အင်ဒိုနီးရှားမှာ ၈.၉ စကေး ငလျင်လူပ် breaking news

ကထူးဆန္းApril 11, 20121min32250

ညနေ ၃ နာရီကျော်က အင်ဒိုနီးရှားမှာ ငလျင် ၈.၉ စကေး လူပ်သွားပါသည်။ ဆူနာမိ အန္တရယ် အချက်ပေးထားပြီး မြန်မာနို်င်ငံမှာလည်း စောင့်ကြည့်နေကြရပါသည်။
http://www.facebook.com/ElevenMediaGroup မှာ သွားဖတ်ကြပါ။
အင်ဒိုနီးရှား ဘန်ဒါပါချေး ရဲ့ ၄၅ဝ ကီလိုမီတာ အဝေးမှာလို့ပြောပါသည်။ ယခင် ဖြစ်ပေါ်ခဲ့သော ဆူနာမိ ငလျင်ထက် ၃ ဆ ပိုနက်သော နေရာတွင်ဖြစ်ပေါ်ကြောင်းသိရှိရပါသည်။

50 comments

  • htoosan

    April 11, 2012 at 4:19 pm

    ရသော သတင်းများ တင်ပေးစေလိုပါသည်။
    မြန်မာပြည်ကမ်းခြေတစ်ကြောလည်း စိုးရိမ်စွာစောင့်ကြည့်နေရပါသည်။

    • ဗိုက်ကလေး

      April 11, 2012 at 5:51 pm

      ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာကါျန်းရဲ့ အနောက်တောင်ဖက် (၂၆၈)မိုင်အကွာ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အာအား ရစ်ချ်တာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
      ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
      ယခင် (၂၆-၁၂-၂၀၀၄) ရက်နေ့ နံနက် (၇)နာရီခွဲအချိန်တွင် အင်အား (၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာ ဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၃)သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှိုှု်းအမြင့် (၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
      လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
      ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှိုှု်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်များျမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။ အဆိုပါ အချက်များတွေ့ရျိပါက အနည်းဆုံးအမြင့် (၁၀)မိတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခ်န့ကြာအောင်နေထိုင်ကြရန် ပကြံပြုပါတယ်။

      Credit to ဒေါက်တာထွန်းလွင်

      • ဗိုက်ကလေး

        April 11, 2012 at 7:18 pm

        အေးဆေးဖြစ်သွားပါပြီ..

        စူနာမီ စိုးရိမ်စရာ မရှိတောဘူးလို ့သိရပါတယ်..

        ငလျင်က အလျားလိုက် မလှုပ်ဘဲ ဒေါင်လိုက် လှုပ်သွားလို ့ ရေလှိုင်း အကြီးကြီးတွေ ဖြစ်မသွားခဲ့ဘူး လို ့သိရပါတယ်.

        အသေအပျောက် ထိခိုက်မှုလဲ မကြားရပါဘူးတဲ့.ဗျာ

        http://www.irrawaddyblog.com/2012/04/blog-post_7112.html

      • ဗိုက်ကလေး

        April 11, 2012 at 7:33 pm

        ဆူနာမီအရေးပေါ်ကြေငြာချက်နှင့် ဆူနာမီလှိုင်း ဖြစ်ပေါ်နို်င်မှု မိနစ်အလိုက် သတင်းများ
        by ကိုဈာန်
        မှန်းဆချက် အချိန်များ (ကွင်းထဲက အချိန်က မြန်မာစံတော်ချိန်ဖြစ်ပါတယ်)

        CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR (ည ၆း၁၉)
        CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR (ည ၆း၁၉)
        PYINKAYAING 15.9N 94.3E 1150Z 11 APR (ည ၆း၂၀)
        … SITTWE 20.0N 92.9E 1226Z 11 APR (ည ၆း၅၆)
        MERGUI 12.8N 98.4E 1316Z 11 APR (ည ရး၄၆)
        YANGON 16.5N 96.4E 1507Z 11 APR (ည၉နာရီ၃၇)
        ဆူနာမီဝင်မယ့်အချိန်

        ———————-
        7:20 PM

        ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် ယခု ည ရ နာရီအထိ လာရောက်လည်ပတ်သူများဖြင့် အေးချမ်းစွာရှိနေကြောင်းနှင့် ဆူနာမီနှင့် ပတ်သက်၍ ထူးခြားမှုမရှိကြောင်း ငပလီကမ်းခြေတွင် အပန်းဖြေနေသူ တစ်ဦးက ပြောပါသည်။

