၂ သိန်းတန်တဲ့ GSM

sugar sugarApril 10, 20121min28433

၂ သိန်းနဲ့ ဖုန်းတစ်လုံးရမယ်ဆိုလို့ ရှိစုမဲ့စု လေး စုပြီး ၊လိုတာလေးချီးငှားပြီး ဝယ်လိုက်ပါတယ် ဗျာ

April 9 ရက်နေ့ လိုင်း ပွင့်မယ် တဲ့ခင်ဗျ ၊အဲဒီနေ့မှ ဝယ် ရင်တန်းစီ ရမှာ ဆိုပြီးကြိုဝယ်လိုက်တာပေါ့

အဲ နယ် ဘက်ထွက်ရင်တော့ပြော ရတယ်ဗျ၊ မန္တလေးမှာ တော့ မြို့ထဲဝင်တာနဲ့ ဧရိယာ ပြင်ပ ပေါ့ဗျာ ။သူကအဲဒီလို ဆိုတာ။အဲဒါနဲ့

၉ရက် နေ့ကို ရည်းစား အဖြေမျှော် သလို ၊အောင်စာရင်း ထွက်မယ့် နေ့မျှော်သလို ၊မျှော်တာပေါ့၊ဖုန်း လေး ကိုလည်းတကြည့်ကြည့်ပေါ့။

၉ ရက်နေ့လည်းရောက်ရော မနက်အစောကြီး ထပြီး ဖုန်းလေးကို ဟိုလျှောက်နှိပ် ဒီလျှောက်နှိပ်လုပ်တာ ပေါ့။ထမင်းတောင်မစားအား ပါဘူးဗျာ။မနက် ကနေ ညမိုးသာချုပ်သွားပါရော ၊မပွင့် ဘူးခင်ဗျ ၊ ဒီနေ့လည်း မပွင့် ဘူးခင်ဗျ၊ ကျွန်တော့်မှာ စိတ္တဇလို ဖြစ်လို ့ လိုင်း လေးများ ပွင့် ရင် ပြောကြပါဗျို့။

အော် ၂ သိန်းဒုက္ခ ဒုက္ခ…..

33 comments

  • Khaing Khaing

    April 10, 2012 at 10:53 am

    sugar sugar သူများတွေပွင့်ပါတယ်အေ ညည်းအပုန်းဖုန်းများဝယ်မိလား ……. သေချာစစ်လိုက်ပါဦး ….

    • sugar sugar

      April 10, 2012 at 11:14 am

      Khaing Khaing ဟုတ် မယ် ဟုတ်မယ် ။အပုန်းနဲ့တွေ့ပြီထင်တယ်

  • htoosan

    April 10, 2012 at 10:58 am

    ငါးထောင်တန်ဆို ဝယ်သူများလို့ ဒီထက်ဆိုးမယ်ဆိုတဲ့ အသိပေးချင်လို့ တမင် ဒီလိုလုပ်တာပါ ဆိုတဲ့ စွပ်စွဲချက်တွေ မထွက်သေးဘူးလား … 😀 😀

  • Thu Wai

    April 10, 2012 at 11:00 am

    ရန်ကုန်မှာဝယ်တဲ့ဖုန်းတွေသာပွင့်တာပါ နယ်မှာဝယ်တဲ့ဖုန်းတွေ မပွင့်သေးပါဘူး ဘယ်နေ့ပွင့်မလဲဆိုတာလဲမပြောတတ်ပါ ပွင့်ရင်ခူးကြမှာစိုးလို့ ဟီးးးးးးးးးးးးးးးးးး

    • laypai

      April 10, 2012 at 11:33 am

      နယ် ၂ သိန်း GSM ဖုန်း က အရင် ပွင့်တာ မဟုတ်လား။ ဧပရယ် ရ ရက်နေ့ ကတောင် ၄၂၂…. စတဲ့ ဖုန်း နံပါတ် တခု က ရန်ကုန် ကို လှမ်း ဆက် တာ ရတယ်။
      ရန်ကုန်က နေ ကြိုးဖုန်း နဲ့ ပြန်ခေါ် တာ မရ ဘူး။ CDMA 800 နဲ့ ပြန်ခေါ် တာ တော့ ရတယ်။

      • Thel Nu Aye

        April 10, 2012 at 7:41 pm

        ဟုတ်တယ်။ အခု ၂ သိန်းဖုန်းတွေက လိုင်းဖုန်းနဲ့ခေါ်လို့မရဘူး။ သူကတော့လိုင်းဖုန်းခေါ်တာရတယ်။ G သို့ C နဲ့ခေါ်မှရတယ်။

  • ချစ်တတ်သူ

    April 10, 2012 at 11:00 am

    ရန်ကုန်မှာတော့ 9 ရက်နေ့ မနက်စောကြီးကတည်းကပွင့်ပါတယ်ဗျာ…..နည်းနည်းစစ်ကြည့်ပါအုံး..

