နျူကလီးယားလက်နက် မကြိုးပမ်းဟု အစိုးရတုံ့ပြန်

BayoteJune 12, 20101min712

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုမရှိကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညတွင် သတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သောကြာနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ” နျူကလီးယားလက်နက် ပိုင်ဆိုင်သော စစ်အင်အားကြီးနိုင်ငံအဖြစ် ရည်ရွယ်ချက်မရှိ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကို ဖတ်ကြားသွားသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယားရရှိရေး ဆောင်ရွက်နေသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB) က သတင်းထုတ်ပြန်မှုများကြောင့် အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝဘ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့မှုဖြစ်ပေါ်ပြီးနောက် စစ်အစိုးရက ပထမဆုံးအကြိမ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

2 comments

  • snow

    June 12, 2010 at 2:59 am

    ဖြစ်ရပြန်ပြီ…အမျိုးမျိုးပဲနော်….

  • htethtet

    June 12, 2010 at 5:11 am

    ကြိုသိပြီးသားတွေ
    ရိုးနေဘီ
    လူတိုင်းအလွတ်ရနေတယ်

Leave a Reply