        7:01 PM

        စစ်တွေမြို့အတွင်း ဆူနာမီနှင့် ပတ်သက်ပြီး သတိပေးချက်များကို လိုက်လံ ကြေငြာလျက် ရှိနေကြောင်း သိရသည်။ ထို့အပြင် စစ်တွေ ကမ်းရိုးတန်း တလျှောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည် ဝင်ရောက်လျက် ရှိနေပြီး ကမ်းနီး ငါးဖမ်းလှေများမှာ ဝင်ရောက်လာခြင်း မရှိသေးဟု သိရပါသည်။

        6:52 PM

        အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၊ မြို့တော် Meulaboh မြို့၏ ကမ်းလွန် ပင်လယ်ပြင်တွင် ရေလှိုင်းအမြင့်ပေ တစ်မီတာ(၃ဒသမ၃) ခန့်သာ မြင့်တက်မှု ရှိခဲ့ကြောင်းသိရသည်။ Meulaboh မြို့သည် ၂၀၀၄ ခုနှစ်က ဆူနာမီဒဏ် ခံခဲ့ရသည့် မြို့ဖြစ်ပြီး ယခု ငလျင် လှုပ်ခတ်ရာ နေရာနှင့် အနီးစပ်ဆုံးတွင် ရှိသော နေရာ တစ်နေရာလည်း ဖြစ်ပါသည်။

        6:44 PM

        နောက်ဆုံးသိရှိရသော သတင်းများအရ မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဆူနာမီ သက်ရောက်နိုင်ခြေမရှိတော့ကြောင်း၊ အန္တရယ်ကင်းကြောင်း သတင်းကို ည ၈ နာရီ သတင်းတွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူမှ ညနေ ၆နာရီ ၃၆ မိနစ်တွင် ပြောကြားခဲ့ပါသည်။
        6:29 PM

        ချောင်းသာကမ်းခြေသို့ ရောက်ရှိနေသော ခရီးသွားများ ဆူနာမီ သတိပေးချက်ကြောင့် ကမ်းခြေမှ ပြန်လည် ထွက်ခွာနေကြပြီဖြစ်ကြောင်းနှင့် အချို့သည် ပုသိမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

        6:22 PM

        ထိုင်နိုင်ငံ အက်ဒမင် ကမ်းခြေသို့ ဆူနာမီလှိုင်းအသေးစာ ရိုက်ခတ်ခဲ့ကြောင်းနှင့် အဆိုပါ လှိုင်းသည် ၁ဝ စင်တီမီတာ လေးလက်မခန့် ရှိခဲ့ကြောင့်း ထိုင်း အမျ်ိုးသား သဘာဝဘေးအန္တရယ်စောင့်ကြည့်ရေးဌာနမှ ပြောကြောင်း AFP သတင်းဌာနတွင် ဖေါ်ပြထားပါသည်။

        6:14 PM

        အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်မှုမှာ နည်းပါးကြောင်း ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့(BGS)မှ ထုတ်ပြန်ခဲ့ပါသည်။

        6:10 PM

        မြန်မာ့ကမ်းရိုးတန်းသို့ ဆူနာမီ သက်ရောက်နိုင်ချေနှင့် ပတ်သက်၍ ယနေ့ည ရနာရီအထိ စောင့်ကြည့်ရန် လိုအပ်ပြီး ည ရနာရီ အထိ ထူးခြားမှု မရှိပါက ဆူနာမီ သက်ရောက်မှု မဖြစ်နိုင်တော့သဖြင့် စိတ်ချနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်မှ ပြောကြားခဲ့သည်။

        5:53 PM

        ယနေ့ ညနေ ၆နာရီ ၁၅ မိနစ် နောက်ပိုင်း ဆူနာမီရိုက်ခတ်မှု မရှိပါက မြန်မာနိုင်ငံသို့ ဆူနာမီ သက်ရောက်မှု ဖြစ်နိုင်ချေမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ပြောပါသည်။

        4:10 PM

        အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။

        လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ဩစတေးလျ၊ မြန်မာ၊ ထိုင်း၊ မော်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆိုမာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလားဒေ့်၊ ကင်ညာ၊ တောင်အာဖရီကနှင့် စင်ကာပူ တို့သည် ဆူနာမီ သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း ဟာဝိုင်ရီ အခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးချက် ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

        4:00 PM

        ကမာ္ဘအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမာ္ဘအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀ဝ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ချ်တာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။

        3:30 PM

        မြန်မာစံတော်ချိန် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် အင်ဒိုနီးရှာနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ချစတာစကေး ပမာဏရှိ ငလျင်တစ်ခု ကြောင့် မြန်မာနိုင်ငံအပါဝင် ဒေသတွင်းနိုင်ငံများ၌ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရကြောင်း သိရှိရသည်။

        3:20 PM

        ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတဝှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။

