နားလည်ခြင်းဖြင့်အလှဆင်နိုင်စေ (ညီမလေးဖတ်ဖို့)

htet wayApril 9, 20121min16610

ထက်ထက်မိုးဦးက သတင်းထောက်ပါးကိုရိုက်လိုက်တာ ဒဏ်ငွေ ၁၀၀ဝရိုက်တယ်ဆိုတဲ့သတင်းညီမလေးကြားမှာပေါ့နော်။
တကယ့်ကိုပဲခံပြင်းစရာလို့ ညီမလေးကပြောလိမ့်မယ်။တကယ်တော့ ပြစ်ဒဏ်ကိုထက်ထက်မိုးဦးခံစားလိုက်ရပြီလေ။
ပြစ်မူကင်းရှင်းကြောင်း ပြောတဲ့အခါ ထက်ထက်တစ်ယောက်အပြစ်ရှိဖူးတယ်လို့ဆိုရမယ်။
အရိုက်ခံရသူသတင်းထောက်က ဆက်လုပ်လို့ရနိုင်သေးတယ်လေ။ဂုဏ်သိက္ခာတန်ဖိုး၊..ဥပဒေအရလုပ်နိုင်တာတွေ
ရှိတယ်လေ
ကာလသတ်မှတ်ချက်တော့မကျော်လွန်ခင်လေးမှာလုပ်သင့်တာပေါ့။သို့သော်မလုပ်ကြရင်တော့အကောင်းဆုံးပါပဲ။
ဒီလိုမျိုးလူတစ်ယောက်ကို တစ်ယောက်က ပါးရိုက်လိုက်တယ်။အရိုက်ခံရတဲ့လူက မတိုင်ဘူးညီမလေးရေ၊ပါးရိုက်ခံရတာရှက်စရာပဲလေ
သူခမျာဘယ်လိုစိတ်ခံစားမူမျိုးဖြစ်နေမလဲလို့ အကို စာနာမိတယ်။တရားရုံးကို တက်ဖို့ သူမှာအားမရှိဘူးလေအင်အားက
စကားပြောတယ်ဆိုတာ သူနားလည်ပုံပေါက်တယ်ထင်ပါတယ်။အရိုက်ခံရတဲ့ကောင်လေးက ငြိမ်ခံရှာပါတယ်။ရိုက်သူကဂုဏ်ယူဝင့်ကြွားပြီးနေရာတကာမှာပြောနေတာအကိုကြားတော့ အော်..စာနာမူ၊နားလည်မူ
အကြောင်းအကိုတွေးမိပြန်ပါတယ်ညီမလေး။
ညီမလေးရေ ဘယ်တော့မှ အပေါ်စီးကရလဲတဖက်လူကိုအနိုင်မကျင့်ပါနဲ့။နောက် စောစောက ပြောသလို စာသမားတွေ၊သတင်းသမားတွေနဲ့လည်း ပြဿနာမဖြစ်ပါစေနဲ့ကွယ်။တချိန်မှာ သူတို့ရဲ့ရင်ထဲကအကြောင်းတွေပြောလိမ့်မယ်
စာအဖြစ်တင်ပြလိမ့်မယ်။တခါကပေါ့ အရာရှိကြီးတစ်ယောက်က စာသမားတစ်ယောက်ကို နိပ်ကွပ်ခဲ့တယ်။နောက်သူအဲ့
ဒီမြို့ကပြောင်းတော့ သူ့အကြောင်းတွေစာဖြစ်လာတယ်။သူသားစဉ်မြေးဆက် ဖြစ်ရပ်မှန်အတွက် ခေါင်းမဖေါ်နိုင်ခဲ့ဘူး။
အမှန်တော့ ပြဿနာတစ်ခုဟာနှစ်ဦးနှစ်ဖက်လွန်ကြတာပါပဲ သည်းခံခြင်း နားလည်ခြင်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်စေချင်တာပါ။
အငြိုးအတေးဆိုတာ လောင်စာရန်မီးပါပဲ။
ညီမလေးရေ ကျေးဇူးရှင်တစ်ယောက်ကို ကျေးဇူးတရားအတွက်အမြဲသတိရနေပါလို့အကိုပြောချင်ပါတယ်။ကျေးဇူးရှင်ကို
ကျေးဇူးကန်းတာလောက် ဆိုးဝါးတာမရှိပါဘူး။အကိုတို့ကဒီလိုအကိစ္စမျိုးတွေမှာသတိကပ်ဆင်ခြင်နိုင်ရမယ်လေ။
