စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )

Foreign ResidentApril 9, 20125min537107

စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )

 

အခု အဘရဲ့ ဒီ Post က

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ

အကြောင်းရုပ်ပုံလွှာ (အပိုင်းသုံး) မှာ

စာရေးသူ San Hla Gyi ရဲ့ Comment ကိုပြန်စာပါ ။

စာက နဲနဲ ရှည်တော့ Post တင်လိုက်ပါတယ် ။

 

ဒီစာကို ရေးခါနီး အဘ အတန်တန် စဉ်းစားပါတယ်

အထူးသဖြင့် အမှန်ကိုပြောတာ ဖြစ်သော်လည်း

အပြောကောမှန်ရဲ့လား လို့ပေါ့လေ ။

 

သို့သော် တွေ့တွေ့လာသမျှ အခြေအနေတွေ အရ

မတရားမှုကို မတရားမှု မှန်း သေချာမသိ ဝေဝါး နေတဲ့အတွက်

တိုင်းရင်းသားတွေရဲ့ ခံစားရမှုကို နားမလည်နိုင်ပဲ

အမုန်းမီးတောက်တွေ ထပ်ထပ်တိုးလာတာတွေ့ရလို့

ရင်နာနာ နှင့်ပဲ ဒီစာကို ချရေးလိုက်တာပါ ။

 

” တနသာင်္ရီဟာ ပုဂံခေတ်ကတည်းက မြန်မာပိုင်ပါ “

 

ကို San Hla Gyi ရေ

ဝမ်းနည်းပါတယ် ။ ကျနော်က မွန်လူမျိုး ပါ ။

လောလောဆယ် မြန်မာနိုင်ငံသား ဖြစ်ချင်စိတ်

တော်တော်လေးကို ကုန်ခန်းနေတဲ့ မွန်လူမျိုး ပါ ။

 

အထူးသဖြင့် ဟိုတစ်ခါ ရခိုင်ပြည်နယ် ( ရွှေ – လုပ်ကွက် ထင်တယ် )

ကထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို ၊

ရခိုင် လူမျိုး ၊ ရခိုင်ပြည်နယ် အတွက် အသုံးပြုပေးဖို့ အစီအစဉ် မရှိပါဘူး ဆိုပြီး

ပြည်ထောင်စု ဝန်ကြီး ဆိုသူက လွှတ်တော်မှာ ( သောက်ရှက်မရှိ )

ရုပ်တည်ကြီး နှင့် တရားဝင်ကို ပြန်ဖြေသံကို ကြားပြီးတဲ့အခါကစပြီးတော့ပေါ့ ။

 

ကျနော်လေ မြန်မာနိုင်ငံသား တစ်ယောက် အနေနှင့်

ရှက်လိုက်တာ ၊ ရှက်လိုက်တာ ဆိုတာလေ ။

ဒင်းတို့မို့ သောက်ရှက်မရှိ လွှတ်တော်လိုနေရာမှာ ဒီစကားပြောထွက်တယ် ။

( လူသူအလယ်မှာ ဝစ်လစ်စလစ် ဖြစ်နေရင်တောင်

ဒီ ကိစ္စလောက် ရှက်စရာ မကောင်းဘူးလို့ ထင်မိတာပဲ )

 

အဲဒီကတည်းက ကျနော့်ရဲ့ မြန်မာ နိုင်ငံသား အဖြစ်ကို

စွန့်လွှတ်ချင်တဲ့ အထိကို စိတ်ကုန်ခဲ့တာပါ ။

 တိုင်းပြည် ဆင်းရဲလို့ မဟုတ်ပါ ၊

လူမျိုးရဲ့ စိတ်ဓါတ် အောက်တန်းကျတာကို ရှက်လို့ပါ ။

 

” တနသာင်္ရီဟာ ပုဂံခေတ်ကတည်းက မြန်မာပိုင်ပါ “

 

ကျနော်တို့ မွန်တွေ ပိုင်တဲ့ ၊ နေထိုင်တဲ့ ( ကရင်တွေလည်းနေကြတယ် )

ဧရာဝတီတိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကိုကျော်ပြီး ဘောက်မဲ့ကြောင့်

တနသာင်္ရီဟာ မြန်မာပိုင်ပါ ဆိုတဲ့စကား ထွက်ရတာတုန်း ။

 

အရင် ဘုရင်တွေ သတ်ကြဖြတ်ကြတာတွေ

ကျုပ်ကလည်း ထိုင်ကြည့်မနေတော့ မသေချာဘူးဗျ ။

အများစုက ဝိုင်းရေး ဝိုင်းပြောပြီး လက်ခံထားတာကတော့ ရှင်းရှင်းကြီးပဲဗျ ။

အေး ရှေးအရင်က လုပ်နိုင် မလုပ်နိုင် သိရအောင်

လက်ရှိ နီးနီးစပ်စပ် သမိုင်းကိုပဲ ပြန်ကြည့်ရအောင် ။

( ကိုယ့်သက်တမ်း ကလည်း ပြီးခဲ့တဲ့ နှစ် ၄ဝ ပဲမှီတာကိုးဗျ )

 

အခု ခေတ် အချိန်အခါမှာတော့ မြန်မာတွေ တိုင်းရင်းသားတွေကို

မတရားလုပ်တဲ့ အချက်ကတော့ ကမ်းကိုကုန်ရော ။

မြန်မာပြည်ဟာ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ တိုင်းပြည်ထဲမှာ

ထိပ်တန်းက ပါနေပါတယ် ။ ဒါလည်း အမှန်ပဲ ။

 

၁ ။

တိုင်းရင်းသား ပြည်နယ်တွေမှာ တိုင်းရင်းသား ဘာသာစကားကို

ကျောင်းသုံး ရုံးသုံး ပြဋ္ဌာန်းပေးရမယ် ။

အဲလို ကျောင်းသုံး ရုံးသုံး မ ပြဋ္ဌာန်းပေးတာဟာ

တမင်သက်သက် ( ယုတ်မာကောက်ကျစ်တဲ့ အောက်တန်းစား စိတ်ဓါတ်နှင့် )

လူနည်းစု တိုင်းရင်းသားတွေ ရဲ့ စာပေ ကိုဖျောက်ဖျက်တာပဲ ။

စာပေ နှင့် ဘာသာစကား ပျောက်ရင် လူမျိုး ပျောက်မှာပဲ ။

မွန် လူမျိုး ပျောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာပါ ။

 

သက်သေပြပါဆိုရရင်တော့ ရှင်းရှင်း လင်းလင်း ကြီးပါဗျာ ။

ကျနော်ဟာ မွန်လူမျိုးက ဆင်းသက်လာပြီး

မြန်မာသွေး တစ်စက်လေးတောင်မှ မပါပေမယ့်

ကျနော်ဟာ မွန်စကား မရေးတတ် မဖတ်တတ်တော့ပဲ

မြန်မာလိုသာ ရေးနေ ပြောနေရတာကို ကြည့်ပေတော့ ။

 

အခုလက်ရှိရော မွန်ပြည်နယ်မှာ မွန်စကား ရေးနိုင်တဲ့သူ

လက်တဆုပ်စာသာကျန်ပါတော့တယ် ။

ဒါတောင် မွန် သူပုန်တွေ ( မွန်ပြည်သစ်ပါတီ ) က

သက်စွန့် ကြိုးပမ်း မွန်စာသင်ကျောင်းတွေ ဖွင့်ပေးလို့ ။

 

အေး အဲလိုပျောက်ကွယ်ရအောင် မွန်ယဉ်ကျေးမှု ကရော

ခတ်တုံးတုံး လို့ ပြောချင်သေးလား ။

သမိုင်းတစ်လျောက် သူတင် ကိုယ်တင် တိုက်ခဲ့တဲ့ မင်းနိုင်ငံတွေပါ ။

မွန်တွေက မြန်မာတွေထက်စောပြီး ယဉ်ကျေးခဲ့တာပါ ။

မြန်မာစာရဲ့ တစ်ချို့စာလုံးတွေဟာ မွန်ဆီက ရခဲ့တာပါ ။

ဘုရား တရား ဆိုတာတောင် မွန်တွေဆီက တဆင့် မှ

မြန်မာတွေ သိရတာပါ ။

 

၂ ။

တိုင်းရင်းသားတွေကို အခွင့်အရေး တန်းတူ မ ပေးပါဘူး ။

အခွင့် အရေးတွေ ကွာလား မကွာလားကတော့ ပြောမနေနှင့် ။

” လူမျိုးကြီးဝါဒ မြန်မာပြည် ” ဆိုတဲ့ Post မှာ

https://myanmargazette.net/85812/arts-humanities

ရှမ်း တိုင်းရင်းသားလေး ရှုံး လူ ကို

သူ့ အဖေက နောင်ရေး အတွက် ဆိုပြီး

လူမျိုး = မြန်မာ လို့ဆိုပြီး ဖြည့်ပေးခဲ့တယ် ဆိုတဲ့

ရှမ်း တိုင်းရင်းသားလေး ရှုံး လူ ရဲ့ Comment သာဖတ်ကြည့်ပေတော့ ။

 