        (ကိုးကား – အလဲဗင်းမီဒီယာနှင့် အင်တာနက် သတင်းများ)
        Source:http://soneseayar.blogspot.com/2012/04/blog-post_11.html

  • Thel Nu Aye

    April 11, 2012 at 4:43 pm

    အဲဒါဆိုရင်တော့ အရင်ကလောက်စိုးရိမ်စရာမရှိဘူးမှတ်တယ်။ ဒါပေမဲ့စောင့်တော့ကြည့်ရမှာပေါ့။ ဒီတခါ CJ ကြီးတယ်မြန်ပါလား။ အခုမှ ၄ နာရီခွဲပဲရှိသေးတယ်

  • ဆူး

    April 11, 2012 at 4:51 pm

    ဘာမှမဖြစ်ပါစေနဲ့ ကမ်းခြေ သင်္ကြန် သွားတဲ့ လူတွေ ဒုက္ခများကုန်တော့မှာပဲ

  • kai

    April 11, 2012 at 4:55 pm

    ဘုရားရေ..
    ပုံကြည့်ရတာ… မြန်မာပြည်ဖက်ပင်လယ်ကမ်းနားတွေ.. အန္တရယ်ရှိနိုင်ပါတယ်..
    ကမ်းခြေအလည်သွားနေသူတွေကို.. အရေးပေါ်ဥဩဆွဲပေးသင့်တယ်..။

  • kai

    April 11, 2012 at 4:58 pm

    Tsunami alert for Indian Ocean nations after 8.7-magnitude quake strikes off Indonesia

    (AP GraphicsBank)

    Updated at 6:06 a.m. ET

    (CBS/AP) BANDA ACEH, Indonesia – A tsunami watch was issued for countries across the Indian Ocean after a large earthquake hit waters off Indonesia on Wednesday, triggering widespread panic as residents along coastlines fled to high ground in cars and on the backs of motorcycles.

    Some were crying. Others screamed “God as great” as they poured from their homes. In Banda Aceh, Aceh’s main provincial city, Indonesia’s Disaster Mitigation Agency said the power was out as sirens and Koran recitals were heard from mosques around the city.

    The U.S. Geological Survey said the 8.7-magnitude quake was centered 20 miles beneath the ocean floor around 269 miles from Aceh’s provincial capital.

    The Pacific Tsunami Warning Center in Hawaii said a tsunami watch was in effect for Indonesia, India, Sri Lanka, Australia, Burma, also known as Myanmar, Thailand, the Maldives and other Indian Ocean islands, Malaysia, Pakistan, Somalia, Oman, Iran, Bangladesh, Kenya, South Africa and Singapore.

    A tsunami watch means there is the potential for a tsunami, not that one is imminent.

    Said, an official at Indonesia’s Meteorology and Geophysics Agency who goes by only one name, said a tsunami warning has been issued for cities all along the coast of Sumatra island.

    There was chaos in the streets, with fierce shaking continuing for nearly four minutes.

    “I was in the shower on the fifth floor of my hotel,” Timbang Pangaribuan told El Shinta radio from the city of Medan. “We all ran out. … We’re all standing outside now.”

    He said one guest was injured when he jumped from the window of his room.

    The tremor was felt in Singapore, Thailand, Bangladesh, Malaysia and India. High-rise apartments and offices on Malaysia’s west coast shook for at least a minute.

    Thailand’s National Disaster Warning Center issued an evacuation order to residents in six provinces along the country’s west coast, including the popular tourist destinations of Phuket, Krabi and Phang-Nga.

    Indonesia straddles a series of fault lines that makes the vast island nation prone to volcanic and seismic activity.

    A giant 9.1-magnitude quake off the country on Dec. 26, 2004, triggered a tsunami in the Indian Ocean that killed 230,000 people, nearly three quarter of them in Aceh.
    © 2012 CBS Interactive Inc. All Rights Reserved. This material may not be published, broadcast, rewritten, or redistributed. The Associated Press contributed to this report.

  • htoosan

    April 11, 2012 at 4:58 pm

    ၈.၆ စကေးလို့ ပြန်ပြောပါသည်။ မြန်မာ့အသံမှလည်း သတိပေးကြေညာချက် ထုတ်ပြန်ကြောင်းသိရပါသည်။

  • kai

    April 11, 2012 at 5:02 pm

    http://ibnlive.in.com/news/earthquake-and-tsunami-updates/247823-2.html

    Expert on Tsunami: One expert told the BBC the quake as a “strike-slip” fault, meaning a more horizontal shift of the ground under the sea as opposed to a sudden vertical shift, and less risk of a large displacement of water triggering a tsunami.

