စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၇)

ကျွန်ုုပ်သူရဇော်မှာ စုုံထောက်ကြီးကိုုအောင်တိုုက် ရဲရဲဝံ့ဝံ့အာမခံခဲ့သည့် နောက်တစ်နေ့ လေလံပွဲတွင် တရားခံအားဖမ်းပေးမည်ဆိုုသည့် အာမခံချက်ကြီးအတွက် စိတ်ပူပန်သည့် အတိုုင်း အိပ်ပျော်ရန်ပင် ကြိုးစားမရဖြစ်နေချေတော့သည်…

ကိုုအောင်တိုုက်မှာမူ စိတ်ချလက်ချဖြင့် အိပ်မောကျလျက် နောက်တစ်နေ့နံနက်ကိုု ကြိုဆိုု နေလေတော့သည်…နောက်တစ်နေ့နံနက် အိပ်ယာနိုုးသည်နှင့် ကျွနုု်ပ်ကိုသုုံးပန်လှသိုု့ ခေါ်ဆောင်သွားရောက်ပြီး ဆိတ်သားဟင်း ချာပါတီကိုု ကော်ဖီနှင့် အားရပါးရမှာယူ စားသောက်လေတော့သည်…

 

သူရ ။         ။ ကိုုအောင်တိုုက်…ဒီနေ့တရားခံဖမ်းပေးမယ်လိုု့ပြောထားပေမယ့် ခင်ဗျားကြည့်ရတာဖြင့် အေးဆေးလွန်းနေလိုု့ တတ်လဲတတ်နိုုင်သူပဲဗျာ…ကျုပ်ဖြင့် ညကတောင်အိပ်မ ပျော်ဘူး…

 

အောင်တိုက် ။         ။ ကုိုသူရရေ…စုုံထောက်ဆိုုတာ တရားခံဖမ်းမယ့်အချိန်မှာ အင်အားပြည့် ဖိုု့နဲ့ အာရုုံတွေမထွေပြားဖိုု့လိုုတယ်ဗျ… အစားသောက်ကောင်းကောင်း ဝဝလင်လင် စားသောက်ခြင်းဟာ မိမိကိုုယ်ကိုုယုုံကြည်မှုတိုုးပွားစေတယ်ဗျ… ဒါ့ကြောင့် ထောက်လှမ်း ရေးများ စစ်ဆေးလိုု့ရှိရင် ထမင်းအငတ်ခံထားပြီးမှ စိတ်ဓာတ်လျော့ပါးအောင်ကြံပြီးမှ လိုုချင်ရာဆက်မေးတော့တာကိုုး…နောက်တစ်ခုုကတော့ဗျာ…မတော်လိုု့ တရားခံဖမ်းရင်း စုုံထောက်ကံဆိုုးပြီး အသက်ပါပေး လိုုက်ရတော့လဲ ရင်ခွဲရုုံရောက်လုု့ိ မှုခင်းဆရာဝန်ရင်ခွဲကြည့်တော့ အူဟောင်းလောင်းနဲ့ သေတဲ့အငတ်မသာတော့မဖြစ်ဘူးပေါ့ဗျာ…ဟားဟားဟား

သူရ။          ။ အောင်မလေးကိုုအောင်တိုုက်ရယ်…ကျုပ်ဖြင့်အသက်အန္တရာယ်ကြုံနိုုင်တဲ့ကိစ္စကို ခပ်ပေါ့ပေါ့နဲ့ ရယ်စရာမလုုပ်ပစ်နိုုင်ပါဘူး…ကိုုအောင်တိုုက်ရယ်…

အောင်တိုုက် ။        ။ ခက်ပါရောလား ကိုုသူရရယ်…လူတိုုင်းတစ်နေ့တော့သေရမှာချည်းပါပဲ… အခုုနဲ့ နောက်ပဲကွာတယ်… လူတွေကနိမိတ်လိုု့သာပြောနေကြတာဗျ… နေ့တိုုင်းသေမင်း နှုတ်ခမ်းဝမှာပဲ လမ်းလျှောက်နေကြတာဗျ… ခင်ဗျားကိုုကျုပ်မေးမယ်ဗျာ…လမ်းလျောက်သွားတာနဲ့ ကားနဲ့သွားတာ ဘယ်ကောင်အန္တရာယ်ပိုုများတုုန်း…

