အီး ဋီကာ……………..

zaylayJune 12, 20101min640

လူတစ်ယောက်က အီးကိုကုန်အောင်မပေါက်…..နေ့ဖို့ညစာစုထားတတ်ရင် အဲဒီလူကို ကပ်စေးနှဲတတ်သူလို့ခေါ်
တယ်။
အီးကိုစုမထားပဲ ဘယ်နေရာသွားသွားအမြဲပေါက်နေတတ်ရင်.အဲဒီလူဟာ ရက်ရောတတ်သူ။
နှစ်ဦးတည်း ရှိချိန်ကိုမှ ရွေးပြီး အီးပေါက်တတ်ရင် အဲဒီလူဟာ သီးသန့်ဆန်တတ်သူ။
လူအများရှိချိန်ကိုမှ ရွေးပြီးပေါက်တတ်ရင် အဲဒီလူဟာ အပေါင်းအဖော်မက်သူ။
အီးပေါက်ချင်သော်လည်း မပေါက်ပဲအောင့်ထားရင် မိုက်မဲသူ။
အီးပေါက်ချင်ပေမဲ့မပေါက်ပဲအောင့်ထားပြီး ကာလဒေသရွေးပြီးမှ ပေါက်တတ်ရင် မညာရှိသူ။
အသံကျယ်လောင်စွာ အီးပေါက်တတ်ရင် ဘွင်းဘွင်းကျသူ။
မိမိအီးပေါက်ချင်းအတွက် ဂုဏ်ယူနေတတ်ရင် ဝါကြွားသူ။
မိမိအီးပေါက်ချင်းအတွက် အလွန်ရှက်နေတတ်ရင် ဖိနှိပ်မှုကြောင့် မွန်ကြပ်နေသူ။
လူတစ်ယောက်က ငါ့အီးတယ်မွှေးပါလားလို့ ကိုယ့်အီးကို ပြန်ရှူနေတတ်ရင် အတ္တကြီးသူ။
နင့်အီးတယ်မွှေးပါလားလို့ သူများအီး လိုက်ရှူနေတတ်ရင် အဲဒီလူဟာအရူး။
ပင်ပင်ပန်းပန်း အားမစို်က်ပဲ အီးပေါက်ထွက်ရင် အားကစားလိုက်စားသူ။
မျက်စိပျက် မျက်နှာပျက် အားစိုက်ညှစ်မှ အီးပေါက်ထွက်ရင် အားကစားမလိုက်စားသူ။
အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမှာကိုစိုးရိမ်ရင် သဘာဝပတ်ဝန်းကျင်လိုက်စားသူ။
အီးပေါက်ပြီးတိုင်း နံတယ်ဟေ့လို့ သူကဦးအောင်အော်တတ်ရင် အဲဒီလူဟာမရိုးသားသူ
အီးပေါက်ပြီးတိုင်းမျက်နှာကြီးနီလာရင် အဲဒီလူဟာရိုးသားသူ။
အီးပေါက်ပြီးတိုင်း အီးပေါက်ကြောင်းဝန်ခံတတ်ရင် အဲဒီလူဟာရိုးသားသူ။
အီးမပေါက်ခင် ခွင့်ပြုပါနော်လို့ ပြောပြီး……..အီးပေါက်ပြီး ဆောရီးနော်လို့ပြောရင် ယဉ်ကျေးမှုကိုသိရှိသူ။း
အီးမပေါက်ခင်ဆောရီးနော်လို့ပြောပြီး အပြင်ထွက်သွားရင် ယဉ်ကျေးသူ။
အသံကြားရုံနဲ့ ဘယ်သူအီးပေါက်တယ်ဆိုတာဖော်ထုတ်နိုင်ရင် ဉာဏ်ကောင်းသူ။
ရုပ်ရှင်ထဲမှာ အီးပေါက်ပြတာကိုကြည့်ပြီး အလွန်အမင်းရယ်နေရင် ဉာဏ်သိပ်မကောင်းသူ။
အီးပေါက်ရန်ကြိုးစားရင် ချီးထွက်သွားရင် ကံမကောင်းသူ။
နှစ်ဆယ့်လေးနာရီပတ်လုံး အီးတဗျစ်ဗျေစ်ပေါက်ရင် ဖင်မနိုင်ပဲ ပဲကြီးဟင်းစားသူ။
ဗိုက်နာနေသော်လည်း အီးမပေါက်နိုင်ရင် ဒုက္ခရောက်တော့မည့်သူ။

ကဲ သင်တို့ကော ဘယ်လို လူမျိုးလဲ…။
ဒီ အီး ဋီကာ…………….. ကြီးကို ဖတ်ပြီးတော့… သူငယ်ချင်းတို့ လူ့လောကထဲက ထွက်ခွာသွားစေချင်တဲ့ သဘောနဲ့ ရေးထားတာ
မဟုတ်ဘူးနော်။ ဟဲဟဲ…။