အကိုတို့တွေဘဝမှာ စိတ်အနှောင့်အယှက်တွေအများကြီးရှိခဲ့ဖူးပါတယ်။ကိုယ်ကတယ်လီဖုန်းပြောလိုက်တာအကြာကြီးတဖက်လူက
လေးလေးစားစားနဲ့နားထောင်နေတယ်။သို့သော်သူ့မှာကတခြားအကြောင်ူကိစ္စအရေးကြီးလို့ နားထောင်ရင်းမတ်တတ်
တခြားလူကို စကားပြောလိုက်တဲ့အသံကြောင့်ဒေါသတကြီးဖုန်းပိတ်လိုက်သူကိုအကိုတွေ့ဖူးပါတယ်။နားလည်စိတ်ကလေးနဲ
့တွေးလိုက်ရင်နှစ်ဦးနှစ်ဖက်မိတ်မပျက်နိုင်ဘူးပေါ့ညီမလေးရယ်။
ကိုယ်ဒေါသကို သတိကပ်နိုင်မှလေ။ကိုယ်က သာမန်လူမဟုတ်ဘူးအများနဲ့ဆက်ဆံရတဲ့လူဆိုပိုဆိုးတာပေါ့။
ကိုယ့်စိတ်အနှောင့်အယှက်ကိုရှေ့တန်းမတင်နဲ့နော်ညီမလေး။
တဖက်လူစကားကိုလည်း နားမယောင်ပါနဲ့ညီမလေး။ တဖက်စကားကိုလည်းဆင်ခြင်မူမဲ့စွာပဲ လိုက်ပါစီးမျောမသွားပါနဲ့။
ကိစ္စတစ်ခုမှာ တဖက်စကားနားယောင်လိုက်ရင် ပြီးတဖက်သတ်ဆုံးဖြတ်လိုက်ရင် အမှားတစ်ခုဟာ
အများကြီးထိခိုက်တတ်ပါတယ်
အထင်လွဲတာဟာတဖက်လူအတွက် အရမ်းခံစားနာကျင်စေတယ်ညီမလေး။ဒါကြောင့်ကိစ္စရပ်တစ်ခုပေါ်မှာခြေခြေမြစ်မြစ်လေ့
လာပါစူးစမ်းပါပြီးမှ ဆုံ့းဖြတ်ချက်ချပါလို့အကိုအကြံပေးချင်ပါတယ်။
ညီမလေးရေ…အောင်မြင်ချင်တဲ့လူတွေချည်းပါပဲ။အောင်မြင်ချင်တဲ့စိတ်ရှိတာကောင်းပါတယ်ကွယ်။နေရာယူချင်တဲ့စိတ်
ကိုတော့ ဆင်ခြင်ပါနော်။ပွဲ့လန့်ပြီးဖျာခင်းတတ်တဲ့လူတွေထဲညီမလေးမပါစေနဲ့လို့ အကိုသတိပေးချင်ပါတယ်။အများနဲ့ဆိုင်တဲ့ ကိစ္စတွေဆောင်ရွက်ချင်ရင် အောင်မြင်အောင်ဆောင်ရွက်ပါ။အများအကျိုးထမ်းရွက်တာကောင်းသလို စုပေါင်းလုပ်ရတဲ့အခါ သည်းခံနိုင်မှတော်ရုံကျတာပါ
စိတ်သဘောရင့်သန်မှဖြစ်မယ်ညီမလေး။စိတ်နုနေရင် သဘောထားသေးသိမ်နေရင် ညီမလေးတန်ဖိုးမဲ့မှာပေါ့
လူမှာအရေးကြီးဆုံးကသဘောထားကြီးမူ၊ပြည့်ဝမူပဲညီမလေးရယ်။
နေရာရမှ ဒီ အလုပ်လုပ်မယ်ဆိုရင် ဘယ်လိုလုပ်ဖြူစင်မူရှိနိုင်မလဲ။အရွေ့ဖြစ်ဖို့ အလုပ်စတဲ့အခါ ဘယ်နေရာဖြစ်ဖြစ်
ကျရာတာဝန်ကျေပါစေကွယ်။ငါကတော့ ခေါင်းဆောင်ပဲဆိုပြီး ကိုယ်အတွေးနဲ့ ကိုယ်တဖက်လူကို ဩဇာပေးအနိုင်ယူတာ ရွံ့ဖို့ကောင်းတယ်ညီမလေး။ဒီတော့ ညီမလေးဘယ်တော့မှ အနိုင်ကျင့်စိတ် မမွေးမိပါစေနဲ့ကွယ်။
တခါတုန်းက အကိုခရီးသွားတော့ ကားလက်မှတ်ရောင်းတဲ့အမျိုးသမီးလေးကို ပိုက်ဆံရှိတဲ့အမျိုးသမီးကြီးကပြောဆိုနေတာအကိုတွေ့မိတယ်။