သူရ ။         ။ ကားစီးတာပေါ့ဗျ…

အောင်တိုုက် ။           ။ အဲဒါဆိုုရင် ဘာလိုု့ကျုပ်တိုု့ လမ်းလျှောက်မသွားကြပဲ ကားကိုုအသုုံးပြုကြတုုန်း…

သူရ ။       ။ ရှင်းတယ်လေဗျာ…လိုုရာခရီးကိုု အချိန်တိုုတိုုနဲ့ရောက်တယ်… လမ်းလျှောက်တာထက် ပိုုပြီး မြန်မြန်ရောက်တယ်မဟုုတ်လားဗျ…

အောင်တိုုက် ။          ။ အခုုကိစ္စကလဲ အတူတူပဲဗျ… စုုံထောက်လုုပ်စားမှတော့ အန္တရာယ်နဲ့ကြုံ ကိုုကြုံကြရမယ်…အခုုကြုံမှလား မနက်ဖြန်မှကြုံမှာလား…အန္တရာယ်အကြီးလား… အသေးလားပဲကွာတယ်…ကြုံကိုု ကြုံရမှာ… အဲဒီတော့ တွေးပူနေမယ့်အစား…ရင်ဆိုုင်ဖိုု့ အားမွေးထားခြင်းဟာ အကောင်းဆုုံး ကိစ္စပဲမဟုုတ်လား…လူဆိုုတာ သေမျိုးချည်းပဲ ကိုုသူရရေ စိတ်ထဲသိပ်ပြီးတော့ ပူပန်မနေနဲ့ သေနေ့စေ့ရင် ခင်ဗျားမသေချင်လဲ သေမင်းက လာခေါ်မှာပဲဗျ…

ထိုသို့ကိုအောင်တိုက်နှင့် ကျွန်တော် သုံးပန်လှတွင် နံနက်စာစားသောက်ပြီးနောက်… စရည်းပင်လမ်းအိမ်သို့ ပြန်လည်ဝင်ရောက်ကာ မနွယ်ပင်အားခေါ်ဆောင်ပြီးနောက် အလုံ၊ ခရေပင်လမ်းရှိ ပဒုမာစားသောက်ဆိုင်သို့ ထွက်ခွာလာခဲ့ပါတော့သည်…

ပဒုမာစားသောက်ဆိုင်သို့ရောက်သောအခါ နံနက် (၉)နာရီဆယ်မိနစ်ခန့်ရှိပြီဖြစ်သဖြင့် လေလံပွဲတွင် လူအတော်အသင့်ရောက်ရှိနေပြီဖြစ်ပါသည်…

လေလံပွဲစီစဉ်သူ ဦးမိုက်(ခ်)မှာ ပါလာသောရှေးဟောင်းပစည်းလေးများကို ထုတ်ပြက လေလံတင်ပွဲကို စတင်ပါတော့သည်…

နေလည် (၁၁)နာရီခန့်အထိ ရှေးဟောင်းဖန်မီးအိမ်များ၊ ရှေးဟောင်းငွေဒင်္ဂါးများစွာကို တစ်ခုချင်းစီရောင်းချပြီးနောက်…

 

ကြီးမိုက် ။ ။ ကျွန်တော်နောက်ဆုံးအနေနဲ့ ဓားတစ်စုံကို လေလံတင်ရောင်းချလိုပါတယ်… ဒီဓားကဖြင့် (၄)ချောင်းရှိမှတစ်စုံဖြစ်တော့ ဓားတစ်စုံဖြစ်ဖို့အတွက် ကျွန်တော့အပြင် အခြား လူ(၂)ယောက်က လေလံတင်ရောင်းချမှာဖြစ်ပါတယ်…

