မန္တလေးဂေဇက် အယ်ဒီတာ့သင်ပုန်း – ၂၀၁၂ ဧပြီလ

kaiApril 11, 20121min107334

လူမျိုးရေးနဲ့မြန်မာပြည်

တိုးသွားလိုက် ကျယ်လာလိုက်ဖြင့့် မြန်မာလူမျိုးရေးအကြောင်းဆွေးနွေးကြ တိုက်တွန်းကြသည်ကို ကြားတွေ့နေရသည်။ ။ ၂၁ရာစုတွင် လူမျိုးရေးပဋိပက္ခတို့သည် ငြိမ်းချမ်းခြင်းနှင့် တိုးတက်သောနိုင်ငံတော်ဖြစ်တည်ခြင်းအတွက် ကြီးစွာသော အဟန်ု့အတားတို့ဖြစ်သည်ကိုကား သိသာနေကြမည်ထင်ပါသည်။
ယခုခေတ်တွင် မြန်မာတို့ကမ္ဘာအနှံ ့ဖြန့်ကျက်နေထိုင်နေကြကာ မြန်မာပြည်ဥပဒေပြုလွှတ်တော်တို့တွင် နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူ ကမ္ဘာတန်းအဆင့်ခေါင်းဆောင်ရောက်နေချိန်ဖြစ်သဖြင့် တိုင်းရင်းသား(၁၃၅)မျိုးနေထိုင်ပါသည်ဆိုသော ပြည်ထောင်စုအတွက် လူမျိုးရေးကို ကိုင်တွယ်ဖြေရှင်းရန်အသင့်လျှော်ဆုံးအချိန်ဟု ဆိုချင်သည်။
မြန်မာတို့ဘာတွေဖြစ်ခဲ့သည် ဖြစ်ဖူးသည်တို့ကို လှမ်းကြည့်လျှင် ရှေ့ဆက်၍ဘာလုပ်သင့်ကြသည်ကို ထင်ရှား မြင်သာပါလိမ့်မည်။

ကုလားမြန်မာအဓိကရုဏ်း

ပုဂံခေတ်၏ ဆေးရေးပန်းချီများတွင် မှောင်သောအရောင်၊ ပြူးသောမျက်လုံး၊ ဖြူသောအရေ။ မှေးသောမျက်ဝန်းတို့နှင့် လူပုံများလည်း တွေ့ရပေသည်။
အာသံကိုမြန်မာတို့သိမ်းခဲ့သည်။ စစ်တကောင်း၊မဏိပူရလည်း ရဖူးပါသည်။ ထိုထိုဒေသမှ လူသားတို့ မြန်မာပြည်တွင်းဆီ ဥဒဟိုဝင်ထွက်သွားလာဖူးကြပါလိမ့်မည်။ သွေးနှောအမျိုးရောကြပါလိမ့်မည်။ သူတို့သည် မြန်မာ့ဘိုးဘေးတို့ဖြစ်ကြပါလေ၏။
၁၉-၂ဝရာစုတွင် အိနိ္ဒယတောင်ပိုင်းသား ချစ်တီးတို့လည်း မြန်မာ့မြေတွင်သွေးရောနေထိုင်ကာ လူမျိုးသွေးနှောအခြေချခဲ့ဖူးသည်။ မြန်မာတို့တွင် အိနိ္ဒယတိုင်းသားတို့၏ ယဉ်ကျေးမှုသာမက ဇာတိသွေးတို့ပင်ရောနေသည်ကို သိသာပါသည်။
သို့သော်…
၁၉၃ဝ မေလ ၂၆ ဆိပ်ကမ်းအလုပ်သမား ပြဿနာမှစပြီး ကုလား-ဗမာအဓိကရုဏ်းဖြစ်သည်။
၁၉၃၈ ဇူလိုင်လ ၂၆  တွင် “မော်လဝီနှင့်ယောဂီ” စာအုပ်မှ အငြင်းပွားပြီး ကုလား-ဗမာအဓိကရုဏ်းဖြစ်သည်။
၁၉၈၈၏ နိုင်ငံရေးရှုပ်ထွေးမှုမှထွက်ပေါက်ရှာ အာရုံလွှဲသည့် ဘာသာရေးအခြေခံ အဓိကရုဏ်းများတို့သည် မြန်မာတို့၏ ဆွလွယ် ကြွလွယ်သည့် ဓလေ့အကျင့်တို့အသုံးချခံခဲ့ရသည်ဟု ထင်ဟပ်ပြနေပါလေသည်။

တရုတ်မြန်မာ အဓိကရုဏ်း

ပျူခေတ်အကြောင်းများကို ဂန္ဓာလရာဇ်(စိန့်)တိုင်းသား(Chinese)တို့၏ ရှေးမှတ်တမ်းများတွင် တွေ့ကြရသဖြင့် အိမ်နီးချင်းတို့နှင့်ဆက်ဆံရေးရှည်ကြာမှုကိုသိနိုင်ပါမည်။ အနော်ရထာမင်းစော(၁၀၁၄-၁၀၇၇)လက်ထက် လွန်ခဲ့သော နှစ် ၁၀၀ဝခန့်တွင် ပုဂံပြည်သည် ကုန်သွယ်မှုဖွံ့ဖြိုးခဲ့သည်။  Sino-Indian ၏ ကုန်သွယ်လမ်းကြောင်းတခုဖြစ်နိုင်ပါသည်။ စိန့်တိုင်းကုန်သည်တို့လည်းထွက်ဝင်သွားလာ လည်ပါတ်ရင်း ပျူ-မြန်မာတို့နှင့်အကြောင်းပါအခြေချသည်တို့ရှိမည်မှာ သေချာပါသည်။
နရသီဟပတေ့မင်းလက်ထက်(အေဒီ-၁၂၈၅)တွင်ကား ပုဂံကျခဲ့ပါ၏။ ဝင်ရောက်ကျုးကျော်ခဲ့သူများမှာ မွန်ဂို( ဂျင်ဂစ်ခန်၏မြေး ကူဗလိုင်ခန်)တပ်များဖြစ်ကြသည်။၊ သိန်းချီသော မွန်ဂိုတပ်ကြီး၏လက်ကျန် မွန်ဂိုလူမျိုးများ ဧရာဝတီမြစ်တလျှောက်တွင် ချန်ရစ်အချေချနေရစ်ခဲ့မည်မှာ သံသယရှိရန်မလိုပါ။
သို့သော်…
အင်္ဂလိပ်လက်ထက် ၁၉၃၁ခုနှစ်ဇန်နဝါရီလ ၂ရက်နေ့တွင် ရန်ကုန်ခေါက်ဆွဲဆိုင်စကားများမှုမှစပြီး တရုတ်-ဗမာ အဓိကရုဏ်းဖြစ်ခဲ့ဖူးသည်။
၁၉၆ရ ခုနှစ်တွင် မော်စီတုံးရင်ထိုးတံဆိပ်ပြဿနာမှစပြီး တရုတ်-ဗမာ အဓိကရုဏ်းဖြစ်ခဲသေးသည်။
စီးပွားရေး နိုင်ငံရေးစနစ်တို့ကြောင့်တောက်လောင်ခဲ့သော လူမျိုးနွယ်တူတို့၏ မီးပွားစ ရန်ပွဲများအကြောင်းဖြစ်ပါသည်။

မြန်မာနှင့် တိုင်းရင်းသားများ( ပြည်တွင်းစစ်)