” ကျုပ်ကိုယ်တိုင်တောင် ရှမ်းဖြစ်ပါလျက်နဲ့

ဖောင်ဖြည့်တုန်းက ဗမာလို့ ဖြည့်ခဲ့ရဖူးတယ်။

နောင်ရေးကောင်းအောင်လို့တဲ့ အဖေကပြောတာပဲ။ “

 

၃ ။

ဘာသာရေး ခွဲခြား ဖိနှိပ်ပါတယ် ။

တိုင်းရင်းသားတွေ ရဲ့ ကိုးကွယ်မှုဘာသာ ကိုလေးစားရပါမယ် ။

သူ့ဘာသာသူ တောစောင့်နတ်ပဲ ကိုးကွယ် ကိုးကွယ် ၊

မြေကြီးပဲ ကိုးကွယ် ကိုးကွယ် ပါ ။ မထီမဲ့မြင်လည်း မလုပ်ရပါဘူး ။

ခွဲခြား လဲ မဆက်ဆံရပါဘူး ။

 

သာသနာ အစစ်အမှန်ကို ဖြန့်ဖြူးပေးတော်မူသည် ဆိုပြီး

ချင်းပြည်နယ် မှာ ဘုရားသွားတည်ပြီး

ချင်း ခရစ်ယာန်တွေကို တစ်အိမ်တစ်ယောက် မလိုက်မနေရ

လုပ်အားပေး ဆင့်ခေါ် တာဟာ မြန်မာ အရိုင်းအစိုင်းတွေက လုပ်ခဲ့တာပါ ။

 

သူတို့ပြည်နယ် နှင့် သူတို့ အဘမြင်းဖြူရှင် မွေးနေ့မို့

ပြည်နယ် ရုံးပိတ်ရက် သတ်မှတ်ချင်ရင်လည်း ခွင့်ပေးရပါမယ် ။

 

စစ်တပ်မှာ အခုထိ ကျင့်သုံးနေတဲ့ ABC သုံးခု ထဲက

တစ်ခု ဖြစ်တဲ့ C=Christian / ဘာသာခြားဖြစ်ခြင်း ဆိုတာကတော့

ဗုဒ္ဓ ဘာသာကလွဲရင် ခွဲခြား ဆက်ဆံခြင်း ရဲ့

ထင်ရှားတဲ့ အထောက်အထားပါပဲ ။

 

၄ ။

ပြည်နယ်တွေက ထွက်တဲ့ သယံဇာတတွေရဲ့

မူလ ပိုင်ရှင် အမှန်က ပြည်နယ်သူ ပြည်နယ်သားတွေသာဖြစ်တယ် ။

သူတို့ ဆီကနေ ခိုးယူ ဓမြတိုက်ယူ အနိုင်ကျင့်ယူ တဲ့သူကတော့ ၊

အပေါ်က ရွှေ Gas ကိစ္စသာ ပြန်ဖတ်ကြည့်ကြတော့ ။

 

ဒီလောက် ထောင့်ပေါင်းစုံအောင်

တိုင်းရင်းသားတွေကို နှိပ်စက်ပြီးတော့များ

တိုင်းရင်းသားတွေ ပုန်ကန် ထကြွတော့

နယ်ချဲ့ ကိုလိုနီ စံနစ်ရဲ့ သွေးခွဲ အုပ်ချုပ်မှုကြောင့်တဲ့

ကျကျသေးတော့ သူခိုး သူခိုး ချင်း လက်ညှိး ပတ်ထိုးနေတယ် ။

 

သူများမြှောက်ပေးတိုင်း အားအားယားယား သူပုန် ထရအောင် ၊

တိုင်းရင်းသားတွေကို ငတုံးတွေ ချည်းပဲ ထင်လို့လား ။

 

လေယာဉ်တွေ အမြှောက်တွေနှင့် လာတဲ့ ဗမာတပ်ကို

အစပိုင်းမှာ K I A က တူးမီး သေနတ် နှင့် ပြန်ခံချခဲ့ရတာပါ ။

သေနတ် အမြောက် မှန်တာကလည်း

မန်းမှုတ်ပြီး အာငွေ့ပေးယုံ နှင့် ပျောက်သွားတာ မဟုတ်ပါဘူး ။

ဘယ် တိုင်းရင်းသား မှလည်း ပျော်လို့ စစ်တိုက်နေတာ မရှိဘူး ။

 

အေး တိုက်လို့ နိုင်မယ် ထင်ရင်လဲ စမ်းကြည့်လေ ။

အခု KIA တစ်ခုတည်း ကိုတောင်

ရှိရှိသမျှ တပ်မ ဒကစ စကခ နံမည်မျိုးစုံက

တပ်ရင်းပေါင်း တစ်ရာကျော် တက်ထိုးတာ

ဟိုက ဆော်ပလော်တီး လွှတ်လိုက်တာ နင့်နေတာပဲ မဟုတ်လား ။

တပ်ရင်း တစ်ခုဆို ဖွဲ့စည်းပုံပါ ပျက်သွားတယ် ။

 

KIA က ကြောက်ဖို့ နေနေသာသာ

အရှည်သဖြင့် အဆင်ပြေအောင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ၊

KIA က ခေါင်းဆောင်ပိုင်းက အောက်ကို မနည်းချော့ပြောနေရတယ် ၊

KIA တပ်သား အငယ်ပိုင်း အားလုံးက ငြိမ်းချမ်းရေး မယူဘူး ၊

သေသေကျေကျေ အပြတ်ဆက်ချမယ် ဆိုတာကြီးပဲ ။

 

ရခိုင်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လာတော့

သိန်းချီတဲ့ ရခိုင်လူထုကြီးက အဲဒီ ရခိုင်တပ်မတော် ကို

လှိုက်လှိုက် လဲလဲ ကြိုဆိုတာကို မြင်တဲ့အခါ

ရခိုင်လူထုကြီးရဲ့ သဘောထားအမှန်ကို

ရိတ်ရိတ်လေးတောင် မမြင်ကြဘူးလား ။

အဲဒီ ရခိုင် သိန်းချီကိုပါ ဆက်နှိမ်နင်းဖို့

Plan ဆက်ဆွဲကြမှာလား ။

 

တိုင်းရင်းသားတွေ လိုချင်တာ ခွဲထွက်ဖို့ မဟုတ်ပါဘူး ။

ကိုယ်ပိုင် အုပ်ချုပ်ရေးပါ ။

သူတို့ရဲ့ တောတောင်ထဲက ငြိမ်းချမ်းတဲ့ ဘဝလေးတွေကို

မတရား နှိပ်စက် မခံရယုံပါ ။

သူတို့ နေထိုင်တဲ့ ဒေသရဲ့ တောတောင် သယံဇာတတွေကို

သူတို့ သုံးစွဲခွင့် ရယုံလေးပါ ။

သူတို့ရဲ့ လူမျိုး နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးစံ လေးကို

ထိမ်းသိမ်းခွင့် ရယုံလေးပါ ။

ဒါလေးတောင် မ သဒ္ဒါကြတော့ဘူးလား ။

 

အေး အဲဒီဟာတွေဟာ ၊ ငါကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူး ၊

ငါနှင့် မဆိုင်ဘူးလို့ ဖင်ပိတ်ငြင်းချင်ရင်တော့ ။

လူကြီးလူကောင်း ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နားလည်စေရန် အတွက် ။

 

ဒီကိစ္စတွေနှင့် ပါတ်သက်ပြီးတော့

” လူမျိုးကြီးဝါဒ မြန်မာပြည် ” ဆိုတဲ့ Post မှာ

https://myanmargazette.net/85812/arts-humanities

စာရေးသူ Mg Ogga က ရေးထားတာကိုပဲ ဆက်ဖတ်ကြည့်ပါတော့ ။

 

” ထိုကိစ္စများကို ပြုလုပ်သူများ အကောင်အတည်ဖော်သူများမှာ

အုပ်ချုပ်သူ လူတန်းစား ဗမာများ ဖြစ်သည်။

ကျွန်တော်သည်လည်း ဗမာဖြစ်သည်။

ထိုကိစ္စသည် ကျွန်တော်မပြုလုပ်ခဲ့သော်ငြား ကျွန်တော့်တွင် တာဝန်ရှိသည်။

တာဝန်ရှိ၍ တာဝန်ယူရမည်ဖြစ်သည်။

ဒုတိယ ကမာ္ဘစစ်အတွင်း ဖက်ဆစ် ဂျပန်တို့ နိုပ်စက်ကြလို့

အရှေ့တောင်အာရှ နိုင်ငံ အတော်အများ ဒုက္ခရောက် ကြသည်။

ယခု ဂျပန်အစိုးရ ကား ဒုတိယကမာ္ဘစစ်က ဖက်ဆစ် အစိုးရနဲ့ ဘာမှ မဆိုင်

သို့သော် အခုထိ စစ်တွင်းကိစ္စများကို ယခုထိ တောင်းပန်ကြသည်။

 

