မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနဲ့ ရေပေးဝေရေးဋ္ဌာနတို့ရဲ့ယုတ်မာတဲ့လုပ်ရပ်

ေရႊညာသားApril 12, 20121min20215

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနဲ့ ရေပေးဝေရေးဋ္ဌာနတို့ရဲ့ယုတ်မာတဲ့လုပ်ရပ်

ဒီနေ့ဟာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ရက်မြတ် ( အကြိုနေ့)ပါ။

ဒါပေမဲ့ သင်္ကြန်မှာရေပတ်ဖို့နေနေသာသာ ရွှေညာသားတို့မှာရေတောင်မှ သုံးစရာမရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ ရွှေညာသားတို့ကိုရေဖြတ်ထားတာ မတ်လ (၁၀) ရက်နေ့ထဲကပါ။

သူများတွေပြောသလို ရွေးကောက်ပွဲကြောင့်များလားလို့ထင်မိပေမဲ့ မီးပျက်တော့ ရေလာတဲ့အချိန် မီးမလာ / မီးလာတော့ရေပျက်နဲ့ လုံးလည်လိုက်နေတာပါ။

ဒါပေမဲ့လုံးဝမလာတော့တာကတော့ မတ်လ (၁၅)ရက်လောက်ကစပြီး ရေလုံးဝမပေးတော့ပါဘူး။

ရေမီတာရုံးကို သွားမေးတော့လည်း စည်ပင်သာယာနဲ့ပဲဆိုင်တယ်ဆိုလို့ဖုန်းဆက်

တော့လည်း  ဘာမှတိတိကျကျမပြောပါဘူး။သူတို့ပြောတော့ စောက်ဒီမိုကရေစီရပြီဆို။

 

ပြည်သူ့အခွင့်အရေးဆိုတာဘယ်မှလဲ။

ရေမလာတာတောင်ဘယ်ပြောရမှန်းမသိဘူး။ဘော်လီဘောပုတ်နေကြတာ။

 

ထူးဆန်းတာတစ်ခုက ရေမီတာစစ်တဲ့ သူလာပြီးရင် /ရေခွန်ဆောင်ပြီးရင် ရေပျက်တော့တာပဲ။

အခုပျက်နေတာကတော့ ၇ရ – လမ်း ၊ ၃၁ – ၃၂ ကြားက တိုက်တန်းတွေအကုန်လုံးပါပဲ။

ပြီးတော့ ၃၁ – လမ်း ၊ ၃၂ – လမ်း တစ်ဝိုက်ပါ။ ပိုဆိုးတာကတော့ ကျော်ဇင်ဗီနိုင်းဆိုင်တိုက်ခန်း

တစ်ဝိုက်က တိုက်ခန်းတွေအကုန်းလုံးကိုရေဖြတ်ထားတာပါ။

ရေမီတာလာစစ်ရင်တော့ လာစစ်တဲ့သူကို ငွေပေးရပါသေးတယ်။သူတောင်းစားက ရေမီတာ

အဖွင့်အပိတ်တွေကို လက်နဲ့လျှောက်လှည့်တတ်တာဘာစောက်ကျင့်မှန်းမသိပါဘူး။ရေပျက်တယ်လို့ပြောရင်

ပြန်လာစစ်ပေးပြီးရေမီတာစစ်ပေးမယ်ဆိုပြီး ရေပုံးနဲ့ရေလာင်းဆေးပြီး ငွေ(၅၀၀၀)တောင်းနေကြပါ။

ပြီးတော့ဖုန်းဆက်မေးတော့လည်း ဘာမှတိတိကျကျ စည်ပင်ကရော/ ရေမီတာရုံးကရော

တာဝန်မယူတာဟာ ဦးသိန်းစိန်ပြောတဲ့ ပြည်သူ့အခွင့်အရေးဆိုတာကို မျက်ကွယ်ပြုနေတာပါပဲ။

နောက်တစ်ချက်ကတော့ ရေမီတာတွေကို အလှည့်ကျပေးမယ်ဆိုရင်လည်း တရားဝင်ကြေညာသင့်

ပါတယ်။အခုတော့ ဘယ်လိုင်းကိုဖြတ်ထားမှန်းလည်း မသိပါဘူး။

အော်ပေးကြပါဗျို့ ရေမီတာဖြတ်ထားတာကို တရားဝင်အရေးယူပေးကြပါ။၇ရ – လမ်းတိုက်ခန်း

၃၁- ၃၂ ကြားမှာပါ။စောက် အစိုးရ ကို ဒီအတိုင်းဆို မီးဖြတ်/ရေဖြတ်နဲ့ အကုန် ဖြတ်နေတာ။

ခွဲတမ်းဆိုရင်လည်း တိတိကျကျ ကြေညာပေးပါ။အခုက တစ်လကျော်နေပါပြီ။ဒီတော့ တစ်နေ့

ကို ရေ တစ်စည်(၁၅၀၀)နဲ့ (၅)စည်ဆိုရင် တစ်လကို ဘယ်လောက်လဲ။တွက်ကြည့်နော်။

ပိုမပြောပါဘူး။တိုက်ခန်းအထပ်မြင့်တွေဆိုတော့ ရေကို အောက်ကကန်ထဲကိုလောင်းထည့်ပြီးတော့မှ