ထိုသို့ပြောဆိုပြီးသည်နှင့် မှန်အိမ်နှင့်ထည့်ထားသော ဓား(၄)ချောင်းကို ထုတ်လာ လေသည်…ထိုစဉ် အောင်မြင်ခန့်ညားသောလေသံဖြင့်…

 

ဦးဘလက်ချော ။ ။ သိန်းနှစ်ဆယ် ပေးမယ်…

ကျွန်ုပ်လုံးဝထင်မထားသော လူတစ်ဦး လေလံပွဲသို့ဝင်ရောက်လာချေပြီ…

 

“ သုံးဆယ့်ငါးသိန်းပေးမယ်… “

ဒုတိယ ဈေးပေးလိုက်သူမှာ ဦးမင်းမတ်

 

“ သိန်းငါးဆယ် “

တတိယ အမြင့်ဆုံးဈေးကို ဆွဲတင်လိုက်သောသူမှာ အရပ်မြင့်မြင့် ဆံပင်ခပ်ရှည်ရှည်နှင့် လူထွားကြီးတစ်ဦးဖြစ်သည်…

 

ပထမအကြိမ် … သိန်းငါးဆယ်…

ဒုတိယအကြိမ် … သိန်းငါးဆယ်…

တတိယအကြိမ် …

“နေဦး သိန်းတစ်ရာ့ လေးဆယ်ပေးမယ်…“

 

လေလံပွဲသို့ နောက်ဆုံးဝင်ရောက်လာသော ဆံရှည်ကိုယ်တော်…ပိန်ပိန်သွယ်သွယ်ခန္ဒာ ကိုယ် နှင့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားလေသည်…

 

ပထမအကြိမ် … သိန်းတစ်ရာ့လေးဆယ်…

ဒုတိယအကြိမ် … သိန်းတရာ့လေးဆယ် …

တတိယအကြိမ် …သိန်းတရာ့လေးဆယ် …

 

ဓား (၄)ချောင်းကို သိန်းတစ်ရာ့လေးဆယ်နဲ့ လေလံအောင်မြင်သွားသူကတော့ ဦးမိုက်(ခ်)မှာ လေလံအောင်သွားသူသို့ လှည့်ကြည့်ပြီး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်း ဟန်ဖြင့်လှမ်းကြည့်လိုက်ရာ…

လေလံအောင်သူ ။ ။ နာမည်ကအရေးမကြီးပါဘူးဗျာ… ဒီမှာ AGD ဘဏ်က ချက်လက်မှတ်… မနက်ဖြန်အထိသွားထုတ်နိုင်တယ်… ထုတ်လို့မရရင် ဒီဖုန်းကိုဆက်ဟု ပြောပြောဆိုဆိုနှင့် ဖုန်းနံပါတ်တစ်ခုရေးထားသော ကဒ်ပြားလေးကို ထုတ်ပေးလေသည်…

 

ထိုစဉ် စုံထောက်ကိုအောင်တိုက်မှ မတ်တပ်ရပ်လိုက်ပြီး… လေလံအောင်သူအနားသို့ ပြေးသွားရင်း အပြင်ထွက်မည်ကို ဟန့်တားလိုက်သည်… ထို့အတူ မလှမ်းမကန်းတွင် ရပ်လျက်ရှိသော AMM မှာ CEO ဦးဘက်လက်ချောအားလဲ သေနတ်ဖြင့် ထုတ်ချိန်ထားပြီး…

 

အောင်တိုက် ။      ။ ထွက်ပြေးဖို့ မကြိုးစားပါနဲ့ …ဦးဘလက်ချော…ခင်ဗျားအကျီ င်္အိတ်ထဲက သေနတ်နဲ့ ခင်ဗျားရဲ့ လူသတ်လက်နက်ကို ချပြီး ကျေကျေနပ်နပ်အဖမ်းခံပါ…

ဦးဘလက် ။       ။ စုံထောက်ကိုအောင်တိုက်က ရယ်စရာတွေပြောနေပြန်ပါပြီ…ကျုပ်မှာ ဘာလူသတ်လက်နက်မှမရှိပါဘူးဗျ…