    လုှုပ်ပုံအရ.. ဆုနမိကြီးဖြစ်ဖို့.. အန္တရယ်နည်းပါတယ်တဲ့..။ ဘာပဲဖြစ်ဖြစ်.. သတိထားသင့်ပါတယ်..။

  • htoosan

    April 11, 2012 at 5:04 pm

    ဆူနာမိဝမ်နင်ဌာနတွေကလည်း လူတွေ အလွယ်တကူနားလည်အောင် မလုပ်ကြဘူး ။

    http://ptwc.weather.gov/ptwc/text.php?id=indian.TSUIOX.2012.04.11.0845 မှာ မြန်မာပြည်ရောက်မဲ့ ခန့်မှန်းချိန်ကို

    MYANMAR CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
    CHEDUBA_ISLAND 18.9N 93.4E 1149Z 11 APR
    PYINKAYAING 15.9N 94.3E 1150Z 11 APR
    SITTWE 20.0N 92.9E 1226Z 11 APR
    MERGUI 12.8N 98.4E 1316Z 11 APR
    YANGON 16.5N 96.4E 1507Z 11 AP

    အဲ့ဒီက ၁၁၄၉z ဆိုတာ ရောက်မဲ့ အချိန်ရေးထားပြီး ဘယ်လိုဖတ်ရမှန်းမသိဖြစ်နေတယ်။ သိသူများ ပြောပြကြပါဦး။
    ဖြစ်တဲ့ အချိန်ကိုတော့ ဝ၈၄၅Z လို့ ရေးထားတော့….. စိတ်လေတယ် ။ ဒေသစံတော်ချိန် အဖြစ်ရေးပေးလိုက်ရင် တွေ့သူတိုင်းသိမယ် ။ အခုတော့ ရမ်းတုတ်နေရသည်။

    • htoosan

      April 11, 2012 at 6:15 pm

      ကိုယ့်ဘာသာကိုယ်ဘဲ ရှာတွေ့သွားပြီ ။ ဝ၈၄၅Z ဆိုတာ UTC (GMT) ဆိုတော့ မြန်မာပြည်ကို ရောက်မဲ့ အချိန်က .

      CHEDUBA_ISLAND ၁၈.၂ဝ နာရီ
      PYINKAYAING ၁၈.၂ဝ နာရီ
      SITTWE ၁၈.၅၆ နာရီ
      MERGUI ၁၉း၄၆ နာရီ
      YANGON ၂၁း၃ရ နာရီ

      ုဲဖြစ်ခဲ့မယ်ဆိုရင်ပေါ့

  • ဆူး

    April 11, 2012 at 5:05 pm

    သင်္ကြန်ဆို အထက်က လူတွေက အောက်ဆင်း အောက်က လူတွေက အထက်တက် နဲ့ အိမ်မှာကို နေကြတာ မဟုတ်ဘူး။
    ပိတ်ရက်မှ လည်ပတ်ရတာ ဆိုတော့.. စိတ်တော့ ပူစရာ ကောင်းတယ်။

  • htoosan

    April 11, 2012 at 5:27 pm

    ူယိုးဒယား ဖူးခက်မှာတော့ လေယာဉ်ကွင်းပိတ်လိုက်ပြီး သူတို့ ကမ်းခြေမှာ ရေနဲနဲဆုတ်သွားတယ်လို့သိရပါတယ် . patong beach မှာတော့ လူတွေကိုဘေးကင်းရာရွေ့ခိုင်းတယ်လို့ သိရပါသည်။

  • htoosan

    April 11, 2012 at 5:40 pm

    အင်ဒိုနီးရှားမှာ ၈.၂ စကေးနဲ့ မကြာခင်က aftershock ထပ်လူပ်တယ်လို့ CNN မှ ကြေညာပါသည်။ အနက်ကလည်း ၁၆ km မှာဟုသိရပါသည်။

  • nigimi77

    April 11, 2012 at 5:42 pm

    သေပြီ ဆရာ ။

    ကျုပ်က ကျောက်ဖြူမှာ ။

    • ရွာစားကျော်

      April 11, 2012 at 6:24 pm

      ကို nigimi77 ခင်ဗျား
      ကမ်းခြေနဲ့ မီတာ ၈၀ဝ အကွာမှာရောက်အောင်နေပါ
      အနည်းဆုံး အမြင့် ၃၃ ပေ ကျော်တဲ့နေရာကို ရှာထားပါတော့ဗျ

  • ဗိုက်ကလေး

    April 11, 2012 at 5:42 pm

    update news အတွက် ကျေးဇူး စီဂျေကြီး..
    အားလုံး အသက်ဘေးက အချိန်မီ ရှောင်ရှားလွတ်မြောက်ကြပါစေဗျား..

