အမှတ်မထင်ပစ်ထားလိုက်မိသော သင်္ကြန်စာလေးတစ်စောင်

mg wineApril 11, 20121min1305

မြောင်းမြမြို့သို့ (၂၆.၃.၁၂)ရက်နေ့နံနက်စောစောက သင်္ကြန်စာတွေလို့အော်ကာ ငွေဖြင့်မရောင်းဘဲ အလကားဝေငှနေသူတစ်ဦးကိုတွေ့ရသည်။ဤပုဂ္ဂိုလ်နှယ် လက်ထဲရှိအရွက်၅၀ဝလောက်ကိုလိုက်ဝေနေပုံကိုကြည့်ပြီး အံဩမိလေ၏။စိတ်မပါတပါဖတ်ကြည့်တော့……..

ပုဏ္ဏားဆရာကြီးဘိုးမဲမှန်၏
အဂ္ဂမဟာသင်္ကြန်စာ
ဩောင်းနမောဗုဒ္ဓါယသိဒ္ဓံ
တန်ခူးလအခါသမယတွင်
-ခွပ်ဒေါင်းပါတီ အမေစုကြည် သို့ ပြည်သူအားလုံးမဲပေးလာလာအံ့။ဤစကားသည် ယခင်ကတည်းက မဆန်းကြယ်။မဲပေးမည်ကိုသိ၏။
-မဲပေးပြီးနောက်လွတ်တော်ရောက်ပြီး ၊တောက်လျှောက်အောင်ပွဲဆင်ရလတ္တံ။ ဤစကားသည်လည်းကျွှန်ပ်တို့ မျှော်လင့်သိရှိပြီးဖြစ်ပါ၏။
-အမေစုအောင်ပွဲ …..ဒို့အောင်ပွဲပေတည်းဟု မြေကြီးကမ္ဘာတုန်ဟီးကာဖြင့် သက်သေအရာခံလတံ့။
ဦးတင်ဦးနှင့်NLD ခေါင်းဆောင်များ (၂၆.၃.၁၂) ရက်နေ့က သွားကြသည်။မြောင်းမြ၌ ၎င်းသင်္ကြန်စာဝေတာနှင့်ကြုံကြိုက်သည်။
သေချာလေ့လာသည့်အခါ သင်္ကြန်စာသည် မြောင်းမြ၌ အစောင်မနည်း ဝေခဲ့၏။ အိမ်မဲမြို့၌လည်းဝေသည်ဟုသိရသည်။။သင်္ကြန်စာကားမှန်ခဲ့သည်။

-မြန်မာပြည်အဝှမ်း ငြိမ်းချမ်းသာဗျော ပစ္စည်းပေါအံ့။
ပစ္စည်းပေါမည်မပေါမည်ကိုဖြင့် အာမခံ၍မရသေးပါ။ အပေါ်က အချက်များကမှန်နေေလေပြီတည့်။
-ဆရာမှန်၏သင်္ကြန်စာကား မှန်ပါ့မလားဟု အများလူဗိုလ် ချီးမွှမ်းဆိုအံ့။
အမှန်ပင်ဘိုးမဲမှန်၏သင်္ကြန်စာကို လူများမျှော်နေပါသည်။
– ဘိုးမဲမှန်၏ဟောစတမ်းများလည်း အခါအားလျှော်စွာထွက်လာဦးအံ့ …ဆိုသလို ထွက်ပေါ်ရန်စောင့်မျှော်နေပါသည်ချိမ့်။
ယခုတော့ အင်ဒိုနီးရှားမှာ ၈.၉ စကေး ငလျင်လူပ် ခဲ့ပြီတည့်။ မြေကြီးကမ္ဘာတုန်ဟီးကာဖြင့် သက်သေအရာခံလတံ့။ဟူသောစကားမှန်လေပြီတည့်။
အမေစုတို့ လွတ်တော်ထဲရောက်မည်ကို နမိတ်ဖတ်ခဲ့သည့် ဘိုးမဲမှန်ကား ယခုဘယ်အရပ်က သင်္ကြန်စာ ထပ်ပေါ်မည်ကို မသိ။မြေတုန်ဟီးသည်တော့ ကြုံခဲ့ပြီ ဘိုးမဲမှန်။
မြောင်းမြ၊ ဝါးခယ်မ၊ပုသိမ်ကို ဘယ်ချိန်ရောက်၍ ဘယ်လို သင်္ကြန်စာတွေ အခမဲ့ဝေနေအုံးမည်မသိ။

ညနေ ၃ နာရီကျော်က အင်ဒိုနီးရှားမှာ ငလျင် ၈.၉ စကေး လူပ်သွားပါသည်။ ဆူနာမိ အန္တရယ် အချက်ပေးထားပြီး မြန်မာနို်င်ငံမှာလည်း စောင့်ကြည့်နေကြရပါသည်။

5 comments

  • ကိုရင်မောင်

    April 11, 2012 at 10:02 pm

    တယ်ဟုတ်တဲ့သင်္ကြန်စာပါတကား…
    မှန်လေစွ မှန်လေစွ……………….

  • mg wine

    April 11, 2012 at 10:24 pm

    မှန်တာပေါ့ဗျာ
    မဲနိုင်အောင်ပွဲ ၁၁ရက်မြောက်တဲ့နေ့လည်းဖြစ်
    ဒေါ်စုနဲ့ သမတနဲ့ တွေ့တဲ့နေ့လည်း ဖြစ်တဲ့နေ့မှာ
    လှုပ်တဲ့ ငလျှင်ဟာ မြေကြီးတုန်ဟီး သက်သေခံခြင်းပဲပေါ့။
    ငလျှင်လှုပ်မှာတောင်ကြိုသိတဲ့ သင်္ကြန်စာရေးတဲ့ ဘိုးမဲမှန် သင်္ကြန်စာထဲကအတိုင်း
    ဟောစတမ်းတွေထုတ်ပေးပါအုံး

  • ကြောင်ကြီး

    April 12, 2012 at 8:51 am

    သိပ်တော့ ချီးမွှမ်းမစောနဲ့အုံးဗျို့.. မတော် အဲဒိငလျင်ကြီး မြန်မာပြည် ကူးလာမှ အားလုံး ဟုတ်ပေ့ဖြစ်နေမယ်။။ ငလျင်ဆိုတာမျိုးက မြေကြောဆက်တတ်တယ်။။။

  • cobra

    April 12, 2012 at 9:24 am

    မှန်တာလား၊တိုက်ဆိုင်တာလားတော့မသိဘူး။
    သင်္ကြန်စာမှာပါတာတော့ကွက်တိပဲ။

Leave a Reply