အင်္ဂလိပ်အထွက် ဂျပန်အဝင်တွင်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် ကရင်-ဗမာသတ်ပွဲဖြစ်ခဲ့ဖူးသည်။
၁၉၄၈ ခုနှစ် ဩဂုတ်လ (၉) ရက်နေ့တွင် ကရင်နီ လက်နက်ကိုင်တော်လှန်ရေး၊၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၉ ရက် နေ့တွင် မွန် လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကရင် လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၅၈ ခုနှစ် မေလ (၂၁) ရက်နေ့မတွင် သျှမ်း လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ (၅)  ရက်နေ့တွင် ကချင်လက်နက်ကိုင်တော်လှန်ရေး တို့ဖြင့် လွတ်လပ်ပြီးတိုင်းပြည်နုလေးဝယ် လူမျိုးပေါင်းစုံတို့၏ သိုးမည်းလက်နက်ကိုင် တော်လှန်ရေးများ ထပ်ခဲ့သည်။

ပထမမြန်မာနိုင်ငံတော်ကြီးမှစ၍ အတူတကွစုစည်းထားနိုင်သော တိုင်းရင်းသားလူမျိုးကြီးများတို့သည် ဤမြေဤလေနှင့်အတူ ဘိုးဘွားစဉ်ဆက် နှစ်ထောင်ချီယှဉ်တွဲနေခဲ့ကြပြီးဖြစ်သည်။
ဗမာ့နောက်ဆုံးကုန်းဘောင်မင်းဆက်အင်ပါယာတွင် ယခုတည်နေပြီးမြေပုံအတိုင်းပါဝင်ကြပါသော်လည်း အင်္ဂလိပ်တို့ လွတ်လပ်ရေးပေးပြီးနောက် တွန်းတွန်းတိုက်တိုက်ကလေး (ထုံးစံအတိုင်း) ကျန်ရစ်အောင်ထားခဲ့ကြသည်ဟု ကမ္ဘာ့သမိုင်းပြန်လှန်လျှင်မြင်နိုင်ပါမည်။
ပထမအင်္ဂလိပ်-မြန်မာစစ်မှ ဆုံးရှုံးခဲ့သော မြန်မာပိုင်နယ်များအားထည့်တွက်ပါမူ  အင်္ဂလိပ်လက်မှနယ်မြေတိုး၍ကားမရ လျှော့ကြေးနှင့်ပြန်ရခဲ့သည်ဟုသာ ဆိုဖွယ်ရာရှိပါမည်။
မည်သို့ဆိုစေ…..
မြန်မာတို့ရသော မြေပုံသစ်သည် ရာဇဝင်ဟောင်းမှချန်ရစ်သော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅မျိုးတို့၏ ဘိုးဘွားအမွေဖြစ်တော့သည်။

မြန်မာနှင့်ဗမာ

ပသင်္ဂဝိသောဓနီ​ကျမ်း၌ အစဉ်အတိုင်း” ဗြဟ္မာ၊ ဗရမ္မာ၊ ဘရမာ၊ ဘမာ၊ ပရမ္မာ၊ မြန်မာ”ဟု ရေးထားခဲ့ပေရာ” မြန်မာနှင့် ဗမာအတူတူသာ”ဟု ယူဆချင်မိပါသည်။
သခင်ဘသောင်းကမူ “တို့ဗမာ”ဟူသော စကားလုံးစတင်ထီထွင်အသုံးပြုခဲ့ပြီး တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုသည်ဟု ဆိုထားခဲ့သည်။
ဗမာကို အင်္ဂလိပ်လို Burman ဟုခေါ်သောမှတ်တမ်းများ အေဒီ၁၀၀၀ဝန်းကျင်ကတည်းကရှိနှင့်ပြီး မြန်မာပြည်ကို အင်္ဂလိပ်တို့ စတင်အခြေချစဉ်ခရစ် သက္ကရာဇ် ၁၆၀ဝကျော် တပင်ရွှေထီးမင်းလက်ထက်က မြန်မာတို့ကို Burman များဟု ဆိုခဲ့ကြပါသည်။
နောက်ပိုင်း ကျွန်ပြုနိုင်သောအခါတွင် Burmese ဟုတနိုင်ငံလုံးကို နှိမ်ချသုံးစွဲခဲ့ပုံပေါ်လေသည်။ -ese Suffix နှင့်အဆုံးသတ်ခြင်းတွင် လူမျိုးနွယ်တခုကို နှိမ်ချခြင်းသဘောပါလေမည်လားဟု အခြားသောဥရောပ မျိုးနွယ်စုကြီးအမည်၏ (Suffix)များနှင့်နှိုင်းယှဉ်တွေးမိဖူးသည်။  (လက်တင်ဘာသာစကား အဘိဓာန်ကိုရှု)
မည်သို့ဆိုစေ Burman မှ Burma > Burmese ဟုခေါ်သည်ကိုကား ငြင်းဖွယ်မရှိမြင်မိသည်။
မြန်မာဟူသောအမည်မှာမူ ရှေးကျောက်စာများ​၌ပါဖူးပြီး တရုတ်များက (မိယန်င်) ခေါ်ကာ ထိုင်းလူမျိုးများက “ဖမာ”ဟုခေါ်သည်ဟု သိဖူးပါသည်။

သခင်ဘသောင်း၏ “ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ ဗမာပြည်ကို ချစ်ပါ။ ဗမာစာကို ချီးမြှင့်ပါ၊ ဗမာ စကားကို လေးစားပါ” ကြွေးကျော်သံသည် ဗမာလူမျိုးကြီးဝါဒအတွက် အဓိက သော့ချက်တခုဖြစ်နေနိုင်လေသည်။ အိုင်ယာလန်၏ Sinn Féin မှအခြေပြုမွေးယူလာခြင်းဖြစ်သည်ဟု သခင်ဘသောင်းကဝန်ခံထားခဲ့၏။
ဗမာကို တိုင်းရင်းသားများအားလုံးနှင့်ဆိုင်သယောင်အဆိုတင်သွင်းခဲ့ခြင်းဟု ယူဆနိုင်ကောင်း၏။ သို့သော် ထိုသို့ အတိအကျသတ်မှတ်အမည်ပြုခြင်းကပင် အမျိုးသားရေးအင်အားဖြစ်စေခဲ့ပြီး လွတ်လပ်ရေးအရယူလမ်းပေါ်တက်ခဲ့သည်ဟု ဆိုချင်ပါသည်။
မည်သို့ခေါ်ကြသတ်မှတ်ကြသည်ဖြစ်စေ တိုင်းပြည်အမည်တခါပြောင်းခြင်းသည် တိုင်းပြည်၏ ဘဏ္ဍာငွေကို များစွာဖြုန်းတီးပစ်ရာရောက်ပြီး နိုင်ငံခြားတိုင်းပြည်များ၏ သင်ရိုးစာအုပ်စာတန်းများပါ ပြင်ဆင်ရသဖြင့် ဘီလီယန်ချိီသော ဒေါ်လာငွေကြေးကုန်ကျမှုဖြစ်စေသည်ကား အသေအချာပင်ဖြစ်တော့သည်။