မှာထားတဲ့လက်မှတ်ကနောက်ရောက်သွားလို့တဲ့။တကယ်တော့ ပေးထားတဲ့လက်မှတ်က ဆရာတော်ကြွလာလို့ နောက်ပေးလိုက်ရတာပါ။ဒါကို ဒီအမျိုးသမီးကြီးက ဗျစ်တောက်ဗျစ်တောက်ပြောနေတာပါ။
ဆရာတော်နေရာကိုရောင်းတဲ့ လက်မှတ်ရောင်းမှားတာပါ။အဝေးပြေးကားတွေမှာဖြစ်တတ်တဲ့ကိစ္စတွေပေါ့။သို့သော်လည်း နားလည်မူလေးနဲ့ ခရှီးဆက်ကြရင်ပျော်စရာပဲလေ။ကိုယ်လည်း ဘာသာတူတစ်ယောက်ပဲလေ။
အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဆို သူ့ယောက်ကျားအပေါ်သိပ်နားလည်တာတွေ့ဖူးတယ်။ပြန်ချိန်နောက်ကျနေရင် မအိပ်ဘဲစောင့်တယ်။တံခါးဖွင့်ပေးတယ်။ပြီးမှ အကို ဘာကြောင့်နောက်ကျတာလဲဟင်လို့ သာယာတဲ့အသံနဲ့မေးတယ်။ပြီးမှ
နောက်ဆိုစောစောပြန်လာနိုင်အောင်ကြိုးစားပေးပါလားလို့မေတ္တာရပ်ခံတဲ့ သဘောပြောတယ်။အရက်မူးလာရင်လည်း
ပြုစုရှာပါတယ်
အမူးပြေမှ အေးအေးဆေးဆေးနားချပါတယ်။ဘယ်ခါဖြစ်ဖြစ် အသံမာမာနဲ့ စကားမပြောဘူး။အမြဲတမ်းပဲသူ့
ယောက်ကျားကျေးဇူးကိုဖေါ်ထုတ်ပြောရှာပါတယ်။
နောက်တစ်ယောက်ကတော့ ချစ်သူရီးစားတွေပါ။ သဲသဲဆိုတဲ့ ကလေးမလေးပါ ကိုမိုးဆိုတဲ့လူနဲ့ချစ်သူတွေဖြစ်ကြပါတယ်
ဖြစ်ချင်တော့ ကိုမိုးက သူ့ကွယ်ရာမှာချစ်သူတစ်ယောက်ထားခဲ့တယ်။တစ်နေ့တော့ တွဲသွားတာ သဲသဲမျက်မြင်တွေ့ပါလေရော
သဲသဲက တစ်ချက်မျက်နှာမပျက်ဘူး ပြုံးပြုံးရွှင်ရွှင်ပဲနုတ်ဆက်ရှာပါတယ်။နှစ်ဦးတွေ့ကြတော့ သဲသဲမှာဆွဲဆောင်မူ စည်းရုံးနိုင်မူမရှိလို့ တဖက်ကို ယိမ်းသွားတာပါ။နောက်ကို မောင့်သဘောကျနေပါ့မယ် မောင်ချစ်အောင်နေမယ်နော်..မောင်။သဲသဲစိတ်မကောင်းပါဘူး
မောင်လည်းတဖက်လူစိတ်မထိခိုက်ရအောင်သတိထားနေပေးပါမောင်။ကိုမိုးက သူမချစ်ဘူးတမင်အပျော်တွဲတာဆိုတော့
မဟုတ်ဘူးမောင် ကိုယ်စိတ်ကျေနပ်ဖို့ တခြားလူကို စတေးတာမကောင်းသလို သူ့ခမျာစိတ်အနာတရဖြစ်သွားမယ် နာမည်ပျက်သွားမယ်။ဒါအရေးကြငီးဆုံးပဲမောင်..တဲ့။ ဘယ်လောက်အေးချမ်းကြသလဲညီမလေးရယ်။ ကိုမိုးနဲ့ သဲသဲမညားခဲ့ဘူး
ဒါပေမယ့်တစ်သက်လုံးကိုမိုးက သဲသဲကို သတိရ အမှတ်ရနေတယ်ညီမလေး။
နားလည်မူဟာအနုပညာပါ နားလည်စိတ်ရှိတဲ့လူဟာ အောင်မြင်တာပဲ နားလည်စိတ်ထားတတ်တဲ့လူဟာ ့လေးစားခြင်းကိုခံရတာပဲ။ဘဝမှာနေရာရတာပါပဲညီမလေးရယ်။ဒါကြောင့် နားလည်စိတ်ကလေးနဲ့
ညီမလေးခရီးဆက်စေချင်ပါတယ်။