  • R Ga

    April 10, 2012 at 11:05 am

    အများစုက ပွင့်ကြပါတယ်။ အဲ လိုင်းပွင့်တယ်လို့ပြောတာပါ…။ ဘယ်လိုများဖြစ်ရတာလည်း ကဲ့ ဖုန်းနံပါတ် ပေးလေ…။ ဒီကနေပြိး အစမ်းခေါ်ကြည့်မယ် ပွင့်နေရင်တော့ ဘီယာ တိုက်တော့..။

  • sugar sugar

    April 10, 2012 at 11:11 am

    မပွင့်သေးပါဘူးခင်ဗျာ ။ခေါ်ကြည့်ရင်ပြောတာကစက်ပိတ်ထားပါသည်တဲ့ ခင်ဗျ

    • Mလုလင်

      April 10, 2012 at 11:32 am

      ကိုယ့် ဆြာက နယ်က ဖုန်း များ ဝယ်မိလေသလား ..

      • sugar sugar

        April 10, 2012 at 12:05 pm

        ဟုတ်မယ်ဗျ

  • Gipsy

    April 10, 2012 at 11:22 am

    ကိုယ်ဝယ်ထားတဲ့ ဆိုင်ကို သွားပြောကြည့်လေ…
    ခုပါတ်ထွက်တဲ့ အင်တာနက်ဂျာနယ်မှာတော့ ကဒ်မကောင်းပါလျှင် တဲ့
    ကိုယ်ဝယ်တဲ့ ဆိုင်မှာ ပြန်လဲလှယ် လို့ရပါတယ် လို့ ရေးထားပါတယ်..
    ကြိုးစားကြည့်ပါဦး….။

  • moe moe

    April 10, 2012 at 11:29 am

    (၉.၄.၂၀၁၂)ရက်နေ့ မှာဆက်သွယ်ရေးကရောင်းတဲ့(၂၀၀၀၀၀)တန်ဖုန်းက လိုင်းဖွင့်ပေးပြီး။
    အပြင်ဆိုင်တွေမှာရောင်းတဲ့ဖုန်းကလိုင်းမဖွင်းပေးဘူးတဲ့။
    ဆက်သွယ်ရေးကိုစုံစမ်းတော့လည်း ဒီ(၄)လပိုင်းကုန်မှဖွင့်ပေးမယ်ပြောပါတယ်။

  • sugar sugar

    April 10, 2012 at 11:34 am

    Gipsy ရေ moe moe ပြောတဲ့အတိုင်းပါပဲ၊ဆိုင်တွေကညာတာ ပါတေးနဲ့ရောင်းလိုက်တာပါ။သတိထားပြီးဝယ် ကြပါ ဗျာ။ကျွန်တော်လို လူတွေ မန္တလေးမှာ အများကြီး ပဲခံလို်က်ရတယ်။

  • water-melon

    April 10, 2012 at 11:35 am

    ညံတာဟယ်
    မြန်မြန်ပွင့်အောင် ကန်တော့ပွဲနဲ့လုပ်လေ
    ပိုပွင့်ချင်ရင် ကြက်သားကြော်လေးဟာထည့်လိုက်
    ဝီစကီလေးရောမကျန်စေနဲ့နော်

    • sugar sugar

      April 10, 2012 at 11:42 am

      ဘယ်လို ဖြစ်တယ်တော့မသိဘူး၊မန္တလေးဖုန်းဆို ညပြီး မြို့ပြင်နဲ့ နယ် ထွက်ခေါ်မှ ရတယ်။မြို့ထဲဝင်ရင် စက်ပိတ်ထားပါတယ်၊ဧရိယာပြင်ပရောက်နေပါတယ် တဲ့။water melon
      ပြော သလို ကန်တော့ပွဲပေးရတော့မယ်ထင်တယ်။

  • moe moe

    April 10, 2012 at 11:50 am

    ၂ သိန်းတန်ဖုန်းများဆက်သွယ်မှုရနိုင်ရန်အကြံပေးချက်။ ။အုန်းချော။ပုသိမ်ကြီး။အမရပူရ။ကန်ပိုင်ရွာ။အဲဒီနေရာတွေကိုမိမိပြောလိုသော၂သိန်းတန်ဖုန်းကိုသယ်သွားပါ ၎င်းနောက်၄င်နောက်ဆက်သွယ်လိုသောသူနှင့်ဆက်သွယ်ပါရပါလိမ့်မည်။

