ယဉ်ကျေးလှတဲ့ အင်္ဂလန်ကြီးကပဲ စကော့..အိုင်ယာလန်တို့ကို ကျူးကျော်တာကျတော့
    ကြည့်ကောင်းတဲ့ရုပ်ရှင်တွေ ဖြစ်ပြီး..
    ကျနော်တို့ချင်း ကျမှ ဘယ်နှယ့် အရိုင်းအစိုင်း ဘဝ ရောက်ကြရတယ်လို့..

    အမှန်တော့.ကိုယ်သိမ်းပိုက်ခဲ့တဲ့နယ်မြေ.တိုင်းပြည်ကို ဘယ်လောက်တိုးတက်အောင်လုပ်ပေးနိုင်ခဲ့သလဲ
    ဆိုတာက မုန်းတယ် မမုန်းတယ် ပြောနေရတဲ့ အဓီကအချက်လို့ထင်တာပဲ…
    အဲလိုမလုပ်နိုင်ခဲ့ရင် ရာဇဝင်မှာ လူကြမ်းကြီးဖြစ်ပေါ့နော်..
    ပြောရရင် အမေရိကန်လည်း တောင်ပိုင်းနဲ့မြောက်ပိုင်း ဖိုက်ခဲ့သေးလားလို့..ဒါပေမဲ့ ပေါင်းစည်းပြီး တိုးတက်လာနိုင်ခဲ့တော့.
    နောင်မျိုးဆက်တွေကို ပြန်ပြောပြစရာ ပုံပြင်သက်သက် ဖြစ်နေခဲ့တာလေ..

    ပြောရရင် အဘရယ်..အခုကတော့ စနစ်တခုရဲ့ အောက်မှာ သားကောင်ဖြစ်ရတာချင်းအတူတူတောင်..
    မင်းကငါ့လောက်ပိုမနာပါဘူးလို့.အပြိုင်ပြောနေကြရသလိုပါပဲ..
    အခုလက်ရှိလုပ်သင့်တာကတော့ သူနာ.ကိုယ်နာ အနာချင်းအားပြိုင်တာတွေ လျော့ကြပြီး..
    အတူဝိုင်းဝန်းလာကြရင် မြန်မြန်ခရီးရောက်တာပေါ့ ဗျာ..
    ကျနော်ကိုယ်တိုင်လည်း ဘယ်လူမျိုးကိုမှ မမုန်းတတ်ပါဘူး..

    အဘရေ..တဖက်ကို ဇွတ်နင်းပြီး ကိုယ့်အခွင့်အရေးကို တောင်းဆိုတာက
    တရားမျှတစွာ ပြောဆိုမှုဘောင်ကို ကျော်မှာပေါ့ နော်..
    (မတူတာရေး ဆိုလို့ ကိုယ်မြင်သလို ကိုယ်ရေးလိုက်တယ် အဘရေ..)

    • Foreign Resident

      April 10, 2012 at 3:07 pm

      ဟဲဟဲ သေချာပြန်ဖတ်ကြည့်ပါအုန်း အမတ်မင်းရဲ့
      Condition ၂ ခုပါပါတယ်
      ၁ ။ တိုင်းရင်းသားတွေ အပေါ် အမှားတွေ ကျူးလွန်ခဲ့မိပြီ ဆိုတာကို သိနားလည်သွားပြီးနောက်
      ၂ ။ မိမိတို့ လူမျိုးများ ကျူးလွန်မိတဲ့ အမှားများအတွက် ပြန်မတောင်းပန် လိုသူများကိုသာ ဆိုလိုတာပါ ။

      ” တို့မြေ / တို့ရေ /တို့မန္တလေး နှင့် ယုတ်ယုတ်များ ” ဆိုတဲ့ Post မှာ
      —http://myanmargazette.net/112477/business-economy/complaint-claim—
      အဘ ကနေပြီး San Di ဆိုတဲ့ သမီးလေးကို တောင်းပန်ထားတယ်လေ ။
      ” တောင်းပန်ပါတယ် သမီးရယ် ” တဲ့ ။
      သူ့ကို ဘတ်စကားပေါ်မှာ ဟိုကိုင် ဒီကိုင် လုပ်တာ
      အဘ မှမဟုတ်တာ ။ ဒါပေမယ့် ——- ဆိုတော့လည်း ၊
      ဟဲဟဲ ။ ဟဲဟဲ ။

    • TTCG

      April 11, 2012 at 1:20 am

      အမတ်ဒိန်ရေ… England က Scotland, Wales တို့ကို ကျူးကျော်ပြီးတော့ သိမ်းထားတယ်ဆိုပေမယ့် နယ်မြေခံတွေ ပညာတတ်တွေဖြစ်အောင် လူလို သူလိုနေနိုင်အောင် အများကြီးလုပ်ပေးထားပါတယ်… Scotland မြို့တော် Edinburgh ကို ရောက်သွားတုန်းက England မြို့တွေနဲ့ မခြား Facility အကုန်ရှိပါတယ်… Scotland နိုင်ငံအတွက် အထူးစပယ်ရှယ် Scotland ငွေကြေးကိုတောင် ပေးအသုံးပြုထားပါတယ်… ကျွန်တော်တို့ နိုင်ငံမှာ ရှမ်းငွေကြေး၊ ကချင်ငွေကြေးတွေဆိုတာ ကြားတောင် ကြားဘူးလို့လား? ဒါတောင် Scotland နယ်သားတွေက အခုထိ England ကို အခဲမကြေဖြစ်နေကြတုန်းပဲ

      ကျွန်တော် မြန်မာလူမျိုးစစ်စစ်ပါ… မြန်မာတွေ တစ်ခြားလူမျိုးနယ်တွေကို သိမ်းပြီးတော့ မြန်မာပြည်လုပ်ထားတာကိုတော့ အပြစ်မပြောလိုပါဘူး… ရှေးတုန်းက အင်အားကြီးနိုင်ငံက အင်အားငယ်နိုင်ငံကို သိမ်းပိုက်ကြတာ အစဉ်အလာပဲလေ… ဒါပေမယ့် ရန်ကုန်၊ မန်းတလေးမြို့တွေနဲ့ တိုင်းရင်သားတွေနေတဲ့ ပြည်နယ်မြို့လေးတွေရဲ့ တိုးတက်မှုကို ယှဉ်ကြည့်ပါဦးဗျာ

      ကိုယ့်လူမျိုးကို ချစ်တာလည်း ချစ်တာပေါ့… မျိုးချစ်စိတ်ရှိတာကောင်းပါတယ်… အမှန်ကိုတော့ မြင်နိုင်ကြပါစေ.. မျက်ကန်းမျိုးချစ်တွေ မဖြစ်ချင်ကြပါနဲ့ဗျာ

  • Foreign Resident

    April 10, 2012 at 2:42 pm

    ဪ ၊ ဒုက္ခ ၊ ဒုက္ခ ။
    သူကြီးကလဲ ဒီအားရပါးရ အဆဲခံရမယ့် Post ကိုမှ Sticky တင်လိုက်ပြီ ။
    အင်း များများ နှင့် ကြာကြာ တဝကြီး အဆဲခံရဖို့ကတော့ ဖြစ်လာပြီပေါ့ ။
    အဘတို့များ ကံဇာတာများ တက်လာတော့ အဲ့လိုပဲ ။ 😛

    ကျေးဇူးတော့တင်ပါရဲ့ သူကြီးရယ် ။
    ဒါပေမယ့် အဘမှာလည်း ဒီညကျရင်ကို
    Internet Coverage Area ကနေထွက်ရတော့မှာ ။
    နောက် သုံးရက်လောက်နေမှ Internet ပြန်ရမှာ ။

    အဲဒီတော့ ရွာသားများလည်း လောစရာမလို ၊ လုစရာမလို ပဲ ၊
    အေးအေးဆေးဆေး ပိုင်ပိုင် နိုင်နိုင် နှင့် ပြစ်ပြစ် နှစ်နှစ် ဆဲစာတွေ ၊ အဲမှားလို့ ၊ Comment တွေ
    ရွေးပေးလို့ ရတာပေါ့ ။ ဟဲဟဲ ။
    ပြန်လာမှ တွေ့မယ် ။

    ဟဲဟဲ ၊ သူကြီး မကျေနပ်ရင် ၊ ကျနော့် ကိုယ်စား ကြိုဖြေထားနှင့်ပေါ့ ။
    ဟဲဟဲ ၊ သူကြီးကို ယုံကြည်စွာဖြင့် အာဏာကုန် လွှဲလိုက်ပြီ ။
    ဟဲဟဲ ၊ ဒက်ဂလောက် ။ ဒက်ဂလောက် ။

    • အိမ်လွမ်းသူ

      April 10, 2012 at 3:25 pm

      အဘဖော ရေ။ အရင်ကတဲက အဘရဲ့ပို့တွေ့ ကိုဖတ်ပြီး အဘရဲ့ စာ တွေကိုလေးစားမှူ့ရှိပြီးသားပါ။ ဒါပေမဲ့ ဒီပို့ကို ဒီအချိန်မှာ တင်တာ နဲနဲပြင်းသလား လို့။ ဒီလို ကိစ္စ တွေဟာ လူမျိုးတစ်မျိုးလုံး နဲ့ ချီပြီး အမုန်းပွါး မှူ့တွေကို ဖြစ်စေ နိုင်တာကြောင့်ပါ။ အမိုက်ကစ ပြသတ် ( စာလုံးပေါင်းမှား ) မီးလောင်မဖြစ်စေချင်ပါ။ တိုင်းရင်းသား အားလုံး စည်းစည်းလုံးလုံး ဖြင့် တန်းတူအခွင့်အရေး ရကြပါစေ။

      • Foreign Resident

        April 10, 2012 at 3:29 pm

        ” တိုင်းရင်းသား အားလုံး စည်းစည်းလုံးလုံး ဖြင့် တန်းတူအခွင့်အရေး ရကြပါစေ ”
        သမီးရယ် ။ ရနေမှဖြင့် ဒီ Post ရေးတောင် ရေးမနေတော့ဘူး ။
        မရလို့ ရေးရတာပါကွယ် ။

        • အိမ်လွမ်းသူ

          April 10, 2012 at 3:51 pm

          အဘရေ ကျွန်တော် ယောက်ျားစစ်စစ်ကြီးပါ။ ဟိ ဟိ ………….ကျွန်တော်ကလဲ မရကြ သေးလို့ ရကြပါစေလို စုတောင်းပေတာပါ။ စုတောင်းတယ်ဆိုကတဲ ကအနာဂတ်အတွက် ပဲလေ။ အတိတ်အတွက်စုတောင်းလို့ မှမရတော့တာ။

        • Foreign Resident

          April 10, 2012 at 5:02 pm

          တခုတော့ပြောပါရစေ သားရေ အဲမဟုတ်သေးပါဘူး ။ အိမ်လွမ်းသူ ရေ ။ 😛
          ပြသာဒ် ကဖြင့် မီးလောင်နေတာ ကြာပေါ့ကွယ် ။
          ပြည်နယ် မှန်သမျှ တိုင်းရင်းသားမှန်သမျှ အားလုံးက
          ကိုယ်စီ ကိုယ်ငှ အသီးသီး လက်နက်ကိုင် တိုက်နေတာတောင်
          ပြသာဒ် ကို မီး မ လောင်သေးဘူး လို့ ထင်နေတုန်းပဲလား ကွယ် ။
          လူဦးရေ လက်တဆုပ်စာတောင် မရှိတဲ့ ခုခံစရာ လှံပဲရှိတဲ့ နာဂ က အစ
          ဓါးရှိ ဓါးနှင့်ခုတ် ၊ လှံရှိ လှံနှင့်ထိုး ဆိုသလို ၊ လှည်းနေ လှေအောင်း မြင်းစောင်း မကျန်
          သူတို့ တိုင်းရင်းသားတွေရဲ့ အမျိုးသားရေး တာဝန်ကို ကျေပွန်နေကြတာ ကြာပေါ့ ။

          ဒီလောက် အများနှင့် တစ်ယောက် ဖြစ်နေတာကို မုံလာဥ လုပ်ချင်တဲ့ ၊
          မြန်မာ မျက်ကန်း မျိုးချစ်တွေက ရှိသေး ။
          ဟဲဟဲ ။

  • သမိန်ဂီ့

    April 10, 2012 at 2:54 pm

    ဘယ်ဘက် ပါး အရိုက်ခံမလား
    ညာဘက် နား အကိုက်ခံမလားမောင်ဂီ ရွေးမရ ဖြစ်နေတဲ့ပိုစ့်မို့
    လက်ရှောင်ထားပါတယ်ဆိုမှ …

    ရေးချင်အောင် ဆွပေးနေပြန်တယ်…
    ပြန်လာခဲ့ပါ့မယ်ဂျာ …
    ခုတော့ …ဒေတာလေးတွေ သွားတူးလိုက်ဦးမယ်…
    😀

  • နီလေး

    April 10, 2012 at 3:14 pm

    တိုင်းရင်းသားတွေ လိုချင်တာ ခွဲထွက်ဖို့ မဟုတ်ပါဘူး ။
    ကိုယ်ပိုင် အုပ်ချုပ်ရေးပါ ။
    သူတို့ရဲ့ တောတောင်ထဲက ငြိမ်းချမ်းတဲ့ ဘဝလေးတွေကို
    မတရား နှိပ်စက် မခံရယုံပါ ။
    သူတို့ နေထိုင်တဲ့ ဒေသရဲ့ တောတောင် သယံဇာတတွေကို
    သူတို့ သုံးစွဲခွင့် ရယုံလေးပါ ။
    သူတို့ရဲ့ လူမျိုး နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးစံ လေးကို
    ထိမ်းသိမ်းခွင့် ရယုံလေးပါ ။
    အပြည့်အဝထောက်ခံပါတယ် အဘဖောရေ

    • အိမ်လွမ်းသူ

      April 10, 2012 at 3:42 pm

      ကျန်တဲ့အချက်တွေကို အပြည်အဝ ထောက်ခံပေမဲ ဒီ “သူတို့ နေထိုင်တဲ့ ဒေသရဲ့ တောတောင် သယံဇာတတွေကို
      သူတို့ သုံးစွဲခွင့် ရယုံလေးပါ ” ကိုတော့ လုံးဝမထောက်ခံပါဘူး။ အဲ့ဒီလိုဆို သယံဇာတ မရှိတဲ့ ဒေသကလူနဲစု တိုင်းရင်းသားတွေ အတွက်ဘယ်မျှတမှူ့ရှိပမလဲ။ မြန်မာနိုင်ငံမှာရှိ တဲ့ မြေပေါ်မြေအောက် သယံဇာတ တွေအကုန်လုံး တိုင်းရင်းသားတွေ အားလုံး အညီအမျှ ခံစားပိုင်ခွင့် ရှိတယ်လိုထင်ပါတယ်။