နှစ်သစ်ဆန္ဒ

ဗမာနှင့် မြန်မာတိုင်းရင်းသားများ တန်းတူညီမျှရှိရမည်။
အကယ်ဆိုမူ ဗမာသည်လည်း တိုင်းရင်းသားတမျိုးသာဖြစ်သည်မဟုတ်လော။
လူများသဖြင့် ရေများရေနိုင် မီးများမီးနိုင်ရန်အကြောင်းမရှိ။ တိုင်းပြည်လူဦးရေ၏ ၃ပုံ၂ပုံ မျှရှိနေသော ဗမာတိုင်းရင်းသားတို့သည် လူများစုဖြစ်သည်ဟူ၍ကား ကျန်လူနည်းစုတိုင်းရင်းသားများက ( ဒီမိုကရေစီစံနစ်အရ ) အသိအမှတ်ပြုကြရမည်။
“လူမျိုးရေး”ကို “အစွန်းရောက်”ကြရန်လည်းမသင့် “တွန်းချ ဖျောက်ဖျက်ပစ်ရန်လည်း မလို”ပါ။

လူမျိုးရေးများအခြေခံကာ ပြောဆိုတိုက်ခိုက်နေကြခြင်းသည် ပြီးဆုံးနိုင်ခြင်းမရှိသော ပဋိပက္ခများကိုသာ မွေးပွားကြီးထွားစေလေသည်။
မြန်မာတို့၏သမိုင်းတလျှောက်တွင် “လွတ်လပ်ခြင်း ညီမျှခြင်း ချစ်ကြည်ခြင်း” လျှော့နည်းကင်းမဲ့ခဲ့သည်ကို တွေ့နိုင်လိမ့်မည်။
အမှားရှိလျှင်အမှန်ရှာသင့်သည်မဟုတ်ပါလား..

အမေရိကပြည်ထောင်စုတွင်နိုဝင်ဘာလကုန် (ကြာသပတေးနေ့)၌ ကျင်းပလေ့ရှိသည့် ကျေးဇူးတော်နေ့နှင့်သဘောတူနေ့ရက်မျိုးကို မြန်မာပြည်တွင်(တိုင်းရင်းသားများအပေါ်အပြန်အလှန် အသိအမှတ်ပြုကျေးဇူးတင်သည့်အနေဖြင့်)နှစ်စဉ်သတ်မှတ်ကျင်းပသင့်သည်။
လူမျိုးရေးအနေဖြင့် ကွဲပြဲဆဲရဲမဲသဲကြရန်  အချိန်ခေတ်ခါမဟုတ်တော့ပါသဖြင့် ၂၁ရာစုနှင့်အညီ မြန်မာပြည်တွင် Anti Discrimination ( လူမျိုးဘာသာခွဲခြားမှု နှိပ်ကွပ်ရေးဥပဒေ)ပြဌာန်းပြီး လူမျိုးရေးခွဲခြားကွဲပြားထိုးခွဲသူများကို ဥပဒေနှင့်အညီပြင်းထန်စွာအရေးယူသင့်ပါပြီဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။    ။

မှတ်ချက်။  ။ ဧပြီလ ၂၀၁၂ မန္တလေးဂေဇက်တွင် ပုံနှိပ်ဖေါ်ပြထားသည်။

34 comments

  • သမိန်ဂီ့

    April 11, 2012 at 10:19 am

    ဗယာကြော် သဂျီး..
    😀

    သဂျီး ထည့်မရေးတဲ့ အပိုင်းလေးတစ်ပိုင်းကို
    ဟိုဘက်က ဆြာတွေ ထည့် အားဖြည့်ကြမှာ
    စောင့်မျှော်နေပါဂျောင်း…

    😛

  • ဦးဦးပါလေရာ

    April 11, 2012 at 10:28 am

    အယ်ဒီတာ့ သင်ပုန်းဆိုတော့ ဒါက အယ်ဒီတာက အတည်ရေးတဲ့သဘော၊ အယ်ဒီတာ့ အာဘော်လို့ မှတ်ယူပါတယ်။
    အချိန်အခါနဲ့ အလွန်လိုက်ဖက်တဲ့ အကြောင်းအရာဖြစ်ကြောင်း ဖါးလိုပါတယ်။ 😉

    တကယ်တော့ ဗမာတိုင်းရင်းသားကလဲ နိုင်ငံလူဦးရေအားလုံးရဲ့ သုံးပုံနှစ်ပုံရှိတာတော့မဟုတ်ဘူးထင်ပါတယ်။
    ဦးနေဝင်းခေတ်မှာ ဗမာဇွတ်လုပ်ခဲ့ကြရတာလဲ ရှိတာကိုး…။ ဒီလိုပဲ အခြားတိုင်းရင်းသားများမှာလဲ ကိုယ့်လူမျိုးနဲ့ကို်ယ်သီးသန့်နေတာမဟုတ်လို့ ဒီကနေ့အချိန်မှာတော့ဖြင့် သွေးနှောပြီးတိုင်းရင်းသားများက ပိုတောင်များနေသလိုပါပဲ။ သို့သော် ဘယ်နှစ်ယောက်ပဲရှိရှိ အားလုံး တန်းတူရည်တူရှိဘို့က အဓိကပါပဲ။ လူဟာ လူချင်း တန်ဘိုးတူညီရပါမယ်။ အခွင့်အရေးတူညီရပါမယ်။ တာဝန်ဝတ္တရားလဲ တူညီရပါမယ်။

    “လူမျိုးရေး”ကို “အစွန်းရောက်”ကြရန်လည်းမသင့် “တွန်းချ ဖျောက်ဖျက်ပစ်ရန်လည်း မလို”….. ဆိုပေမယ့် တကယ်တော့ တိုင်းပြည်မှာ တညီတညွတ်တည်း စုစည်းနေထိုင်ချင်ရင် လူမျိုးရေးကို ရှေ့တန်းမတင်မှဖြစ်ပါမယ်။
    ဒီစကားဟာတိုင်းရင်းသားစာပေဓလေ့ထုံးစံတွေကို မှေးမှိန်ပစ်ဘို့ပြောတာမဟုတ်ပါဘူး။
    တိုင်းရင်းသားစာပေဓလေ့ထုံးစံယဉ်ကျေးမှု့တွေကို ဖေါ်ထုတ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ရမှာပါ။
    ဒါပေမယ့် နိုင်ငံရေး စီးပွားရေး လူမှု့ရေးစတဲ့ လက်တွေ့ လူတိုင်းထိတွေ့နေရတဲ့ ကဏ္ဍတွေမှာတော့ အားလုံးဟာ မြန်မာနိုင်ငံသားချည်းပဲဆိုတဲ့ စိတ်ခံယူချက်နဲ့မှာ တိုးတက်မှာ ရလာဒ်ကောင်းမှာပါ။

  • ဦးဦးပါလေရာ

    April 11, 2012 at 10:37 am

    ကုလား-ဗမာအဓိကရုဏ်း / တရုတ်-ဗမာ အဓိကရုဏ်း စတဲ့ လူမျိုးရေးအဓိကရုဏ်း တွေဟာ
    ဘာကိုပြသလဲဆိုတော့-
    ၁- ဥပဒေစိုးမိုးမှု့မရှိတာကို ပြတယ်
    ၂- တရားမျှတတဲ့ လူမှု့ဝန်းကျင်မရှိတာကို ပြတယ်
    ၃- လူတွေနဲ့ လူတွေရဲ့ အနာဂတ်ကို စတေးပြီး – ကိုယ်လိုချင်တဲ့ ရေတိုနိုင်ငံရေးအခင်းကျင်းရအောင် လုပ်ရက်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ ကမ်းကုန်အောင် ယုတ်မာမှု့ကိုပြတယ်။

    ကျန်တာတွေထား – ဘာသာတွေ ထုံးစံတွေ ဘယ်လိုဖြစ်ဖြစ်-
    တရားဥပဒေလဲစိုးမိုးမယ်၊ မျှတတဲ့ ဥပဒေတွေလဲရှိမယ်ဆိုရင်-
    လူနဲ့ လူချင်း ဘာမှ မတည့်စရာမရှိ

    တနည်းအားဖြင့် –
    ရိုးသားပြီး အရည်အချင်းရှိတဲ့ ခေါင်းဆောင်မှု့အောက်မှာ-

    လူနဲ့ လူချင်း ဘာမှ မတည့်စရာမရှိ
    လူနဲ့ လူချင်း ဘာမှ မတည့်စရာမရှိ
    လူနဲ့ လူချင်း ဘာမှ မတည့်စရာမရှိ

    • htoosan

      April 11, 2012 at 11:39 am

      ဦးဦးပါလေရာရေ..