  • ဆူး

    April 11, 2012 at 6:15 pm

    အမလေး အခြေအနေက ပိုဆိုးလာတာလား..
    သူငယ်ချင်းက ကမ်းခြေမှာ သင်္ကြန် နွဲမလို့တဲ့.. ဖုန်းဆက်ပြောတာလည်း ဆက်လို့ မရသေးဘူး။

  • htoosan

    April 11, 2012 at 6:18 pm

    မဖြစ်လောက်ဘူးလို့တော့မှန်းရတာဘဲ . ဖြစ်ခဲ့ရင်လည်း အရင်လောက် မကြီးနိုင်ဘူးလို့ဆိုနေပါတယ် ဆူးရေ.
    ထုံးစံအတိုင်းသတင်း စုံဖြစ်နေပါသည်။
    နောက်ထပ် ၈.၁ နဲ့ ၆.၁ ထပ်လှုပ်သွားပါသေးတယ်တဲ့ ။ ဝမ်နင်တော့ ရုတ်သိမ်းမှု့ မရှိသေးပါဘူး ။

    • ဆူး

      April 11, 2012 at 6:23 pm

      ချယ်ရီ FM က အခုပဲ သတိပေး ကြေညာချက် လာသွားတယ်။ ခဏခဏ သတင်း အသစ်ရရင် ထပ်လွင့်မယ် ပြောသွားတယ်။

  • htoosan

    April 11, 2012 at 6:31 pm

    ဖူးခက်ကို မြန်မာစံတော်ချိန် ၁ရး၄၅ လောက်မှန်းထားတာ အခုထိ ဘာမှ မဖြစ်သေးဘူးလို့သိရပါသည်။ ရောက်ချိန်တန်ပြီးနောက်နှစ်နာရီလောက်မှ ဝမ်နင်ရုတ်သိမ်းမှာမို့ နောက်နှစ်နာရီလောက်တော့ စောင့်ကြည့်ရပါဦးမယ်။

  • kyeemite

    April 11, 2012 at 6:37 pm

    သတင်းအပ်ဒိတ်တင်ပေးသူအားလုံးကိုကျေးဇူးကြီးစွာတင်ပါတယ်ဗျာ..
    ကျုပ်မိသားစုကဒီနေ့ည ၉နာရီကားနဲ့ချောင်းသာသွားပြီး
    သင်္ကြန်ပျော်ဘို့စီစဉ်ပီးသား..ဒီအရေးပေါ်သတင်းထွက်လာမှ
    ချက်ချင်းအစီအစဉ်ဖျက်ပီး အင်တာနက်ဆိုင်ထွက်လာပီး သတင်းတွေစောင့်ကြည့်နေတာ..
    တော်သေးဗျာ..အဖိုးတန်ကြီးမိုက်မျိုးဆက် သုန်းတော့မလို့..

    • ဗိုက်ကလေး

      April 11, 2012 at 6:44 pm

      အမလေး.
      မိုက်မျိုးတုန်းတော့မလို ့ နဲနဲပဲလိုပါကလား..
      လဂါးပြောတာဘာဂျာ..
      နီးစပ်ရာ သတိပေးကြပါဦး

  • စော်ဘွားလေး မောင်မာန်ခ

    April 11, 2012 at 6:43 pm

    http://www.thithtoolwin.com/2012/04/earth-quake-and-tsunami-in-indonesia-11_11.html
    ဒီဆိုဒ်မှာဗွီဒီယိုဖိုင်တင်ထားတယ်….
    ဒီနေ့ဖြစ်ပျက်တဲ့ပုံ တွေပြထားတယ်
    ချောင်းသာကမ်းခြေသို့ ရောက်ရှိနေသော ခရီးသွားများ ဆူနာမီ သတိပေးချက်ကြောင့် ကမ်းခြေမှ ပြန်လည် ထွက်ခွာနေကြပြီဖြစ်ကြောင်းနှင့် အချို့သည် ပုသိမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
    weekly eleven မိနစ်အလိုက်သတင်းများ 6း29
    Messenger News Journal
    ဧပြီလ ၁၁ ရက်နေ ့၂၀၁၂

    လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။ အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

    မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ရ အင်အားရှိတယ်။ အခု ငလျင်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊ အနောက်တောင်ဘက် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။ အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။

    မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
    မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။ ည ရ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။

    ၈ ဒသမ ရ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။

    ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။ ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃ဝ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။ ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။ ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။

    ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
    ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်။