      • Foreign Resident

        April 10, 2012 at 3:59 pm

        စိတ်မပူပါနှင့်ကွယ် တိုင်းရင်းသားတွေက
        နဲနဲပါးပါးတော့ ခွဲပေးမှာပေါ့ကွယ် ။ မရိုင်းပါဘူး ။ ဟဲဟဲ ။

        ပြည်ထောင်စု စံနစ်မှာ Direct Indirect ခွဲပေးတဲ့ စံနစ်တွေ ရှိပါတယ် ။
        ဥပမာ Federal အစိုးရက အခွန်ကောက်ခွင့်တွေ ရှိနေပါတယ် ။
        ဒါပေမယ့် အဓိက Lion Share ကိုတော့ ပြည်နယ်ကို ပေးရတယ်ကွယ့် ။
        အဲဒါကြောင့် အဘ ရေးထားတာပေါ့ ၊ အပြင်ထွက်ကြည့်ကြပါလို့ ။
        တယ်ခက်တာပဲ ။ အမေရိကန် ရော ၊ ဩဇီ ရော Federal ခင်မျ ။

        စကား အတင်းစပ် ။
        သယံဇာတ ဘာမှမရှိသလောက်နဲတဲ့ ချင်းပြည်နယ်မှာလည်း ချင်း သူပုန် ရှိတယ်နော် ။
        အမှန်ဆို ချင်းပြည်နယ်ကို ပြည်မကြီးကပဲ နှစ်စဉ်ထောက်ပံ့နေရတာပါ ။
        ဒါတောင်မှ သူပုန်ထရတယ် ဆိုတော့ တော်တော် မခံချင်လွန်းလို့ဖြစ်ရတာပါ ။
        ( ဘာသာရေး နှိပ်စက်မှုရဲ့ ရလာဒ် ပေါ့ )

        • အိမ်လွမ်းသူ

          April 10, 2012 at 5:59 pm

          ဒါဆိုရင်လဲ တိုင်းရင်းသားက ဆက်သူပုန်ထ စစ်အစိုးရက လဲဆက်ပြီး ထိုးစစ်တွေ ဆင်။ ပျော်စရာကြီး။ ကျွန်တော်တို့လဲ တိုင်းပြည် အပြင်ကနေ လက်ခုပ်ဝိုင်းတီး ကြတာပေါ့။ ဟီးဟီး နောက်တာနော် အဘ။ ဟဲ ဟဲ

      • kai

        April 10, 2012 at 4:13 pm

        တိုင်းရင်းသားများဖက်နဲ့မြန်မာအစိုးရဖက်လည်းပြောချင်ပါတယ်။ လူသားများအနေနဲ့ကြည့်မြင်ပြီး လူသားခြင်းစာနာပြီးစစ်ပွဲတွေရပ်ကြပါ။ ဆွေးနွေးအဖြေရှာကြပါ။
        ကချင်၊ကရင်စသဖြင့် မခွဲခြားပဲ မတူညီတဲ့ယဉ်ကျေးမှု၊ ဓလေ့၊ ကိုးကွယ်ရာများနဲ့ လူသားများအနေနဲ့မြင်ကြပါ။
        စည်းလုံးကြပါ။ တိုင်းပြည်တခုအနေနဲ့ အတူတူစုစည်းနေတာဟာ ပိုမိုအင်အားကောင်းတာဖြစ်ပါတယ်။
        အမေရိကပြည်ထောင်စုရဲ့ ပြည်နယ်တွေစည်းလုံးစုစည်းထားပုံကို ဥပမာတချို့ယူသင့်ပါတယ်။
        အမေရိကပြည်ထောင်စုပြည်နယ်တွေဟာ ပြည်နယ်တွင်းရဲ့ သယံဇာတတွေကို ပြည်နယ်ကပိုင်တာဖြစ်ပါတယ်။ ဖယ်ဒရယ်အစိုးရအနေနဲ့မပိုင်ပါဘူး။ ဒါမျိုးလုပ်ကိုင်ပုံတွေကိုလည်း ဥပမာယူသင့်ပါတယ်။
        မြန်မာ-အမေရိကန်များအနေနဲ့ မြန်မာပြည်အရေးစိတ်ဝင်စားပြီး ကူညီကြစေလိုပါတယ်။

        http://myanmargazette.net/102844/arts-humanities/politician-musician-celebrity-interviews-profiles

        အဲဒီအပေါ်လင့်မှာ.. ပါမောက္ခတယောက်ပြောသွားတာလေးပါနော…
        ကိုးကားဖို့ ကူးတင်ပေးလိုက်တယ်..။

        • Foreign Resident

          April 10, 2012 at 4:45 pm

          ဟဲဟဲ ၊ ကျေးဇူးပဲသူကြီး ၊ ဟဲဟဲ ။
          အဘ လည်း တစ်ယောက်ထဲ ဒိုင်ခံရှင်းနေရတာ
          တော်တော် မောနေပြီ ၊ တကယ်က မျက်စိညောင်းနေတာ ။ ဟဲဟဲ ။

          ” ပြည်နယ်တွင်းရဲ့ သယံဇာတတွေကို ပြည်နယ်ကပိုင်တာဖြစ်ပါတယ်။
          ဖယ်ဒရယ်အစိုးရအနေနဲ့မပိုင်ပါဘူး ”

          တွေ့လား ကမာ္ဘ ပေါ်မှာ အဖွံဖြိုး အတိုးတက်ဆုံး အမေရိကန် အစိုးရက
          သူ့ပြည်နယ်တွေ ခွဲမထွက်အောင် ဘယ်လို စည်းရုံးထားတယ် ဆိုတာ ။

          အဲဒါကြောင့် အဘ ရေးထားတာပေါ့ ၊ အပြင်ထွက်ကြည့်ကြပါလို့ ။
          တယ်ခက်တာပဲ ။ ဟဲဟဲ ။

      • ဇော်ရီ

        April 12, 2012 at 8:43 am

        အိမ်လွမ်းသူရေ ရပ်ကွက်ထဲမှာ အိမ်လွမ်းသူရှိသလို တခြား အိမ်တွေလဲ ရှိကြတယ် မဟုတ်ပါလား…

        ရပ်ကွက်ဆိုတာလဲ နိုင်ငံတစ်ခုလို သတ်မှတ်ပြီ… တစ်အိမ်စီကို ပြည်နယ် တစ်ခုလို့ သတ်မှတ်ကြည့်လိုက်ပါ… အိမ်လွမ်းသူ အိမ်မှာ ရှိနေတဲ့ ခြံရှေ့က ခြံစည်းရိုးနဲ့ ကပ်နေတဲ့ သရက်ပင် အသီးတွေ စားမကုန်အောင် သီးနေတာကို တခြားအိမ်က အကုန်လာခူးပြီးတော ဈေးထဲ ရောင်းစားလိုက်တယ်ဆိုရင် အိမ်လွမ်းသူတို့ အိမ်က သာဓုခေါ်နေနိုင်မှာပါသလား… အဲလိုပါပဲ အခု ပြည်ထောင်စု မြန်မာပြည်မှာ ဖြစ်ပျက်နေတာက အုပ်ချုပ်သူ ဗမာ အစိုးရ ဖွဲ့ဟာ တတိုင်းပြည်လုံးက ရှိသမျှဟာတွေကို တိုင်းတပါးကို ရောင်းစားပြီး.. အိမ်သားတွေ စားဖို့ တလုံးတပါတတောင်မထားခဲရှာတဲ့ လုပ်ရပ်တွေကို အိမ်လွမ်းသူ ကိုယ်ချင်းစား နာနိုင်မှာပါ…

        တကယ်တော သယံဇာတ မရှိတဲ့ ပြည်နယ်တွေအတွက် မပူပါနဲ့ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးကို ရယူတုန်းက တပါတည်း ပါလာခဲတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ဟာ အဲဒါတွေ အကုန်လုံးကို ဖြေရှင်းနိုင်ပါတယ်… ဒါကြောင့် အချိန်ရမယ်ဆိုရင် ဖယ်ဒရယ် စနစ်ကိုမူကို ရှာဖွယ်ဖတ်စေလိုပါတယ်…

        အိမ်လွမ်းသူမှ မဟုတ်ပါဘူး ဖယ်ဒရယ်မူအကြောင်းကို မသိသေးတဲ့ လူ တိုင်းလိုလို ဖတ်ထားသင့်ပါတယ်…

  • kai

    April 10, 2012 at 3:14 pm

    ..တူးထားကြ.. ဖော်ထားကြ..။ ပျော်ပျော်ပါးပါးပေါ့.. :mrgreen:

    ..တရက်၂ရက်နေရင်.. .. ဒီလအတွက် အယ်ဒီတာ့အာဘော်ရေးထားတာတင်မယ်..
    ဒီလအတွက်ကို.. လူမျိုးရေးကိစ္စ ..ဦးစားပေးရေးထားတာလေ… 🙂

  • Onyx

    April 10, 2012 at 3:27 pm

    ဘာလို့ပြည်ထောင်စုချင်တာလဲဆိုတဲ့ မေးခွန်းကို တော့ အဘကိုပြန်မေးချင်တယ် ကျွန်တော်တို့နိုင်ငံ ကြီးကို
    အိမ်ထောင်စုကြီး တစ်ခုအနေနဲ့ မြင်ကြည့်ပါ ။
    အဘအရင်က တစ်ယောက်ထဲ မလား အခုရောက်တော့ကော မိန်းမယူပြီး မိသားစုဖြစ်အောင် ဘာလို့ ထူထောင်လဲ ? အဘ တစ်ယောက်ထဲ အတွက် တစ်ကိုယ်ကောင်းဆန်ပြီး ဒီမိသားစုကို ထူထောင်တာလား
    ဒါ တောင်နော် ရိုးရိုးမိသားစုလေး တစ်ခုကိုပဲ အစားထိုးပြီး စဉ်းစားထားတာ ။
    အရင်အရင်က ဘုရင်တွေဆိုတာ လေတစ်လုံး မိုးတစ်လုံးနဲ့ ပါစပ်သမားတွေက ရှားတယ် ။ အဲ တစ်ကယ်လို့ ရှိခဲ့ မယ်ဆိုရင်လဲ ကြာကြာ မခံတဲ့ ခေတ်ပါ ။ သူတို့တွေ အဲခေတ်အဲခါမှာ ဘုရင်ဖြစ်ဖို့ ထိုက်တန်တော့မှသာ ဖြစ်တာများတယ်လေ တော်တဲ့ ခေါင်းဆောင်နောက်ကိုမှ လိုက်တာများတယ်နော် ။
    အခုခေတ်ထက်တောင်မှ ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်တွေများကြအုန်းမယ် ။
    သူတို့ အဆင့်နဲ့ စဉ်းစားပြီး လုပ်သင့်တယ် ထင်လို့ လုပ်သွားကြတာပါ ။
    ဘာနဲ့တူလဲဆိုရင် သင်ရိုးညွန်းတန်း ပြဠာန်းတဲ့ ဆရာကို ငါးတန်းကျောင်းသားလောက်က ဒါတွေ သင်ဖို့လဲ မလိုပဲနဲ့ ဖတ်စာအုပ်ထဲကို ထည့်ထားတယ်လို့ ပြောနေတာနဲ့ တူပါတယ် ။
    ပြီးတော့ အခုမှ နိုင်ငံက တိုးတက်ဖို့ ခြေလှမ်းစတာကို့ စည်းလုံးပြီး ညီညီညာညာနဲ့ ချီတက်ပြီး လှမ်းကြရမှလေ အဲဒါကိုဘာလို့ ကွဲ ထွက်ဖို့ သီးခြားဖြစ်ဖို့ကိုပဲ တောင်းဆိုကြသလဲ နားမလည်ဘူး ။
    ကောင်းအောင်လုပ်ဖို့ မစဉ်းစားပဲ ချော်လဲတုန်းက ဘယ်လို နာခဲ့တာကိုပဲ ပြန်တွေးနေရင် ရှေ့ကို ရောက်ပါအုန်းမလား ? စဉ်းစားကြပေါ့ ။ ကျွန်တော်ကတော့ ဒီလောက်ပဲ သိတယ် ။ဆရာ ဝင်လုပ်တာလဲ မဟုတ်ဘူး နော်။ ကျွန်တော် ကိုယ်တိုင်ကလဲ မြန်မာ တိုင်းရင်းသားပါ (မြန်မာ=ကချင်+ကယား+ကရင်+ချင်း+မွန်+ဗမာ+ရခိုင်+ရှမ်း)။

    • Foreign Resident

      April 10, 2012 at 3:47 pm

      ဟဲဟဲ ။ အဲဒီ အိမ်ထောင်စု ၊ မိသားစု ဆိုတဲ့ Idea ကို အရင်စစ်အစိုးရလဲ ခဏခဏ သုံးတယ် ။
      အဲဒီတုန်းကတော့ ၊ တိုင်းရင်းသားတွေတင်မကဘဲ ၊ ပြည်သူတွေကပါ မုန်းတယ်လေ ။
      ဟဲဟဲ ။ သူတို့က မိဘ နေရာကိုယူနေတာကိုး ၊ ဘယ်သူက ကြိုက်မှာလည်း ။
      စကတည်းက မှားနေတဲ့ Idea ကြီး ။

      တကယ်လို့ ၊ အဲဒီ မိသားစုမှာ စားစရာ မုန့်တစ်ခုပဲရှိရင် ။
      ဘယ်သူစားမှာလဲ ၊ ဟဲဟဲ ၊ မိဘ ပဲလား ။
      ငိုနေတဲ့ တိုင်းရင်းသားတွေကိုကော ၊ ဘာကျွေးမှာလည်း ၊ ဟဲဟဲ ၊ ဒုတ်လား ။

      တိုင်းရင်းသားတွေ လိုချင်တာ ၊ မိသားစု စံနစ် မဟုတ်ပါဘူး ။
      တန်းတူညီမျှမှုပါ ။

      ဒါနှင့် စကားမစပ် ၊ ဟဲဟဲ ။
      ကျန်စစ်သား ၊ ဘုရင့်နောင် ၊ အလောင်းဘုရား ၊ ဘယ်သူကမှ ၊
      အဘ ထက် ဉာဏ်ကောင်းတယ် လို့
      အဘ လေ အိပ်မက်ထဲတောင်ယောင်လို့ မတွေးမိပါဘူး ။
      အင်းးးးး ဖြစ်ချင်းဖြစ် ကံကောင်းတာတော့ ဖြစ်နိုင်ပါတယ် ။
      ဟဲဟဲ ။

  • ရွာစားကျော်

    April 10, 2012 at 3:34 pm

    ကျနော် ဒီပို့စ်ကို မနေ့ညက မအိပ်ခင်ဖတ်မိပါတယ်…
    ပြောချင်တာတွေ အများကြီးပဲ ဘယ်ကစပြောရမှန်းတောင်မသိအောင်ပဲ
    တရေးနိုးတာတောင် အဲဒီအကြောင်းစိတ်ထဲရောက်လာလို့ ပြန်အိပ်မပျော်တဲ့ အထိပါဗျာ..
    အင်း..အားလုံးလဲတော်တော်ပြောခဲ့ပြီဆိုတော့
    ကျနော်တို့နိုင်ငံရဲ့အမည်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်- The Republic of the Unionof Myanmar ပါ လို့သာ…..