လောကမှာသက်မွေးဝမ်းကြောင်းအလုပ်မှာနားလည်စိတ်ကလေးနဲ့ နေထိုင်တတ်ရင် ဘယ်လောက်ပျော်စရာကောင်းမလဲ
အကိုပြောသလို နားလည်စိတ်ထားကြည့်ပါညီမလေး။လောကကိုအလှဆင်ရင်းနဲ့ကိုယ့်စိတ်ကိုလည်းပူးတွဲပြီး
နားလည်မူအနုပညာနဲ့ အလှဆင်ပါလို့ အကိုပြောပါရစေကွယ်။

10 comments

  • htet way

    April 9, 2012 at 8:38 pm

    ကျွန်တော်ရေးတဲ့ ညီမလေးဖတ်ဖို့ဆောင်းပါးဟာ စာဖတ်သူတွေနဲ့
    သဘောထားကိုက်ညီမူရှိချင်မှ ရှိနိုင်မယ်လို့ထင်မိပါတယ်
    ကျွန်တော်ရဲ့အားနည်းချက်ပဲဖြစ်ပါတယ်။
    ကျွန်တော်အယူအဆ ဒဿနတွေဟာ ညံ့ဖျင်းနေခြင်းညဖစ်မှာပါ
    ဒါကြောင့်ဝေဖန်ပါ အကြံပေးပါလို့ လေးစားစွာတင်ပြတောင်းဆိုပါတယ်။

  • Swal Taw Ywet

    April 9, 2012 at 9:30 pm

    Dear Ko Htet Way,
    Very good idea on various point of views.
    I do respect you.
    One Thumb UP.

    Let’s try our best for our mother land by understanding each others.
    With respect,
    Swal Taw Ywet.