ကျွန်တော်လည်း ယခု တိုင်းရင်းသား လူမျိုးများအပေါ်

ယခင်ပြုခဲ့သည် ကိစ္စရပ်များ အားလုံးကို ဝန်ချတောင်းပန်ပါသည်

( ကျွန်တော်လည်း ယခု တိုင်းရင်းသား လူမျိုးများအပေါ်

ယခင်ပြုခဲ့သည် ကိစ္စရပ်များ အားလုံးကို ဝန်ချတောင်းပန်ပါသည်  ) “

 

ဆိုပြီးတော့ ဝန်ချတောင်းပန် ထားပါတယ် ။

ပညာတတ် လူယဉ်ကျေး ( Repeat လူယဉ်ကျေး ) ဆိုတာ ၊ အဲဒါကိုမှခေါ်ပါတယ် ။

မသိသေးရင် နောက်တစ်ခေါက်လောက် ပြန်ဖတ်ကြည့်သင့်ပါတယ် ။

 

ဗမာတွေ တိုင်းရင်းသားတွေကို နှိပ်စက်ခဲ့တာ ၊

ယခင် သမိုင်းခေတ် တွေတုန်းက ၊

ကိုယ်တွေ ထိုင်ကြည့် မနေခဲ့သဖြင့် မသေချာ သော်ငြားလည်း ၊

ယခု ကိုယ်တွေ သက်တမ်းအတွင်းက

အဖြစ်အပျက်များကို သုံးသပ်လျှင်တော့

ဘယ်လူမျိုး က ယုတ်မာ သလည်း ၊

ဘယ်လူမျိုး က ရိုးသားလည်း ဆိုတာ ရှင်းရှင်းကြီး ပေါ်နေပါသည် ။

 

ဒါတွေကို လူမိုက်တစ်ဦးက လုပ်နေတာဆိုလျှင်

နားလည်ပေးနိုင်သော်လည်း ၊

အစိုးရ ဆိုပြီး နာမည်တပ် လုပ်နေရင်တော့

ဗမာ တစ်မျိုးသားလုံးက တာဝန်ယူရမှာဖြစ်သည် ။

 

အဲဒီတော့ အဲဒီလို မတရားမှုတွေကို

တိုင်းရင်းသားတွေအပေါ် လုပ်ခဲ့မိပြီ ဆိုတာကို

ယခုလို သိရပြီးတဲ့ အချိန်မှာ တောင်မှ

တိုင်းရင်းသားတွေ အပေါ် ပြန်တောင်းပန်ဖို့ စိတ်ကူး မရှိတဲ့ မြန်မာ များကို

” ယဉ်ကျေးမှု မရှိတဲ့ လူ့ အရိုင်းအစိုင်း မြန်မာ လူမျိုးများ ” ဆိုပြီး

ကျနော် ဒီနေရာကနေ အတိအလင်း စွတ်စွဲလိုပါတယ် ။

 

If you are neutral in situations of injustice,

you have chosen the side of the oppressor.

မတရားမှု တစ်ခုဖြစ်ပေါ်နေတဲ့ အချိန်မှာ

ကြားနေတယ်ဆိုတာ

မတရားသူဖက်က ရပ်တည်တာပဲ ။

Desmond Tutu ( Nobel Peace Laureate )

 

အေး တိုင်းပြည်ရဲ့ မျှော်လင့်ချက်ကတော့ တခုပဲ ရေးရေး ကျန်တယ် ။

အဲဒါက ” အမေစု ” ပဲ ။

တိုင်းရင်းသားတွေ နဲနဲ ( နဲနဲ ) အယုံအကြည်ရှိတာ အမေစု တစ်ယောက်ပဲ ရှိတယ် ။

ဒါလည်း သူမ ရဲ့ နိုင်ငံတကာအဆင့်မှီ ပညာတတ်မှု နှင့်

တရားမျှတမှု နှင့် လူ့အခွင့်အရေး ဒီမိုကရေစီ ကိစ္စတွေမှာ

မဆုတ် မနစ် ရပ်တည်ခဲ့မှုကို လေးစား ယုံကြည်လို့ ။

 

အမေစုက Federal စံနစ် နှင့် ပင်လုံစိတ်ဓါတ် / စာချုပ် ဆိုတဲ့

စကား ကို မိန့်ခွန်းထဲမှာ ရဲရဲဝံ့ဝံ့ ပြောချလိုက်တော့

အဘ ဝမ်းသာလိုက်တာလေ ၊

ငါတို့ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး နှင့်

ရာသက်ပန် ဥမကွဲ သိုက်မပျက် ဆက်နေလို့ရအောင်

ဖြေရှင်းပေးမယ့် ခေါင်းဆောင် အစစ်ကို ရပြီလို့ ။

ထင်တဲ့ အတိုင်းပဲ မနေ့က KNU နှင့် အမေစု နှင့် တွေ့တော့ ၊

နှစ်ဖက်စလုံးက အမြင်အားလုံး တူပါတယ် ဆိုပြီး ကြေငြာတယ် ၊

 

နှစ်ပေါင်း ၆ဝ စစ်သားတွေ သောင်း သိန်း အသေခံပြီး တိုက်လာတာ ။

အခုလို အဖြေမျိုး နီးနီး စပ်စပ် ရခဲ့ဘူး လို့လား ။

 

စကားမစပ်ပါ နိုင်ငံတကာအဆင့်မှီ ပညာတတ်မှု နှင့် ပါတ်သက်လို့ပါ

မြန်မာပြည်တွင်းက ပညာရှင်များလည်း

နိုင်ငံရပ်ခြားကို ထွက်ပြီး လေ့လာကြပါအုန်းလို့ ။

အဲဒီတော့မှ ဦးနေဝင်းရဲ့ မိုင်းတိုက်ထားတဲ့

ပညာရေး အရိပ်အောက်ကနေလွတ်ပြီး

တကယ့် ဒီမိုကရေစီ လူ့အခွင့်အရေး တရားမျှတမှု ဆိုတာတွေရဲ့

တကယ့် အဓိပ္ပါယ် အစစ်အမှန် ကိုသိမယ် ။

နို့မို့ ခင်ဗျားတို့ ပြောပြောနေတဲ့ တရားမျှတမှု ဆိုတာကိုယ်နှိုက်က

တဖက်စောင်းနင်းကြီး ဖြစ်နေတယ် ။

 

တော်သေးဘီ ။

မြို့ မေတ္တာ ထင်မကဘူး ၊ နိုင်ငံ့ မေတ္တာ ပါခံယူမယ့် ။

အဘ Foreign Resident ။

 

 

107 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 11, 2012 at 9:45 am

    မကောင်းသူထိပ် ကောင်းသူထိပ်
    ငါလိုးးးးမသားတွေ
    လီးဘဲ

  • chityimhtoo

    April 11, 2012 at 10:05 am

    ဟဟ…အဲ့လိုမျိုးကိုကြိုက်တာ….ဝမ်းစမိုး..ဝမ်းစပိုး…ဘပု>>>အိုင်လက်ဖြူ…ခွိခွိ 😛

  • htoosan

    April 11, 2012 at 10:15 am

    ဆဲတာကတော့

    စည်းကမ်းကို.. ယူအက်စ်ဆန်ရှင်လိုပဲ.. ခဏ.. Waiver လုပ်ထားပါမယ်နော..

    မဖြစ်သင့်ဘူးထင်ပါသည်။ ဖျက်သင့်ပါသည်။

  • kai

    April 11, 2012 at 10:52 am

    ဒီအထဲရေးထားတာတွေကို.. တန်ဖိုးထားပါတယ်..။
    တန်ဖိုးရှိတဲ့ ဆွေးနွေးချက်တွေပါ…။

    ဦးဆောင်ဆွေးနွေးတဲ့..အဘဖောက.. နိုင်ငံတကာအတွေ့အကြုံထည့်ပြီး.. တိုင်းရင်းသားတွေဖက်က ခံစားရေးပေးတာလို့ ထင်မိပါတယ်..။
    ပုဂ္ဂလိကခံစားချက်ကိုရေးနေတာထက်.. ကိုယ်စားပြုရေးပေးနေတယ်လို့.. ဆိုလိုချင်တာပါ..။

    ဆိုတော့…
    အပြန်အလှန်ရေးကြတာမှာ.. ညှစ်ထုတ်ရသမို့.. ပိုတန်ဖိုးရှိတာတွေထွက်လာတာပေါ့..
    အာလုံးကို.. သာဓုခေါ်ပါတယ်ပါဗျာ..။
    လုပ်နိုင်ကိုင်နိုင်သူတွေဖတ်မိရင်.. တွေးမိစရာတွေဖြစ်သွားပြီ.. အဲဒါကနေ.. နောက်ဆက်ဆွဲအဖြစ်.. လူတွေအများကြီးအတွက်… အကျိုးရှိလာမှာမို့ပါ..။ 😆