    Messenger News Journal

    ဆူနာမီနှင့် ပတ်သတ်၍ ဦးကျော်ထွန်း၊ ဘူမိဗေဒပညာရှင်၏ သုံးသပ်ချက်

    အခု လှုပ်တဲ့ ငလျင်က ဆူနာမီကို အခြေခံပြီး လှုပ်တဲ့ ငလျင်ပဲ။ ၂၀၀၄ တုန်းကလည်း လှုပ်ခဲ့တယ်။ အဲဒီတုန်းက ၉ ဒသမ ၁ အင်အားရှိတယ်။ အခုက ၈ ဒသမ ရ ဆိုတော့ တအားပြင်းထန်တယ်။ အခုငလျင်နဲ့ ဆပ်စပ်ပြီး မြန်မာနိုင်ငံအနေနဲ့ မြေလွတ် မြေပျော့တွေရှိတဲ့ နေရာတွေမှာ သတိထားရမယ်။
    အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ အောက်ဘက်မှာရှိနေတဲ့အတွက် မြေမျက်နှာပြင် ၁၄ ဒီဂရီအောက် နိမ့်တဲ့ နေရာတွေ စိုးရိမ်ရတယ်၊။
    အမြင့်ပိုင်းတွေက စိုးရိမ်စရာမရှိဘူး။
    မြန်မာနိုင်ငံကို ဆူနာမီ ဘယ်လောက်ထိ လာနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူး။
    Messenger News Journal
    ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင
    ် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။

    ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ
    အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင်
    ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။

    “၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချိူ့ဧည့်သည်တွေကတော့ မယုံကြဘူး” ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ဝန်ထမ်းတစ်ဦးကပြောသည်။

    အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိ်ကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

    ” ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်
    က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်” ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
    ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ “ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။

    7Day News Journal

  • windtalker

    April 11, 2012 at 6:44 pm

    ကိုဆန်းရေ ၊ အနော်တို ့အတွဲကတော့ နက်ဖန်အတွက် ဖလိုက်လက်မှတ်တွေ ကို ပလုံပစ်လိုက်ပြီခင်ဗျ ။ မဖြစ်ခင် ကြိုရှောင်လိုက်တာ အကောင်းဆုံးပါဘဲနော

    • htoosan

      April 11, 2012 at 6:53 pm

      ကိုပေရေ .. ကျွန်တော့် အမြင်ပြောရရင်တော့ မပလုံ သင့်ပါဘူး ။။ ဖြစ်ပြီးကာစ က ပိုစိတ်ချရ တတ် တယ်ဗျ။ သွားသာသွားပါလို့တိုက်တွန်းပါတယ်။ ကျွန်တော်သာဆိုသွားမှာဘဲ ။။ 😀
      ကိုကြီးမိုက်လည်း သွားသာ သွားဗျို့ ..
      ကျွန်တော့် အတွေ့အကြုံ အရ မုန်တိုင်းတိုက်ပြီးကာစ တို့ မှာ ထပ်မဖြစ်ဘူး
      ဗျ ။ Aftershock ရှိတယ်ဆိုပေမဲ့ ပထမ တစ်ကြီမ်လောက် မပြင်းတတ်တော့ ဖြစ်နိုင်ခြေ နည်းသွားနိုင်တယ်လို့ ထင်ပါသည်။

  • htoosan

    April 11, 2012 at 6:45 pm

    ွGood News. Pacific Tsunami Warning Center has cancelled the warning for Thailand and a number of other countries.

    • Gipsy

      April 11, 2012 at 6:50 pm

      ကျန်းမာ ချမ်းသာရာ ရပါစေဗျား….၊
      ခလုပ် မထိ ဆူးမညိ ကြပါစေနဲ့ အန ္တရာယ် ကင်းကြပါစေလို့ပဲ
      ဆုတောင်းလိုက်ပါတယ်…။

    • htoosan

      April 11, 2012 at 6:56 pm

      ့ဖယ်တဲ့ အထဲမှာ မြန်မာပြည်လည်း ပါတယ်ဗျို………..

  • kyeemite

    April 11, 2012 at 6:47 pm

    ကိုnigimi77ရေ..အနီးဆုံးတောင်ပေါ်ကိုပြေးပေတော့ဗျို့..
    တောင်ပေါ်မတက်ရင်တောင် အနဲဆုံးအပေါ်ကဗိုက်ကလေးကွန်မန့်ထဲကလို..
    ၃၃ ပေအမြင့်ရှိတဲ့နေရာနားရောက်အောင်သွားနေရင်ကောင်းမယ်..
    သဘာဝဆိုတာခန့်မှန်းရခက်တော့..ဆေ့ ဖြစ်တဲ့နေရာအမြန်ဆုံးမုပေတော့ဗျို့..