အောင်တိုက် ။         ။ ကိုသူရ ဦးဘလက်ချောကို လက်ထိပ်ခတ်ထားပြီး ကိုယ်ပေါ်မှာရှာကြည့် လိုက်ပါ…

ကျွန်ုပ် ဦးဘလက်ချောကို လက်ထိပ်ခတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှာဖွေလိုက်ရာ သေချာသပ်သပ်ရပ်ရပ်လုပ်ထားသော ဂစ်တာကြိုးသဏ္ဍာန်လူသတ်လက်နက်ကိုတွေ့ရှိ ရသည်…

ထိုသို့ အားလုံး ဦးဘလက်ချောကိုအာရုံစိုက်နေချိန်အတွင်းတွင်…

“ဒိုင်း” ဟူသော သေနတ်သံဖြင့် လူအများအား ရုတ်ရုတ်သည်းသည်းဖြစ်သွားချိန်တွင်… လှစ်ခနဲ အရိပ်တစ်ခုတွေ့လိုက်ရသည်… လေလံအောင်သူအား တစ်စုံတစ်ဦးမှဆောင့်တွန်း လိုက်ပြီး လက်ထဲတွင်ကိုင်ထားသော ဓားများထည့်ထားသည့် သေတ္တာအား လူငယ်လေးတစ်ဦးမှ လုယူထွက်ပြေးလေတော့သည်။  စုံထောက်ကိုအောင်တိုက်သည် လက်ထဲတွင်ရှိသော သေနတ်ဖြင့် ထိုလူငယ်၏ခြေထောက်ကို လှမ်းပစ်လိုက်ရာ ထိုလူငယ်လေးမှာ ခွေလဲကျသွားပြီး လက်ထဲမှ ဓားထည့်သည့် သေတ္တာမှာ မလှမ်းမကမ်းသို့ လွင့်စင်ကျသွားသည်… လေလံပွဲရှိနေသော လူအများလဲ အထိတ်တလန့်နှင့် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်…အနီးတဝိုက်မှလဲ ဝိုင်းဝန်းကြည့်ရှုသူများဝိုင်းလာလေ၏…

ထိုစဉ်…

“အောင်မလေး….” ဆိုသည့်အသံနှင့်အတူ ကျွန်ုပ်တို့၏ဝန်ထမ်းဖြစ်သူ မနွယ်ပင်မှာ လဲကျသွားသောလူငယ်လေးနားသို့ မျက်ရည်စက်လက်နှင့် အပြေးထွက်သွားသည်ကို မြင်လိုက်ရပေသည်…

အောင်တိုက် ။          ။ မနွယ်ပင်…ခင်ဗျားရဲ့ခင်ပွန်းဒဏ်ရာက မစိုးရိမ်ရပါဦး…ခြေထောက်ကိုပဲ ပစ်လိုက်တာ…

ထိုသို့ အကုန်လုံး ရှုပ်ရှက်ခပ်နေချိန်တွင် အသင့်ခေါ်ဆောင်ထားသော ရဲများရောက်ရှိ လာပြီး မင်းသမီးဆူးခက်အား လုပ်ကြံသတ်ဖြတ်သူ ဦးဘလက်ချောနှင့် ဓားထည့်ထားသောသေတ္တာအား လုယူထွက်ပြေးရန်ကြိုးစားသော မနွယ်ပင်၏ ခင်ပွန်း မောင်အာဂတို့အား ရဲတပ်ဖွဲ့မှ စစ်ဆေးရန်အတွက် စခန်းသို့ ခေါ်ဆောင်ရန်စီစဉ်နေကြစဉ်…

ကိုအောင်တိုက်မှာ စုပုံအုံခဲနေသော လူအများကြားမှတိုးထွက်ပြီး မောင်အာဂပြုတ်ကျသွားသော ဓားများထည့်ထားသည့် သေတ္တာရှာဖွေလိုက်ရာ…