  • siamonone

    April 11, 2012 at 11:15 am

    ကျွန်တော့်အထင်တော့ .. ဒါတွေအားလုံး ဖြစ်ချိန်တယ်နေ သေး သ၍ ဖြစ်နေကြဦးမှာပါ။ ဒီနိုင်ငံဒီဒေသ မှာ ပဲဖြစ်နေတာ မဟုတ်ပါဘူး။ ။ သက်ရှိ ဖြစ်ပေါ်နေတဲ့ နေရာတိုင်းမှာဖြစ်ပေါ်နေကြတာပါ။ ဆက်ပြီးတော့လည်းဖြစ်ဦးမှာဘဲ .. ကမာ္ဘ ကြီးမှာ သက်ရှိတွေအတွက် နေရာပေးတဲ့ပုံစံကိုက survival of the fittest ပဲလေ။ ကြီးနိုင်ငယ်ညှင်းဘဲလေ .. ။ အစကတော့ လူမျိုးရေးနဲ့ ဆိုင်ချင်မှ ဆိုင်မယ် ။ ဘာသာရေးနဲ့ ဆိုင်ချင်မှလည်းဆိုင်မယ် .. ဒါပေမယ့် .. လူမျိုး၊ ဘာသာဆိုတာ အသုံးချနိုင်သူတွေ အတွက် အလွန်အသုံးဝင်သော အင်အားတွေပါ။ ဒါကြောင့်ဘဲ လောကကြီးမှာ ဘုရင်တစ်ပါးတည်းကနေ သူနဲ့ တန်းတူလို့ ထင်ရတဲ့လူသားအချင်းချင်းရဲ့အသက်တွေကို ချုပ်ကို်င်ချယ်လှယ်နေနိုင်တာပေါ့ ။ ဒါတွေကို ဘယ်လို အပြစ်တင်မှာလဲ ? အပြစ်တင်စရာလည်းရှိမယ်မထင်ပါဘူး။ ကိုယ့်အတွက် ကိုယ် အသက်ရှင်နေတဲ့သူလည် တွေနဲ့ သူတပါးအတွက် အသက်ရှင်နေရတဲ့ လူနုံလေးတွေ ကြား မှာ ပဋိပက္ခ တွေ တော့ရှိမှာဘဲ .. ဒါပေမယ့် နောက်ဆုံး အဆုံးအဖြတ်ပေးမှာကတော့ survival of the fittest ပါဘဲ ။
    ကျွန်တော်ကတော့ ကိုယ့်ကိုကိုုယ် ကမာ္ဘ ပေါ်မှာနေနေတဲ့လူသားတစ်ယောက်လို့မြင်ပါတယ် ။ ကိုယ့်ကမာ္ဘပေါ်ကနေ ပြီး ဘယ်နေရာမှာမှ အသက်ရှင်လို့မရသေးတာလည်းမြင်မိတယ်။ ဒါကြောင့် ဒီကမာ္ဘပေါ်မှာပဲနေဖို့ဆုံးဖြတ်ထားသူ တစ်ယောက်ပါ .. ဟီး ..

  • etone

    April 14, 2012 at 12:12 pm

    အဘဖောရေ … ဒီပို့စ်ကို အကြိမ်ကြိမ်ဖတ်ခဲ့ပေမယ့် .. ကော့မန့်ပေးဖို့ .. လက်ရှောင်နေခဲ့ပါတယ် … ။
    သို့သော် ဗမာနိုင်ငံသား မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လစ်လျူရှုမနေနိုင်လို့ ကော့မန့်တိုလေး ရေးမိပါတယ် … မှားတာရှိလျှင်ဝန္ဒာမိလို့ ကြိုပြောထားပါရစေ … ။

    အမှန်ပြောတာပေမယ့် အပြောမှမှန်ရဲ့လားလို့ … ချင့်ချိန်ပြီးရေးတဲ့ အဘဖောစာထဲမှာတောင် … လူမျိုးခွဲခြားရေး မုန်းပါတယ်ရေးထားပြီး .. တစ်ချိန်လုံး .. ဗမာလက်ညှိုးထိုးနေတဲ့ ကိစ္စ သိပ်အဝေးကြီး မတွေးပဲ ကိုယ့်ကိုယ်ကို အရင်ပြင်သင့်တယ်လို့မြင်ပါတယ် … ။
    ကျွန်မတို့တွေ … ကံကြမ္မာရဲ ့အလိုအရ မွေးဖွားရာ ဘိုးဘွားမိဘတွေမူတည်ပြီး …. လူမျိုးကွဲကြတာပါ … ။ လူမျိုးတွေဘယ်လိုကွဲကွဲ … ဗမာနိုင်ငံအတွင်းစုနေကြတာပါပဲ … ဒါကို ငြင်းလို့ မရဘူးလေ.. တစ်မြေတည်းနေ တစ်ရေတည်းသောက်နေတဲ့ လူတွေတောင် စိတ်ဝမ်းကွဲပြီး ပြည်တွင်းစစ်မီးတွေတောက်နေသေးတော့ … အိမ်နီးချင်းနိုင်ငံတွေအကြိုက်ပေါ့ … ။

    ဘယ်လက ဘယ်သူ့အပေါ်

  • etone

    April 14, 2012 at 12:20 pm

    အဘဖောရေ … ဒီပို့စ်ကို အကြိမ်ကြိမ်ဖတ်ခဲ့ပေမယ့် .. ကော့မန့်ပေးဖို့ .. လက်ရှောင်နေခဲ့ပါတယ် … ။
    သို့သော် ဗမာနိုင်ငံသား မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လစ်လျူရှုမနေနိုင်လို့ ကော့မန့်တိုလေး ရေးမိပါတယ် … မှားတာရှိလျှင်ဝန္ဒာမိလို့ ကြိုပြောထားပါရစေ … ။

    အမှန်ပြောတာပေမယ့် အပြောမှမှန်ရဲ့လားလို့ … ချင့်ချိန်ပြီးရေးတဲ့ အဘဖောစာထဲမှာတောင် … လူမျိုးခွဲခြားရေး မုန်းပါတယ်ရေးထားပြီး .. တစ်ချိန်လုံး .. ဗမာလက်ညှိုးထိုးနေတဲ့ ကိစ္စ သိပ်အဝေးကြီး မတွေးပဲ ကိုယ့်ကိုယ်ကို အရင်ပြင်သင့်တယ်လို့မြင်ပါတယ် … ။
    ကျွန်မတို့တွေ … ကံကြမ္မာရဲ ့အလိုအရ မွေးဖွားရာ ဘိုးဘွားမိဘတွေမူတည်ပြီး …. လူမျိုးကွဲကြတာပါ … ။ လူမျိုးတွေဘယ်လိုကွဲကွဲ … ဗမာနိုင်ငံအတွင်းစုနေကြတာပါပဲ … ဒါကို ငြင်းလို့ မရဘူးလေ.. တစ်မြေတည်းနေ တစ်ရေတည်းသောက်နေတဲ့ လူတွေတောင် စိတ်ဝမ်းကွဲပြီး ပြည်တွင်းစစ်မီးတွေတောက်နေသေးတော့ … အိမ်နီးချင်းနိုင်ငံတွေအကြိုက်ပေါ့ … ။

    ဘယ်လူမျိုးက ဘယ်သူ့အပေါ် အနိုင်ကျင့်တာထက် … စွမ်းအားရှိသူက …အားနွဲ့သူတွေအပေါ် … သည်းခံစိတ်ရှိသူတွေအပေါ် အနိုင်ကျင့်တယ်လို့ပဲ … မှတ်ယူစေလိုပါတယ် … ။ ဥပမာ လူမျိုးစု အချင်းချင်းထဲမှာတောင် .. စွမ်းအားရှိသူနဲ့ အားနွဲ့သူ ကွဲပြားနေတာကို သတိရစေလိုပါတယ် … ။

    အချုပ်အားဖြင့်တော့ … ငါကဘာလူမျိုး … သူက ဘာလူမျိုးဆိုတာထက် …. တစ်နိုင်ငံတည်းမှာနေတဲ့သူတွေအချင်းချင်း စည်းလုံးသင့်ပါတယ် …. ပုဂ္ဂိုလ်စွဲ လူမျိုးစွဲမထားပဲ … ကိုယ်နိုင်တဲ့ဘက်ကနေ …. ဖြည့်စွက်ကူညီပေးမယ်ဆိုတဲ့ စိတ်မျိုးရှိလျှင်ပဲ ကျွန်မတို့ နိုင်ငံကြီးက … နေပျော်နေပါပြီလေ … ။

  • Foreign Resident

    April 14, 2012 at 8:40 pm

    ပြန်လည် ဖြေရှင်းရတာတွေက သိပ်ရှည်တဲ့ အတွက်
    စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) ဆိုပြီး
    အဘ Post တစ်ခုသတ်သတ်ကို ပြန်ရေးထားပါတယ်ကွယ် ။