      လူတွေနဲ့ လူတွေရဲ့ အနာဂတ်ကို စတေးပြီး – ကိုယ်လိုချင်တဲ့ ရေတိုနိုင်ငံရေးအခင်းကျင်းရအောင် လုပ်ရက်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ ကမ်းကုန်အောင် ယုတ်မာမှု့ကိုပြတယ်။

      အဲ့ဒီယုတ်မာမှု့ကို မမြင်ဘဲ ကြိုးဆွဲရာ ကကြတဲ့ အပိန်းတွေ လည်း များတယ်မဟုတ်လား … 😀

  • htoosan

    April 11, 2012 at 10:57 am

    ဦးကြီးမိုက် ရေ ဗယာကြော်တစ်ပွဲ သူကြီးကိုပေးပါဗျို့……….

  • mocho

    April 11, 2012 at 11:36 am

    တိုင်းရင်းသားတွေက ဗမာအပေါ်ထားတဲ့အမြင် ကို ကျမတို့ ငယ်ဘဝတလျောက်လုံး ကြုံ ခဲ့ရဘူးပါတယ်။ မြန်မာပြည်မှာ အဆက်ဆက် အုပ်ချုပ်သူတွေက ဗမာတွေဖြစ်ကြပြီး အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှု ချုပ်ခြယ် မှုတွေကြောင့် တိုင်းရင်းသားတွေက ဗမာဆိုရင် အမြင်တမျိုးနဲ့မြင်တတ်ကြတယ်။ တကယ်တော့ တိုင်းရင်းသားတွေ တင် မကပါဘူး ဗမာတွေလည်းအတူူတူခံရတာပါပဲ။ တိုင်းရင်းသားတွေရဲ့ အမြင် တွေကိုတည့်မတ်ပေးဖို့က သူတို့အပေါ်မှာ တရားမျှတတဲ့၊ သူတို့ ကလည်း လက်ခံနိုင်တဲ့ အုပ်ချုပ်ရေး မျိုး ဖြစ်ဖို့လိုပါတယ်။ ထိပ်ပိုင်း အစိုးရတင် မကပါဘူး၊ ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်ရတဲ့ စစ်တပ် အပါဝင် အစိုးရ ဝန်ထမ်း အားလုံး မှာ တာဝန်ရှိပါတယ်။

    • ဇော်ရီ

      April 12, 2012 at 12:26 am

      မmochoရေ… ကျတော့အား အနည်းငယ် ဝင်ပြောခွင့်ပြုပါ…

      အခုု ကျတော့ မြင်နေရတာက လက်ရှိမှာ အစိုုးရ အဖြစ်ယူထားတဲ့ အုုပ်ချုပ်သူ ဗမာ လူတန်းစားတွေက ဗမာ မဟုုတ်တဲ့ တိုုင်းရင်းသားတွေ အပေါ်မှာ ဖိနှစ်ချုပ်ချယ် တာတွေ ရှိတယ်ဆိုုတာ လူတိုုင်း ငြင်းနိုုင်မယ် မထင်ပါဘူး… အဲလိုု အရာတွေကိုု တိုုင်းရင်းသားတွေက ခံရပါကြောင်းပြောတော အုုပ်ချုပ်သူ မဟုုတ်တဲ့ ဗမာတွေက သူတိုု့မှ မလုုပ်ဘဲ ဗမာ က လုုပ်တယ်ဆိုုတော ခံပြင်းကြပြန်တယ်… ဒီလိုုနဲ့ပဲအချင်းချင်း ကြားထဲ အမြင်တွေ လွဲနေခဲကြရတယ်…

      အဖိနှစ်ခံ ဗမာ မဟုုတ်တဲ့ တိုုင်းရင်းသားတွေထဲမှာ ၈ဝ ရာခိုုင်နှုုန်းက သူတိုု့ဒေသက လွဲပြီး တခြားကိုု ကူးလူး သွားလာနေခြင်း မရှိသလောက် နည်းပါးကြပါတယ်… သူတိုု့ နေထိုုင်ရာ ဒေသ တစ်ခုုတည်းမှာပဲ နေကြတဲ့သူတွေ များပါတယ်… အဲလိုု သူတိုု့ နေထိုုင်ရာ ဒေသကိုု အုုပ်ချုပ်သူ လူတန်းစားထဲက ဗမာ ဆိုုတဲ့ အုုပ်ချုပ်သူက ရောက်ရှိလာပြီး သူတိုု့ရဲ့ငြိမ်းချမ်းစွာ နေထိုုင်နေမူ့ကိုု အတားအဆီးပေါင်းစုုံ ဖိနစ်မူ့ ပေါင်းစုုံနဲ့ အနိုုင်ကျင့် ဗိုုလ်ကျခဲပြန်တယ်… နောက်တစ်ယောက် ပြောင်းပြန်တော နောက်တမျိုး ဒီလိုုနဲ့ လာသမ ျှသော အုုပ်ချုပ်သူ လူတန်းစားတွေဟာ ဗမာတွေ ဖြစ်ကြတာကြောင့်… သူတိုု့ အတွက် တခြား အုုပ်ချုပ်သူ လူတန်းစား မဟုုတ်တဲ့ ဗမာတွေနဲ့က အတွေ့အထိ အရမ်းနည်းပါးပါတယ်… ဒါကြောင်းလည်းပဲ သူတိုု့တွေဟာ အုုပ်ချုပ်သူ လူတန်းစား ဗမာတွေကိုု မနှစ်မြိုတာပဲ ဖြစ်မှာပါ…

      အမ အနေနဲ့ သူတိုု့ ဘာကြောင့် ဗမာ ဆိုုတဲ့ လူမျိုး ကိုုယ်စားပြု စကားကိုု သုုံးပြီး မနှစ်မြို့ရတာလဲ ဆိုုတဲ့အကြောင်းအရင်းကိုု အခုုလိုု နားလည်ပေးနိုုင်မယ်ဆိုုရင် ဒီဟာအတွက် အဖြေက ရှိပြီးသားပါ… အမပြောသလိုုပါပဲ အုုပ်ချုပ်မူ့ စနစ်ကိုု သူတိုု့လက်ထဲ အပ်လိုုက်ပါ… လိုုအပ်လိုု့ ဗမာ လူမျိုးမှ အုုပ်ချုပ်ခဲသည် ရှိသော်လဲပဲ ဖိနစ်ချုပ်ချယ်ခြင်း ကင်းမဲ့ပြီး ကိုုယ့်သွေးရင်း ညီကိုုလိုု သဘောထားဖိုု့ လိုုပါလိမ့်မယ်…

  • ကိုရင်မောင်

    April 11, 2012 at 11:45 am

    လူမျိုးရေးသမိုင်းကြောင်းတွေ ဗဟုသုတအဖြစ်တင်ပေးတဲ့အတွက်ကျေးဇူးပါ
    သိချင်နေတဲ့ခုနှစ်တွေပါလာလို့ပိုလို့ကျေးဇူးတင်ပါတယ်သဂျီးရေ….