သေတ္တာမှာ အစအနပါမကျန်ပျောက်ဆုံးလျက်ရှိကြောင်းတွေ့ရပြီး

သေတ္တာနှင့်အတူပျောက်ဆုံးသွားသူများမှာ ဦးမင်းမတ်၊ လေလံအောင်မြင်သွားသော ဆံပင်ရှည်နှင့်လူ၊

နောက်တစ်ဦးမှာ ဘယ်ကမှန်းမသိသော လူထွားကြီးပင်ဖြစ်ပေတော့သည်…

 

ကျွန်ုပ်နှင့် ကိုအောင်တိုက်သည် ဦးဘလက်ချောအား မင်းသမီးဆူးအားသတ်မှုဖြင့် တရားစွဲဆိုချိန်တွင်

သက်သေများအဖြစ်ထွက်ဆိုခဲ့ရုံသာမကပဲ တရားကြားနာရာတွင်ပါဝင်ခဲ့ရသောကြောင့်

မင်းသမီးဆူးခက်နှင့် ကြောင်ဝတုတ်ဂိုဏ်းအရှုပ်တော်ပုံကိုပါသိရှိခဲ့ရပြီး

စာဖတ်သူတို့ စိတ်ဝင်စားစေရန်အလို့ငှာ မှတ်တမ်းကြီးအား ဝတ္တုတစ်ပုဒ်သဖွယ်နောက်ပိုင်းတွင် ရေးသားတင်ပြမည်ဖြစ်ပါသည်…

ထို့အတူ ပြစ်မှုကျူးလွန်ခဲ့သော ဦးဘလက်နှင့် ကိုအောင်တိုက်တို့၏ အပြန်အလှန်စကားပြောပြီး ကိုအောင်တိုက်ကောက်ချက်ဆွဲခဲ့ပုံများကိုလဲ

ဆက်လက်တင်ပြမည်ဖြစ်ပါတော့သည်…

 

ဆက်ရန်….

15 comments

  • ဆူး

    April 10, 2012 at 6:27 pm

    ဆူးခက် ကို သတ်သွားတာ ဦးဘလက်ကြီးကို.. အဲဒါကြောင့် မင်္သကာဖြစ်နေတာ.. တမလွန်ကနေ စောင့်ဖတ်နေတာ.. ဘယ်သူလဲလို့.. ဟိဟိ။

    ဆံပင် အရှည်နဲ့က ဦးကြီးကန်း.. အဲ ဦးကမ်းကြီး များလားလို့။

  • Thel Nu Aye

    April 10, 2012 at 6:29 pm

    အောင်မယ်လေးဖက်ဖက်ကက်ရယ် မနေ့ကဘယ်ရောက်နေသတုန်း။ သများမှာ ညအထိကွန်ပြူ တာရှေ့က နေ မခွာပဲထိုင်စောင့်နေတာ။ လေလံအောင်တာ အမောင်လုလင်မှတ်တယ်။ လူထွားကြီးကတော့ ဖက်ဖက်ကက်မဟုတ်လား။

    • Khin Latt

      April 10, 2012 at 8:08 pm

      သဲနု
      တကယ်ကို ခန့်မှန်းတော်တာပါဘဲလား။
      နောက်အမှု မှာ သဲနုကို အဲဒီ စုံထောက် အဖွဲ့ က ခေါ်သင့်တယ်။
      ဒါပေမဲ့ ပြသနာက “စုံထောက်” ဆိုရင် အကောင်းခေါ်တယ် မထင်နဲ့။
      (အရီးလတ် နာမည် လိုပေါ့။ :D)
      ဒါကြောင့် အဲဒီ ကြောင်ဝလေးက လူလည်ကျ ပြီး စုံထောက် ရာထူး မယူတာ။
      မောင်တိုက် ကို သွားမပြောနဲ့။
      သူ့ခမျာ စုံထောက်ကြီး ဆိုပြီး အတော်လေး သဘောကျနေပုံဘဲ။ အဟိ။ 🙂