  • Thel Nu Aye

    April 9, 2012 at 9:40 pm

    မှန်ပါတယ်ဆရာထက်။ မမှားပါဘူး။ ဆွေးနွေးဖို့တောင်တော်တော်ပြည့်စုံနေပြီမို့ လိုက်နာနိုင်အောင်ပဲကြိုးစား လိုက်ပါ့မယ်။ ဒီလိုလေးတွေထောက်ပြပေးလို့ကျေးဇူးပါ။ ကျွန်မတို့တွေကအမြဲပဲဒေါသရှေ့ထားနေကြမိတယ်။ ဆင်ခြင်နိုင်အောင်ကြိုးစားပါ့မယ်။ လက်မတချောင်းထောင်သွားပါတယ်။

  • အမတ်ဒိန်

    April 9, 2012 at 10:39 pm

    ဆရာထက်ရေ..
    လေးစားစွာ ဖတ်ရှူသွားပါတယ်ဗျာ..
    တယောက်နဲ့တယောက်သည်းခံခြင်းဖြင့်..နားလည်ခွင့်လွတ်မှသာ
    စစ်မှန်သောအေးချမ်းမှုရရှိမယ်ဆိုတာ အပြည့်အဝ လက်ခံပါတယ်ဗျာ..

    “အရွေ့ဖြစ်ဖို့ အလုပ်စတဲ့အခါ ဘယ်နေရာဖြစ်ဖြစ် ကျရာတာဝန်ကျေပါစေကွယ်။”
    အပေါ်က စကားလေးကိုတော့ ကိုဂီဆီက မှတ်ထားမိတဲ့စကားတခွန်းနဲ့ ထပ်တူမြင်မိလို့..နှစ်သက်ပါကြောင်း..
    “အသင်းအဖွဲတိုင်းအတွက် ကျရာနေရာမှစွမ်းစွမ်းတမံ စွမ်းဆောင်ခြင်း..”

    မပြတ်တမ်းအားပေးနေပါတယ် ဆရာရေ..

  • Khaing Khaing

    April 9, 2012 at 10:50 pm

    ကိုထက်ရေ ………. အရမ်းကောင်းတယ်ရှင် ကိုထက်ရဲ့စာကို ဖတ်ချိန်မှာ သမီးမှာ အဲလိုစိတ်ဓာတ် အဲလို အပြစ်တွေများရှိနေလား ကိုယ့်ဘာသာကိုယ်ဆင်ခြင်သုံးသပ်မိတယ် ………. ဘာပဲပြောပြောပါ သမီးသာ အမှားတွေရှိခဲ့ရင် ဆင်ခြင်နိုင်အောင်ကြိုးစားမယ်ဗျာ ………… လေးစားစွာဖြင့်

  • htet way

    April 10, 2012 at 10:07 am

    ဆရာSwal Taw Ywet
    အားပေးတာကျေးဇူးပါ။
    ဆရာမThel Nu Aye
    ဖတ်ရှုပေးတာကို ဝမ်းသာဂုဏ်ယူပါတယ်။
    ဆရာအမတ်ဒိန်ခင်ဗျား သေသေချာချာဖတ်ပြီးဆွေးနွေးတဲ့အတွက်ဝမ်းသာပါတယ်။
    ဆရာမခိုင်ခိုင်ခင်ဗျား
    ကျွန်တော်က ဖြစ်ပေါ်နေတဲ့ မျက်မြင်လေးတွေကို ရေးပြတာပါ အားပေးတာကျေးဇူးပါ

  • etone

    April 10, 2012 at 1:47 pm

    ဆရာထက်ရေ …. ကျန်တဲ့ ကိစ္စအကြောင်းရာတွေတော့ ဆရာထက်နဲ့သဘောထားခြင်း တိုက်ဆိုင်ပေမယ့် … အောက်ဆုံးက …. အမျိုးသမီး နှစ်ယောက်ရဲ့ စိတ်အကြောင်းကတော့ ….( ကျွန်မအတွက် ) လက်ခံရခက်ပါတယ် …. ။