    • sugar sugar

      April 10, 2012 at 12:07 pm

      ဒို့များအိမ် ပြောင်းရတော့မယ်ထင်တယ်

  • kyaw kyiko

    April 10, 2012 at 12:05 pm

    သေသေချာချာလည်း ကြည့်ကြဦးဗျို့
    ကြားနေတာ.. နယ်ဖုန်းကုတ်နံပါတ်တွေက
    ရန်ကုန်မှာ… မေ လ တောင်မသေချာဘူးဆိုဘဲ။
    ကျွန်တော်လည်း အဲဒီရောဂါ ရနေတယ်။
    တိုက်ဆိုင်လို့ပြောပါတယ်။
    ကျွန်တော့် ဟာလည်း ပဲခူးကုတ်တဲ့ဗျ
    ပဲခူးသွားပြောရမလိုဖြစ်နေပြီ။ဒုက္ခ…ဒုက္ခ…

  • Moe Z

    April 10, 2012 at 12:13 pm

    မန္တလေးဖုန်းတစ်လုံးတော့ရထားတယ်ဗျ
    အခုထိတော့မပွင့်သေးဘူး ..

  • blacklover

    April 10, 2012 at 1:39 pm

    ဟုတ်ပါတယ်အနော်လဲ ကြိုဝယ်ထားတာ 09-40-252*****နဲ့စတာ 9ရက်နေ့ကိုတစ်မျှော်မျှော်နဲ့ပွင့်ဘူး
    ဆက်သွယ်ရေးကအကျင့်ပုတ်တာ သူတို့ထက်ကြိုရောင်းလို့ထင်တယ် သူတို့ဆိကထွက်တဲ့နံပါတ်တော့ပွင့်တယ်ကြားတယ် ကြိုဝယ်တဲ့ဟာတွေလုံးဝမပွင့်ပါ……..မေလကိုစောင့်ကြည့်ပါအုံးတဲ့လေ ကိုင်သာပေါက်ချင်တယ်…….

  • char too lan

    April 10, 2012 at 2:00 pm

    ကျနော်သိတဲ့အလုံးနှစ်လုံးတော့ မနေ့ကတည်းက ပွင့်နေတယ်ဗျ ၉၄၂၁၀၀— ပါ ခည

  • ဆူး

    April 10, 2012 at 3:11 pm

    မနေ့က အီလိုက်မှာ ဝယ်ချင်တယ် ဆိုတဲ့ ကလေးတွေ အတွက် လိုက်ဝယ်ပေးတာ.. မနက် ၉နာရီ ကတည်းက မှတ်ပုံတင် မိတ္တူ ထပ်ပြီးတော့ ထားပြီး ငွေသွင်းခဲ့တာ ကဒ်မရသေးလို့ စောင့်လိုက်တာ.. ည ၉နာရီ မှ ကဒ်ရပါတယ်။
    အဲလောက် တန်းစီခဲ့ရပါတယ်။
    တခြားဆိုင်တွေကတော့ ၂သိန်း ကို ၂သောင်း ၃သောင်း ပိုယူကြပါတယ်။

  • Khin Kha

    April 10, 2012 at 3:27 pm

    ဟန်းစက်အမျိုးအစားနဲ့လည်းဆိုင်တယ်ထင်တယ်။။
    ကွန်တော်သူငယ်ချင်း၂ယောက် ၂သိန်းဖုန်းအသီးဆိုင်ကဝယ်ထားတာ၊
    အင်တာနက်သုံးရတဲ့ဟန်းစက်အမြင့်နဲ့ခေါ်တဲ့သူကခေါ်ရပြီး၊ရိုးရိုးပြောရတဲ့ဟန်းစက်နဲ့သူက
    ခေါ်မရလို့၊ဟန်စက်လဲခေါ်ကြည့်တော့ရတယ်ဗျ။
    ဘာတွေဘယ်လိုကွာလည်းတော့နားမလည်တော့ဘူး။

  • Khin Kha

    April 10, 2012 at 3:28 pm

    ဟန်းစက်အမျိုးအစားနဲ့လည်းဆိုင်တယ်ထင်တယ်။။
    ကျွန်တော်သူငယ်ချင်း၂ယောက် ၂သိန်းဖုန်းအသီးဆိုင်ကဝယ်ထားတာ၊
    အင်တာနက်သုံးရတဲ့ဟန်းစက်အမြင့်နဲ့ခေါ်တဲ့သူကခေါ်ရပြီး၊ရိုးရိုးပြောရတဲ့ဟန်းစက်နဲ့သူက
    ခေါ်မရလို့၊ဟန်စက်လဲခေါ်ကြည့်တော့ရတယ်ဗျ။
    ဘာတွေဘယ်လိုကွာလည်းတော့နားမလည်တော့ဘူး။

