မိန်းမတွေ တော်တော်ဆိုး

zaylayJune 12, 20101min670

တစ်နေ့ အိမ်ရှင်မ နှစ်ယောက်ဟာ Night Club မှာ မိန်းကလေးနေ့ အခမဲ့
> ဝင်သောက်ခွင့် ရှိတာမို့ သွားရောက်ဘုို့ ပြင်ဆင် လိုက်ကြပါတယ်။ အဲဒီ Night Club
> မှာလဲ အရက်တွေ က အကောင်းစားတွေကြီးမို့ လွန်လွန်ကျွန်ကျွန် မူးမူူးရူးရူး
> သောက်ခဲ့ ကြပါတယ်။ သောက်ပြီးသွားတော့ နှစ်ယောက်သား အိမ်ပြန်လမ်းမှာ
> သေးပေါက်ချင်တာမို့ ၊ တွေ့ရာ အစဉ်ပြေရာနေရာ ပေါက်ဘို့ ဆုံးဖြတ်လိုက်ကြတယ်။
> သင်္ကျိုင်းကုန်းနဲ့ နီးတာမို့ အုတ်ဂူ ကျောက်တိုင် အနောက်မှာ ထိုင်ပေါက်ဘို့
> တစ်ယောက်က အကြံပေးပါတယ်။ ဒါနဲ့ တစ်ယောက် သေးပေါက်ပြီးတော့ သုတ်စရာမရှိတာမို့
> အောက်ခံ ဘောင်းဘီနဲ့ သုတ်ပြီးလွှတ်ပြစ်လိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ အောက်ခံ
> ဘောင်းဘီကလဲ အသစ်ကြီးဝယ်ထားတာ မကြာသေးတာမို့ ဘာလုပ်ရမှန်းမသိပါဘူး။ ဒါပေမဲ့
> လက်လှမ်းမီရာမှာ ဖဲပြား ကြိုးကြီးကို တွေ့လိုက်တာမို့ လှမ်းဆွဲပြီး
> အသုံးပြုလိုက်ပါတယ်။ ပြီးသွားတဲ့ နောက်ဆုံး နှစ်ယောက်စလုံး အိမ်ကို
> ပြန်ခဲ့ကြတယ်။
>
> နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ခင်ပွန်းနှစ်ယောက်ဟာ တယ်လီဖုန်းပေါ်မှာ
> ကိုယ့်ဇနီးတွေ ခုတလော ကဲနေကြတာမို့ တစ်ခုခုလုပ်ဖို့ တိုင်ပင်ကြပါတော့တယ်။
>
>
> “ ဟုတ်တယ်။ ဒီနှစ်ယောက်ကို ငါတို့ သေချာ ထိန်းမှ ဖြစ်တော့မယ်၊ ညကဆို
> မင်းကြည့်ကွာ ငါ့မိန်းမ ပြန်လာတာ အောက်ခံ ဘောင်းဘီ ပါမလာဘူး ”။
>
>
> ဒါနဲ့ နောက်တစ်ယောက်က ။
>
> “ ဟေ့ကောင်ရ။ မင်းမိန်းမက တော်သေးတယ်၊ ငါ့မိန်းမ ညက ပြန်လာတာ သူ့တင်ပါး
> ကြားထဲမှာ စာနာထောက်ထား တယ်ဆိုတဲ့ ကဒ်ေတောင် ပါလာသေးတယ်။”“အဲဒီကဒ်ထဲ မှာ
> မင်းဘာရေးထားတယ် မှတ်သလဲ၊ မီသတ်တက်ဖွဲ့က ကျွန်တော်တို့ တစ်စု၊ မင်းကို
> ဘယ်တော့မှ မမေ့ပါဘူးတဲ့” ။