သွားများ ခိုင်ခံ့စေရန်

khinmintatthuJune 11, 20101min560

သွားများ ခိုင်မာစေမည့် အကောင်းဆုံး သဘာဝဆေးစွမ်းကောင်း တစ်ခုအဖြစ် ဒိန်ချဉ်ကို ဆရာဝန်များက ညွန်းဆိုလိုက်သည် ၊ ဒိန်ချဉ်ကို ပုံမှန်စားခြင်းဖြင့် သွားများ ယိုယွင်းပျက်စီးမှုကို ၂၂ ရာနှုံး ပိုမိုအကာအကွယ် ဖြစ်စေကြောင်း သုတေသန စစ်တန်းတစ်ခုအရသိရသည်။
သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို နေ့စဉ်ဖြစ်စေ တစ်ပတ်လျှင် အနည်းဆုံးလေးကြိမ်ဖြစ်စေ ဒိန်ချဉ်တိုက်ကျွေးပြီး တစ်ပတ်လျှင်တစ်ကြိမ်သို့မဟုတ် လုံးဝဒိန်ချဉ်မတိုက်သော ကလေးနှင့် နှိုင်းယှဉ်ပါက သွားများခိုင်ခန့်မှု သိသာစွာ တွေ့ရှိရကြောင်း ဂျပန်နိုင်ငံ ဖူကို အိုကာ တက္ကသိုလ်နှင့် တိုကျို တက္ကသိုလ်မှ သုတေသီများက ဩစတေးလျနိုင်ငံမှ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိမှုကို အခြေခံကာ သုတေသန ပြုလုပ်ပြီးနောက် ယခု တွေ့ရှိချက်ကို ဂျပန်သွားဘက်ဆိုင်ရာ ဆေးပညာဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်၊
ပညာရှင်များ အဆိုအရ ဒိန်ချဉ်တွင်ပါဝင်သော ပရိုတင်းဓာတ် တစ်မျိုးသည် သွား၏ အပေါ်ယံ မျက်နာပြင် ကျစ်လစ် ခိုင်ခံ့မှုကို အားပေးကြောင်းတွေ့ရှိရသည်၊ ယခုလေ့လာမှုအတွက် သုံးနှစ်အရွယ် ကလေးနှစ်ထောင်ကျော်အား သုတွေသနပြုခဲ့ရကြောင်း ပညာရှင်များက ဆိုသည် ၊သို့သော်လည်း ဗြိတိန်မှ သွားဆရာဝန်တစ်ဦး ဖြစ်သော ဒေါက်တာ နီဂယ်ကာတာက အချို့သော ဒိန်ချဉ်ဗူးများတွင် သကြားပါရှိခြင်းက သွားများခိုင်ခံ့မှုထက် ယိုယွင်းမှုသို့ ဦးတည်သွားစေနိုင်ကြောင်း သတိပေးခဲ့သည် ၊ ဒိန်ချဉ်သည် ခဲလွယ်သော သဘောရှိသဖြင့် သွားကြားတွင် ခဲကပ်နေပါက ယင်းတွင်ပါဝင်သော သကြားကြောင့် သွားပိုးစားက ယိုယွင်းမှုများ ဖြစ်နိုင်သဖြင့် ဒိန်ချဉ်စားပြီးပါက ခံတွင်းကို စနစ်တကျ သန့်ရှင်းရန်လိုအပ်ကြောင်း ဒေါက်တာ ကာတာက ထောက်ပြဆွေးနွေးခဲ့သည်။