  • metallic

    April 14, 2012 at 11:05 pm

    ခုတလော စာတွေဖတ်လိုက်ရင် ဗမာတိုင်းရင်းသားတွေရဲ့ရက်စက်မှုကြောင့် ဗမာတိုင်းရင်းသားမဟုတ်သူတွေနစ်နာတဲ့အကြောင်းတွေဖတ်ရတော့
    သူတို့ကိုစာနာ ကိုယ်ချင်းစာတယ်
    သူတို့ကို နစ်နာစေတဲ့သူတွေကဘယ်သူတွေလည်း
    ဗမာတွေတဲ့ (အားလုံးရဲ့လက်သည်က လူမျိုးတမျိုးလို့အမည်တပ်သင့်သလား၊ အခြေအနေ အချိန်အခါတခုမှာ အခွင့်ထူးတချို့ရဲ့ ရက်စက်မှုက လူမျိုးတစုလုံးကို ကိုယ်စားပြုသလား)
    ဒါဆိုရင် ငါတို့နဲ့လူမျိုးတူတဲ့လူတွေပေါ့
    ငါ့ရဲ့ပတ်ဝန်းကျင်ဆွေမျိုးသားချင်းတွေကိုကြည့်လိုက်တော့ (ငါကိုယ်တိုင်အပါ)
    မငတ်ရုံတမယ် ဘဝကိုချို့ချို့တဲ့တဲ့ ရင်ဆိုင်နေကြရတယ်
    တိုင်းရင်းသားတွေကို နှိပ်စက်ဘို့မပြောနဲ့
    ကိုယ့်ဝမ်းစာရေးအတွက်တောင် မွေးရပ်နဲ့ အလှမ်းကွာတဲ့နေရာမှာ
    ရေကြည်ရာမြတ်နုရာရှာနေကြရတယ်
    တိုင်းရင်းသားတွေပိုင်တဲ့ သယံဇာတတွေ ကျနော်တို့နဲ့ဘာဆိုင်လဲ
    တီဗွီမှာမြင်ဘူးရုံပဲရှိတယ် ဘာမှလဲခံစားခွင့်မရှိခဲ့
    (လိုလည်းမလိုချင်ဘူး)
    အခွင့်အရေးတန်းတူမရဘူးဆိုတာ အစိုးရနဲ့ပတ်သတ်တဲ့နေရာတွေမှာဖြစ်မယ်
    (တခြားနေရာတွေမှာလည်းခွဲခြားမှုတွေရှိနိုင်ပါတယ်)
    (ဒါပေမယ့်ခွဲခြားမှုက တဘက်သတ်မဟုတ်နိုင်ပါဘူး)
    (ဗမာကတခြားတိုင်းရင်းသားကို- တခြားတိုင်းရင်းသားကဗမာကို ခွဲခြားတာလည်းဖြစ်နိုင်ပါတယ်)
    (ဒါတကယ့်အပြင်လောကမှာ ဖြစ်နေတာပါ အဓိကကတော့ လူမျိုးဆိုတာထက် အာဏာ၊ ငွေကြေးနဲ့ အသိုင်းအဝိုင်း စသည်ဖြင့် မြင့်မားတဲ့သူတွေဘက်က နိမ့်ပါးတဲ့ဘက်ကို ခွဲခြားဆက်ဆံကြတာပါ)
    အာဏာကိုအလွဲသုံးစားလုပ်ပြီး အုပ်ချုပ်ရေးစံနစ်မကောင်းရင် ဒီလိုအဖြစ်မျိုးတွေကရှိနေဦးမှာပါ
    ဗမာတွေအများလည်းတခြားတိုင်းရင်းသားတွေလိုပါပဲ အကြောင်းအမျိုးမျိုးနဲ့ နစ်နာနေကြရတာပါ
    အခွင့်ထူးခံဗမာတွေနဲ့ ဖိနှိပ်ခံ ဗမာတွေအရေအတွက် ရာခိုင်နှုုံးဘယ်လောက်စီရှိလည်းတော့
    ကျနော်လည်းမသိဘူး
    ဒါပေမယ့် ကျနော်တို့ကျတော့ ဖိနှိပ်လည်းခံရသေးတယ်
    ရက်စက်တဲ့လူမျိုးတွေလို့အပြောခံရသေးတယ်
    ကိုယ်တိုင်ရွေးချယ်ခွင့်မရလို့ ဗမာတိုင်းရင်းသားအဖြစ် လူဖြစ်ခဲ့ရတဲ့အတွက် ကိုယ်ကလည်းဘာမှ
    မကျူးလွန်ခဲ့ရတဲ့အပြစ်တွေရှိလာတော့ ရင်နာမိတယ်
    (စိတ်ဒဏ်ရာရတယ်လို့ထင်တယ်)
    အဲဒီတော့ဘာလုပ်ရမလဲ

  • aungnng87

    April 15, 2012 at 11:43 am

    တခုလောက်မေးချင်လို့ င်္FR ရေ..အင်္ဂလိပ်ကြီးရော မြန်မာပြည်ကြီးကို အုပ်စိုးခဲ့ တဲ့အတွက်တောင်းပန်ခဲ့ဘူးလားလို့မေးချင်တာပါ။ အခုဝန်ကြီးချုပ် မြန်မာပြည်ကိုလာတာမှာရော မြန်မာပြည်ကိုတောင်းပန်တဲ့အကြောင်းမကြားမိဘူးလားလို့…။

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 15, 2012 at 1:08 pm

      ဒီလိုသွားတယ် မိတ်ဆွေရ
      အမှန်ကတော့ ဒီအဖိုးကြီးက ( အရပ်စကား ) တမင်သက်သက် ဖင်ယားပြီးရေးတာ
      ဒါပေမယ့် ဒါကိုကျုပ်တို့က ကြိုဆိုရမှာ
      တော်တော်စိတ်ပျက်စရာကောင်းသွားတာက
      အခြားတိုင်းရင်းသားတွေဖက်ကနေ ကိုယ်ခြင်းစာမပေးကြဘဲနဲ့
      ကိုယ်ခြင်းစာစိတ်နဲ့ အားနည်းသူဖက်က ရပ်တည်သူက
      နွားကိုလုံးလုံးဖြစ်ရော 😀
      ကျုပ်ပြောတာကို နားလည်တဲ့သူမှနားလည်နိုင်မှာ
      ကဲဗျာ
      အဲ့သည်အဖိုးကြီးက အမှန်သာ လူမျုးိရေး အယူသီးသူဖြစ်ကြည့်
      ကျုပ်တို့က သူ့ကို မုန်းရမလားဗျ
      ဒီပိုစ့် ရဲ့ကော်မန့်တွေမှာ သဘောထားကြီးတဲ့
      သူရဲကောင်းဆန်တဲ့ ကော်မန့်က ခပ်ရှားရှားဘဲ
      ဘယ့်နယ့် အသိတရားရှိတယ်လည်းပြောသေးတယ် ကိုယ်မှ ကောင်းတယ်လို့
      ဆိုပြီးဖြစ်နေတာလေး ဆင်ခြင်ကြဗျာ

  • alinsett

    April 15, 2012 at 11:55 am

    တွေးစရာတွေ..ရော..ကွန်မန်းတွေပါ…တစ်ပုံကြီး..ဖတ်လိုက်ရတဲ ့ပိုစ့် အတွက်.ကျေးဇူးပါပဲ..။

  • Lwin Aung

    April 15, 2012 at 1:38 pm

    I totally reject to the above letter. Don’t should use/ blame all of bamar national. Generally, we are/were not policy makers. Rude words are described to your standard. Blame is very easy with nonsense .
    About ancient landmark matter, I know according to the ancient law, King of conqueror take all territories of defeated king such that Myanmar’s king, Thibaw’s territory pushed to British emperor.
    About the KIO matter, military’s outposts is very near to Laiza within 120 mm or 150 mm motor range but military doesn’t use of attacking because of political change and kachin refugees . KIO’s head quarter moved to Laiza because their leaders intend to go to china as the refugee If the war is defeated. It is liked that other groups.
    Actually mutual sides must patient and go to negotiation table because Myanmar’s resources such as teak, jade, gas, gold, girls and others give with lowest price to near countries ( Myanmar nationals got only ammunitions ) and under developing will be long and long.