  • Khaing Khaing

    April 11, 2012 at 12:54 pm

    မသိတာလေးတွေကို သိရှိခဲ့ရလို့ ကျေးဇူးတင်ပါတယ် အခုလို ဖော်ပြပေးမှပဲ ဖတ်ဖြစ်တယ်ဗျာ …….

  • သူကြီး၏ ဆုတောင်းပြည့်စေချင်ပါ၏

    ဗမာနှင့် မြန်မာတိုင်းရင်းသားများ တန်းတူညီမျှရှိရမည်။
    အကယ်ဆိုမူ ဗမာသည်လည်း တိုင်းရင်းသားတမျိုးသာဖြစ်သည်မဟုတ်လော။
    လူများသဖြင့် ရေများရေနိုင် မီးများမီးနိုင်ရန်အကြောင်းမရှိ။ တိုင်းပြည်လူဦးရေ၏ ၃ပုံ၂ပုံ မျှရှိနေသော
    ဗမာတိုင်းရင်းသားတို့သည် လူများစုဖြစ်သည်ဟူ၍ကား ကျန်လူနည်းစုတိုင်းရင်းသားများက ( ဒီမိုကရေစီစံနစ်အရ )
    အသိအမှတ်ပြုကြရမည်။“လူမျိုးရေး”ကို “အစွန်းရောက်”ကြရန်လည်းမသင့် “တွန်းချ ဖျောက်ဖျက်ပစ်ရန်လည်း မလို”ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 11, 2012 at 1:11 pm

    လူပြောသူပြော လူမျိုးရေးအဓိကရုဏ်းအကြောင်းတွေတော့သိဘူးခင်ဗျ
    ဒီရွာထဲက မွန်ဗမာ ဇာတ်ထုပ်ပြဿနာကိုတော့
    ဟို
    ဩစတေးလျှ က မြန်မာသဘုန် ဘုန်းကျော် ဆိုတဲ့လူက
    သဂျီးမင်းရဲ့ ( ဥ ) ပဒေ စည်းကမ်းတော်မြတ် အမှတ် ( ၆ ) ကို မလိမ့်ဒဘတ်နဲ့ချိုးဖေါက်ဒါဘာ 😀
    အောင်ဇေယျဆိုတဲ့ နယ်ချဲ့ကိုလိုနီကောင်ရဲ့ အလယ်ချောင်းကို ထိုင်းတွေကိုးကွယ်တဲ့အကြောင်းကို
    သူကြားဘူးတဲ့ ပါးစပ်ရာဇဝင်အကြောင်း ( သူ့ကြားဖူးနားဝ ) သူပြောပြရာကနေ
    အောင်ဇေယျ မယားပါသားတွေက သူတို့ အဘ
    အကြောင်းတွေကို သူတို့အဘတွေရဲ့ ကိုယ်တွေ့ပြောပြတဲ့အတိုင်း ဖေါက်သည်ပြန်ချကြရာကနေ
    ဂေဇက်လူမျိုးရေးအရှုပ်တော်ပုံဖြစ်လာရတဲယ်လို့ ယူဆမိပါသဖြင့်
    အဆိုပါ
    ဩစတေးလျှနေ မြန်မာသဘုံ ဘုံးကျော် ကို သဂျီးမင်းတရားကြီး၏ ဥ
    ပဒေ အမှတ် ( ၆ ) ကို လက်တစ်လုံးခြားပြုမှု့ဖြင့် အရေးယူပါ သဂျီးမင်းခင်ဗျ။
    ( ခင်ဗျားတို့ဟာတွေကလည်း သူများကိုကြတော့ လူမျိုးရေးသဘောကြီးကြပါ ဘာညာ
    ပါးစပ်အမြုပ်ထအောင် ပြောပြီး ခင်ဗျားတို့ကိုယ်တိုင်က လူမျိုးစုတစ်ခုကို
    ရှေ့တန်းတင်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သမိုင်းတွေကို အသက်သွင်းနေတာလေး
    သတိချပ်ကြဘို့ပါ။ )

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 11, 2012 at 1:13 pm

      ကျုပ်အမြင်ကိုပြောရမယ်ဆိုရင်တော့
      လူမျိုးရေးအယူသည်းမှု့တွေကို စွန့်လွှတ်ကြဘို့
      သူတစ်ပါးကိုတိုက်တွန်းခြင်တယ်ဆိုရင်တော့
      အနှီး အောင်ဇေယျ ဆိုတဲ့ သတ္တဝါရဲ့ ရုပက်တုနေရာမှာ
      နွားရုပ်သာ ထုလုပ်သင့်ပါကြောင်း 😀 😀 😀

    • pooch

      April 11, 2012 at 2:21 pm

      ( ခင်ဗျားတို့ဟာတွေကလည်း သူများကိုကြတော့ လူမျိုးရေးသဘောကြီးကြပါ ဘာညာ
      ပါးစပ်အမြုပ်ထအောင် ပြောပြီး ခင်ဗျားတို့ကိုယ်တိုင်က လူမျိုးစုတစ်ခုကို
      ရှေ့တန်းတင်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သမိုင်းတွေကို အသက်သွင်းနေတာလေး
      သတိချပ်ကြဘို့ပါ။ )

      ဟုတ်ကဲ့ပါ မာမီပု ။ သတိချပ်သင့်ပါတယ်။ 😀

  • pooch

    April 11, 2012 at 2:34 pm

    သူကြီးရဲ့ နှစ်သစ် ဆန္ဒအတိုင်း ” လွတ်လပ်ခြင်း ညီမျှခြင်း ချစ်ကြည်ခြင်း ” ဆိုတဲ့ ဆောင်ပုဒ်ကို တကယ် အသက်သွင်းနိုင်မဲ့ သမိုင်းအသစ်ကို ဖော်ဆောင်နိုင်ဖို့ ဒီနိုင်ငံသားတယောက်အနေနဲ့ ထပ်တူထပ်မျှ ဆန္ဒ ရှိပါတယ်။

    နောက် Anti Discrimination ( လူမျိုးဘာသာခွဲခြားမှု နှိပ်ကွပ်ရေးဥပဒေ)ပြဌာန်းပြီး လူမျိုးရေးခွဲခြားကွဲပြားထိုးခွဲသူများကို အရေးယူပေးနိုင်မဲ့ ဥပဒေ ပေါ်လာစေဖို့လည်း တတပ်တအား ထောက်ခံလိုက်ပါတယ်။

  • manawphyulay

    April 11, 2012 at 5:08 pm

    ဗမာနှင့် မြန်မာတိုင်းရင်းသားများ တန်းတူညီမျှရှိရမည်။
    အကယ်ဆိုမူ ဗမာသည်လည်း တိုင်းရင်းသားတမျိုးသာဖြစ်သည်မဟုတ်လော။

    ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင်လေ… အလွှာ အားလုံး တန်းတူဖြစ်ရပါလို၏ပါပဲ။ ဥပဒေက အဟောင်းလား အသစ်လားဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ။

  • ဗိုက်ကလေး

    April 11, 2012 at 6:31 pm

    တစ်မြေထဲနေ တစ်ရေထဲသောက်နေကြတာဗျာ..
    ပြီးတော့ ပါးစပ်က ဒီမိုကရေစီဆိုပြီး တဖွဖွ အော်နေကြတာပဲ..ဟာဂျီးကို
    ဖြူတာမဲတာ..ဝဲတာပီတာ လုပ်မနေကြပဲ အတူတူ တန်းတူညီမျှ ရှေ ့ဆက်သွားကြတာကောင်းပါမယ်..
    ဟုတ်တယ်မလား သဂျီး
    ဟုတ်ဟုတ် မဟုတ်ဟုတ် လာထားတစ်ဆယ်
    😀

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    April 11, 2012 at 8:43 pm

    ဟရေး
    ကြက်ဖင် ( အကယ်ဒမီ ) နော် ကုလားဘဲ
    ကုလားလည်းလူ ငခူလည်းငါးဘဲ
    ကုလား ကြက်ဖင် ( အကယ်ဒမီ ) နော် အသားမဲတယ် အထင်မသေးနဲ့ အသဲစွဲသွားမယ်
    ကုလား ကြက်ဖင် ( အကယ်ဒမီ ) နဲ့ပေါင်းကြည့် အကြောင်းသိသွားမယ်
    ကုလား ကြက်ဖင် ( အကယ်ဒမီ ) နော် လူသားတိုင်းကိုချစ်တယ် အပျိုကြီးတွေကို ပိုချစ်တယ်
    လူတိုင်းမှာ လူ့အခွင့်ရေးရှိတယ်နော်
    ကုလား ကြက်ဖင် ( အကယ်ဒမီ ) တောင်းဆိုပါတယ်
    လွှတ်တော်ထဲမှာနော် ကလားလို နှုတ်ဆက်ကြပါ

    • surmi

      April 11, 2012 at 10:37 pm

      ကုလားကြက်ဖင်(အကယ်ဒမီ)ရေ…..
      “ရဟီးဆပ် မားသလူး “

      • akswe

        April 12, 2012 at 7:30 pm

        အားရေး …..ကိုးးးးးဆားမီး နဲ ကိုးးးးးဂျက်ဖင်..
        ဂျုားကစ် စားဘူးသလီး…ဂျစ်ကားစီးဘူးသလား
        အချားဘိုလိုးနိမ်း…. ကုလားကိုစိုးသိမ်း
        ဟမ်မရာချွတ်ကရီး…ကန်မလေး လက်ချမီး
        အရင်ကပေါတယ် …အခုရှားတယ်
        အလာ ဗားကရာချောက် အပြန် ဟာမစ်တစ်ကုန်းဆင်း….

  • စော်ဘွားလေး မောင်မာန်ခ

    April 11, 2012 at 11:46 pm

    တရုတ်ကမြန်မာလူူမျိုးကို…သူကြီးပြောသလို…(မိယဲင်န်)မြဲန်လို့ခေါ်ပြီး…
    ယိုးဒယားက…သူကြီးပြောသလို…(ဖမ)ဖမ်းမှ…လို့ခေါ်တာခုချိန်ထိပါ….
    သွေးကြီးစရာမလိုပါဘူး…သွေးနှောလို့လည်းလူမဟုတ်တာမဖြစ်ပါဘူး…
    ဒါပေမယ့်အမျိုးစစ်မှအမျိုးချစ်မှာတော့သေချာတယ်…. သွေးနှောတာများရင်လူမျိုးပျောက်မှာလည်း စဉ်းစားရမယ်…. ဒါပေမယ့်မျိုးနွယ်စုတစ်စုထဲကလူမျိုးစုတစ်စုစီက ခွဲထွက်နေတာမျိုးကိုလည်းမလိုလားပါဘူး…ဥပမာ….မွန်လူမျိုးတစ်ဦးက…တနင်္သာရီသည်အရင်တည်းက
    မြန်မာပိုင်နယ်မြေလို့ဆိုခဲ့တာကို..ကိုယ့်ကိုယ်ကိုတောင်မွန်လူမျိုုးဖြစ်တာရှက်မိတယ် ဆိုပြီးပြောခဲ့တာကို ဘဖောပို့စ်မှာမြင်ခဲ့ပါတယ်…အကြောင်းကအရင်ကတနင်္သာရီကိုမွန်လူမျိုးတွေပိုင်ခဲ့လို့ပါတဲ့…
    ဒီနေရာမှာဆွေးနွှေးချင်တာက…တိုင်းရင်းသားလူမျိုးစုတွေကိုပေါင်းစည်းပြီးမျိုးနွယ်စုကြီးတစ်ခုအနေ
    နဲ့မြန်မာလို့ဆိုလိုခဲ့တာမဟုတ်ဘူးလားဗျာ… ဗမာဆိုပြီးခေါင်းစဉ်တပ်မယ်ဆိုရင်တော့တစ်မျိုးပေါ့လေ…
    မြန်မာဆိုတဲ့စကားရပ်ထဲမှာ.. တိုင်းရင်းသားပေါင်းတစ်ရာသုံးဆယ့်ငါးမျိုးလုံးပါပြီးသားမဟုတ်လားဗျာ…
    လူမျိုးရေးစိတ်ဓါတ်တအားကိုကြီးပြနေလို့လည်းမရပါဘူး…ဒါပေမယ့်မရှိလို့လည်းမရပါဘူး…
    အဲဒီ့လိုမရှိခဲ့လို့မြန်မာနိုင်ငံကြီးကနယ်ချဲ့လက်အောက်ကျရောက်ခဲ့ရတာလဲစဉ်းစားမိစေချင်ပါတယ်…
    မြတ်စွာဘုရားကဟောခဲ့ပါတယ်… မစ္ဆိမပရိပဒါ…(စာလုံးပေါင်းမှားရင်လည်းမှားနိုင်ပါတယ်)
    သင့်လျော်သလိုသာကျင့်ကြံရမှာဖြစ်လို့….အင်း…နားလည်သလောက်လေးနဲ့တော့…
    ဝင်ပြီးအာဖျံကွီးသွားပါတယ်….
    ကုလားမြန်မာအရေး၊တရုတ်မြန်မာအရေးတွေမှာတွက်မယ်ဆိုရင်….
    ကုလားတိုင်းလည်းမဆိုးနေပါဘူး…ထို့အတူကုလားတိုင်းလည်းမကောင်းပါဘူး…
    တရုတ်တွေလည်းထိုနည်းလည်းကောင်းပါပဲ…မတစ်ထောင်သားသမီးများမဟုတ်လားဗျာ…
    တစ်အူတုံဆင်းညီကိုရင်းတွေတောင်သဘောထားမတိုက်ဆိုင်လို့ ပါတီတွေခွဲပြီးအမျိုးမျိုးရှိနေတာမဟုတ်
    ပါလားဗျာ…. နွားကွဲမှတော့ကျားဆွဲခံရတော့မပေါ့… စောစောကတည်းကအမျိုးကိုစောင့်ရှောက်ခြင်း..
    မိမိမျိုးနွယ်စုဂုဏ်ကိုထိန်းသိမ်းခဲ့တယ်ဆိုရင် … လူမျိုးရေးလူမျိုးရေးဆိုပြီးအော်နေစရာမလိုတော့ပါဘူးဗျာ..
    ကိုယ်ချင်းကိုယ်ချင်းမတည့်တော့ ရရာလက်နက်စွဲကိုင်တယ်ဆိုတာတွေဖြစ်တော့တယ်… ဒီနေရာမှာလဲ..
    ဘေးကလူကိုဆွဲထည့်ပြီးအကူခေါ်တယ်… နောက်တော့ဆွဲထည့်ထားတဲ့လူကပြန်မထွက်တော့ဘူး..
    အော်ကြဟစ်ကြ…. ဘာဖြစ်တယ်ညာဖြစ်တယ်ပြောကြပါတယ်….
    တကယ်တမ်းကြည့်ကြမယ်ဆိုဒီကိစ္စဟာဘယ်သူမပြုမိမိမှုတွေသာဖြစ်ပါတယ်….
    အရေးကြီးရင်သွေးမစည်းကျရင်…သွေးတွေစီးကျကုန်ခန်းမယ့်အဖြစ်မျိုးကိုကြုံရပါလိမ့်မယ်…
    လူမျိုးရေးခွဲခြားနေဖို့..သွေးကြီးနေဖို့မလိုပါဘူး… ဆန်ကိုဆန်သက်သက်ချက်ပြီး ကောက်ညှင်းကိုကောက်
    ညှင်းသက်သက်ချက်ခဲ့မယ်ဆိုရင်..စေးတယ်မစေးဘူးအပိုင်းတွေခွဲထုတ်နေဖို့မလိုပါဘူး….
    သက်သက်မချက်ခဲ့လို့သာ…တူးမနပ်ဆတ်ပြဲဆိုသလိုဖြစ်နေကြတာမို့….
    သွေးကိုထိန်းသိမ်းပါ…အမျိုးကိုချစ်တတ်ပါ…. ခွဲခြားနေဖို့မလိုပါဘူး… တာဝန်သိစိတ်တွေနဲ့…
    ကိုယ့်အမိနိုင်ငံတွင်းကမိသားစုတွေဖြစ်တဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ…. တစ်ဦးနဲ့တစ်ဦး…
    သဘောထားမကွဲလွဲကြဖို့ပဲလိုပါတယ်…. သွေးစည်းညီညွတ်ဖို့ပဲလိုပါတယ်…ဆိုတာလေး…..
    ကျွန်တော့်အတွေးမှားရင်လည်းမှားနိုင်ပါတယ်…ပြင်သင့်တယ်ထင်ရင်လည်းအမြင်မတော်ရင်ဝိုင်းပြင်ပြီး
    သွန်သင်ပေးပေါ့ဗျာ…လူငယ်တွေကိုအသိပညာပေးဖို့လူကြီးတွေမှာတာဝန်ရှိနေတာပဲ….
    အဆုံးအမတွေကိုလိုက်နာခံယူဖို့အသင့်ပါ…… မှန်ရာကိုလမ်းညွှန်ပေးပါ….
    လိုက်နာဖို့စောင့်နေပါတယ်…
    ခင်တဲ့….မောင်မာန်ခ…ရှမ်းပြည်သား(တောင်ပိုင်း)