  • Moe Z

    April 10, 2012 at 3:53 pm

    ဘဘ FR ရေ ဝင်လိုက်ထွက်လိုက်လုပ်နေတာ ဒါပါနဲ့ဆို ၅ခေါက်ရှိပြီ
    တော်သေးတယ် ဝင်ကြေးမပေးရလို့ :mrgreen:
    ဒီအတိုင်းဝင်လိုက်ထွက်လိုက်လုပ်နေတာ အားနာလို့အသိပေးတာ
    ကွန်မန့်တွေစောင့်ဖတ်နေပါတယ်နော် ..

    • Foreign Resident

      April 10, 2012 at 4:16 pm

      အားပေးနေတဲ့အတွက် ကျေးဇူးပါ သမီးရေ ။

      အမှန်တော့ မြန်မာပြည် ဘာဖြစ်ဖြစ် ၊ အဘက အနေသာကြီး ၊
      အများကြီးသာတဲ့ တပြည်တရွာမှာ ၊ တင့်တောင်းတင့်တယ် ဖြစ်ပြီးသားပါကွယ် ။

      ဒါပေမယ့် ရွာသူားတွေ နိုင်ငံတကာက လက်ခံထားတဲ့ အမှန်တရား နှင့်
      မြန်မာပြည်မှာ ဦးနေဝင်း မိုင်းတိုက်ထားတဲ့ အမှန်တရား နှင့်
      နဲနဲ ကွဲလွဲနေတာကို အမုန်းခံပြီး မီးမေါင်း ထိုးပြနေတာပါကွယ် ။

      ခုန ပြောခဲ့သလိုပေါ့ အနဲဆုံး Awareness
      ဘယ်လိုပြောရမလဲ တစ်ခုခု လွယ်လွယ် မပြောလိုက်မိခင် မလုပ်လိုက်မိခင်မှာ ၊
      ဪ သူတို့ ဒီလိုခံစားနေရရှာတာပဲ ဆိုပြီး ၊ တစ်ချက်လေး ငဲ့ကြည့်မိသွားရင်ကို ၊
      အဘ ရည်မှန်းချက် အောင်မြင်ပါပြီကွယ် ။

      အခုကိုပဲ အဘ ရည်မှန်းချက် အောင်မြင်ပြီးသွားပါပြီကွယ် ။
      ပြန်ငြင်းကြတယ်ထားအုံး ၊ အချက်အလက်တွေက ရင်ထဲရောက်ပြီးသွားပြီလေ ။

    • htoosan

      April 10, 2012 at 5:04 pm

      ကိုယ်တိုင်သည်လည်း ကောင်း၊ မိမိ၏ ပါတ်ဝန်းကျင်တွင်လည်းကောင်း။
      တိုင်းရင်းသားများအား နိမ့်ချဆက်ဆံတာ ဆက်ဆံခဲ့တာ မရှိသလို နှိမ့်ချဆက်ဆံရန် ဆော်ဪခံရတာလည်း မရှိသည့် အတွက် ကျွန်တော့်ခံယူချက်အရကတော့ ကျွန်တော့်အနေနဲ့ လုံဝ တောင်းပန် စရာ အကြောင်းလည်း မရှိဘူးလို ့ခံယူထားပါသည်။ ယခုလို မတောင်းပန်ခြင်းသည် ရိုင်းစိုင်းသည်ဟုယူဆလျှင်လည်း ခံယူချက်ခြင်းမတူသည့် အကြောင်းအရာတစ်ခုအဖြစ်သာ ရှုမြင်ပါသည်။

      နဲနဲလောက်သာ ထပ်ပြောချင်ပါသည်။

      ……………ယခုလို စာမျိုးတွေများလေ ပူပူနွေးနွေး ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လိူင် ၊မင်းတြား အိမ်မက်များ မက်လို့ကောင်းလေ ဆိုတာပါဘဲ ………..

      • Foreign Resident

        April 10, 2012 at 5:12 pm

        ” ဒုတိယ ကမာ္ဘစစ်အတွင်း ဖက်ဆစ် ဂျပန်တို့ နိုပ်စက်ကြလို့
        အရှေ့တောင်အာရှ နိုင်ငံ အတော်အများ ဒုက္ခရောက် ကြသည်။
        ယခု ဂျပန်အစိုးရ ကား ဒုတိယကမာ္ဘစစ်က ဖက်ဆစ် အစိုးရနဲ့ ဘာမှ မဆိုင်
        သို့သော် အခုထိ စစ်တွင်းကိစ္စများကို ယခုထိ တောင်းပန်ကြသည် ”

        ဟဲဟဲ ။

  • ဦးဦးပါလေရာ

    April 10, 2012 at 4:15 pm

    ကိုဖေါရင်းရဲ့အပေါ်ကကွန်မင့်လေးကို ပြန်ဆွေးနွေးပါမယ်…

    (Foreign Resident says:
    ………………………………………..
    – မေးခွန်းလေးနည်းနည်းလောက် ထပ်မေးမယ်နော် ။
    ပြည်ထောင်စု ၊ ပြည်ထောင်စု ဆိုလို့ပါ ။
    ဟဲဟဲ ၊ ဘာကြောင့်များ ပြည်ထောင်စု ချင်ကြတာလည်းဟင် ။
    မြန်မာတွေ ကိုယ်ကျိုးအတွက်လား ၊
    ဟဲဟဲ ၊ ( သယံဇာတ ပေါကြွယ်ဝတဲ့ ) နေရာမှာမှ နေထိုင်မိနေတဲ့
    ကံဆိုးရှာတဲ့ တိုင်းရင်းသားလေးတွေရဲ့ ကိုယ်ကျိုး အတွက်လား ။…..)

    အဲဒီမှာ အပိုင်းအနေနဲ့ ၂ပိုင်း အမြင်အနေနဲ့ ၂ မျိုးရှိပါတယ်။

    ပထမပိုင်းက- အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးယူတော့ သူတို့ တပါတည်းသိမ်းခဲ့တဲ့ ကုန်ဘောင်မင်းဆက်နောက်ဆုံးအချိန်က နယ်နိမိတ်အတိုင်း ပြန်ယူရမှာပဲဆိုတဲ့သဘောပါ..။
    နိုင်ငံတွေရဲ့နယ်နိမိတ်ဆိုတာ တရားမျှတမှု့နဲ့လဲ ပိုင်းခြားသတ်မှတ်ထားတာ မဟုတ်ပါဘူး။
    လူမျိုးစုစည်းနေထိုင်မှု့အရနဲ့လဲ ပိုင်းခြားသတ်မှတ်ထားတာ မဟုတ်ပါဘူး။
    တကယ်တော့ စစ်တိုက်လို့ နိုင်နိုင်/ရှုံးရှုံး နောက်ဆုံးကျန်တဲ့အတိုင်း ပိုင်းခြားထားတာပါ။
    ကုန်းဘောင်မင်းဆက်နောက်ဆုံးကာလရဲ့နယ်နိမိတ်ကလဲ ယိုးဒယားကိုစစ်ရှုံးလို့ နောက်ဆုံးကျန်ခဲ့တဲ့ နယ်နိမိတ်ပါ။
    (အဲဒါကတော့ အကြမ်းပြောတာပါ။ တကယ်တော့ လိုတိုးပိုလျှော့တွေတော့ရှိပါတယ်။)
    အဲဒီတော့ ရှင်းအောင်ပြောရရင် အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးယူတယ်ဆိုတာ မင်းဆက်ပြတ်သွားတဲ့ မြန်မာအုပ်ချုပ်မှု့ကို ပြန်စတာပါ။ ခေတ်အလျှောက် ဘုရင်ခေတ်မဟုတ်လို့ ပါလီမန်ဒီမိုကရေစီစံနစ်နဲ့ ပြန်လည်အုပ်ချုပ်တာပါ။ အဲဒီအချိန်မှာ တောင်တန်းဒေသလို့ခေါ်တဲ့ တိုင်းရင်းသားဒေသတွေကို အစကတည်းက အင်္ဂလိပ်က အုပ်ချုပ်မှု့လွယ်ကူအောင် (အုပ်ချုပ်မှု့ပုံစံ၊ ဥပဒေ၊အစအစအရာရာ)ခွဲခြားအုပ်ချုပ်ထားတာ နှစ်ပေါင်းငါးဆယ်ကျော် ခြောက်ဆယ်ရှိနေပါပြီ။ အသားကျနေသလိုဖြစ်နေပါပြီ။ ဒါကြောင့် အဲဒီနေရာတွေကို လွတ်လပ်ရေးပေးတဲ့ထဲ ထည့်မပေးပဲ၊ တပြားမှမကုန်ပဲကိုယ့်ဩဇာသက်ရောက်မယ့် ဩဇာခံနယ်မြေလေးတွေဖြစ်အောင် ချန်ထားမယ့်ကိစ္စကို ပင်လုံစာချုပ်နဲ့ တားပြီး တစုတည်း လွပ်လပ်ရေးယူခဲ့တာပါ။ အဲဒီတုန်းက တသက်လုံးရှိလာတဲ့ ကိုယ့်ဩဇာအာဏာကို လက်လွတ်မှာစိုးလို့ အပြင်းအထန်ဆန့်ကျင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒါကို အကြောင်းပြုပြီး ပြည်တွင်းစစ်တောက်လောင်ခဲ့ပါတယ်။
    အဲဒီတော့ပထမပိုင်းချုပ်ရရင်- ဘာလို့ပြည်ထောင်စုသလဲဆိုတော့ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ယူတာပါ။

    ဒုတိယပိုင်း-ပြောရရင် တပိုင်းစီ တစစီ ရပ်တည်ဘို့ ပြည်မအတွက်ရော တောင်တန်းဒေသအတွက်ရော မဖြစ်နို်င်လို့ ပြည်ထောင်စု တာပါ။ အခုပြောတဲ့အထဲမှာ လူမျိုးဆိုတာမပါပါဘူး။ နယ်နိမိတ်ကို ဆိုလိုတာပါ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးတာနဲ့အတူ ကမ္ဘာ့ လူနေမှု့ ပုံစံဟာ ပြောင်းသွားပါပြီ။ အရင်က ဘယ်လိုနေခဲ့ကြတယ်ဆိုတာ အတိအကျမပြောနိုင်ပေမယ့် အခု(1946) အရင်လိုနေလို့မရတော့ပါ။ အနောက်ဘက်က အိန္ဒိယပြည်ကြီးဟာ အင်္ဂလိပ်လက်ချက်နဲ့ နှစ်တစ်ရာကျော်အတွင်းစုစည်းမိသွားပြီး လွတ်လပ်ရေးယူပါတော့မယ်။ တကယ်တော့ အိန္ဒိယနဲ့ပါကစ္စတန် ဘာသာရေးကိုအကြောင်းပြုပြီး ကွဲသွားလို့(ခွဲပြီးလွတ်လပ်ရေးယူလို့)။ မဟုတ်ရင် စူပါဧရာမနိုင်ငံကြီးပါနော။ မြောက်ဘက်မှာ မန်ချူးမင်းဆက်နောက်ပိုင်း ဖြစ်ချင်သလိုဖြစ်နေတဲ့ တရုတ်ပြည်ကြီးဟာ အနောက်နယ်ချဲ့တွေလက်ချက်နဲ့ တော်တော်စုစည်းမိသွားပြီး ချန်ကေရှိတ်ရဲ့ဦးဆောင်မှု့နဲ့ ဧရာမတိုင်းပြည်ကြီးအဖြစ် ပေါ်ထွက်နေပါပြီ။ အရှေ့ဘက်မှာ ပြင်သစ်ဩဇာလုံးလုံးလွှမ်းမိုးထားတဲ့ အင်ဒိုချိုင်းနားဒေသကြီးဟာ ဂျပန်တွေက သူခိုးလက်က သူဝှက်လုခဲ့ပြီး ပြန်အစွန့်မှာ ထိုင်းနိုင်ငံကြီးဟာ ပြန်စုစည်းတည်ဆောက်မိနေပါပြီ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်တွေက လက်လွှတ်အထွက်မှာ ဆယ့်ငါးပိုင်းလောက်ကွဲနေရင် နီးရာနိုင်ငံတွေက ကောက်စားသွားရုံရှိပါတယ်။ ကိုလိုနီခေတ်က ကုန်သွားပြီမို့ ဝင်မတိုက်မသိမ်းပိုက်ဘူးဘဲထား- ကိုယ့်ဩဇာလွှမ်းမိုးအောင် ဖိအားပေးလက်ကုန်နှိုက်စွက်ဖက်ရင်း ကျွန်(ဖြစ်ခဲ့တဲ့မြန်မာနိုင်ငံ)ကမွေးတဲ့ သဘောက်နိုင်ငံလေးတွေ ဒေသလေးတွေ ဖြစ်သွားဘို့ရှိပါတယ်။ တောင်တန်းနဲ့ နယ်စပ်က အဲသလိုဖြစ်ရင် ပြည်မလို့ခေါ်တဲ့ မြေပြန့်ဒေသမှာလဲ နိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးရေးတွေ အဘက်ဘက်ထိခိုက်ပြီး တိုင်းပြည်ကို ထူထောင်ဘို့ခက်ပါလိမ့်မယ်။
    ဒါကြောင့် ဒုတိယပိုင်းကိုချုပ်ရရင်- ပြည်ထောင်ကွဲရင် သူ့(နယ်ခြားတောင်တန်း)အကျိုးရော ကိုယ့်(ပြည်မ)အကျိုးပါ ထိခိုက်မှာမို့ ပြည်ထောင်စုရတာဖြစ်ပါတယ်။

    အမြင်အနေနဲ့ ၂ မျိုးကိုပြောပါမယ်..။
    ပထမ – ယနေ့ လက်ရှိ စစ်ခေါင်းဆောင်တွေရော၊ ဒီမိုကရေစီခေါင်းဆောင်တွေရော၊ ကျောင်းသားခေါင်းဆောင်တွေရော ပြည်သူလူထုကြီးရော အများစုရဲ့အမြင်က –
    လက်ရှိနိုင်ငံနယ်နိမိတ်အတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသား(အဲဒီနေရာမှာ ဗမာဆိုတာလဲ တိုင်းရင်းသားတမျိုးပါ)အားလုံး မခွဲထွက်သင့်ဘူးလို့ မြင်ကြပါတယ်။