  • စော်ဘွားလေး မောင်မာန်ခ

    April 11, 2012 at 6:49 pm

    6:44 PM

    နောက်ဆုံးသိရှိရသော သတင်းများအရ မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဆူနာမီ သက်ရောက်နိုင်ခြေမရှိတော့ကြောင်း၊ အန္တရယ်ကင်းကြောင်း သတင်းကို ည ၈ နာရီ သတင်းတွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူမှ ညနေ ၆နာရီ ၃၆ မိနစ်တွင် ပြောကြားခဲ့ပါသည်။
    weekly eleven

  • ဗိုက်ကလေး

    April 11, 2012 at 6:54 pm

    ကိုချောလဲ ဟန်းနီးမွန်းထွက်မယ်ပြောတယ်
    မတော် ချောင်းသာများထွက်ဖြစ်ရင် ဒုက္ခ
    ရွာစားတို ့ သတင်းမေးလိုက်ကြပါဦးဗျို ့

    • Thel Nu Aye

      April 11, 2012 at 7:01 pm

      ပုဂံတဲ့ကွယ်။ စိတ်မပူပါနဲ့။

  • kyeemite

    April 11, 2012 at 6:59 pm

    သဘာဝကိုစာမဖတ်ကြနဲ့ဗျို့..
    ဝေးဝေးရှောင်ထားနိုင်ရင်အကောင်းဆုံးဘဲ…
    နာဂစ်ကိုမမေ့နိုင်ဘူးဗျာ..ဘယ်သူ့ကိုမှသတိမပေးလိုက်ရဘူး…

  • Gipsy

    April 11, 2012 at 7:23 pm

    အသက်ကို ဉာဏ်စောင့်သတဲ့…. ကိုယ်ပိုင်အတွေး ကိုယ့်စဉ်းစားဉာဏ်လေးရှိသလောက်
    ကာကွယ်သမှု ပြုသင့်ပါတယ်… ကမ်းခြေကိုသွားမဲ့ မိတ်ဆွေများ အခြေအနေ ငြိမ်သက်
    တော့မှ သွားရင်လဲ နောက်မကျသေးပါဘူး…
    ကိုကြိီးမိုက် ပြောသလို ဝေးဝေးရှောင်ထားနိုင်ရင် အကောင်းဆုံးပါပဲဗျား….။

  • etone

    April 11, 2012 at 7:36 pm

    Oops……….. ကြားရတဲ့သတင်းစိတ်မကောင်းစရာပါပဲ … ။ 🙁
    ဒီအချိန်မှာ အသေပျောက်နည်းပါးအောင် အစိုးရရောမီဒီယာတွေနဲ့ အခြားပြင်တွင်းမီဒီယာတွေကနေ သတိပေးချက်တွေထုတ်ပြန်သင့်တယ်….. ။ ဒါမှလည်း အခြေနေမှန်ကိုသိပြီး အသက်အန္တရာယ်နဲ့ ဆုံးရှုံးမှု နည်းမှာပါ…. သင်္ကြန်အချိန် ကမ်းခြေသွားမယ့်လူများလည်း …. အစီစဉ်ဖျက်သင့်ပါတယ် ….. ။

  • ကိုရင်မောင်

    April 11, 2012 at 7:36 pm

    နှစ်သစ်ကူးအတာသင်္ကြန်မှာဘေးအန္တာရယ်ကင်းရှင်းကြပါစေလို့ဘဲဆုတောင်းရတော့မှာဘဲ
    နောက်ဆက်တွဲသတင်းများစောင့်မျော်နေပါတယ် ကိုထူးဆန်းရေ…..

  • pyaponthu

    April 11, 2012 at 7:37 pm

    ပညာရှင်များပြောပါတယ်။ငလျှင်က ပင်လယ်ကြမ်းပြင်အောက်အလျှားလိုက်ဖြစ်တာမို့သူကြီးပြောသလို သိပ်စိုးရိမ်စရာမရှိပါဘူးးဒေါင်လိုက်ငလျင်က ပိုပြီးဆူနာမီလှိုင်းကြီးတတ်တယ်လို့ ပညာရှင်များပြောပါတယ်

  • စော်ဘွားလေး မောင်မာန်ခ

    April 11, 2012 at 8:03 pm

    နိုင်ငံပိုင်အသံလွှင့်ဌာနများမှ ဆူနာမီသတိပေးချက်အား…ရုပ်သိမ်းပြီဖြစ်ကြောင်းကြေငြာလိုက်ပါပြီခင်ဗျာ…
    မင်္ဂလာသတင်းပါပဲ…..အားလုံးဝမ်းစမိုး…..မနက်ဖြန်သင်္ကြန်ကဲဖို့ပြန်ပြင်ထားမယ်….
    ဇကားမစပ်…ကျွန်းနံ့သာကျွန်းကမီးတောင်ကော….မီးသတ်တွေရောက်ပြီလား….
    အားလုံးနှစ်သစ်မှာပျော်ရွှင်စရာကောင်းပါစေ..မင်္ဂလာအပေါင်းခညောင်းပါစေ….
    ငလျင်ဒဏ်သင့်လူသားများလဲဘေးမသီရန်မခ…ကောင်းမွန်စွာ…ပြန်လည်နေထိုင်နိုင်ကြပါစေ….