    • ရွာစားကျော်

      April 12, 2012 at 10:53 am

      သံချပ်ကလေးနဲ့ ထောက်ခံသွားပါတယ်..
      ဟုတ်လိုက်လေ.. ဟုတ်လိုက်.. ဟုတ်လိုက်လေ..

    • amatmin

      June 16, 2012 at 4:59 pm

      သူကြီးပြန်လည်တူးဆွတာကို လက်ရှိနဲ့ ထင်ဟပ်ပြီး..
      ဘရာကြော် သဂျီး..
      ဘရာကြော် မောင်ရှမ်း.. 🙂
      လူကြီးတွေ ဘာဆက်ပြောမလဲ ဆိုတာလေးတော့
      သိချင်မိသားရယ် 🙂

  • ဇော်ရီ

    April 12, 2012 at 12:48 am

    ကျတော် လေ့လာ မှတ်သားဖူးသလောက်ဆိုုရင်တော မြန်မာပြည် တိုုင်းရင်းသား အရေးကိုု ဖြေရှင်းရန်မှာ အခက်အခဲကြီး မဟုုတ်ပါဘူး… ဖယ်ဒရယ် ပြည်ထောင်စုု စနစ်ကိုုသာ လက်တွေ့ ကျင့်သုုံးလိုုက်ပါ။ တိုုင်းပြည် တိုုးတက်ပြီး ကမ္ဘာမှာ နေချင်စရာ အကောင်းဆုုံး နေရာ ဖြစ်လာနိုုင်မှာပါ…

    ခက်နေတာက အုုပ်ချုုပ်သူ ဗမာ အသိုုင်းအဝိုုင်းက အာဏာကိုု လက်မလွတ်လိုုတာရေ… မြေပေါ် မြေအောက်၊ အေပေါ်ရေအောက် သယံဇာတတွေအများစုုက ဗမာမဟုုတ်တဲ့ တိုုင်းရင်းသား ပြည်နယ်တွေမှာ ရှိနေတာရေ၊ တိုုင်းရင်းသား ယဉ်ကျေးမူ့တွေ ထွန်းကားလာရင် ဗမာ ယဉ်ကျေးမူ့ မှေးမှိန်မှာ စိုုးမိတာတွေရေ စသည့် အမျိုးချစ်တဲ့စိတ်ပြင်းပြခြင်းတွေက တိုုင်းရင်းသား စည်းလုုံး ညီညွတ်မူ့ကိုု ပျက်ပြားနေခြင်းလိုု့မြင်ပါတယ်…

    အမှန်က ဒါဟာလဲ ကောင်းသော အမျိုးချစ်ခြင်းပါပဲ သိုု့သော်လဲ စိုုးရိမ်စိတ် မလွန်ကဲဘဲ တိုုင်းရင်းသားတွေကိုု ကိုုယ်ပိုုင်အုုပ်ချုပ်ခွင့်ပေးပြီး ညီကိုုချင်း စည်းလုုံးကြမယ်ဆိုုရင် ဘယ်လောက် သယံဇာတ ခေါင်းပါးပါစေ၊ စီးပွားရေး လုုပ်ရန် ခက်ခဲပါစေ အဲဒီ ဒေသဟာလဲ တပြေးညီ တိုုးတက်တဲ့ နေရာတွေ ဖြစ်လာနိုုင်မှာပါ….