    ဒုတိယအမြင်က ကျုပ်ရဲ့ ကိုယ်ပိုင်အမြင်ပါ-
    အဲဒါကတော့ –
    ဒီလိုမှန်းသိရင် မြန်မာနိုင်ငံလွတ်လပ်ရေးယူကတည်းက မပေါင်းချင်သူတွေကို ထားခဲ့ရင် သူတို့လဲ သူတို့ဘာသာလွတ်လပ်ရေးယူကြရင် အခုလို ပြည်တွင်းစစ်ဒါဏ်ခံရမှာလဲမဟုတ်၊ နာစရာကျင်စရာတွေလဲ ရှိနေမှာမဟုတ်ပဲ ကိုယ့်လမ်းကိုယ်ဖြောင့်ဖြောင့်လျှောက်နိုင်ကြမှာပါ။ အနဲဆုံး ဒေသတိုင်းမှာ ရေတော့ရှိပါတယ်။ စင်္ကာပူတောင် ရေမရှိပဲ တိုင်းပြည်ဖြစ်အောင်တည်သေးတာလေ။ တိုင်းပြည်လေးတွေအနေနဲ့ အသင့်အတင့်တော့ တိုးတက်ကြမှာပါ။ တခုပဲ- အခုလောက်ဆို ရန်ကုန်မှာ ကုလားတွေချည့်ရောက်နေပြီး မန္တလေးမှာ တရုတ်တွေချည်းပြည့်နေရောပေါ့။ ကိစ္စမရှိပါဘူး လူဟာလူပါပဲ။ လူလူချင်း တကျပ်မှမပို တကျပ်မှမလျှော့ပါဘူး။ မိသားစုစိတ်ဓါတ်မရှိနိုင်မှတော့ တစိမ်းစိတ်ဓါတ်တွေနဲ့ တစိမ်းတွေချည်းစုနေကြတာပေါ့…။ နောင်အနာဂတ်ကမ္ဘာဟာလဲ အဲသလိုပဲ တဖြေးဖြေးဖြစ်သွားမှာပါ။ ကိုယ်က ခေတ်တောင်မီနေသေးတော့ ……။ 😉

    • Foreign Resident

      April 10, 2012 at 4:36 pm

      ဟဲဟဲ ဒါကတော့ ကိုပါလေရာက
      ဗိုလ်နေဝင်းရေးထားတဲ့ မြန်မာသမိုင်း ကိုယုံနေတာကိုး ။
      ဟဲဟဲ တိုင်းရင်းသားတွေရဲ့ ကိုယ်စီရဲ့သမိုင်းမှာတော့
      သူတို့ဟာ လွတ်လပ်တဲ့ နိုင်ငံတွေပဲဗျ ။

      အင်္ဂလိပ်ကြီး ကတောင် မြန်မာနိုင်ငံကို သိမ်းထားပြီးတော့
      အချိန်တန်တော့ လွတ်လပ်ရေး ပြန်ပေးရတယ်လေ ။

      ဟဲဟဲ ၊ မြန်မာကြီးက ရာသက်ပန် သိမ်းချင်တယ်ဆိုတော့
      ဟဲဟဲ ၊ အင်္ဂလိပ်ကြီး ထက် အပြန်တရာ ဆိုးတာပဲဗျ ။

      ဟဲဟဲ ၊ လောလောလတ်လတ် ရခိုင်က ပြန်တောင်းထားတဲ့ စာလေး
      အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ (အပိုင်းသုံး) မှာ
      ရေးထားတာလေး ပြန်ဖတ်ကြည့်ပါအုန်းဗျ ။
      ကိုယ်တွေကတောင် ဘင်္ဂလားနယ်ကို တက်သိမ်းပြီး သူ့ပြန်ပေးရတော့မယ့် အချိုးဗျ ။

      ” အဲဒီတုန်းက ရခိုင်ပြည်ပိုင်နက် နယ်မြေဟာ
      အရှေ့ဘက်မှာဆိုလျှင် နတ်မြစ်ဝမှသည် မော်တင်စွန်းအထိ ပိုင်ပါသည်။
      အနောက်ဘက်ဆိုလျှင် အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယခင်(ဘင်္ဂါဆယ်နှစ်မြို့)ထိ ပိုင်ပါသည်။
      ဘင်္ဂါဆယ်နှစ်မြို့ကိုအမည်အလိုက်ပြရသော် မောက်သူဇာ၊ဒက္ကာ၊ဂန်ဒီလာ၊သီလတ်၊ပဋိက္ကရာ
      ၊ဂင်္ဂါသာရ၊စစ်တကောင်း၊ပလ္လင်၊ကံသာ၊တိလိဂါ၊ဘရီဆာရ်၊ရောင်ပုန် တို့ဖြစ်ပါသည်။

      မတရားသဖြင့် သိမ်းယူထားသည့်အခါ ပိုင်ရှင်ကို ပြန်ပေးရမည့်အခါ ယင်းပိုင်ဆိုင်သည့်
      အဖိုးအခအတိုင်း နဂိုကသိမ်းယူထားခဲ့သည့်အတိုင်း ပြန်ပေးရမှာ
      သိမ်းယူထားသည့်သူရဲ့ ရှောင်လွဲလို့မရသည့်တာဝန်ပင်ဖြစ်သည် ”

      ရခိုင် ယဉ်ကျေးမှုကိုလည်း ပေါ့သေးသေး မတွက်နှင့်နော် ။
      မြောက်ဦးက ပုဂံထက် အများကြီးကို စောတာ ။
      ဟဲဟဲ ။

  • အမတ်ဒိန်

    April 10, 2012 at 4:39 pm

    ဦးဦးပါလေရာ ရဲ့ ပထမ အမြင်လေးကို ပိုကြိုက်ပြီး..အားလုံးမငြင်းမပယ်လက်ခံ ဖို့ဆို ..
    ဒုတိယ အမြင်လေးလက်တွေ့ ဖြစ်သွားပြီးမှ ဆိုပိုကောင်းမယ်ထင်တယ်.. 🙂

  • ဦးဦးပါလေရာ

    April 10, 2012 at 4:42 pm

    တကယ်တရားမျှတချင်ရင်-
    တိုင်းရင်းသားတွေအပေါ်မှာ မမျှတခဲ့တာတွေ
    ဖိနှိပ်ခဲ့တာတွေ ၊ ခွဲခြားခဲ့တာတွေ
    အဲဒီအမှားတွေကို
    ၁- ချက်ခြင်းရပ်တန့်ရပါမယ်
    ၂- ချက်ခြင်းတန်းတူရည်တူ အခွင့်တူ ဆက်ဆံရပါမယ်။
    ၃- တတ်နိုင်သလောက်လဲ ထိခိုက်နစ်နာမှု့တွေကို အဆောတလျှင် ဖါထေးဖြည့်ဆည်းပေးရပါမယ်။
    အဲဒါတွေဖြစ်နိုင်ဘို့က အစိုးရစစ်နို်င်/စစ်ရှုံးလို့လဲ ဖြစ်လာမှာမဟုတ်
    တိုင်းရင်းသားလက်နက်ကိုင်တွေ စစ်နိုင်/စစ်ရှုံးလို့လဲ ဖြစ်လာမှာမဟုတ်
    လူလူချင်း အတိအကျ တန်းတူညီမျှသဘောထားတဲ့ ဒီမိုကရေစီစံနစ်ကိုဖေါ်ဆောင်နိုင်မှ ဖြစ်လာမှာပါ။
    ဟိုလူမျိုး သည်လူမျိုးလို့ ခွဲခြားနေသရွေ့
    ဟိုပြည်နယ် သည်ပြည်နယ်လို့ ခွဲခြားနေသရွေ့ မနီးစပ်ပါဘူး။
    ဗမာ+မွန်+ရခိုင်+ရှမ်း+ကရင်+ကချင် အားလုံး မြန်မာလူမျိုးတမျိုးတည်းအဖြစ် ခံယူနိုင်ကြမှ တကယ်ငြိမ်းချမ်းမှာပါ။
    အမေရိကန်နဲ့ ဩဇီတော့ မသိဘူး…၊ မြန်မာနိုင်ငံမှာ ပြည်နယ် တွေခွဲခြားထားတာကိုက လူမျိုးနာမည်တွေနဲ့ပါ။
    အဲဒါတွေစုပြီး ဖက်ဒရယ်ပြည်ထောင်စုလုပ်ရင်တော့ အမေရိကန်လို စုစည်းအားမကောင်းမှာသေချာတယ်။
    တကယ်က ပထဝီမြေမျက်နှာပြင်အလိုက် ပြည်နယ် နှစ်ဆယ်လောက်ခွဲပြီး ရန်ကုန်ပြည်နယ်၊ ပဲခူးပြည်နယ်၊ တောင်ငူပြည်နယ်၊ မော်လမြိုင်ပြည်နယ်၊ တောင်ကြီးပြည်နယ်၊ စစ်တွေပြည်နယ် စသည်ဖြင့် ဖွဲ့စည်းမှ ပိုသင့်တော်ပါတယ်။ ဥပမာ မွန်အားကောင်းတဲ့ မော်လမြိုင်ပြည်နယ်လွှတ်တော်မှာ မွန်တွေလွှမ်းမိုးလိမ့်မပေါ့။ ရှမ်းအားကောင်းတဲ့ တောင်ကြီးပြည်နယ်မှာ ရှမ်းတွေ နေရာရလိမ့်မပေါ့။ သူတို့ကိုယ်သူတို့ မွန်လို့၊ရှမ်းလို့ တွေးနေသေးရင်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံတွင်းက ပြည်နယ်တွေမှာ မြန်မာပြည်သူတွေရွေးချယ်တဲ့ မြန်မာနိုင်ငံသားတွေက ပြည်သူ့ဆန္ဒအရ အုပ်ချုပ်စီမံတယ် ဆိုတဲ့ အနှစ်သာရက အဓိက ပါ။

    • Foreign Resident

      April 10, 2012 at 5:07 pm

      ဟဲဟဲ ။ အဲလောက် ဆိုရင်တော့
      အဘ က လည်း လက်ခံနိုင်ပါတယ် ။ ဟဲဟဲ ။ 😛

    • ဇော်ရီ

      April 11, 2012 at 1:17 pm

      အဲလို လွယ်လွယ်လေး လုပ်လို်က်လို့မရပါဘူး… အခု ဗမာစာ သုံးနေတဲ့နေရာမှာ မွန်စာ ပြောင်းလဲ သုံးကြမယ် ဒါမှ မဟုတ် မြန်မစာကို ဖျောက်ပစ်မယ် အင်္ဂလိပ်စာပဲ သုံးတောမယ်ဆိုရင် ဘယ် ဗမာက လက်ခံနိုင်ပါသလဲလို့ မေးချင်ပါတယ်… ကိုယ့် သမိုင်း ကိုယ်မသိတဲ့ ဗမာကတော လက်ခံကောင်း လက်ခံပါလိမ့်မယ်…

      ဒီလိုပါပဲ တိုင်းရင်းသား လူမျိုးတွေဟာ မိုးပေါ်က ကျပြီး ဖြစ်တည်လာကြတာ မဟုတ်ဘဲ ဟိုးခေတ်အဆက်ဆက်တည်းက သူ့မျိုးနဲ့ရိုးနဲ့ ဆင်းသက်လာကြတဲ့ လူမျိုးတွေပါ… သမိုင်း သင်တယ်ဆိုတာ အချိန်ဖြုန်းခြင်း မဟုတ်ပါဘူး…

  • pp pp

    April 10, 2012 at 5:37 pm

    FR အနေနဲ့ တိုင်းရင်းသားတွေအရေး ဆွေးနွေးစေချင်လို့ အကြောင်းအရာ ဆွဲတင်တယ်ဆိုရင်လဲ အပြုသဘော ဆောင်တဲ့ အရေးအသားမျိုးနဲ့ စတင်ပြောဆိုဝေဖန်ဆွေးနွေးပေးစေချင်ပါတယ်။ အခုတော့ တရုပ်စပ်တယ်လို့ပြောထားတဲ့ FR ရဲ့ ရေးသားချက်တွေဟာ မြန်မာတိုင်းရင်းသားတွေကြားမှာ သပ်လျှိုနေသလို ဖြစ်နေပါတယ်။ ဒီလိုရေးသားမှုမျိုးကို ဆင်ခြင်စေချင်ပါတယ်။

    အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရဖို့ဆိုရင်တော့ ကိုသစ်မင်းရဲ့ Seminar post တွေကို ပြန်လည်ဖတ်ရှုပြီး အတုယူစေချင်ပါတယ်။

    • Foreign Resident

      April 10, 2012 at 6:08 pm

      ” ပြသာဒ် ကဖြင့် မီးလောင်နေတာ ကြာပေါ့ကွယ် ။
      ပြည်နယ် မှန်သမျှ တိုင်းရင်းသားမှန်သမျှ အားလုံးက
      ကိုယ်စီ ကိုယ်ငှ အသီးသီး လက်နက်ကိုင် တိုက်နေတာတောင်
      ပြသာဒ် ကို မီး မ လောင်သေးဘူး လို့ ထင်နေတုန်းပဲလား ကွယ် ”

      အဘ အခုလုပ်နေတာက Whistle Blower ဆိုတဲ့
      ပြသာဒ် ကို မီးလောင်နေပြီ ဆိုတဲ့အကြောင်း ပြောနေတာပါကွယ် ။

      သူ့ထက် အပြုသဘောဆောင်တဲ့ Post တောင်
      သူ့လောက် အပြုသဘော မ ဆောင်ပါဘူးကွယ် ။

      အဘ က အစပိုင်းမှာကတည်းက
      မွန်သွေးသား တစ်ယောက်အနေနှင့် ရေးပါတယ်လို့ပြောထားတာ ၊
      ဘယ့်နှယ် တရုတ် က သပ်လျို တယ်က ပါလာရတာလဲ ။ ဟဲဟဲ ။

      ဟဲဟဲ ။ ဒီနေ့မှ စဝင်လာတဲ့ မန်ဘာမို့လို့ မသိတာဖြစ်ပါလိမ့်မယ် ။
      အကြောင်းကြောင်း ကြောင့် သဘောထား ကွဲလွဲ နေရင်တောင်မှ ၊
      အဘ စိတ်ရင်း အဲလို မယုတ်နိုင်ဘူး ဆိုတာ
      အခု ထောက်ခံချက်တောင်းလိုက်ရင် ၊
      အခုချက်ချင်း တပြုံကြီး လာ ထောက်ခံကြမှာ ၊
      အဘ ယုံကြည်ပြိးသားပါ ။

      ကိုရင်လေး ငြင်းချင်ရင် တခြား ကျိုးကြောင်း ဆီလျော်တဲ့ နည်းနှင့်
      ခြေပပါကွယ် ။ အောက်လမ်း နည်းတွေတော့ အဘ ကြောက်လို့ပါကွယ် ။
      နော် ။ နော် ။

      • pp pp

        April 14, 2012 at 9:06 pm

        ကိုယ်ရေးခဲ့တဲ့ post တွေ၊ comment တွေကို ပြန်ဖတ်ကြည့်ပါဦး၊ ဒါမှ ကိုယ့် ကိုယ် ကိုယ် ဘာလို့ ပြောခဲ့မိတယ် ဆိုတာ သတိရသွားအောင်ပါ၊

