နိုင်ငံရေးပါတီများ လွှတ်တော်ကိုယ်စားလှယ်လောင်း ရရှိရေး ဦးစားပေး လုပ်ဆောင်

BayoteJune 12, 20101min640

၂ဝ၁ဝ ရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ အများစုမှာ သတ်မှတ် ပါတီဝင် ဦးရေ ပြည့်မီရေး ကြိုတင် ဆောင်ရွက် ထားကြပြီး ဖြစ်သဖြင့် လွှတ်တော် ကိုယ်စား လှယ်လောင်း ရရှိရေး ကိုသာ ဦးစားပေး လုပ်ဆောင် ကြဖွယ်ရှိ ကြောင်း မှတ်ပုံ တင်ခွင့် ရရှိ ထားသော နိုင်ငံရေး ပါတီများ ထံမှသိရှိ ရသည်။မှတ်ပုံ တင်ခွင့် ရရှိသော နိုင်ငံရေး ပါတီ အများ စုမှာ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် စတင် လျှောက်ထားသည့် အချိန် မှပင် ပါတီ ဖွဲ့စည်းခြင်း၊ ပါတီဝင်များ စည်းရုံးခြင်း၊ ပါတီဝင် အဆိုပြုလွှာ များ ပေးအပ် ထားခြင်း များကို ဆောင်ရွက် ထားပြီး ဖြစ်သဖြင့် လွှတ်တော်ကိုယ် စားလှယ် ရရှိရေး ကိုသာ ဦးစားပေး လုပ်ဆောင် သွားမည်ဟု ရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးသမား များက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပထမဦးဆုံး အကြိမ် အဖြစ် နိုင်ငံရေး ပါတီ ထူထောင်ခွင့် လျှောက်ထား ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် အနေဖြင့်လည်း ပါတီဝင် ဦးရေ နှစ်သိန်းကျော် ရှိပြီး စည်းရုံးရေးမှူး အင်အား တစ်သောင်းခန့် ရှိကြောင်း ယင်း ပါတီဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။

ဝါရင့် နိုင်ငံရေး သမားကြီး တစ်ဦးဖြစ်သူ ဦးသုဝေက ဒီမိုကရက်တစ် ပါတီ (မြန်မာ) အနေဖြင့် လွှတ်တော် ကိုယ်စားလှယ် လောင်း အသီးသီး ယင်း လွှတ်တော် ကိုယ်စားလှယ်ေ လာင်း ပံ့ပိုးမည့် အုပ်စုတို့ ရရှိရေးကို အလေးထား ဆောင်ရွက် နေကြောင်း ပြောကြား သည်။

မေလ ၂၈ ရက် နေ့တွင်မှ မှတ်ပုံ တင်ခွင့် ရရှိ ခဲ့သော ပြည်ထောင်စု ဒီမိုကရေစီ ပါတီ အနေဖြင့် စည်းရုံးရေး ဗဟိုကော် မတီ ဖွဲ့စည်း၍ ပါတီဝင် စည်းရုံးရေး မြို့နယ် အသီးသီးမှ နေ၍ ဒီမိုကရက်တစ် အင်အား စု၏ လွှတ်တော် ကိုယ်စားလှယ် ပေါ်ထွက် လာရေး တို့ကို ရက် ၁ဝဝ စီမံချက်ချ၍ ဆောင်ရွက်လျက် ရှိကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ဆိုသည်။

မေလ ၂၈ ရက်နေ့ မှ မှတ်ပုံတင် အမှတ်စဉ် ၂၄ ဖြင့် မှတ်ပုံ တင်ခွင့် ရရှိ ခဲ့သော ပြည်ထောင်စု ဒီမိုကရေစီ ပါတီများ အနေဖြင့် စည်းရုံးရေး ဗဟိုကော်မတီ ဖွဲ့စည်း၍ ပါတီဝင် စည်းရုံးရေး၊ လွှတ်တော် ကိုယ်စားလှယ် စည်းရုံးရေး စသည့် လုပ်ငန်း များကို တစ်ပြိုင်တည်း ဆောင်ရွက် သွားမည်ဟု ယင်း ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း က ဆိုသည်။

”ပါတီမဖွဲ့ခင်ကတည်းက ဘိုကလေးမှာ စည်းရုံး ထားတာ။ တကယ်တမ်း ပါတီ ဖွဲ့တော့ လူ ၁၅ဝဝ ကျော် နေပါပြီ။ လွှတ်တော် ကိုယ်စားလှယ် ကိစ္စကို ဦးစားပေး လုပ်မှာပါ။ လွှတ်တော် ကိုယ်စားလှယ် အထိ ပါတီ ဝင်မယ့် သူကိုလည်း ဆက်ပြီး လက်ခံ သွားမှာပါ” ဟု မတူ ကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးနေမျိုးဝေက ပြောဆိုကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။