ဆိုင်ကယ်များ ဇွန်လကုန် အထိ တရားဝင် မှတ်ပုံ တင်ခွင့် ပြုမည် ဖြစ်ကြောင်း ကြေညာ

BayoteJune 12, 20101min641

အစိုးရမှ တရားမဝင် တင်သွင်း လာသည့် ဆိုင်ကယ် များကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁ဝ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ အခွန် အခများ ပေးချေ၍ တရားဝင် မှတ်ပုံတင်များ ထုတ်ပေး ခဲ့ပြီး ဖြစ်သည်။ ယခုအခါ တရားဝင် မှတ်ပုံတင် ပြုလုပ် ရေးကို အချိန်ကာလ တိုးမြှင့်ပြီး ၂၀၁ဝ ခုနှစ် ဇွန် ၃ဝ ရက်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရ ပါသည်။ ထို့ပြင် ၂၀၁ဝ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ပြီး မှတ်ပုံ တင်မဲ့ ဆိုင်ကယ် များကို တရား ဥပဒေ နှင့် အညီ နိုင်ငံပိုင် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း သိရသည်။ အကယ်၍ နိုင်ငံပိုင် သိမ်းဆည်း ထားသော ဆိုင်ကယ် များကို ပိုင်ရှင် ဖြစ်သူက ပြန်ရယူ လိုကြောင်း လျှောက်ထား လာလျှင် ဆိုင်ကယ်၏ တန်ဖိုး နှင့် ကျသင့်သည့် အခွန် ငွေများကို ပေးဆောင် ရမည် ဖြစ်ပြီး နိုင်ငံတော်က တရားဝင် အဖြစ် သတ်မှတ် မှတ်ပုံ တင်ပေး မည်ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန် ထားကြောင်း သတင်း ရရှိပါသည်။

One comment

  • cobra

    June 12, 2010 at 3:18 pm

    တတ်လည်းတတ်နိုင်ကြတယ်နော်။ပါးစပ်ထဲမှာဘဲအမိန့်တွေရှိနေတာလားတော့မသိဘူး။အရှက်မရှိဘဲအခုတမျိုးတော်ကြာတမျိုးလုပ်ချင်တိုင်းလုပ်နေကြတာဘဲ။

Leave a Reply