  • Thel Nu Aye

    April 10, 2012 at 6:37 pm

    ဟီဟိ အဘက အော်ဇီကဆိုတော့ ကိုဘုန်းကျော်နဲ့များနဲနဲရေမြေလိုက်သွားမှတ်တယ်။

  • chityimhtoo

    April 10, 2012 at 8:38 pm

    ဘဘဖေါက အော်ဇီ အော်ဇီနဲ့ ပြောရအောင်ဘဘ ဖေါက အော်ဇီမှာတစ်ကယ်နေရဲ့လားဗျာ..ဟဲဟဲ..
    လူကြီးဆိုတာမညာရဘူးနော်။တစ်ခါတစ်လေမှာ စာတတ်ပေတတ်တွေကဘုန်းကြီးတစ္ဆေလိုဖြစ်တတ်တယ်ဗျ။
    အဘိဓမ္မာကျမ်းကြေတဲ့လူက အဘိဓမ္မာပေါင်းမြောက်များစွာနဲ့ အဘိဓမ္မာပိပြီးချောင်ပိတ်မိနေတတ်တယ်။ကျုပ်တို့ လူလေးတွေကတော့ ဘဘဖေါတို့လိုစာတတ်ပေတတ်မဟုတ်ရပါဘူး ဒီနိုင်ငံကပေးတဲ့ လူတွေပြောနေတဲ့စုတ်ချာတဲ့ဘွဲ့လေးနဲ့ကျေနပ်ခဲ့တယ်။ဒီလိုဘဲ မြန်မာနိုင်ငံမှာနေပြီးမြန်မာနိုင်ငံကရေကိုသောက်ပြီးကြီးပြင်းခဲ့ရတာပါ။တစ်ခါတစ်လေမှာဘဘဖေါပြောတဲ့ အော်ဇီအော်ဇီနဲ့ လူလေးတို့ နိုင်ငံနဲ့ ယှဉ်ပြီးပြောရင် ရင်ထဲမှာတစ်မျိုးကြီးဘဲ။ကျုပ်တို့လိုလူလေးတွေအတွက်ကတော့ ကချင်ကယားကရင်ချင်း မွန်ဗမာရခိုင်ရှမ်း..
    အားလုံးမီးပျက်တဲ့ကြားမှာရှင်သန်ခဲ့ရတော့ ကျင့်သားရနေကျပါပြီ၊စုတ်ပြတ်နုံချာတဲ့ အင်တာနက်လေးကိုသုံးနေရပေမဲ့ မြန်မာပြည်မှာမနက်ပိုင်း မုန့်ဟင်းခါးလေးစားရတာကိုကျေနပ်နေမိတယ်။ဘဘဖေါခုလိုထောက်ပြနိုင်တဲ့ အရည်အချင်းမျိုးနဲ့ ဆို လွှတ်တော်ထဲမှာနေရာတစ်နေရာ ရသင့်တယ်။ဝင်နိုင်ဘို့ လက်ခံခဲ့ရင်ပေါ့။

  • Khin Latt

    April 10, 2012 at 9:14 pm

    ကျွန်မ ရဲ့ ပုဂ္ဂလိက အမြင်ပါ။ ကျွန်မ အမြင် မှားနိုင်ပါတယ်။

    ပြသနာ ရဲ့ အဓိက တရားခံ က လူမျိုး၊ ဘာသာ အနေနဲ့ကွဲပြား နေကြလို့ မဟုတ်ပါဘူး။
    မြို့ပေါ် နဲ့ တစ်ခြားနေရာများ (အဓိက တောင်တန်း ဒေသများ) နဲ့ “ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး” အရမ်းကို ကွာဟ နေလို့ပါဘဲ။
    ကျွန်မ စိတ်ထဲ မှာတော့ အရမ်းသေချာပါတယ်။
    တကယ်လို့ များ အဲဒီ ဒေသ တွေ ကို လဲ အစိုးရ လို့ အမည်ခံထား သူတွေ က စိတ်စေတနာ အပြည့်နဲ့ အသေအချာ တိုးတက်အောင် လုပ်ပေးနိုင်ရင် သူတို့ နယ်မြေ တွေ ကို ငြိမ်းချမ်း အောင် လုပ်ပေးသလိုပါဘဲ။ ဘယ်သူမှ အိမ်ယာ အပျက်ခံပြီး စစ် ဖြစ်နေတာ မလိုလားပါဘူး။
    တကယ်တော့ ဒီ “စစ်အာဏာရှင်အစိုးရ” ဟာ ဗမာ မို့၊ ချင်းမို့၊ ကချင်မို့၊ ကရင်မို့၊ မွန်မို့ ခွဲခြား နေတာ မဟုတ်ပါဘူး။
    သူတို့ လုပ်နေတာ “ဗမာ” သာ ချမ်းသာရေး ဆိုတဲ့ လူမျိုးစွဲ နဲ့ လဲ လုံးဝ မဟုတ်ပါဘူး။
    သူတို့ လုပ်နေတာ သူတို့ “စစ်အာဏာရှင်အစိုးရ မိသားစု” သီးသန့် ချမ်းသာရေးပါ။

    ဒါကြောင့် မြန်မာပြည် ရဲ့ လူမျိုးပေါင်းစုံ ဟာ ကိုယ်ဆင်းရဲ နေရတဲ့ တရားခံ “ဘုံရန်သူ” ကို ကြည့်တတ်ရပါမယ်။
    လူမျိုး အချင်းချင်း မှာ ဘာပြသနာ မှ ရှိစရာ မလိုပါဘူး။
    တိုင်းပြည်ကို တပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်တဲ့၊ ကိုယ့်တစ်ဘို့ထဲ ကြည့်နေတဲ့၊ အသုံးမကျ တဲ့ “အုပ်ချုပ် သူများ နဲ့ စနစ်” မှာ ပြသနာပါ။
    ဒီတော့ သွေးခွဲ တာ မခံ ကြပါနဲ့။
    ကမ္ဘာက သိတဲ့မြန်မာပြည် ဆိုတဲ့ နိုင်ငံ မှာ မှီတင်း နေထိုင် သူ အားလုံး ဟာ မြန်မာပြည်သူ/သား များ ဖြစ်ပါတယ်။
    ဒီတိုင်းပြည် ကို တိုးတက်အောင် အားလုံး ညီညီညွတ်ညွတ် နဲ့ စည်းစည်းလုံးလုံး အလုပ်လုပ်ဖို့ အခုအချိန်ဟာ ပို အရေးကြီးပါတယ်။
    ဘာလို့ လဲ ဆိုတော့ အဲဒီ “ဘုံရန်သူ” ကို တိုက်ထုတ် ရမှာမို့ပါဘဲ။
    ကျွန်မ “ဗမာ” ပါ။
    ဒါပေမဲ့ ကျွန်မ တိုင်းရင်းသား လူမျိုး အားလုံးကို ချစ်ပါတယ်။
    သူတို့ ဟာ အရမ်းကို ချစ်စရာကောင်းလောက်ဟာ ရိုးသားဖြူစင် ကြပါတယ်။
    အားလုံးကို တပြေးညီ တိုးတက် စေချင်ပါတယ်။မှန်သော စကားပါ။

    တစ်ခုကတော့ ဒီနေ့ ခေတ်ဆိုတာ နိုင်ငံတစ်ခုချင်းကို မပြောနဲ့။
    ကမ္ဘာကြီးကိုတောင် ရွာကြီး တစ်ရွာ လို သတ်မှတ် ထားတဲ့ ခေတ်ဖြစ်လာပါပြီ။
    လူမျိုးရေး ခွဲခြား တဲ့ စကား တွေ ဟာ နိုင်ငံကြီး တွေမှာ အတော်ရှားပါး လာပါပြီ။
    လူကို လူလို့ မြင်နေကြပါပြီ။
    လူသား ဆိုတာ အရေးပါလာပါပြီ။
    လူသား အချင်းချင်း စာနာ ထောက်ထားစိတ်တွေ မွေးလာကြပါပြီ။

    ဒီတော့ ပြည်ပ နိုင်ငံကြီး တစ်ခု မှာ နေတဲ့ “ကိုအဘဖော” ဟာ ဒါကို သိပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
    ဒါကို သိရက် နဲ့ တမင် ဖွ ပေးလိုက်တယ် လို့ ယူဆပါတယ်။

    ဒါပေမဲ့ တကဲ့ ကို ရင်တွင်းဖီလင် အပြည့် နဲ့ ခံစားပြီး ရေးတယ် ဆိုရင်တော့ ဒီအပြော တွေကို “ရှေးရာဇဝင်” ထဲ မှာသာထား ခဲ့လိုက်ပါတော့။
    ဒီအချိန်မှာ ဒီလို ဒိတ်လွန် တွေကို ပြောနေရတော့ မဲ့ အချိန်မဟုတ်တော့ ပါဘူး။
    ဟုတ်တယ်မဟုတ်လား။ 😀

    • ဇော်ရီ

      April 11, 2012 at 1:33 pm

      မခင်လတ်ရဲ့ အမြင်ကို လက်ခံပါတယ်… ဒါပေမယ့် သရက်သီး မစားဖူးတဲ့သူက သရက်သီးရဲ့ အရသာ မျိုးစုံကို မသိပါဘူး… သရက်သီးဟာ ဖန်တဲ့အခါလဲ ဖန်တယ်၊ ခါးတဲ့ အခါလဲ ခါးတယ်၊ ချိုတဲ့အခါလဲ ချိုတတ်ပါတယ်၊ ဒီတော ကျတော် ဆိုလိုချင်တာက တိုင်းရင်းသား တွေ ခံစားနေရတဲ့ ဒုက္ခတွေကို ခဏတာ အမြင်လေး စာလေး ဖတ်တာနဲ့ မသိနိုင်ဘူးဆိုတာကို ပြောချင်တာပါ…. တိုင်းရင်းသားမှ မဟုတ် ဗမာလဲ ခံရတာပဲ ဟုတ်ပါတယ် ဗမာ လူမျိုးလဲ မခံရဘူးမဟုတ်ပါဘူး ခံရပါတယ် ဒါပေမယ့် သရက်သီးအရက်သာ ကွာသလို ခံရပုံချင်း အရသာ ကွာပါတယ်…

      တစ်ခု သတိထားစေချင်တာက မြန်မာပြည်က လူမျိုးတွေ အားလုံးထဲမှာ ဗမာ တစ်မျိုးတည်း စာတတ်တာ မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေဟာ ဗမာတွေထက် အများကြီး တတ်ကျွမ်းကြပါတယ်၊ သို့သော်လဲ တောရွာ လူနေမူ့စရိတ်ကနေ မြို့ပေါ်အထိ မြန်ပြည်အနှံ့မှာ ဗမာ ဆိုတဲ့ လူမျိုးကိုမှ အဓိက ခရာ ကျတဲ့အရာတွေမှာ ထားထားတာဟာ ဒီလို ကမ္ဘာကိုရွာအဖြစ်တည်ဆောက်နေတဲ့ ခေတ်ထဲမှာ ဘယ်လူမျိုးက လူမျိုးရေ ခွဲခြားနေတာလဲ ဆိုတာကို အဖြေရှာနိုင်မယ် ထင်ပါတယ်…

      အဲလို ဗမာ လူမျိုးဆိုတဲ့ လူတွေကို ပြည်နယ်တိုင်းမှာ ခရာကျတဲ့နေရာမှာ ထားထားပြီး အဲဒီ လူတွေက အဲဒီ ဒေသမှာ ရှိတဲ့ လူမျိုးတွေရဲ့ ရိုးရာ ဓလေ့၊ ဘာသာစကားတွေကို လွတ်လပ်စွာ ဖန်တီးခွင့်၊ အသုံးပြုခွင့်၊ သင်ယူခွင့်မရှိဘဲ ပိတ်ပင်နေကြတာဟာ၊ ဗမာ တမျိုးသားလုံးကို ကိုယ်စားပြုတာပါပဲ…

  • Khin Latt

    April 10, 2012 at 9:36 pm

    ဒါနဲ့ စကားမစပ် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် တစ်ယောက် မြန်မာပြည်ကို သွားလည်ဖို့ သတင်း လဲ ထွက်ပြီး ရော ရုံးမှာ တစ်ကြိမ် ထပ်ပြီး မျက်နှာ ပွင့်ပြန်ပါပေါ့။ 😆

  • အိမ်လွမ်းသူ

    April 10, 2012 at 9:43 pm

    အချိန်ရ မယ်ဆိုရင် ရွာသူ/သားများ အနေနဲ့ အောက်က link မှာပါတဲ့ ဦးဖုန်း ( ဓာတု ) ရဲ့ စာပေ ဟောပြောပွဲလေးကို နားထောင်ကြည် စေခြင်ပါတယ်။ ဒီပို့ မှာပါတဲ့ အကြောင်းအရာ တွေနဲ့ တော်တော် ကိုက်ညီ နေလို့ပါ။

    http://www.youtube.com/watch?v=gvT-8V7Phfc&feature=relmfu

  • chityimhtoo

    April 10, 2012 at 9:48 pm

    အင်းဘဘဖေါက ကပ္ပတိန် ကပ္ပတိန်ဆိုတဲ့ စကားကိုအရမ်းသုံးနှုန်းနေတော့ တစ်ကယ်ကော ကပ္ပတိန်ဟုတ်ရဲ့လားဘဘဖေါရယ်။ဩဇီမှာဆိုတာကောယုံရမှာလားဘဘဖေါရယ်…လူကြီးကလူလေးကိုမညာရဝူးနော် …ကျားကြီးကိုက်တတ်တယ်။

  • တိုင်းရင်းသားတွေ လိုချင်တာ ခွဲထွက်ဖို့ မဟုတ်ပါဘူး ။
    ကိုယ်ပိုင် အုပ်ချုပ်ရေးပါ ။
    သူတို့ရဲ့ တောတောင်ထဲက ငြိမ်းချမ်းတဲ့ ဘဝလေးတွေကို
    မတရား နှိပ်စက် မခံရယုံပါ ။
    သူတို့ နေထိုင်တဲ့ ဒေသရဲ့ တောတောင် သယံဇာတတွေကို
    သူတို့ သုံးစွဲခွင့် ရယုံလေးပါ ။
    သူတို့ရဲ့ လူမျိုး နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးစံ လေးကို
    ထိမ်းသိမ်းခွင့် ရယုံလေးပါ ။
    ဒါလေးတောင် မ သဒ္ဒါကြတော့ဘူးလား ။
    ——–
    အဘဖောပြောတာမှန်နေတယ်။ကျနော် တောင်ကြီးရောက်တော့
    ကျားဖြူပါတီကိုသွားခဲ့တယ်။လွှတ်တော်အမတ်တွေ၊ပါတီက လူကြီး
    ပိုင်းတွေနဲ ့စကားပြောဖြစ်တော့ သူတို ့တွေလဲ အဲလိုဘဲဖြစ်ချင်နေတာ။
    အဲတော့ ဖွဲ ့စည်းပုံကို ပြင်မယ်ဆိုခဲ့ရင်တော့ အရင်ဆုံး တိုင်းရင်းသား
    ကဏ္ဍက စရမှာပါ

  • Swal Taw Ywet

    April 11, 2012 at 12:15 am

    Dear Uncle FR,
    This is not as your own style .
    Now, in reply to comments, you used over 50 ” ဟဲဟဲ “.
    The idea of main post is good.
    But because of your too much ” ဟဲဟဲ ” , the result will be reversed.
    Thanks for your pointing out.

