ဟာသလေးပါ

zaylayJune 12, 20101min580

ကျွန်တော်..ဆယ်တန်းဒုတိယနှစ်ကပါ..ပထမတခါကျပြီးတော့.ကျွန်တော်တို့မြို့လေးကနာမည်ကြီး..ကျူရှင်တခုမှာတက်ပါတယ်။ အဲ့ဒီ့မှာ..အသက်( ၅၀)
လောက် ဆရာလူပျိုကြီးတယောက်ရှိပါတယ်။ ဆရာကြီးဟာ..စာအသင်အပြကောင်းသလို..ကျွန်တော်တို့..တပည့်တွေအပေါ်မှာလည်း..ရင်ဝယ်သား
လိုပဲဆုူံမတတ်ပါတယ်။ ဆရာကြီး..အစိုးရိမ်ဆုံးက..သူ့ တပည့်..တပည့်မတွေ..ရည်းစားထားမှာကိုပဲ။ သူကလူပျိုကြီးဆိုတော့..ကျွန်တော်တို့ကိုလည်း..
သူ့လိုပဲ..အပူအပင်မရှိစေချင်ဘူးထင်ပါရဲ့။ ဒါပေမယ့်..ဒီကကောင်တွကလည်း..သိတယ်မလား။ ဆရာကြီးကတော့..သူ့စာသင်ချိန်တိင်းမှာ..ဆုံးမတတ်ပါတယ်။ ဒီအချိန်မှာ..စာကိုသာအာရုံထားစေချင်ကြာင်း။ တခြားအာရုံတွေ..မထားစေချင်ကြောင်း..
ဘာညာပေါ့။ တနေ့..ကျွန်တော်..ကောင်မလေးတယောက်ကို..ရည်းစားစာပေးမိတယ်။အဲ့ဒီ့စာကလည်း..ဘယ်နှယ့်လို..ဆရာကြီးလက်ထဲရောက်သွားလဲမသိဘူး။
အဲ့ဒီ့ညနေ..စာသင်ချိန်ရောက်တော့..ဆရာကြီးက..လက်ထဲမှာ..ကျွန်တာ့စာကိုကိုင်ထားပြီး…..
ကဲ..ဒီနေ့..ဆရာ့ကျောင်းသားတယောက်က..ဆရာ့ကျောင်းသူတယောက်ကို..ရည်းစားစာပေးတယ်…ဘယ်သူလဲတာ့..ဆရာမပြောတော့ပါဘူး.ကာယကံ
ရှင်တော့..သိမှာပေါ့…….
ဆရာထုပ်မပြောပမယ့်လည်း..တခန်းလုံးကတော့..ကျွန်တော်မှန်းသိတာပေါ့။ ဆရာကဆက်ပြီးတော့..ကျွန်တော့.ရည်းစားစာကို..အားလုံးကြားအောင်.
ဖတ်ပြပါတယ်။နာမည်တော့..ချန်ခဲ့တာပေါ့။ ဖြစ်ချင်တော့..ကျွန်တောင်ကလည်း..ကောင်မလေးကို..အရမ်းလှတဲ့အတွက်..ဘယ်လိုခံစားရကြောင်း..သူမ
ရဲ့..ဆွဲဆောင်မှုကောင်းတဲ့အလှကြာင့်..ဘယ်လိုဖြစ်နေပါတယ်..ဘာညာပေါ့ဗျာ။ စာလည်းဆုံးရော..ဆရာကြီးက….
ကဲ..တပည့်တွေကို..ဆရာပြောတာလည်းများပါပြီ..မောလှပါပြီတပည့်တို့..ဒီစာကိုကြည့်မယ်ဆို…ကာင်လေးဟာ…ကောင်မလေးကို..ချစ်တာ..တဏှာသက်သက
သက်ပဲ…ဘာလို့လဲဆိုတော့..စာထဲမှာက..ဘယ်လောက်မေတ္တာရှိတယ်မပါပဲနဲ့..ကောင်မလေးအလှကြာင့်..ဘယ်လိုခံစားနေရပါတယ်ပဲပါတယ်…..
ကဲ..ဒီတော့..ဆရာ့တပည့်တွေကို..ဆရာ့နဲ့ပဲနှိုင်းပြီးဆုံးမရမှာပဲ…ဆရာ..မင်းတု့အရွယ်က..ကျောင်းဆရာဖြစ်နပြီကွ…
ဆရာတို့ခောတ်က..(၉) တန်းအောင်ရင်..ကျောင်းဆရာလုပ်လို့ရပြီ…ဆရာကျောင်းဆရာဖြစ်တာ့..မင်းတို့ထက်..နည်းနည်းပဲကြီးမယ်…..
အဲ့ဒီ့မှာ..ဆရာဟာ…နာဂဒေသကို..တာဝန်ပေးခံရတယ်…ဟိုရောက်တော့..ဆရာ့တပည့်တွေဟာ..မိန်းခလေးများတယ်..ဘာလို့လဲဆိုတော့..နာဂမှာက.
ယောကျားလေးဟာ..အလုပ်လုပ်ရလို့ပဲ…ဆရာ့တပည့်မတေါဟာ..ဆရာ့ထက်..ငယ်တာနည်းပြီး..သက်တူရွယ်တူတွေများတယ်ကွ…
အဲ…အဲ့ဒီ့မှာ..နာဂမတွေဟာ..သူတို့ထုံးစံအရ..အပေါ်ပိုင်း..ဘာမှမဝတ်ကြဘူး..ကဲ..မင်းတို့စဉ်းစားကြည့်စမ်း..အပေါ်ပိုင်းဗလာကျင်းနေတဲ့…ဆရာ့တပည့်
မတွေအပေါ်…မင်းတို့လိုသာ..တဏှာစိတ်ထားခဲ့မယ်ဆို…..ကဲ…နားလည်ပါတယ်နော်..ဆရာဆိုလိုတာ……..အားလုံးကပဲ..
နားလည်ပါတယ်..ဆရာကြီး….
အေး….မင်းတို့နားလည်ရင်..ဘာလုပ်ရမလဲ………..
ဘယ်သူမှမပြောခင်..ကျွန်တော်က…..
ဟုတ်ကဲ့..ဆန်တန်းအောင်ဖို့ပဲအာရုံထားရပါမယ်…….။ ဆရာ့မျက်နှာကြီး…ကျေနပ်တဲ့ပုံစံနဲ့..ပြုံးသွားတယ်….ကျွန်တော်ကဆက်ပြီး……………
ဆယ်တန်းအောင်ပြီးရင်တော့…ကျောင်းဆရာဖြစ်အာင်ကြိုးစားပြီး…နာဂဒေသကိုသွားပါ့မယ်. ဂလု….ဟီး….
ဟုတ်ကဲ့..ဆရာကြီး..ကျွန်တော့ကို..(၁) လလောက်စကားမပြောတော့ပါ။

ဘလော့တခု့မှကူူးယူဖော်ပြပါသည်။
®