  • aungmyintmyat

    April 15, 2012 at 4:03 pm

    ရွာသား အသစ်လေးပါ
    ရွာထဲဝင်ချင်တာလည်း မန့်ပေးချင်တာကြောင့်ပါ အစက လာပြီး လေ့လာဖတ်ရုံလေ အဲဒီတုံးက သတင်းတွေ၊ဘာတွေရယ် ဝန်ကြီးဌာနက သတင်းတွေလောက်ပဲဖတ်ပြီး ကျေနပ်စွာနဲ့ ရွာထဲက ပြန်လာတာ။ အခုတော့ လူမျိုးရေးတွေပါလာလို့ မန့်ပေးချင်တာနဲ့ ရွာသားလုပ်လိုက်တာပါ။ ကြိုဆိုတယ်မလား။
    ကဲ မိတ်ဆက်ပြီးသွားပြီ ဝင်ဖောပြီနော်။ အဘ အဘ နဲ့ သုံးတက်တဲ့ ဦးFR ကို ပြောဦးမယ်ဗျာ မှားတာရှိရင် ခွင့်လွှတ်နော်။ အခု ဒီပို့စ် ကိုဖတ်ရင်နဲ့ တော်တော်လေး စိတ်ဝင်စားသွားတယ်။ အကုန်လုံးလည်း ဆိုင်ရာဆိုင်ရာ ဥပမာတွေပေးပြီး ရှင်းသွားကြတယ်။ အဲဒီမှာ သရက်သီး ဥပမာလေးကို နည်းနည်းလောက်ဆွေးနွေးချင်လို့နော်။ ကဲဗျာ ခင်ဗျားအိမ်က စားမကုန်နိုင်လောက်အောင် ပေါနေတဲ့ သရက်သီးတွေကို ကျွန်တော့် အကိုက မတရားယူပြီး ခိုးရောင်းတယ်ဆိုပါစို့နော်။ အဲဒါကို ခင်ဗျာရဲ့ နိုင်ငံတကာဗဟုသုတကြီးဗန်လောက်နဲ့ ကျွန်တော့်ကို သူခိုးလို့ပြောမှာလား။ ကျွန်တော်အကိုကို သူခိုးလို့ ပြောမှာလား။ ဘယ်သူကရော ရော်ပေးရမှာတုန်း။ ကျွန်တော့်အကိုလုပ်တာမို့လို့ဆိုပြီးတော့ ကျွန်တော်ဘက်ကတောင်ပန်းပါတယ်ဆိုတာကလွဲပြီး ကျန်တာတော့ မတက်နိုင်လောက်ဘူးလေ။ ဘာဖြစ်လို့လည်း ဆိုတော သူ ခိုးလာတဲ့အသီးတွေ အကုန်လုံး သူပဲရောင်းစားတာလေ ကျန်တဲ့ ဗမာဆိုတဲ့ သူ့ညီတွေ၊ ညီမတွေ တယောက်မှ မစားရတာ။အဲဒါကို ခင်ဗျားကြီးက ကျွန်တော်တို့ကျန်တဲ့ မောင်နှမတွေကို ရွာထဲမှာ အောင်မြင့်မြတ်တို့ တမျိုးလုံး သူခိုးလို့ အော်နေမှာလား။ စဉ်းစားပေါ့။ ခင်ဗျားကြီးက ဘာပဲပြောပြောအခွင့်ထူးခံ သဘောင်္သားကြီးဆိုတော့ နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ အပြင်ထွက်ကြည့်လာတာလေ။ သားတို့က ရွာထဲက ဓလေ့အတိုင်းပဲသိတယ်။ ခံစားရတဲ့သူတွေကို မစာနာလို့ မဟုတ်ပါဘူးဗျာ။ ကျွန်တော့် ဥပမာထဲကလို အကိုဖြစ်သူခိုးရောင်းတာကို ညီ၊ညီမတွေကို( အမျိုးတော်တယ် ဆိုတဲ့ ပုဒ်မ၊ လူမျိုးတူတယ် ဆိုတဲ့ ပုဒ်မနဲ့) သူခိုးလို့ ထင်နေမှာ ဆိုးလို့ ဖြေရှင်းတဲ့ စာကလေးပါဗျာ။ မှားတာရှိရင် ခွင့်လွှတ်၊ လွန်တာရှိ ဝန္တမိပါ ဗျာ။ (အကြံပြုချက်။ ။ခင်ဗျားအိမ်က သရက်သီးခိုးတာမကြိုက်ရင် နောက်တခါလာခိုးရင် စိတ်ကြိုက်တာ လုပ်ပစ်လိုက်နော် အဘ။ နောက်ပြီးမှ သရက်သီး အခိုးခံရလို့ဆိုပြီး လူကြီးတန်မဲ့ ရွာထဲမှာ အော်ကြီးဟစ်ကျယ် လာမနှိပ်စက်နဲ့။ မကြိုက်ရင် ဒဲ့ရှင်း။ ရေးရင်း ရေးရင်းနဲ့တော်တော်လေးတောင်များသွားပြီ။ သူကြီးခင်ဗျား ကျွန်တော်ပေးတဲ့ အကြံလေး ကောင်းရင်၊ မကောင်းရင် တခုခုလေးတော့ မန့်နော်။ ရွာသား အသစ်လေးကို ပစ်မထားနဲ့ဗျ။

    • Foreign Resident

      April 19, 2012 at 10:25 am

      ” ကျွန်တော့်အကိုလုပ်တာမို့လို့ဆိုပြီးတော့ ကျွန်တော်ဘက်ကတောင်ပန်ပါတယ်ဆိုတာကလွဲပြီး
      ကျန်တာတော့ မတက်နိုင်လောက်ဘူးလေ ”

      အဘ ကလည်း တောင်းပန်တာကိုပဲ လိုချင်တာပါ ။
      မတောင်းပန်ရင်တော့ ကမာ္ဘက လက်ခံထားတဲ့ စံနှုန်းတွေအရ
      ” ရိုင်းတယ် ” လို့ အပြောခံရမှာပဲ ။

      အဘ အပေါ်က ” အမတ်ဒိန် ” ရဲ့ Comment မှာ
      သေချာ ရှင်းပြထားတယ်လေ ။
      ” သေချာပြန်ဖတ်ကြည့်ပါအုန်း အမတ်မင်း ရဲ့ Condition ၂ ခုပါပါတယ်
      ၁ ။ တိုင်းရင်းသားတွေ အပေါ် အမှားတွေ ကျူးလွန်ခဲ့မိပြီ ဆိုတာကို သိနားလည်သွားပြီးနောက်
      ၂ ။ မိမိတို့ လူမျိုးများ ကျူးလွန်မိတဲ့ အမှားများအတွက် ပြန်မတောင်းပန် လိုသူများကိုသာ ဆိုလိုတာပါ ”

      အဲဒီထက်ပိုပြီး လူ့ယဉ်ကျေးမှု ဆိုတာကို သိချင်ရင် ၊
      ” တို့မြေ / တို့ရေ / တို့မန္တလေး နှင့် ယုတ်ယုတ်များ ” ဆိုတဲ့ Post မှာ
      —http://myanmargazette.net/112477/business-economy/complaint-claim—
      အဘ ကနေပြီး San Di ဆိုတဲ့ သမီးလေးကို တောင်းပန်ထားတယ်လေ ။
      ” တောင်းပန်ပါတယ် သမီးရယ် ” တဲ့ ။
      သူမ ကို ဘတ်စကားပေါ်မှာ ဟိုကိုင် ဒီကိုင် လုပ်တာ အဘ မှမဟုတ်တာ ။
      အဘ ဘာကြောင့် သူမ ကို တောင်းပန်ထားတယ် ဆိုတာ ၊
      တစိမ့်စိမ့် တွေးကြည့်ကြပါအုန်း ။

  • aungmyintmyat

    April 15, 2012 at 4:51 pm

    ဦးဦး FR ကြီး သားသားအားနေလို့ စိတ်ရှိလက်ရှိ မန့်ဦးမယ်နော်။ သည်းညည်းခံဖတ်ပေါ့။ မဆော်ချင်ပါဘူး ပါးပါးလေးပါ။ အဘ ဗမာတွေက မှားတာလုပ်ထားတယ် လို့ပြောတယ်နော်။ ပြီးတော့ တောင်းပန်ရမယ်လို့ ပါသေးတယ်နော်။ အင်း ဟုတ်ပြီ အဘရေ ဗမာ လူထုတရပ်လုံး အစားတောင်းပန်မယ်ရမလား။ ရတယ်ဆိုရင် အဘကို မတောင်းပန်ခင် မေးစရာလေးတွေ မေးဦးမယ်နော်။ စိတ်လိုလက်ရ ဖြေပေးပါနော်။
    မေးခွန်း(၁)။ ။ရခိုင်တွေကရော ဗမာတွေပေါ် မည်သည့် ကျုးလွန်မှု့မျှ မရှိခဲ့ပါသလော။
    မေးခွန်း(၂)။ ။စစ်ရှုံးသောနိုင်ငံကို အနိုင်ရသောနိုင်ငံက တောင်းပန်သော ဘုရင်ရှိခဲ့ပါသလော။
    မေးခွန်း(၃)။ ။ဟံသာသတီသာ အဲဒီကတည်းက အောင်နိုင်ခဲ့သော နိုင်ငံဖြစ်ခဲ့လျှင် အဘ ဘာလုပ်မည်နည်း။
    သေသေချာချာ စဉ်းစားနော် ဘာလိုပလည်းဆိုတော့ ခင်ဗျားက နိုင်ငံတကာ အတွေ့အကြုံတွေရှိလို့နော်။ အပြင်ထွက်လေ့လာထားတဲ့လူပဲ မိုင်နာပဲနေမှာပါနော်။ အဖြေကို မြန်မြန်လေး ပြန်မန့်ပါနော်။

