ရွှေရောင်စက္ကူပတ်လေး (if you are mother or daugher ,read carefully)

zaylayJune 12, 20101min780

ကျွန်တော်ဟာ ဒီရွှေရောင်စက္ကူပတ်လေးကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က
လက်ဆောင်ပစ္စည်းလေးထုပ်ပိုးပြီး ပေးပို့အတွက် ရရှိခဲ့ပါတယ် ။ ယခုအခါမှာ
ရွေးချယ်ဖို့အတွက် ကျွန်တော့် အလှည့်ရောက်ရှိလာပါပြီ ။ ကျွန်တော်ကတော့
ရွေးချယ်ပြီးပါပြီ ယခုအခါ သင့်ရဲ့ အလှည့်ပါပဲ ။

ဟိုး…တစ်ချိန်တုန်းကပေါ့ ။ မိခင်တစ်ယောက်ဟာ
သူရဲ့ငါးနှစ်အရွယ်သမီးလေးတစ်ယောက်ကို အဖိုးတန်လှတဲ့
ရွှေရောင်စက္ကူပတ်လေးတွေကို ဆော့ကစားပြီး ဖြုန်းတီးလိုက်တဲ့အတွက်
အပြစ်ပေးပါတယ် ။ ငွေတွေ ကုန်သွားသလို သူ့ရဲ့ သမီးလေးဟာ
ရွှေရောင်စက္ကူပတ်လေးတွေကို လေးထောင့်စက္ကူပုံးတွေပြုလုပ်ပြီး
ခရစ်စမတ်သစ်ပင်အောက်မှာ အလှဆင်ခဲ့တဲ့အတွက် သူမဟာ အလွန်ပဲ
ဝမ်းနည်းနေခဲ့တယ် ။

သူမဟာ သူမရဲ့ အပြုအမှုတွေတွက် ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရပါတယ် ။ ဒါပေမယ့်
သူမဟာ အဲဒီ လေးထောင့်စက္ကူပုံးလေးတွေကို ဖွင့်ကြည့်လိုက်တဲ့အခါ
ဘာမှမတွေ့တဲ့အတွက် သူမရဲ့ သမီးလေးအပေါ် သူမရဲ့ ဒေါသတွေ ပြန်ထွက်ခဲ့ရပါတယ်
။ အဲဒီနောက်သူမဟာ သမီးလေးကို ကြမ်းတမ်းစူးရှတဲ့အမူအရာနဲ့
အော်ဟစ်ကြိမ်းမောင်းခဲ့ပါတယ် ။

” မင်းမသိဘူးလား သမီးငယ် မင်းတစ်စုံတစ်ယောက်ကို လက်ဆောင်ပေးတဲ့အခါ
အဲဒီအထဲမှာ တစ်ခုခု ထည့်ပေးရမယ်ဆိုတာ မင်းမသိဘူးလား”

အဲဒီနောက်မိခင်ဟာ သမီးငယ်လေးရဲ့ အပေါ်တက်ဖိခဲ့ပြီး သူမရဲ့ ဒူးခေါင်းနဲ့
လက်တွေဟာ သူမသမီးငယ်လေးရဲ့ ကိုယ်ပေါ်ကို တရကြမ်း ရိုက်နှက်ခဲ့ပါတယ် ။
ဆက်လက်ပြီးတော့ မိခင်ဟာ သူမရဲ့ စဉ်းစားဉာဏ်မဲ့ဒေါသတွေနဲ့ သူမသမီးလေးကို
ရိုက်ပုတ်ကြိမ်းမောင်းခဲ့ပါတယ် ။

အဲဒီအဖြစ်တွေ ဖြစ်ပျက်ပြီး မကြာခင်မှာပဲ သူမသမီးငယ်လေးဟာ ကားတိုက်ပြီး
သေဆုံးသွားခဲ့ပါတယ် ။ အချိန်တိုလေးအတွင်းမှာပဲ မိခင်အတွက်
နောင်တအကြီးအကျယ်ရသွားစေခဲ့ပါတယ် ။ မိခင်ဟာ သူမရဲ့ ဘဝတစ်သက်တာလုံး
သမီးငယ်လေးရဲ့ ရွှေရောင်စက္ကူပတ်လေးနဲ့ ထုပ်ပိုးထားတဲ့ ပုံးလေးနဲ့
သမီးငယ်လေးရဲ့အိပ်ရာကုတင်လေးကို ပဲ အဖော်ပြုနေခဲ့ရပါတယ် ။

သူမအတွက် ခက်ခဲ့တဲ့ ပြသနာတွေ ကြုံတွေ့တိုင်း သူမဟာ အဲဒီစက္ကူပုံးလေးကို
ဖွင့်ကြည့်ပြီး ရွှေရောင်စက္ကူပုံးလေးထဲက စိတ်ကူးယဉ်အနမ်းတွေကို ရှာဖွေလေ့
ရှိတယ် ။ ပြီးတော့ သူမဟာ အဲဒီရွှေရောင်စက္ကူပုံးလေးထဲမှာပဲ အခြားကလေး ၊
အခြား မိသားစုတွေ ၊ သူငယ်ချင်းတွေ ၊ ဘုရားသခင်ရဲ့ အနမ်းတွေနဲ့
ချစ်ခြင်းမေတ္တာတွေ ကို တရိုက်မက်မက် ရှာဖွေနေလေ့ ရှိတယ် ။ ဒါပေမယ့်
အဲဒီစက္ကူပုံးလေးတွေထဲမှာတော့ မည်သည့်ပစ္စည်းမှ ရှိမနေခဲ့ပါဘူး…. ။

သင့်မှာ အခု ရွေးချယ်ဖို့ ၂ လမ်းရှိပါတယ် ။

၁ ။ ဒီစာလေးကို သင့်သူငယ်ချင်းတွေဆီ ပို့ပေးလိုက်ပါ ။ ဒါမှမဟုတ်
၂ ။ သင့်ရဲ့နှလုံးသားကို ထိရှစေခြင်းမရှိဘူးဆိုရင်တော့ ဒီစာလေးကို ဖျက်ဆီးလိုက်ပါ ။

သင်တွေ့တဲ့အတိုင်းပါပဲ ။ ကျွန်တော်ကတော့ နံပါတ် ၁ ကို ရွေးချယ်ခဲ့ပါတယ် ။
သူငယ်ချင်းဆိုတာ ကျွန်တော်တို့ရဲ့ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ Angels
တွေပါပဲ ။ ကျွန်တော်တို့ရဲ့တောင်ပံတွေ ပျံသန်းဖို့ ခက်ခဲတဲ့အခါ ဒီ Angels
တွေက သင်ကြားပြသပေးပါလိမ့်မယ် ။

သင်ဟာ ဒီစာလေးကို သင့် သူငယ်ချင်းတစ်ယောက်ဆီက ရရှိခဲ့မယ်ဆိုရင်
အဲဒီသူငယ်ချင်းဟာလည်း သင့်လိုပဲ တွေးတောနေမိမှာပါ ။