    With respect,
    Swal Taw Ywet.

  • ဦးဦးပါလေရာ

    April 11, 2012 at 12:35 am

    ကိုဖေါရိန်းရဲ့..
    ကျုပ်က ဗိုလ်နေဝင်းရေးခိုင်းခဲ့တဲ့သမိုင်းကိုယုံတာမဟုတ်ပါဘူးဗျာ…
    ဟိုဟို သည်သည်က ဖတ်မှတ်နားလည်ထားတာလေးတွေပါ..။
    အင်း… ဗိုလ်နေဝင်းရေးတဲ့သမိုင်းကို မယုံသလို ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် သာသနာပြုအဖွဲ့တွေက ရေးပေးခဲ့တဲ့သမိုင်းကိုလဲ မယုံပါဘူး…။ တိုင်းရင်းသားတွေကတော့ အဲဒါကို ယုံကြပုံပေါ်ပါတယ်။ စာသင်သလိုကို သင်ပေးတာ တွေ့ဘူးပါတယ်။

    အတိတ်သမိုင်းတုန်းက ဗမာမင်းတွေ နယ်ချဲ့ရာမှာ ရခိုင်၊ မွန် စတဲ့ တိုင်းနိုင်ငံတွေ- ရှမ်း၊ကချင် စတဲ့ လူမျိုးစုအလိုက် အုပ်စိုးရာ ဒေသတွေကို တိုက်ခိုက်အောင်နိုင်ပြီးတဲ့နောက် – အင်္ဂလိပ်တွေလို တမျိုးလုံးကျွန်ပြုပြီး ဖိစီးအုပ်ချုပ်သွားတာ မဟုတ်ပါဘူး။ ကိုယ့်စကားနားထောင်မယ်ထင်လောက်သူကို ခေါင်းဆောင်တင် သစ္စာရေတိုက်၊ သူ့နှမ/သမီး စတဲ့ သွေးသားရင်းတယောက်နှစ်ယောက်လောက်ကို ကိုယ့်ဆီဓါးစာခံအဖြစ်ခေါ်လာပြီး တနှစ်တခါ အခွန်လာဆက်ခိုင်းတဲ့ ပုံစံပါ။ ဓါးစာခံအဖြစ်ခေါ်လာသူတွေကိုလဲ အချွေအရံ အလုပ်အကျွေးတွေနဲ့ တထီးတနန်းထားပြီး သူ့အဆင့်အတိုင်း တလေးတစား ဆက်ဆံတာပါ။ သုံ့ပန်း မင်းသမီးတွေကို ဗမာအမတ်တွေက လက်အုပ်ချီရတာပါ။

    ဒီလိုပြောလို့ ဗမာမင်းတွေလုပ်တာ မှန်တယ်လို့ပြောတာမဟုတ်ပါဘူး။ ဗမာမင်းတွေ နယ်ချဲ့တာဟာ မှားတယ်လို့ပဲ ပြောလိုပါတယ်။ ဒါပေမယ့် အဲဒီခေတ်အခါတုန်းက ဘုရင့်နိုင်ငံတွေဟာ အားရင်ဒီလိုပဲစစ်တိုက်နေတာပါပဲ။ လူ့ယဉ်ကျေးမှု့မှ အဆင့်မမြင့်သေးပဲကိုး။ အဲဒီတော့ လူမျိုးတိုင်းရဲ့မင်းတိုင်း မှားတဲ့ခေတ်မှာ ဗမာမင်းတွေလဲ ရောပြီး မှားပါတယ် လို့ပဲ ပြောချင်ပါတယ်။

    အခုအချိန်မှာတော့ ဗမာလူမျိုးက ဘယ်လူမျိုးကိုမှ သိမ်းပိုက်ထားတာမဟုတ်ပါဘူး။ နိုင်ငံနယ်နိမိတ်တခုထဲအတွင်းမှာ တွဲဖက်နေထိုင်တာပဲ ဖြစ်ပါတယ်။ အခြားတိုင်းရင်းသားတွေကို ခွဲခြားခဲ့တယ်/ဖိနှိပ်ခဲ့တယ်ဆိုတာတွေက အုပ်ချုပ်သူတွေ အဆက်ဆက်မှားခဲ့တဲ့အမှားပဲဖြစ်ပါတယ်။ အဲဒါကို ပြုပြင်ရပါမယ်။ လူအားလုံး မြန်မာနိုင်ငံသားအားလုံး တကျပ်မပို တကျပ်မလျော့ပဲ တန်းတူရည်တူ အခွင့်အရေးရှိရပါမယ်။ တန်းတူရည်တူ ဆက်ဆံရပါမယ်။ အပြန်အလှန် တရားမျှတရပါမယ်။

    သို့သော်…… ဗမာလူမျိုးက အခြားလူမျိုးရဲ့နယ်မြေကို လက်အောက်ခံအဖြစ်သိမ်းပိုက်ထားတာ လုံးလုံးမဟုတ်လို့ ပြန်ပေးရမယ် ဆိုတဲ့ကိစ္စဟာ လုံးလုံးမရှိပါဘူးဗျာ။

    (ဟဲဟဲ ၊ မြန်မာကြီးက ရာသက်ပန် သိမ်းချင်တယ်ဆိုတော့..)-ဆိုတာမျိုး ပြောထိုက်တဲ့ အနေအထားမဟုတ်ပါဘူး။ အဲဒီစကားမျိုးနဲ့သင့်တော်တာက ကိုယ့်နိုင်ငံနဲ့ မိုင်8000ဝေးတဲ့ တောင်အမေရိကတိုက်က ဖေါက်ကလန်ကျွန်းကို သိမ်းထားပြီး ဒေသခံတွေကိုပါ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသားပေးပစ်ပြီး အဲဒါအင်္ဂလန်နိုင်ငံရဲ့အစိတ်အပိုင်း – ဘယ်တော့မှ လက်မလွှတ်ဘူးလို့ ပြောတဲ့ ဒီမိုကရေစီဖခင်နို်င်ငံကြီးအတွက်သာ သင့်တော်တဲ့စကားပါ။

    မသကာ အတူမနေနိုင်တော့ရင် ခွဲနေကြတာပေါ့ဆိုတာကမှ ဟုတ်သလိုလိုရှိသေးတယ်…။ ဒါလဲ တကယ်တော့ အပြန်အလှန် အကျိုးစီးပွားချင်း ဆက်စပ်နေတာမို့ အခုမှ ခွဲလို့ မသင့်တော်တော့ပါဘူး။ နိုင်ငံနယ်နိမိတ်တခုတည်းထဲမှာ အပြည့်အဝတန်းတူရည်တူမှု့တွေနဲ့ လက်တွဲနေထိုင်တာကသာ အားလုံးအကျိုးရှိမယ့် ဝင်း-ဝင်း ဆစ်ကျူရေးရှင်းလို့ ယုံကြည်ပါတယ်။

    • ဇော်ရီ

      April 11, 2012 at 2:07 pm

      ဦးဦးပါလေရာ ကျတော် အနည်းငယ် ဝင်ပြောပါရစေ… ကျတော်က ရခိုင် လူမျိုးပါ… လူမျိုးတိုင်းဟာ သမင်းကို သင်ယူလေ့ ရှိကြပါတယ်… ဒီလိုပါပဲ ဘယ်သူမဆို ကိုယ့်သမိုင်း ကိုယ်သင်ချင်ကြပါတယ်… ဒါပေမယ့် ကျတော်တို့ သင်ခဲသမျှဟာ ဗမာ သမိုင်းတွေသာ ဖြစ်ပါတယ်… နန်းတော်တိုင်မှာ ထုံးသုတ်မိလို့ ကိုယ့်လက်မ ကိုယ်ဖြတ်တဲ့ မင်းထီ ဆိုတဲ့ ဘုရင်တောင် ကိုယ်လူမျိုး ကိုယ်တိုင်းပြည်မှာ ဖြစ်ခဲတာပါလားဆိုတာ ကြီးမှ သိရတဲ့ အဖြစ်မျိုးပါ…

      ဒီလိုနဲ့ သမိုင်းအကြောင်းလေး ဖတ်ကြည့်တယ်ဆိုရင်ပဲ နောက်ဆုံးသော ရခိုင်ဘုရင်ကို ဗမာ ဘုရင် တိုက်ခဲခြင်းဟာ စစ်ကြေငြာခြင်းမရှိပါဘူး၊ တချို့သော ရခိုင် တွေက လက်ရှိ ဘုရင်ကို မနှစ်သက်လို ဖယ်ရှာပေးရန် သတ်သတ် အကူအညီတောင်းခြင်း ဖြစ်ပါတယ်၊ သို့သော်လည်းပဲ စစ်ချီတိုက်ခဲပြီး လူကြီးလူငယ်မကျန်သတ်ပြီးတော နန်းပါ ဖျက်ပစ်ခဲပါတယ်… ဒါတွေဟာ ဘယ်သာသနာပြု အဖွဲ့မှ ရေးခဲခြင်းလဲ မဟုတ်ပါဘူး၊ ဒါတွေဟာ ဗမာကို မုန်းအောင် လုပ်ကြံ ဖန်တီးထားတာလို့ ထင်ချင်ရင်လဲ ထင်နိုင်ပါတယ်… ဒါပေမယ့် လက်တွေ့ အဖြစ်အပျက်တွေနဲ့ နိုင်းဆာကြည့်မယ်ဆိုရင် ဒါတွေဟာ တကယ် ဟုတ်မဟုတ်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်ပါတယ်…

      ဦးဦးပါလေရာတို့လဲ သိမှာပါ စစ်အစိုးရဟာ ဗေဒင်ယတြာတွေ ယုံကြည်သလို အဲဒါတွေလဲ အများကြီး ဖန်တီးခဲပါတယ်… မှတ်သားစရာ တစ်ခုအဖြစ် ပြောပြချင်ပါတယ်… ဟိုးပဝေသနီကတည်းက ရှိခဲတဲ့ မြောက်ဦးနန်းတော် နန်းရာကုန်းပဲ ကျန်တောတဲ့ နေရာကိုတောင် အခုခေတ်ထဲမှာ ဗမာ စစ်တပ်တွေက စစ်တိုက်သလိုလုပ်ပြီး အောင်ပြီးအောင်ပြီး ဆိုပြီး ယတြာ လုပ်ခဲဖူးတာလဲ ရှိခဲဖူးပါတယ်…

      ကမ္ဘာအနှံ ဗုဒ္ဓဘာသာ ဘုရားကို မကိုက်၊ စလွယ် နန်းဝတ် နန်းစား ဆင်မြန်းထားတာ ဘယ်ဘုရားတွေမှာ တွေ့ဖူးပါသလဲ… ရခိုင်ပြည်မှာ မင်းပေါ်မယ်လဲ ဗေဒင်က ထွက်တာနန့် ရခိုင်ဘုရားကို ဘုရင်မြောက်ပလိုက်တောတာပါပဲ…

      ဒီတော ယခု အချိန်အခါထိ အဲဒီ အကျင့်တွေကို မဖျောက်ဘဲ ဆက်လက် လုပ်ဆောင်နေကြပါအုံမယ်ဆိုရင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးက ဘယ်လိုလုပ် ဖြစ်တည်လာမှာပါလဲ… တကယ်တန်း သံသယထုတ်ကြီးကို ပွေ့ပိုက်ထားတဲ့သူက ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ မဟုတ်ကြပါဘူး ဗမာ လူမျိုးသာလျှင် သူတို့ အနိုင်ကျင့်ခဲဖူးတဲ့ အရှေ့က ဖြတ်ရပ်တွေနဲ့ ပြန်များ လုပ်မလားဆိုတဲ့ အတွေးနဲ့ သံယသ တပွေ့တပိုက်ကြီးနှင့် တိုင်းပြည်ကို အုပ်ချုပ်နေသမျှတော မြန်မာပြည်ဟာ ဘယ်လိုမှ စည်းလုံး ညီညွတ်စရာ အကြောင်း မရှိပါဘူး…

      အခုပဲ ကြည့်ပါ တိုင်းရင်းသားတွေက အယုံလွတ်ကြတယ် သူတို့ စိတ်နဲ့ နိုင်းကြတယ် အလိ်မ်အညာ မူယာတွေ မပါကြဘူး… အခုပဲ အစိုးရဘက်က ငြိမ်းချမ်းရေး ကမ်းလမ်းတယ်… အရင်က အခါခါ လိမ်ညာတာ ခံခဲရဖူူးလဲ အခု အလှည့်ကျတဲ့သူကများ တကယ်ဖြောင့်မတ်မလားဆိုတဲ့ ယုံကြည်ချက်နဲ့ ပြန်ပြီး လက်လမ်းခဲကြတယ်… အခုဆို လက်ချင်း နှောင်းနှောင်းချိတ်ဖို့ ကြိုးစားနေကြပြီ… ဒီတခါလဲ တန်တူညီမျှရေးကို မဖန်တီးပဲ သံသယတွေနဲ့ နေရာတကာ ဗမာ ပါမှ လုပ်နေရင်တောလဲ ဒီငြိမ်းချမ်းရေးက ပြန်လည် ပျက်သွားနိုင်တာပါပဲ… နေရာ တကာ ဗမာ ပါစေချင်တဲ့ ဆန္ဒတွေကို ဖျောက်ရပါမယ်…

      မောင်နမ အရင်းတွေ ကိုယ့်မိသားစုနဲ့ ဖြစ်သွားရင်တောင် ငါက အကိုကြီးမို့လို့ နင်တို့ အိမ်ထောင်စုတွေကို ငါက အုပ်ချုပ်ပေးမယ်ဆိုပြီး မောင်တွေ ညီမတွေဆီက ရသမျှ ဝင်ငွေကို သိမ်းကျုံးယူပြီး မငတ်ယုံတမယ် ပြန်ပေးထားလို့တော ဘယ် မောင်နှမ အရင်းတွေမဆို ပြဿနာ ရှိနေကြမှာပါပဲ။.. ကိုယ့်မိသားစုကို ကိုယ်စီ လွတ်လပ်စွာ ဖန်တီးခွင့်ရှိပြီး နောင်နှမထဲက တစ်ယောက်ယောက် လိုအပ်တာ ရှိရင် အကုန် ဝိုင်းဝန် ကူညီ ဖေးမခြင်းကမှ သာယာပျော်ရွှင်တဲ့ မိသားစု အသိုင်းအဝန်းကြီးကို ရရှိကြရမှာပါ…