    • Thiri Tun

      April 15, 2012 at 7:07 pm

      ဒီဆောင်းပါးကို တစ်ချက်ချင်း ပြန်လည်တုံ့ပြန်ဖြေရှင်းထားတဲ့ အောက်ပါ လင့်ခ်ထဲက ဆာင်းပါးလေးကိုလည်း ဖတ်ကြည့်ပါဦး။

      http://myanmargazette.net/114750/arts-humanities/history-museums

      ပွင့်လင်းတဲ့ နှစ်ဘက်အမြင်တွေ သိရတာပေါ့။

    • Foreign Resident

      April 19, 2012 at 10:12 am

      ကိုရင်မေးထားတာတွေ အားလုံးလောက် နီးနီးဟာ
      စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )
      ထဲမှာ ပြန် ရှင်းထားပါတယ်ကွယ် ။ ဖတ်ကြည့်ပါအုန်း ။

  • သဲနှင်း အိမ်

    April 15, 2012 at 6:50 pm

    အဘဖောက သိပ်ကြိုက်မှာ မဟုတ်ပေမယ့် ကျမကတော့ တစ်ချက်ချင်း ပြန်လည်ချေပထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်စေချင်ပါတယ်။

    http://myanmargazette.net/114750/arts-humanities/history-museums

    • Foreign Resident

      April 19, 2012 at 10:10 am

      မ သဲနှင်းအိမ် ပြောတဲ့ တုန့်ပြန် ဆောင်းပါးကို အဘ ဖတ်ပြီးပါပြီကွယ် ။
      ဆင်ခြင်တွေးခေါ်ပေးစရာ တစ်ချက် နှစ်ချက် ရှိသော်ငြားလည်း ။
      အတွေးအခေါ် Idea ကို ၊ အတွေးအခေါ် Idea နှင့်တုန့်ပြန်ထားတဲ့ ဆောင်းပါး မဟုတ်ပဲ ။
      ပုဂ္ဂလိက တိုက်ခိုက်မှု ဆန်ဆန် တင်ပြထားတာ ဖြစ်တဲ့ အတွက် ။

      အဘ အနေ နှင့် အဲဒီ ဆောင်းပါးကို ပြန်လှန် ဆွေးနွေးမှာ မဟုတ်ပါဘူး ။
      အဘ ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကလည်း အဲလောက်အထိ ခွင့်မပြုဘူးကွယ့် ။

      အဘ ကို ပြန်လှန် ဆွေးနွေး စေချင်တယ် ဆိုရင်တော့ ။
      ပြန်လှန် ဆွေးနွေးဖို့ အဆင့်အတန်းမှီတဲ့ ၊ ပုဂ္ဂလိက တိုက်ခိုက်မှုမပါတဲ့ ၊
      ပညာရှိဆန်ဆန် ၊ လူယဉ်ကျေးဆန်ဆန် ၊ ဆောင်းပါးမျိုး ပြန်ရေးတင်ဖို့ လိုပါတယ်ကွယ် ။
      ( ဒါတောင်မှ အဲဒီဆောင်းပါးရေးသူက ၊ ရေးသားပုံမှားယွင်းမိကြောင်း ဝန်ခံသင့်တယ် ထင်တယ် )

      တစ်ခုတော့ ပြောမယ်နော် ၊ အယူအဆတွေ ကွဲလွဲသော်ငြားလည်း ၊
      ဆဲဆိုတဲ့အထိ မရိုင်းစိုင်းခဲ့တာကို ၊ အဘ အသိအမှတ်ပြုပါတယ် ။

      နောက်တစ်ချက်က ၊
      မျက်စိ အပိတ်ခံ မှိုင်းတိုက်ခံ ထားရသော်ငြားလည်း ၊
      တိုင်းရင်းသား ညီအစ်ကိုများ ဆိုတဲ့ ၊
      စိတ်ရင်းမှန်လေးကို နဲနဲ မြင်နေရတဲ့ အတွက် ၊
      ” ရေးသားပုံ မကျွမ်းကျင်လို့ ” မှားယွင်း တာလို့ပဲ
      အဘ ကတော့ သဘောထားပေးလို့ ရပါတယ် ။

      အဘ ရဲ့
      စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) နှင့်
      စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) တို့ကို ပြန်ဖတ်ကြည့်ပါဦး ။

      ပုဂ္ဂိုလ်ရေး ရေးထားတာ မပါဘူးနော် ။ သတိထားမိမှာပါ ။
      သင်္ခန်းစာ ယူနိုင်ကြပါစေကွယ် ။

  • Thanlwinoo

    April 19, 2012 at 5:45 pm

    အဘဖောရေ..
    ကျွန်တော်လည်း ဒီရက်ထဲခရီးထွက်နေလို့ ဒီနေ့မှ MG ဝင်ကြည့်မိတယ်..။
    Comment အရေအတွက် ၁၀ဝ ဆိုလို့ အံ့အားသင့်ပြီး ဝင်ကြည့်လိုက်တော့ ရဲရဲတောက်နေလို့ အဘအတွက် စိတ်မကောင်းပါ… ဟဲဟဲ..။
    တစ်ချို့စကားလုံးခပ်ပြင်းပြင်းလေးတွေကလွဲရင် ကျေနပ်စွာထောက်ခံပါတယ်..။
    (အဘရဲ့စေတနာကိုလည်း နားလည်ပြီးသားပါ..)
    ကျွန်တော်တို့တွေလည်း ကိုယ်ချင်းစာနာစိတ်တို့၊ Lateral Thinking တို့ လက်တွေ့လုပ်ဖို့ လိုသေးတယ်လို့ထင်ပါတယ်…။

    • Foreign Resident

      April 19, 2012 at 6:26 pm

      ကို Than lwin oo ရေ

      ” တစ်ချို့စကားလုံးခပ်ပြင်းပြင်းလေးတွေကလွဲရင် ”
      တစ်ခါတစ်လေကျရင်လည်း ၊ အိပ်ပျော်နေသူကို ရေ နှင့် ပက်နှိုးဖို့ လိုတယ်လေ ။

      ” Comment အရေအတွက် ၁၀ဝ ဆိုလို့ အံ့အားသင့်ပြီး ”
      မှန်တာပြောရရင် ၊ MG မှာ Topic ခေါင်းစဉ် တစ်ခုကို ၊
      လေးလေးနက်နက် ပြင်းပြင်းထန်ထန် ဆွေးနွေး ပြီး
      Comment တစ်ရာကျော်တာ ဆိုလို့ ၊ အဘ ရဲ့ Post တွေပဲ ရှိသေးတာပါကွယ် ။
      ဒါတောင်မှ သူကြီးက ဘာဆုလေးမှ ချမယ် စိတ်မကူးဘူး ။ ရင်နာတယ်။

      ” အဘရဲ့စေတနာကိုလည်း နားလည်ပြီးသားပါ ”
      ဆိုတာ အတွက်ကတော့ ၊ ကျေးဇူးပါပဲကွယ် ။

  • la thit

    April 19, 2012 at 8:30 pm

    အဘ ဖောရဲ့ရေးသားချက်ကို တိုင်းရင်းသားစစ်စစ်များသာနားလည် နိုင်ကြပါမည် (ဒီထက်မမန်.တတ်သောကြောင့် ဒီမျှှသာ )

  • NAJA

    April 19, 2012 at 9:33 pm

    ကျွန်တော် ပုဂ္ဂလိကဆန်တဲ့ ကွန်းမန့်တွေမပေးဖြစ်အောင်ထိန်းကြည့်နေပေမဲ့… အခုတော့ နဲနဲပြောကြည့်ချင်တယ် အဘဖောရေ

    ကျွန်တော် ဂေဇတ်ရဲ့စာဖတ်သူသက်သက်ပါ…
    ဖတ်လာတဲ့အချိန်တစ်လျှောက်လုံးမှာ အဘဖော ပို့်စ်တွေမရေးခင်ကနေ ကွန်းမ့န်တွေကိုတောင် အလွတ်မပေးပဲဖတ်ဖြစ်ခဲ့ပါတယ်… အကြောင်းအရာတစ်ခုကို သုံးသပ်ကြပြီဆိုလျှင် သဂျီးနဲ့ အဘဖော ရဲ့ ကွန်းမန့်တွေကို ထိပ်ဆုံးကနေ သဘောကျလေ့ရှိပါတယ်… ရံဖန်ရံခါ ကျွန်တော်တို့ ပြောတဲ့စကားဝိုင်းတွေထဲ အကိုးအကားအဖြစ်အထိပါ အရေးပါပါတယ်…