  • Aung Myae

    April 11, 2012 at 8:56 pm

    ညနေကပဲပြန်ကြေညာသွားတယ်လေ
    ငလျင်ကြေညာမှုရုပ်သိမ်းတယ်တဲ့……..

  • သံတွဲဖက်မှာတော့ ငလျင်နှစ်ကြိမ်ဖြေးဖြေးလေးလှုပ်သွားတယ်။
    ပြင်းပြင်းထန်ထန်မဖြစ်ပါဘူး။ဧည့်သည်တွေက တော့ပြန်တဲ့သူပြန်သွားကြပါတယ်။တချို့
    လဲမြို ့ထဲဖက်ရွှေ ့ပြောင်းထားကြတယ်။ခုတော့ အေးဆေးနေပါပီ။

  • Gipsy

    April 11, 2012 at 11:03 pm

    သံတွဲမြို့နဲ့ရေမိုင် ၁၅ မိုင် အကွာခန့်ရှိတဲ့ ကျွန်းနံ့သာကျွန်းမှာ မီးတောင်ပေါက်ကွဲမှု
    ဖြစ်ခဲ့ပါတယ် … ဒီနေ့ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ပါ …
    မီးတောက်တွေက တနာရီတကြိမ်ခန့် ကောင်းကင်ပေါ်ထိုးတက်နေတာ မြင်နေရပါတယ်…
    ပြာမှုန်တွေကလည်း ကောင်းကင်မှာ ထူထပ်ပြီး မဲမှောင်နေပါတယ်…
    http://www.facebook.com/photo.php?fbid=130323157098132&set=a.117897445007370.19435.100003613468200&type=1&ref=nf
    မီးတောင်ပေါက်ကွဲနေပုံကို လေ့လာချင်သူများအတွက် Link ပါ….။

  • htoosan

    April 12, 2012 at 6:35 am

    အင်ဒိုနီးရှား ငလျှင်ကတော့ ဒီတစ်ခါ ဘာ အသေအပျောက်မှနဲ့ ကြီးကြီးမားမား ပျက်စီးမှု့ မရှိဘူးလို့သိရပါသည်.။
    ယနေ့ မနက်တော့ မက်ဆီကိုနိုင်ငံမှာ ပြင်းအား ရ နဲ့ ပစိဖိတ် ကမ်းခြေနား ကုန်းပေါ်ကိုဗဟိုပြုလှုပ်သွားသည်ဟု CNN သတင်းနားထောင်လို်က်ရပါသည်။ ကုန်းပေါ်မှ ဖြစ်လို့ ဆူနာမီ ဝမ်နင်ထုတ်ပြန်ခြင်းမရှိပါဘူး။

    • စော်ဘွားလေး မောင်မာန်ခ

      April 12, 2012 at 2:30 pm

      ကိုထွဋ်ရေ….ကျေးကျေးနော့်……
      ကိုဂျစ်လင့်ခ်ပေးတုန်းကတစ်ခြားတစ်ခုကိုပြတယ်ထင်ခဲ့တာ….
      ခုဗွီဒီယိုဖိုင်ကောအသံပါပါလာတော့လက်တွေ့ကိုယုံသွားပြီ…..
      မနေ့ကဆူနာမီသတင်းနဲ့ရောချတာထင်နေတာဗျ…ကျွန်တော်က…..
      ဒါဆိုတကယ်ပေါ့…အဲနားပတ်ဝန်းကျင်တော့စိုးရိမ်ရမယ်ထင်တယ်…ကျွန်းတစ်ဝိုက်နေ
      တဲ့လူတွေရှိလားဗျ….လင့်ပါဦး…..
      ကိုဂျစ်လည်းကျေးဇူးဗျို့…..ခုတော့တကယ်ယုံသွားပြီဗျ……

  • ဘာမှတော့ မဖြစ်ပါဘူး။ငါးဖမ်းလှေတွေတောင်မှ ညဖက်ပြန်ထွက်ကြပါတယ်။
    ပြဿနာ မဖြစ်သလောက်ပါဘဲ။တစ်ချို ့ငါးဖမ်းလှေတွေက နီးရာချောင်းတွေ
    ထဲထည့်ပြီးစောင့်နေကြတာပါ။ညဖက်မှ ပြန်ထွက်ကြပါတယ်။အခြေအနေ
    အေးအေးဆေးဆေးပါဘဲ။

Leave a Reply