    အဲ့ဒီလို အမျိုးသမီးတွေ ရှိပါတယ် … ။ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်တယ်ဆိုတဲ့စကား …. သူတို့တွေအတွက် ဖန်ဆင်းခဲ့လေသလားပဲ … ။ သူလင် သူမယား ၊ သူတို့ ချစ်သူတွေကြား ဘယ်လို သဘောထားအပြန်လှန်ထား … ဒီလို သည်းခံနေခြင်းအားဖြင့် တစ်ဖက်လူက ကိုယ့်အချစ်ကို နားလည်လျှင်တော့ကောင်းတာပေါ့ .. နားမလည်ပဲ .. အနိုင်ရတိုင်း နိုင်စားနေမယ်ဆို … တိတ်တိတ်လေးကျန်ခဲ့ရမယ့် လူက ..ကိုယ်ပါပဲ …. ။ ကျွန်မတော့ .. အဲ့ဒီလိုမျိုး စိတ်ထဲ သိုဝှက်လို့ မရဘူး … တစ်ခုခုဆို ဒဲ့ရှင်းလိုက်ရမှ …. ။ မဟုတ်ရင် ရင်ထဲ နေလို့မကောင်းဘူး …. ။ သူ့နေရာနဲ့သူ စိတ်ဆိုး စိတ်ကောက်တာတော့ ရှိသင့်ပါတယ်လေ …. ။ (အမြဲတမ်းလျော့ပေးနေရလျှင်လည်း ..သူငြီးငွေ့သွားမယ် .. ) တခြားနည်းတွေနဲ့ ကိုယ်ချစ်ကြောင်း သဘောထားကြီးကြောင်းပြလို့ရပါသေးတယ်လို့ ကျွန်မမြင်မိပါတယ် …. ။ 🙂

  • htet way

    April 10, 2012 at 9:16 pm

    ဆရာမခင်ဗျား
    လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။
    အမြဲတမ်းခေါင်းငုံခံနေတာဟာမကောင်းဘူးဆိုတာလက်ခံပါတယ်
    သဘောထားကြီးနိုင်သလောက်ကြီးပြီးနားလည်မူအလှတရားဆိုတဲ့ကန့်သတ်မူ
    တော့ရှိကြပါတယ်။
    ဖတ်ရှု့ဝေဖန်ပေးတာကျေးဇူးတင်ပါတယ်။

  • ဦးဦးပါလေရာ

    April 11, 2012 at 12:55 am

    အင်း … ကိုဖေါကြီးနဲ့ စကားနိုင်သွားလုနေတာနဲ့ အခုမှပြန်ဝင်ဖြစ်တယ် ကိုထက်ဝေးရေ..။

    နားလည်မှု့ဆိုတာကတော့ မျက်နှာစာနှစ်ဘက်ရှိပါတယ်။
    ကိုယ်ချစ်သူရဲ့နားလည်မှု့ကိုရတဲ့အခါမှာ
    ကိုယ်ကလဲ ပြန်ပြီး နားလည်ပေးရမှာတွေ ရှိနေမှာပါ။

    ပြောသာပြောတာ – တကယ့်တကယ် မှာ
    တယောက်ကိုတယောက် ဘယ်လောက်နားလည်နိုင်သလဲဆိုတာ
    တော်တော်တွေးရခက်ပါတယ်နော…………

  • htet way

    April 11, 2012 at 10:17 am

    နားလည်မူဆိုတာ အင်မတန်ပြုရခက်တဲ့ အမူပဲဆရာ
    သို့သော်ကြိုးစားရမှာပေါ့
    ဆရာတို့ကတော့လောကစာမျက်နှာကို ကျွန်တော့်ထက်ပို ဖြတ်သန်း
    အတွေ့ကြုံကောင်းတွေရပြီးသားပါ။
    ဘယ်လောက်နားနည်နိုင်သလဲဆိုတာကတော့………။

Leave a Reply