  • Khin Latt

    April 10, 2012 at 8:02 pm

    ဟဲ့ ဟဲ့ နာ ဘယ်နားမှာ အိပ်ပျော်သွားပါလိမ့်။
    မင်းသမီးဆူး ကို သတ်လိုက်တယ်။
    ပြန်ဖတ်ကြည့် မှ “စုုံထောက်အောင်တိုုက် နှင့် ကြောင်ဝတုုတ်ဂိုုဏ်း (၄)” မှာ ဖြစ်နေပါရော့လား။
    ရက်စက်လိုက်ကြတာ။ ရက်စက်လိုက်ကြတာ။
    ဒီ “ဘလက်ချော” ဆိုတဲ့ လူတော့ တွေ့ရင် အမှုန့်ချေခံ ရပြီသာမှတ်။
    “တော့(စ)က်” …. “တော့(စ)က်” …. “တော့(စ)က်” ….
    ( တစ်ပင်ထဲ နွယ် လေး ပိုင်ရှင် သေနတ်မှန်သူ “ဂဂ” ထံမှ သူကြီး တောက်ခေါက်သံ ကို သဘောကျလွန်း၍ သုံးကြိမ်သုံးခါ ကော်ပီကူးယူကြောင်း ဝန်ခံပါသည်)

    • ဆူး

      April 11, 2012 at 11:11 am

      အင်္ဂလန်မှာ ဆိုတော့ ဘိုသံ ထွက်အောင် တောက်ခေါက် သွားတာလား။ ဟိဟိ..
      ဆူးခက် သနားပါတယ်နော်..
      ဘလက်ကြီး သိပ်ဆိုးတာပဲ..

      • သမိန်ဂီ့

        April 11, 2012 at 11:22 am

        သီချင်းရေးစရာပီပီ ..ဂီတာကြိုးနဲ့ သတ်သွားတယ်ပေါ့…
        စကားမစပ် လည်ပင်းသွေးကြော ပြတ်သေတာလား ..
        လည်ပင်း အစ် သေတာလားဟင်…

        လည်ပင်းအစ်သေတာဆိုလို့ကတော့ ..
        လည်ပင်းညှစ်ခံရမှန်းမသိ .. ပရက်ရှာ တက်သလားမသိတဲ့
        ဘေရိုရီဆက်ပ္ပတာ လေးဒွေရဲ့ လက်ချက် ပေါ့…
        ဟိဟိဟ
        အပေါ်ကလူတွေ အားကျလို့ ခေါက်လိုက်ဦးမယ်..အံကျိတ်ပြီး
        ထှောက်ခ်…

        😛

        • ဆူး

          April 11, 2012 at 11:47 am

          နာ ကို ခြိမ်းခြောက်တာလား.. ညက်နှာကြီး မဲပြာနှမ်းနေမယ် ဆိုပြီးတော့…
          ဖတ်တီးကတ်က သေချာ ပြောထားတယ် လှလှပပ သတ်ပေးထားတယ်တဲ့.. ဟွန့်။

  • အမတ်ဒိန်

    April 10, 2012 at 8:37 pm

    ထင်တော့ထင်သားပဲ ..
    ဟိုတနေ့က အင်းယားကန်ဘောင်မှာ ငှားလာတဲ့ ဂစ်တာကိုသွားပြန်ပေးတော့..
    ချာတိတ်တွေက ဦးလေးတို့ ဂစ်တာကြိုးတချောင်းလျော့နေတယ် လာပြောတာ ကိုဘလက်လက်ချက်ကိုး. 😛