    ဒီပိုစ့်ကို ဖတ်ဖတ်ချင်းကတည်းက အဘဖောရဲ့ feedback သဘောအကြံကို ရိ်တ်မိပါတယ်.. သို့သော် အထက်မှာပြောသလိုပဲ စကားလုံးတွေက အားပြင်းနေလေတော့ အဘဖောအကြောင်းမသိသူတွေတော့ နာကြဦးမယ်လို့လဲမှန်းမိခဲ့ပါတယ်.. ထင်သလိုလဲဖြစ်လို့အခု အနီတွေရဲရဲတောက်နေတာတွေ့တော့ စိတ်မကောင်းပါ… စဉ်းစားကြစေလိုပါတယ် (၁၉) မှာ အဘဖောရဲ့ စိတ်ရင်းကိုဖွင့်ပြောတော့တာတောင် မယုံကြည်နိုင်ကြသလိုမြင်ရတဲ့အတွက် ရှေ ့နေလိုက်တယ်ဆိုဆို အားပေးတယ်ဆိုဆို.. အခု ပဂ္ဂိုလ်ရေးဆန်ဆန်ကွန်းမန့်ဝင်ပေးတာပါ…
    သို့သော် တစ်ကယ့်ရွာသားကြီးတွေပျောက်နေတာထောက်လျှင်တော့ အဘဖောရဲ့ရည်ရွယ်ချက်ကိုသိကြပုံရပါတယ်…
    ကျွန်တော်ကိုယ်တိုင်လဲ အဘဖောလူမျိုးရေးခွဲခြားတဲ့စိတ် နဲနဲမှမရှိဘူးဆိုတာယုံကြည်ကြောင်း ဝင်ပြောတာပါအဘဖောရေ…
    ကိုဘုန်းကျော်ရဲ့ ဖားပို့စ်က ထွက်ထားတာမကြာသေးတော့ အခုလိုဝင်ပြောရတာတောင် မသိုးမသန့်ရယ်ဗျာ… ဒါပေမယ့်ကျွန်တော်လဲ စိတ်ထဲရှိသလိုပဲဗျို ့တတ်နိုင်ဘူး..
    အဘcaptain ကြီးကို ဖားတယ်ထင်လဲထင်ကြစေတော့…

    • Foreign Resident

      April 20, 2012 at 4:57 am

      ကို NAJA ရေ
      ပထမဦးဆုံး အနေနှင့်ကတော့ ကျေးဇူးတင်ပါတယ် လို့ပဲပြောရမှာပေါ့ ။

      ဗဟုသုတ အနေနှင့် တစ်ချက်လေး ကွန့်ပါရစေနော် ။
      ” သဂျီး နဲ့ အဘဖော ရဲ့ ကွန်းမန့်တွေကို —– ကျွန်တော်တို့ ပြောတဲ့စကားဝိုင်းတွေထဲ
      အကိုးအကား အဖြစ် အထိပါ အရေးပါပါတယ် ”

      အမှန်တော့ ကျနော် နှင့် သဂျီးက တော်လွန်းလှတာ မဟုတ်ပါဘူး ။
      အခြေချနေထိုင်တဲ့နေရာ ကွာသွားလို့ပါ ။ ( မြန်မာပြည် ပြင်ပ )

      ကျနော် ရဲ့ စဉ်းစားကြစေလိုပါတယ် (၁၉) မှာရေးထားသလိုပါပဲ ။
      တကယ့် တရားမျှတ လွတ်လပ်တဲ့ နိုင်ငံတွေမှာ ( စင်္ကာပူ ၊ မလေး ၊ ထိုင်း မပါ )
      နှစ်ပေါက်အောင် အခြေချနေထိုင်ပြီး ပညာသင်ကြားခဲ့တဲ့အခါ
      ( မသိမသာ တဖြေးဖြေး ရင်ထဲကို တစိမ့်စိမ့် ဝင်လာပြီး )
      တရား မျှတမှု နှင့် လူ့အခွင့်အရေး ရဲ့ အဓိပ္ပါယ်ကို
      ( မြန်မာပြည်က ဦးနေဝင်း မှိုင်းတိုက်ခံ ခဲ့ရတဲ့ ပြည်သူ အများစုလို မဟုတ်ပဲ )
      တိတိကျကျ နားလည် သဘောပေါက်သွားရတာပါ ။

      ဥပမာလေး တစ်ခုပေးရရင်
      ဩဇီမှာ မယားခိုးမှု ( Adultery ) ဆိုတာ မရှိပါဘူး ။
      ရှင်းရှင်းလေးပါ သူမ ရဲ့ ကိုယ်ပိုင် ပစ္စည်းကို
      ပုဂ္ဂလိက / နိုင်ငံတော် / ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ
      ဘယ်ဟာကမှ လာပြီး ချုပ်ချယ် ကန့်သတ်ခွင့် မရှိပါဘူး ။

      ကိုရင် သတိထားမိမှာပါ
      ရွာထဲမှာ နိုင်ငံရပ်ခြားကိုရောက်နေတဲ့သူတွေရဲ့ အတွေးအခေါ်တွေဟာ
      သာမန် မြန်မာပြည်မှာ နေထိုင်သူတွေထက်စာရင်
      သိသိသာသာ ပြောင်းလဲနေတယ် ဆိုတာကိုပါ ။

      အဘ လို နှစ်ပေါင်း နှစ်ဆယ်ကျော် နိုင်ငံတကာလှည့်သွားနေတဲ့
      ပညာတတ် ( အထင် ) သင်္ဘော ကပ္ပတိန်တောင်
      ဩဇီမှာ အခြေချနေထိုင်လိုက်တဲ့ အစပိုင်း နှစ်တွေမှာ
      Culture & Ideology shock ရခဲ့ပါတယ် ။

      လိုရင်းချုပ်ရရင်
      ကို NAJA တို့လည်း ဒီနိုင်ငံတွေမှာ လာရောက် အခြေချနေထိုင်ဖြစ်ခဲ့ရင်
      ကို NAJA တို့ဟာ အဘ တို့ထက် အများကြီး သာသွားမှာ သေချာပါတယ်ကွယ် ။

      အဘ လည်း ရေးရတာ မျက်လုံးတွေညောင်းပြီး
      ဦးနှောက်တွေလည်း ခန်းခြောက်သလောက် ရှိနေပါပြီ
      ကိုရင်တို့ပဲ MG ကိုရှေ့ဆက် တာဝန်ယူကြပါတော့ကွယ် ။

  • မိုးတိမ်

    May 11, 2012 at 9:22 pm

    ကျွန်တော် အခါခါဖတ် ပြန်စဉ်းစားရင်းနဲ့ မနေနှိုင်တော့လို့
    ဝင်ပြောရတာပါဗျာ။အဘ စာတွေကိုဖတ်ရင်း အရင်ထဲက
    လေးစားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့လို နိုင်ငံခြား
    မရောက်ဖူးသေးတဲ့ ငတုံးတွေကတော့ အဘလောက်အမြင်
    မကျယ်ပါဘူးခင်ဗျား။ဒါပေမယ့် မြန်မာဟာမြန်မာပါ။
    သိပ်စိတ်ထဲနာစရာတွေမပြောချင်တော့ပါဘူး။
    အဘတို့ ဩစီ မှာလွပ်လွပ်လပ်လပ်နဲ့ ပျော်ပျော်နေပါ။
    မြန်မာ(ဗမာ)မှာ မလွတ်လပ်ဘူး ချုပ်နှောင်တယ်ထင်တဲ့
    အဘရေ အခြားနိုင်ငံမှာ ဖိနှိပ်မုှ့တွေ ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။
    ဗမာနိုင်ငံလောက် သဘောထားကြီးစွာ လူလူချင်း စာနာတဲ့ လူမျိုးရှိရင်
    ပြောပြပါအဘ။ခေါင်ဆောင်တွေမဟုတ်ပါ အခြေခံလူတန်းသားတွေကို
    ပြောနေတာပါ။ကျွန်တော်လဲ အခြေခံလူူတန်းစားပါဗျာ။အနီးစပ်ဆုံး အန္ဒိယ
    ကိုကြည့်ပါ။စောက်သုံးမကျလို့ နာဂဒေသတစ်ချို ့ပေးခဲ့ရပါတယ်။ကုလားတွေက
    အဲဒီနာဂတွေကို ရပြီး တန်းတူအခွင့်ရေးပေးနေတယ်လို့ အဘပြောရဲလား။ဟဟ
    ပညာတတ်တောင်ခွဲခြားဆက်ဆံတာကိုယ်တွေ့ပါ အဘရယ်။
    ထမင်းတောင်အတူတူမစားချင်ဘူး အရာရှိ ပညာတတ်မို့သာ အော့အီးနေရတာလို့
    ကျုပ်လိုငတုံးကိုပြောသဗျာ။ပြောရရင် အများကြီးရှိသေးတယ်။စိတ်ကုန်လို့ မပြောတော့ဘူး။
    အဘရေ ကြိုက်သလောက်ဆိုးပါ တိုင်းပြည်အတွင်းစိတ်ဝမ်းကွဲအောင် အမျိုးအချင်းချင်း
    ရန်ဖြစ်အောင်မလုပ်ပါနဲ့ဗျာ။။။

Leave a Reply