  • Khin Kha

    April 10, 2012 at 3:29 pm

    ဟန်းစက်အမျိုးအစားနဲ့လည်းဆိုင်တယ်ထင်တယ်။။
    ကျွန်တော်သူငယ်ချင်း၂ယောက် ၂သိန်းဖုန်းအသီးဆိုင်ကဝယ်ထားတာ၊
    အင်တာနက်သုံးရတဲ့ဟန်းစက်အမြင့်နဲ့ခေါ်တဲ့သူကခေါ်ရပြီး၊ရိုးရိုးပြောရတဲ့ဟန်းစက်နဲ့သူက
    ခေါ်မရလို့၊ဟန်းစက်ပြောင်းခေါ်ကြည့်တော့ရတယ်ဗျ။၄၉၂၁——-နဲ့စတာဘဲ၂ကဒ်စလုံး။
    ဘာတွေဘယ်လိုကွာလည်းတော့နားမလည်တော့ဘူး။

  • သော်ကြီး

    April 10, 2012 at 9:28 pm

    မန္တလေးမှ ဖုန်းများအား လိုင်းပွင့်ရန် အတွက် ဆာဗာတင်လိုက်ရာ ဖုန်းလိုင်းများ အကုန်လုံး ပြုတ်ကျသွားသည်ဟု သိရပါသည်။

  • photwenty

    April 11, 2012 at 12:47 pm

    ၄ဝ နဲ.စတဲ.ဖုန်းဆို မေလမှသာပွင်.တော.မှာဗျ မျှော်ပဲပေါ.ဗျာ အဲ.ဒါတွေကနယ်ဖုန်းတွေဗျ ညာရောင်းတယ်ပဲဆိုပါတော.ဗျာ
    ကျနော်လဲခံရသေးတယ်ဗျ ရန်ကုန်မှာတော.ပိုက်ဆံပြန်ပေးတယ်ဗျာ မန်းလေမှာတော.မပြောတတ်ဘူး
    အခုရန်ကုန်နဲ.မန်းလေးမှာဖွင်.ပေးတာက ၄၂နဲ.စတာတွေပဲဖွင်.ပေးတာပါ

  • mawmyayoo

    April 11, 2012 at 1:25 pm

    ဒီကတော့စတွေ ့ပြီ အဝင်ဖုန်းလုံးဝမရပါ အထွက်ကြတော့ရတယ်ဗျဘာလုပ်ရမှန်းကိုမသိတော့ပါဘူး
    ပထမစသုံးတာ၅ရက်နေတော့နေ ့တဝက်လိုက်မထွက်ပါ။နောက်၁၅ရက်နေတော့ငွေအမောင့်မေး
    လို ့မရပါနောက်၂ရက်နေတော့အဝင်မရပါနောက်ရက်တော ့ဂန် ့ပြီထင်တယ်။အမျှအမျှလို ့ဘဲစောင် ့
    ရတော ့မယ်ထင်ပါတယ်။သေပြီဆရာ

  • mg mg

    April 11, 2012 at 3:05 pm

    အမလေးဟဲ့ နှစ်သိန်းတန်ဖုန်းသတင်းဖတ်ရတာလဲ
    လူရွှင်တော်တွေ ကြေငြာတဲ့ မိုးလေသဝသတင်းလို “သူရွာချင်ရွာမယ်၊ မရွာချင်မရွာဘူး”
    ဆိုတဲ့ အတိုင်းပဲ။

  • sugar sugar

    April 19, 2012 at 2:55 pm

    2 သိန်း တန်ဖုန်းများ နောက်ဆုံး သတင်း ရလဒ်—
    မန္တလေး တွင် လိုင်းပွင့်သော ဖုန်းများ -094207xxx များ မြို့ပြင်တွင် ပြောမရဘဲ
    မြို့ ပြင်တွင် ပွင့်သောဖုန်းများ မြို့တွင်းတွင် ပြော မရပါကြောင်း နှင့်
    တစ်ချို့ဖုန်းများမှာ အဝင်ရပြီး အထွက် မရကြောင်း၊ တစ်ချို့ ဖုန်းများမှာ အထွက်ရပြီး အဝင်မရပါကြောင်း၊
    (MPT – Many Problem Telecommunication) Face Book မှာ သူငယ်ချင်းတစ်ယောက်တင်ထားသော
    MPT – အနက် အဓိပယ် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

Leave a Reply