  • FattyCat

    April 10, 2012 at 11:24 pm

    သွားလေသူ…စုံထောက်ကြီးကိုအောင်တိုက်၏ ကောက်ချက်စွဲပုံတွေကိုထပ်မံဖော်ပြပါ့မယ်ခင်ဗျာ…
    ဇွဲရှိရှိနဲ့ ကျွန်တော်စိတ်ကူးယဉ်သမျှကို ဖတ်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေများကိုအထူးကျေးဇူးတင်ရင်း…
    သင်္ကြန်ရက်မှာ ကျွန်တော်မရပ်မနားပဲ ထပ်မံတင်ပေးပါဦးမယ်…
    ပြီးခဲ့တဲ့ရက်က ပျက်ကွက်မှုတွေအတွက်လဲ အနူးအညွတ်တောင်းပန်ပါတယ်…
    (၂)ရက်ထဲကျန်သော အလုပ်လုပ်ရက်အတွက် တစ်ပတ်စာအလုပ်များသိမ်းကြုံးလုပ်နေရသောကြောင့် ရွာဇရပ်ထဲမှာပင် အပျင်းပြေဝင်မထိုင်နိုင်သည်ကို ဇရပ်ထဲရှိသူငယ်ချင်းများ သက်သေတည်၍ တောင်းပန်အပ်ပါသည်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဆူး

      April 11, 2012 at 11:15 am

      ကြောင်ဝတုတ် မသိသေးတဲ့ နွယ်ပင် ရဲ့ လိပ်ပြာ အရုပ်ကလေး အကြောင်းပဲ.. သိခဲ့ရင် ဒီဇတ်လမ်းထဲ ပါလာမှာ.. နာတောင် ဓါတ်ပုံလေးထဲမှာ မြင်ဖူးတာ.. တော်တော် လှတယ်။

  • Khaing Khaing

    April 11, 2012 at 1:25 pm

    အမလေးလေးဘာပဲပြောပြော တူရငမွဲက ချာပါတီတွေဘာတွေဆွဲပြီးကောင်းစားနေတာ …. ကိုဖက်ကတ်ရေ စိတ်ကူးစိတ်သန်းလေးကတော့ကောင်းပေစွ ဒါပေသည့် ကိုဖက်ကတ်ရဲ့ဇာတ်လမ်းကို ရွာထဲကရွာသားတစ်ယောက်ကပြောနေတယ်နော် ………… သူကအခုခရီးထွက်လို့ မထွက်ရင် ဇာတ်လမ်း အကြောင်းကို မန့်ခဲ့မယ်တဲ့ …. သူနိုင်ငံခြားရောက်နေတယ် မီးမေးလိုက်မယ် သူမန့်ချင်တာကိုမီးမန့်ပေးရမလားလို့ …………

  • blackchaw

    April 11, 2012 at 7:22 pm

    အော်ကွယ်။
    ဘလက်က ဆူးကို သတ်တဲ့ လူသတ်တရားခံတဲ့လား။
    လုပ်ရက်ပေ့ အဘရယ်။
    ငါ့ကို ထောင်ထဲထည့်လိုက်တယ်ဆိုလို့
    အချိန်မရတဲ့ကြားက ဝင်ဖတ်ပြီး
    ကွန်းမန့်ဝင်ပေးသွားပါတယ်။
    သတ်တာကတော့ ကျုပ် ပါဗျာ။
    သတ်ခိုင်းတဲ့လူ ရှိသေးတယ်ဗျို့။
    အဟမ်း အဟမ်း အဟမ်း
    :mrgreen:
    ဖက်တီးကက် ဖက်တီးကက်
    ဒီတစ်ခါတွေ့ရင်တော့
    နင့်လည်း သတ်မယ်ဟေ့။
    :mrgreen:

    • ဆူး

      April 11, 2012 at 8:49 pm

      ဂိုဏ်းချုပ်ကို ပြန်တော်လှန် မလို့လား.. ဟိဟိ..

  • FattyCat

    April 11, 2012 at 10:55 pm

    အချိန်မရတဲ့အထဲက ဝင်မန့်ခဲ့တဲ့ ဦးဘလက်ကြီးကို ကျေးဇူးအထူးပါဗျာ…

  • သမိန်ဂီ့

    April 12, 2012 at 6:43 am

    ဟိုဘက်က နယ်စည်းမခြားနဲ့ ဒီဘက်က ယူနီယံ နဲ့
    ဘာကွာလဲဟင် ..တူတူပဲလား …
    ကျုပ်တို့က ဘူနဲ့ လိုက်သောက်ရမှာလဲ ဟင်င်င်..
    မူးဘာဒယ်အေ..
    😀

Leave a Reply