      • San Hla Gyi

        April 11, 2012 at 6:49 pm

        အင်း ပြောတာလေးတွေ ကောင်းပါတယ်။ စိတ်ဝင်စားစရာ လေးတွေလည်းပါလာပါပြီ။ အစကတော့ ဖြတ်ပြီးကွန်မန့်မပေးဘူး လို့နေခဲ့တာပါ။ ကျနော်သိသလောက်တော့ ခင်ဗျား ပြောပုံဟာ ရခိုင်လူမျိုးထဲမှာ အတော်သဘောထား ပြေပြစ်သူ တယောက် ဆိုတာထင်ရှားပါတယ်။ နောက်မှ ခင်ဗျားပြောတဲ့ မြောက်ဦးနန်းတော် ဖျက်တဲ့ကိစ္စ ပြောပါမယ်။ ဒီမှာလည်း ဘက် ၂ ဘက်ဆိုတာ လာပါတော့မယ်။

        • ဇော်ရီ

          April 11, 2012 at 11:55 pm

          ဆွေးနွေးခြင်းအတွက် ဖိတ်ခေါ်ပါတယ်… ကျတော် မသိရသေးတဲ့ အရာ တစ်ခုု သိလိုုက်ရလဲ ဆွေးနွေးခြင်းရဲ့ အကျိုးအမြတ်ပါပဲ…

      • ရွာစားကျော်

        April 13, 2012 at 8:50 pm

        ဒါပေမယ့် ကျတော်တို့ သင်ခဲသမျှဟာ ဗမာ သမိုင်းတွေသာ ဖြစ်ပါတယ်… နန်းတော်တိုင်မှာ ထုံးသုတ်မိလို့ ကိုယ့်လက်မ ကိုယ်ဖြတ်တဲ့ မင်းထီ ဆိုတဲ့ ဘုရင်တောင် ကိုယ်လူမျိုး ကိုယ်တိုင်းပြည်မှာ ဖြစ်ခဲတာပါလားဆိုတာ ကြီးမှ သိရတဲ့ အဖြစ်မျိုးပါ…

        ကိုစောရီက မြန်မာ= ကရင်= ကယား= ကချင်= ချင်း= မွန်= ဗမာ= ရခိုင် = ရှမ်း = ပအို့ဝ် = နာဂ= ….လူမျုးိ ၁၄၅ လို့ မခံယူနိုင်ဘူး ပေါ့နော်
        ဒီလူမျိုးတွေပေါင်းပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်လို့ခေါ်တာ သဘောမကျဘူးလား…
        ကျနော်တို့ သင်ဘူးတဲ့ သင်ခဲ့တဲ့ သမိုင်း ကို ဗမာလူမျိုးရဲ့သမိုင်းလို့ ပြောနေတယ်ထင်တယ်

  • FattyCat

    April 11, 2012 at 12:35 am

    ဒီပိုစ့်ကို ဖတ်နေခဲ့တာကြာပြီ…
    အခေါက်ခေါက်အခါခါဖတ်နေခဲ့တာ…
    လေးစားခဲ့ရတဲ့ အဘရေ… အဘမှဟုတ်လေစ… စာရေးရာမှာ မှော်ဝင်နေတဲ့အဘ…ဖုတ်များဝင်နေလားကွယ်…

    ဗမာဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တစ်ခါပြောခဲ့ဖူးပါတယ်…
    ဟိုးယခင် ဦးနေဝင်းအစိုးရလက်ထက်မတိုင်ခင်… ကိုလိုနီခေတ်ကတည်းက Burma (ဗမာ)လို့သုံးခဲ့ကြတာ မြန်မာတစ်မျိုးသားလုံးနဲ့ဆိုင်တယ်လို့ ကျွန်တော် တစ်ထစ်ချယုံကြည်ထားပြီးသားပါ…
    ရှမ်းဖြစ်လို့ ဗမာမဟုတ်ဘူး၊ မွန်လူမျိုးဖြစ်လို့ ဗမာမဟုတ်ဘူးလို့အမြင်မျိုးကိုတော့ဖြင့် မမြင်စေချင်ပါဘူး…

    ပထမတစ်ချက်
    ရှမ်းပြည်နယ်မှာ ရှမ်းစကား၊ ရှမ်းစာပေ၊ ပအိုဝ့်စကား၊ ပအိုဝ့်စာပေအခုထက်အထိရှိနေတုန်းပါပဲ…
    နောက်တစ်ချက်က မြို့ပြနိုင်ငံ (City State) တွေခေတ်တုန်းက ဗမာလူမျိုးလို့ဆိုရမယ့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ဘုရင်တွေနဲ့ ဓညဝတီရခိုင်ပြည်၊ ဟံသာဝတီမွန်တို့ တိုက်ခိုက်ခဲ့ကြတာဟာ အဲဒီခေတ် အဲဒီအခါရဲ့ မြို့ပြနိုင်ငံတို့ ဖြစ်လေ့ဖြစ်ထရှိတဲ့စစ်ပွဲတွေပါပဲ… အခုခေတ်နဲ့ မသက်ဆိုင်ဘူးလို့ မြင်ပါတယ်… ကျွန်တော်တစ်ယောက်ထဲအမြင်နော်…

    ဒုတိယအချက်
    ဖယ်ဒရယ်လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အုပ်ချုပ်ခွင့်ကို သမိုင်းရဲ့တရားခံကြီးဖြစ်တဲ့ ဦးနေဝင်းက ပြည်ထောင်စုဖြိုခွဲမယ့်အုပ်ချုပ်ရေးစနစ်လို့ မျက်စိမပွင့်၊ နားမစွင့်နိုင်အောင်လုပ်ပြီး တစ်ဦးထည်းအုပ်ချုပ်တဲ့ တစ်ပါတီစနစ်နဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အဓိပ္ပါယ်တစ်မျိုးထွက်အောင်လုပ်ရင်းက ဗမာလူမျိုးတွေက လက်ဝါးကြီးအုပ်တယ်လို့ မြင်စေတယ်လို့လဲထင်ပါတယ်… တကယ်တော့ လူမျိုးတစ်ခုချင်းစီရဲ့ ပေါက်မြောက်သူ၊ အကြီးအကဲတွေက ဒါတွေကို မိမိလူမျိုးစု နားလည်အောင်မျက်စိဖွင့်ပေးရင်း… မိမိလူမျိုးရဲ့ဓလေ့နဲ့ စာပေ၊ စကားတွေကို မိမိလူမျိုးကိုယ်တိုင်ပဲ တိုးတက်ဖွံ့ဖြိုးအောင်လုပ်လို့ ရမှာပါ… ကိုယ့်လူမျိုးကြိုးစားမှ ကိုယ့်လူမျိုးတိုးတက်မှာပါ… ကြိုးစားခွင့်ရအောင်…လမ်းဖွင့်ပေးဖို့ကတော့ အုပ်ချုပ်သူတွေရဲ့တာဝန်ပေါ့…
    ၉၀% ကြိုးစားရမှာတော့ ကိုယ့်လူမျိုးပဲပေါ့နော်….

    တတိယအချက်
    ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကားဆိုတာ… အထက်က ကျွန်တော်ပြောခဲ့သလိုပဲ
    အင်္ဂလိပ်အစိုးရလက်ထက်မှာ official language က အင်္ဂလိပ်စာဖြစ်နေတဲ့အတွက်၊ မြန်မာ့မျိုးချစ်သခင်တွေက ကြွေးကြော်ခဲ့တာပါ…
    အဲဒါကို ကြည့်ခြင်းအားဖြင့် ဗမာဆိုတဲ့ ဝေါဟာရမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အပြင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အိန္ဒိယနွယ်ဖွားများ၊ တရုတ်နွယ်ဖွားများအားလုံး ပါဝင်တယ်လို့ ကျွန်တော်ခံယူပြီးသားပါ…
    အခု နိုင်ငံတော်ရဲ့ရုံးသုံးဘာသာစကား Official Language ကိုတော့ဖြင့် ဗမာစာတစ်မျိုးထည်းအသုံးပြုနေတာကိုတော့ အပြည့်အဝထောက်ခံပါတယ်…
    ရှမ်းပြည်နယ်က ရေးလိုက်တဲ့ ရုံးစာကို ရန်ကုန်ရောက်မှ ဘာသာပြန်ပြီး လုပ်ငန်းစဉ်တွေဆက်ရမယ်ဆိုတာမျိုးကဖြင့် တစ်မြေထဲနေ၊ တစ်ရေထဲသောက်တဲ့ လူမျိုးအချင်းချင်း နွေးထွေးမှုမရှိရာရောက်သလို ကျွန်တော့်ရင်ထဲခံစားရပါတယ်….

    စတုထ္တအချက်
    အခြားတိုင်းပြည်တစ်ခုရောက်ရင် I come from Burma (Myanmar) လို့ပဲပြောကြရမှာပါ… ကျွန်တော်တို့ဟာ နိုင်ငံတကာအသိအမှတ်ပြုပြီးသော မြန်မာနိုင်ငံမှ လာရောက်သောသူများပင်ဖြစ်ပါလိမ့်မယ်… မွန်ပြည်နယ်ကို နိုင်ငံတကာမသိနိုင်ပါ… မြန်မာနိုင်ငံထဲမှ ပြည်နယ်တစ်ခုဆိုရင်တော့ ခေါင်းညိတ် သွားပါလိမ့်မယ်…
    ကျွန်တော်တို့ အသည်းထဲ ရင်ထဲကတိုးတက်စေချင်တာ မြန်မာနိုင်ငံကြီးတိုးတက်ဖို့ပါ… မြန်မာနိုင်ငံကြီး ကြီးပွားဖို့ပါ…
    ရှမ်းပြည်နယ်ကောင်းစားရေး၊ မွန်ပြည်နယ်ကောင်းစားရေး၊ ရခိုင်ပြည်နယ်ကောင်းစားရေးဆိုတာထက် တစ်နိုင်ငံလုံးကောင်းစားရေးကို လူမျိုးရေးအတ္တရှေ့တန်းမတင်ပဲ ဝိုင်းဝန်းကြိုးပမ်းစေချင်တာ စေတနာပါ…
    နိုင်ငံအတွင်းရှိတဲ့ လူမျိုးစု အချင်းချင်းရိုင်းပင်းခြင်းကသာ မြန်မာနိုင်ငံကြီးတစ်ခုလုံးတိုးတက်စေဖို့ပါ…

    ပဉ္စမအချက်
    မှတ်ပုံတင်မှာ လူမျိုး = ဗမာ လို့ထည့်မှာ ရေရှည်အဆင်ပြေမယ်ဆိုတာက နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ဟာကွက်တွေပါ အဘရယ်…
    လူမျိုး = တရုတ် လို့ထည့်မိပြီဆိုပါတော့ လူဝန်မှုကြီးကြပ်ရေးက ဘောင်ထဲကနေရစ်မယ်… ငွေညှစ်မယ်ပေါ့…
    အဲဒီပြသနာတွေကို မခံနိုင်လို့ အဆင်ပြေရင်ပြီးရော ရုံးကနားကြောက်တဲ့ ကျွန်တော်တို့ဗမာတွေက ပြီးစလွယ် ဗမာလို့ထည့်ကြတာလေ…
    အိနိ္ဒယနွယ်ဖွားကြီးတွေတွေ့နေရဲ့သားနဲ့ လူမျိုး = ဗမာ လို့ မှတ်ပုံတင်ထဲမှာရေးထားတာတွေ ဒုနဲ့ဒေးပါ…
    ဒါဟာ လူမျိုးရေးခွဲခြားမှုထက် အလွယ်လိုက် အကြိုက်ဆောင်ခဲ့ရတဲ့ နိုင်ငံတွင်းနေ ဗမာလူမျိုးအားလုံးရဲ့ အားနည်းချက်မို့ လူမျိုးရေးထက် အုပ်ချုပ်ရေးကိုသာ အပြစ်တင်စေလိုပါတယ်…

    ခင်မင်လေးစားရတဲ့အဘရေ…
    ကော်မန့်ကလဲ ရှည်လှပြီ…မန့်ဖို့ စဉ်းစားခဲ့တာလဲ ကြာလှပြီ…
    ကျွန်တော်သေတဲ့အထိ မြန်မာပြည်မှာနေပြီး ဗမာလူမျိုးအဖြစ်ပဲ ကျေကျေနပ်နပ်ကြီးနေမှာပါ…
    နောက်ဆုံး ကျွန်တော်ပြောချင်တာက မြို့ပြနိုင်ငံက စစ်ဘုရင်တွေလဲ မှားခဲ့ပြီးပြီ၊ အာဏာရှင်စနစ်ရဲ့ စစ်ဗိုလ်တွေလဲ မှားခဲ့ပြီးပြီ…
    ဒီမိုကရေစီကို အမြည်းလေးတောင်သေချာမရသေးတဲ့ ကျွန်တော်တို့ ဗမာလူမျိုးတွေထပ်ပြီး လူမျိုးရေးခွဲခြားမှုဆိုတဲ့ အမြင်စောင်းမှုအောက်မှာ အမှားတွေထပ်မဖြစ်စေလိုတော့ပါဘူးလို့ နှလုံးသားထဲကအတိုင်း မန့်လိုက်ပါတယ် အဘရေ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဇော်ရီ

      April 11, 2012 at 3:14 pm

      ကိုFattyCat ရေ ကျတော်က လူသစ်တစ်ယော်ကပါ သို့သော်လည်းပဲ ကျတော့အား ဝင်ရောက် ဆွေးနွေးခွင့်ပြုပါ… အဘရေးတဲ့စာတွေက လူမျိုးရေးခွဲခြားတယ်လို့ တချို့တွေ မြင်ကောင်း မြင်ကြမှာပါ… ဒါပေမယ့် ကျတော်ကတော ဒါကို ဘယ်လို မြင်လဲ ဆိုတော ဗမာ လူမျိုးတွေကို ကိုယ်တိုင်ဝေဖန် သုံးသတ်ဖို့ အတွက် ဆောင်းပါး တစ်ခု အဖြစ် မြင်ယောင်ပါတယ်… လက်တွေ့မှာတော reply လုပ်ထားတဲ့ ဗမာ အများစုက ဒါဟာ ဗမာ လူမျိုးအား အပြစ်မြင် စော်ကားသလို ခံစားရနေကြရတဲ့ပုံပါပဲ…