  • သမိန်ဂီ့

    April 12, 2012 at 7:30 am

    ပြောရဦးမယ် သဂျီး ..ရေ..
    မနေ့ညနေက သတင်းလေးပါ.. ၂၀၁၂၊၀၄၊၁၁
    http://headlines.yahoo.co.jp/hl?a=20120411-00000095-reut-bus_all

    အချုပ်ပြောရရင်ဖြင့် ANA ကနေ ရန်ကုန် နာလိတာ တိုက်ရိုက် ဖလိုက် ပြေးဆွဲဖို့ လုပ်နေပါသတဲ့…
    တပါတ် ကို ၃-၄ခေါက် ပြေးမလား နေ့စဉ် ပုံမှန် ပြေးမလားတော့ ချိန်ဆနေတုန်းပါတဲ့ …

    ပြောင်းလဲမှုတွေနဲ့ အတူ ဘစ်ဇနက်စ်တွေ ပြောင်းရွှေ့ အခြေချ လုပ်ကိုင်ဖို့အတွက်
    ဘန်ဂေါက် ဒါမှမဟုတ် သီဟပူရ ကနေ transit နဲ့ ကျုပ်တို့ရွာကြီးဆီ သွားရောက်လေ့လာနေကြတဲ့
    သူတို့ ဂငယ်တွေ အတော်ပေါလာတဲ့အချိန်အခါ နဲ့ ကိုက်ညှိပြီး ဒီအစီအစဉ်ကို
    စတာပါတဲ့ …

    အော်ရယ်….
    မီးတွေ ရေတွေ အင်တာနက်တွေ အင်ဖရာတွေ …

    ကဲ…..
    ဘာပြင်ထားသလဲ မောင်ရေခဲ ….

    • kai

      April 12, 2012 at 3:11 pm

      ဘာမှမပြင် ပျင်းလျှက်ပင်
      နောင်ဂျိန်ချဆဲ မောင်ရေခဲ

      အပ်မှလေယဉ် ဝယ်လျှက်ပင်
      ထိုင်စားယိုင်သွား နေလေဆဲ ။ ။ 😕

  • ကြောင်ကြီး

    April 12, 2012 at 7:42 am

    လူနဲ့ကြောင်နဲ့ စပ်လိုက်ရင်ကောင်းမယ်။ လူအသိညဏ်နဲ့ ကြောင်လို ပေါ့ပါးလျင်မြန် သွက်လက် လှုပ်ရှားနိုင်မယ်။ တရုတ် ကုလား ဗမာ လူမျိုးအစွဲ မရှိတော့လို့ လူမျိုးရေး ပဋိပက္ခလည်း မဖြစ်နိုင်တော့ဘူး။ အဲဒေါ့ ဘယ်သူနဲ့စပြီး ကြောင်ကြီး မျိုးစပ်သင့်သလဲ… အကျမ်ပေးဂျဘာ…။ 😳

    • တီတီရေငုံနှုတ်ပိတ်

      April 12, 2012 at 10:35 pm

      အောင်မယ်လေး ….
      တော်လိုက်တဲ့ ကြောင်ပညာရှိကြီးပါကလားတော်…
      ဖြေရှင်းချက်ထုတ်လိုက်တာများ ဩချရတယ်။..
      အဲဒါ လက်တွေ့အနေနဲ့ တော်တော်ငြင်းခုန်နေတဲ့ ရိုဟင်ဂျာတွေနဲ့
      အရင်မျိုးစပ်ကြည့်ပါလားဟင်…
      “ကြောင်ဟင်ဂျာ” တွေဖြစ်သွားရင် တရန်အေးတာပေါ့…. 😀 😀 😀

  • kai

    April 12, 2012 at 3:05 pm

    ခုလေးတင်.. အပြင်ထွက်တော့.. ရေဒီယိုဖွင့်တာ.. ကြားလိုက်လို့.. ကြိုက်လို့… ကူးတင်ပေးလိုက်တာ…
    ပြောနေတဲ့အသံက.. ငိုပြီးပြောနေတဲ့အသံပါ..
    http://colorlines.com/archives/2012/04/trayvons_mother_i_want_to_say_thank_you_from_my_heart_to_your_heart2.html

    “Secondly, I just want to speak from my heart to your heart because a heart has no color—it’s not black, it’s not white, it’s red and I want to say thank you from my heart to you heart,” Fulton went on to say.

    ကဲ..
    မြန်မာတိုင်းရင်းသားတွေ.. အကုန်နှလုံးသားတွေထုတ်ကြည့်..
    ရဲရဲနီနေမှာပါပဲ..
    အရောင်မကွဲ.. လူမျိုးမကွဲ.. ဘာသာမခြား..
    အားလုံးတူတူ..
    နှလုံးအစားထိုးကုမလား.. လူမျိုးမကွဲ… တူတူပဲ..လဲလှယ်လို့ရနိုင်ပါသေးတယ်..

    ဆိုတော့..
    အို..အချင်းအေလီယန်(နတ်သား) တို့..
    ငတို့ဟာ.. လူသားမျိုးနွယ်များဖြစ်ပါကြောင်း…။ :mrgreen:

    • သမိန်ဂီ့

      April 13, 2012 at 1:52 pm

      ဘက်နတွန် က လုပ်စားသွားတဲ့ အကွက်ကလေး ..
      မှတ်မိဦးမယ်ထင့်…
      http://amagiclothing.com/tag/united-colors-of-benetton/

      သများတို့ရွာလည်း ယူနိုက်တက်ကာလာ ဘိရုမာ လုပ်သင့်ဘီ

      😀

  • San Hla Gyi

    April 13, 2012 at 7:37 pm

    သူကြီးရေ ပြောသွားတာတွေကကောင်းပါပေတယ်။ ကျနော်ပြောဖို့တောင် တချို့ဟာတွေက မလိုတော့ပါဘူး။ ဒါပေမယ့် ဒီဂေဇက်လူမျိုးအရှုပ်တော်ပုံလို့ ဆိုရလောက်အောင်တော့ စဖြစ်စေတဲ့ စကားလုံး ကြမ်းကြမ်းတွေကြောင့်လို့ထင်ပါတယ်။ တချို့လည်း တော်တော်ရိုင်းတယ်ဗျာ။ ဒါပေမယ့် ကျနော်အားလုံး မျှတအောင်တော့ ကြိုးစားကြည့် အုံးမယ်။

  • kai

    April 14, 2012 at 3:33 am

    သတင်းစာထွက်နေပါပြီခင်ဗျ..
    အောက်က လင့်မှာဒေါင်းနိုင်ပါတယ်နော..။
    http://mandalaytube.com/mediadetails.php?key=2fa7f73e3a8204982277&title=The+Mandalay+Gazette+April+2012
    ပုံနှိပ်သတင်းစာကို.. ရန်ကုန်က အမေရိကန်စင်တာလည်း ပို့ပါဦးမယ်..။

    ပီဒီအက်ဖ်ကတော့ ဖြန့်နေပြီဖြစ်ပါကြောင်း…

    • pooch

      April 18, 2012 at 3:10 pm

      ဒေါင်းပြီးပြီ ဖွင့်လို့မရဘူး သူကြီး ရှိစေတော့ 🙁
      အရင်တခါဟာလည်း ဖွင့်မရပါ။ ကြုံတဲ့အခါပေါ့။

  • alinsett

    April 14, 2012 at 12:30 pm

    သူကြီး.ရဲ ့နှစ်သစ် ဆန္ဒ..အတိုင်..ပြည့်စေချင်ပါရဲ ့ဗျာ..။

  • kai

    June 16, 2012 at 4:01 pm

    အခုဖြစ်နေတဲ့.. မြန်မာပြည်အနောက်ဖက်ကမ်းခြေအရေးအခင်းကို.. ထင်ဟပ်စေတဲ့.. အယ်ဒီတာ့သင်ပုန်းကို.. လွန်ခဲ့တဲ့.. ၂လနီးပါးက.. ကြိုမှန်းဆရေးခဲ့တယ်..

    ပြန်ဆွေးနွေးကြရမှာ.. အထောက်အကူရဖို့ပါ.. :mrgreen:

Leave a Reply