      ပထမတစ်ချက်
      အရင်က ဖြစ်ခဲတာနဲ့ အခုခေတ်နဲ့ မသက်ဆိုင်ဘူးဆိုတဲ့အထိ လက်ခံပေးလို့ရပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းစာပေစကား၊ ပအိုပ့်စာပေစကား အခုထိ ရှိနေတုန်းပဲ ဆိုတဲ့ အချက်ကိုတော ဆွေးနွေးချင်ပါတယ်… အမှန်က အဲဒီ တိုင်းရင်းသား ဒေသမှာ အဲဒီ တိုင်းရင်းသား လူမျိုးရဲ့ ဘာသာစကားကို ဘာသာရပ် တစ်ခုအဖြစ်ဖြင့် ပါဝင်ရမှာပါ၊ သို့သော်လည်းပဲ အခုထိ ရှိနေကြခြင်းဟာ ကိုယ်စာပေကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ အဲဒီ တိုင်းရင်းသားတွေရဲ့ ကြိုးစားမူ့ကြောင့် သတ်သတ်သာ ဖြစ်ပါတယ်… သို့သော် အဲဒီ ကိုယ့်လူမျိုး ဘာသာစကားကို ကျူရှင် သင်သလို တောင် သင်ခွင့်မရှိပါဘူး၊ အစိုးရ အဖွဲ့အစည်းတွေက အဲလို သင်ပေးတဲ့ ဆရာတွေကို ဖန်းဆီးချုပ်နှောင် ဒဏ်ပေးခဲတာတွေ မြန်မာပြည်ထဲမှာ စာရင်းပြုစုလို့ မဆုံးနိုင်အောင် ရှိလှပါတယ်။

      ဒုတိယအချက်
      အထက်မှာ ရှင်းပြခဲသလိုပါပဲ… အဲဒီ လူမျိုးတိုင်းဟာ ပိန်းလွန်းလို့ သူတို့ ဘာသာကို တန်ဖိုးမထားကြလို့ အခုလို ပျောက်လု့ နီးပါးဖြစ်နေရခြင်းမဟုတ်ပါ… စာသင်ဝိုင်းလို လူလေးစုပြီး သင်ပေးတဲ့ အဆင့်ကိုတောင်မှ အစိုးရ စနစ်က ဖမ်းဆီးချုပ်နှောင်နေတာဟာ အဲဒီ ဘာသာစကားကို ဖျောက်ဖျက်ဖို့ ကြိုးစားခြင်းဆိုတာ ငြင်းချက်ထုတ်စရာ ရှိမယ် မထင်ပါဘူး… သာဓက တစ်ခု အနေနဲ့ စစ်အစိုးရခေတ်မှာပဲ ရခိုင်ဘာသာစကားကို ပြန်လည် ဖေါ်ထုတ်ပေးခဲတဲ့ ရခိုင် ပညာရှိ အတော်များများကို ဆေးရုံမှာ ဆေးထိုးသတ်ခဲတဲ့ သာဓက တွေရှိပါတယ်… အဲဒီအပြင် အဲဒီ ရခိုင်ပညာရှိတွေရဲ့ ဖေါ်ထုတ်ခဲတဲ့ စာအုပ်တွေကို တက္ကသိုလ် မြန်မာစာ ဌာနမှာ ဗမာ စာပေအတွက် ကိုးကားနေကြရတုန်းလို့လဲ တက္ကသိုလ် အသိုင်းအဝန်းက ကြားသိရပါတယ်… ဒါကြောင့်လဲပဲ ပင့် ရစ် မနိုင် ရခိုင်မေး လို့ ဆိုရိုးစကားထွက်လာခဲတာပဲလေ…

      တတိယအချက်
      ဗမာစာကို ရုံးစာ အပြစ် အသုံးပြုတာကို ဘယ်တိုင်းရင်းသားကမှ မကန့်ကွတ်ခဲကြသလို ဘယ်သူမှလဲ မဝေဖန်ကြပါဘူး၊ တကယ်တန်း တိုင်းရင်းသားတွေ လိုချင်တာက ကိုယ့်စာပေကို ကိုယ်တိုင်သင်ယူခွင့်၊ ကိုယ့်ယဉ်ကျေးမူ့ကို ထိမ်းသိန်းခွင့်၊ ကိုယ့်ဒေသကို ကိုယ်တိုင် ဖွံ့ဖြိုးအောင် ဖန်တီးနိုင်ခွင့်တို့ပဲ ဖြစ်ပါတယ်။ အဲဒီ အခြေခံဖြစ်တဲ့ အချက် ၃ ချက်ကိုတောင် အစိုးရက နည်းနည်းလေးမှ နားလည်ပေးမူ့ မရှိခြင်းက အဆိုးရွားဆုံး ကိစ္စပါပဲ…၊ တနည်းအားဖြင့် ပုဂံနယ်မြေကို ဖျက်ပလိုက်မယ်၊ ဆိုရင် ဘယ် ဗမာက ငြိမ်ခံနေမယ် ထင်ပါသလဲ၊ ဧရာဝတီဆိုတဲ့ သဘာဝ အတိုင်း တည်ရှိတဲ့ မြစ်ကြီးပျောက်သွားမှာတောင် အသက်ပေးပြီး ကာကွယ်လိုစိတ်ရှိကြတာပဲ၊ သမိုင်း အမွေအနစ်တွေ ရိုးရာ ယဉ်ကျေးမူ့ စာပေတွေကို ဆက်လပ် ထိမ်းသိန်းခွင့်မရဘဲ ဖျောက်ဖျက်ခံနေရခြင်းက တိုင်းရင်းသားတွေကိုယ်စား ကိုယ်ချင်းစာနာကြည့်စေချင်ပါတယ်…

      စတုထ္တအချက်
      ကျတော် ဗီယနန် ခရီးသွားတုန်းက နိုင်ငံ အတော်များများက လူတွေနဲ့ ဆုံခဲဖူးပါတယ်… အဲဒီမှာ လမ်းညွန်အကူက တစ်ယောက်ချင်း မေးပြီး မိတ်ဆက်ပေးတဲ့အခါ… အနောက်တိုင်းက လူအတော်များများက နိုင်ငံကိုမပြောဘဲ သူတို့ရဲ့ မြို့ကို ညွန်းခဲကြပါတယ်… ဥပမာဆိုရင် ပြင်သစ်က မိန်းကလေး ၂ ယောက်ဆိုရင်၊ သူတို့ဟာ Paris မြို့ကပါ ဆိုပြီး ပြောခဲကြပါတယ်… အဲဒီ အပြင် အကိုအနေနဲ့ အကိုဟာ ဗမာ ပြည်ကပါ ဆိုတာကို မိတ်ဆက်ရုံသတ်သတ်နဲ့ မပြီးဘဲ အကိုဟာ မောင်ဖြူဖြစ်ပါတယ်၊ မောင်လှဖြစ်ပါတယ်ဆိုတာကို ပြောတာဟာ လူတွေရဲ့ အကျင့် တမျိုးပါပဲ ကိုယ်ဟာ မောင်ဖြူ ဆိုတာ သိစေချင်ပါတယ်၊ အဲလိုပါပဲ တိုင်းရင်းသားတွေဟာလဲ ကျတော်ဟာ မြန်မာပြည်က ရခိုင် လူမျိုးဖြစ်ပါတယ်၊ ကျတော်တို့ရဲ့ ရှေ့ကျလှတဲ့ မြို့တော်ဟောင်း မြောက်ဦးနဲ့ တကွ တောတောင်၊ မြေပြန့်၊ ရေပြင် သုံးခုလုံး ကို တခါတည်း ခံစားနေနိုင်တဲ့ ရခိုင်ပြည်နယ်ကို လာလည်စေချင်ပါတယ်လို့တောင် အသေးစိတ် ပြောလိုပါသေးတယ်…

      မြန်မာပြည်ကြီး ကောင်းစားဖို့ အတွက် ဒေသ တစ်ခုချင်းစီ ကောင်းစားမှသာ မြန်မာပြည်ကြီး ကောင်းစားတာ အထမြောက်မှာပါ၊ ပြည်မ နေရာလေးတွေ ကွက်ကောင်းစားနေခြင်းက မြန်မာပြည်ကြီး ကောင်းစားနေခြင်းလို့ မဆိုနိုင်ပါဘူး၊ ဒါကြောင့် မိသားစု ၈ ယောက်မှာ တစ်ယောက် ကောင်းစားနေပြီး ကျန် ရ ယောက် ငတ်နေခြင်းဟာ အဲဒီ မိသားစု ကောင်းစားနေခြင်း မဟုတ်ပါဘူး၊ ကျန် ရ ယောက်လဲ ကောင်းစားစေရအောင် အခွင့်အလန်းဖန်တီးပိုင်ခွင့်တွေကို လွတ်လပ်စွာ ခွင့်ပြုဖို့ လိုပါတယ်။ အခု ငတ်နေကြခြင်းဟာ အဲဒီ ဒေသခံ လူမျိုးတွေ တုန်းအလွန်းလို့ အဖြစ်မရှိလို့ ငတ်နေကြခြင်းလို့ ထင်မြင်မိရင် မှားပါလိမ့်မယ်…

      ပဉ္စမအချက်
      ဟုတ်ပါတယ် ဒီအချက်မှာ အုပ်ချုပ်ရေးက အဓိကပါ… အုပ်ချုပ်ရေးမှာ ဘာလို့ အဲလိုဖြစ်ရပါသလဲ၊ သက်ဆိုင်ရာ ဒေသမှ အဲဒီ လူမျိုးကို တာဝန်ပေးထားပါက ဗမာ မထည့်ရင် ရစ်မယ်၊ ငွေညစ်မယ် ဆိုတာတွေ ဖြစ်တည်လာစရာ မရှိပါဘူး၊ အဓိက ကျသော နေရာတွေမှာ ဗမာ လူမျိုးများအားပဲ တာဝန်ပေးထားပြီး ဗမာ မဟုတ်ရင် ရစ်ခြင်း ငွေညစ်ခြင်းက ဗမာ လူမျိုးကြီး ဝါဒကို ပုံဖေါ်နေခြင်းသာ ဖြစ်ပါတယ်။ ကျတော်ကတော မစားရ ထမင်းရည် တောင်းသောက်ပြီးနေပစ်မယ်၊ ကိုယ့် အမျိုး အမည်မှန်ကို ပြောင်းပြီးတော ဘယ်တောမှ ထည့်မှာ မဟုတ်ဘူး…

      အနှစ်ချုပ်ရရင် ကျတော် အထက်မှာလဲ ပြောခဲဖူးသလိုပါပဲ အခုအချိန်မှာ ဗမာ အုပ်ချုပ်သူ လူတန်းစားတွေက သံသယတွေ ဖယ်ရှားပြီး တန်းတူညီမျှခြင်းကို ဖေါ်ဆောင်လိုက်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ… မြန်မာပြည်ကြီး တမုတ်ဟုတ်ချင်း တိုးတက် နိုင်တာ မြန်မာပြည်ဖွားတိုင်း လက်ခံပြီးသားပဲဟာ၊ ဘာလို့ သံသယ တပွေ့ကြီးနဲ့ ဗမာ စစ်တပ်က လက်နက်တွေ အခိုင်အမာ မြန်မာပြည်အနှံရှိနေပြီးတောမှ စိတ်မချနိုင်သေးဘဲ လွတ်တော်ထဲတောင် ၂၀% ယူထားလိုက်သေးတယ်… ဘယ်တိုင်းရင်းသား လူမျိုးမှလဲ သူ့ဒေသ ကျော်ပြီး သူများ ဒေသကို သွားမလု့နေကြပါဘူး၊ တကယ်လို့ ရှိခဲတယ်ဆိုရင်တောင် ဗမာ စစ်တပ်အနေနဲ့ ဘာကြောက်စရာ ရှိသလဲလို့ လက်နက်ရှင်း အပြတ်ကွာပြီးသားပဲဟာ… ဒါကိုတောင် ကိုယ့်လုပ်ရပ်ကို ကိုယ်မလုံဘဲ သံသယကြီးနဲ့ တိုင်းရင်းသားတွေကို ဖိနစ်နေမယ်ဆိုရင်တော မြန်မာပြည်ကြီးက အစိတ်စိတ်အမွာမွာကွဲတောမှပဲ အေးချမ်းတောမယ်၊ ဒီတော အဲလို မကွဲရအောင် အဓိက ကျတဲ့ လုပ်ရမဲ့ ကိစ္စက ဗမာ အုပ်ချုပ်သူတွေ တိုင်းရင်းသားတွေ အပေါ် ဆာနာ သနားပြီး သံသယကင်းစွာနဲ့ အတူတူ လက်တွဲသွားမှသာ ပြည်တွင်းစစ်ငြိမ်းချမ်းပြီး မြန်မာပြည်ကြီးလဲ နိုင်ငံတကာ အလည်မှာ မျက်နှာပန်း လှနိုင်မှာပါ….

  • chityimhtoo

    April 11, 2012 at 8:06 am

    ဒီပိုစ့်မှာသူကြီးပါ အလိုတူအလိုပါဘဲ…FR ကိုမနေ့ညကကြည့်တာ ပွိုင့်တွေအားလုံး မိုင်းနပ်9ကျော်တာတွေချည်းဘဲ ခုဒီမနက်မှာ ပလက်တောင်ဖြစ်လိုက်သေးတယ်…” ယဉ်ကျေးမှု မရှိတဲ့ လူ့ အရိုင်းအစိုင်း မြန်မာ လူမျိုးများ ” ဆိုရင် လည်းမြန်မာပြည်မှာနေမနေပါနဲ့ ကွာ…ခင်ဗျားတို့ လို လူယဉ်ကျေးတွေ
    မြန်မာပြည်နဲ့ မတန်ဘူး။ခင်ဗျားကြည့်ရတာလည်း မြန်မာပြည်ကိုပြန်ဝင်ခွင့်မရလို့ စိတ်နာနာနဲ့ ရေးထားတယ်ထင်ပ။ကျုပ်ကတော့ ခင် ဗျားကပ္ပတိန်ဆိုတာ လုံးဝမယုံဘူး။ဩဇီမှာဆိုတာလည်း
    ဟဟဟ…ခုတော့ ခင်ဗျားသွေးထိုးသွားပြီး ၃ရက်လောက်အင်တာနက်မရတဲ့ နယ်ထဲရောက်မယ်တဲ့။ဒီပွိုင့်ကိစ္စတွေ
    လုံးဝမဖြစ်နိုင်ဘူး။

    • htoosan

      April 11, 2012 at 8:40 am

      ကိုချစ်ရင်ထူးရေ.. ဘဖောက သဘောင်္ကပ္ပတိန်ဆိုတာတော့ ယုံမှား စရာမရှိသလို မြန်မာပြည် ပြန်ခွင့် မရတဲ့ သူလည်း မဟုတ်ပါဘူး ။ အခု သဘောင်္လိုက်နေလို့ သဘောင်္ကမ်းက ခွာရင် အင်တာနက်မရပါဘူး ..

  • chityimhtoo

    April 11, 2012 at 9:43 am

    အင်းဒီပိုစ့်မှာ ကျွန်တော်တို့ရွာက အားကိုးရတဲ့ ဘကြောင်ကြီးတို့ မိုက်ကယ်ဂျော်နီအောင်ပုတို့ ဘယ်ပျောက်နေကျတာလည်းဂျာ….မန့်ကျပါ မန့်ကျပါ

Leave a Reply