အပေါ်ကို မောင်းတင်ပြီးတိုက်ခေါင်မိုးပေါ်ကကန်ထဲရောက်အောင်တင်ရတာပါ။

ဒီတော့ လမ်းမှာဖိတ်ကျတာ။ဆုံးရှူံးတာအပြင် မီးပျက်ရင်လည်းသွားရောပဲ။

ရေမီတာရုံးက ကောင်တွေရော တိတိကျကျဖြေမပေးတဲ့စည်ပင်သာယာဝန်ထမ်းတွေကိုရေ အရေးယူပေးကြပါဗျို့။

မဟုတ်ရင်တော့ ခါသင်္ကြန်ရေကစားဖို့မပြောနဲ့ ရေချိုးတာတောင် ဝယ်ချိုးနေရပါတယ်။

အရင်မြို့တော်ဝန်ဖုန်းဇော်ဟန်လာဘ်စားပြီးနေရာပြောင်းသွားလည်းရေပျက်တာကိုတော့

အခုမြို့တော်ဝန်လည်းခေါင်းရှောင်နေပြန်ပါပြီ။

၂၆ – ဘီလမ်းပေါ်က သစ်ပင်တွေကိုတော့လောင်းလိုက်ကြတဲ့ရေ။တိုက်ခန်းတွေကြတော့

ချိုးစရာရေတောင်မရှိတော့ပါဘူး။

 

ကဲ မန်းဂေဇက်ဝင်တွေရေ ဘယ်လိုလုပ်ကြမတုန်း။အတာသင်္ကြန်တဲ့နော်။

15 comments

  • water-melon

    April 12, 2012 at 9:37 am

    အနော်တို့ဘက်တော့ ရေပေးရေးရုံးနဲ့နီးလို့လားမသိ ရေကတော့ပုံမှန်လာတယ်
    မီးကတော့ ပြတ်ကိုမပြတ်တော့တာတော့
    ရေဒုက္ခမီးဒုက္ခကိုတော့ နားလည်ပါတယ်ဂျာ့

  • ရွှေညာသား

    April 12, 2012 at 9:37 am

    ကယ်ကြပါဦး မန်းဂေဇက်ဝင်တွေရေ –
    သင်္ကြန်ရေဆော့ချင်လို့ မဟုတ်ဘူးနော်

  • water-melon

    April 12, 2012 at 9:41 am

    အနော်အိမ်လာချိုးဗျာ
    ၃၅လမ်း ၈၄ အောက်ပိုင်းမှာ ရှေးရေတွင်းတွေတူးထားတာရှိတယ်
    လာချိုးလှည့် 😀

  • ရွှေညာသား

    April 12, 2012 at 9:44 am

    မဖြဲသီးရေ – တကယ်ပျက်နေတာ တော်တော်ကြာနေပြီ ။မနှစ်ကလည်း (၄) လောက်ဆက်တိုက်ပျက်
    တာနော်။ဘာမှမပြောကြဘူး။
    သူလာလာ – မလာလာ ကိုယ်ကစောင့်ရမှာ ဆိုသလိုပဲ
    ဘယ်အချိန်လာမလဲတင်ကြည့်လိုက် (ရေမော်တာ)
    တတ်ကြည့်လိုက်( အပေါ်ကိုပြောပါတယ်)
    ဇယားကိုရှုပ်နေတာပဲ။ပြီးတော့လောင်သွားရေ ( ရေမော်တာ) ။

  • ရွှေညာသား

    April 12, 2012 at 9:49 am

    ဖြဲသီးရေ
    သားသားကရေချိုးရင် ဂျပန်လို ချိုးတာနော်။ ကရေးက ရှက်တတ်တယ်။
    ဇလုံးလေးပေးထားပါလား။ဝင်ချိုးရအောင်လို့။ဟီ ဟိ။

  • cobra

    April 12, 2012 at 9:58 am

    ရုပ်မာလိုက်ကြတာနော်၊အကိုမပူနဲ့ရန်ကုန်လာခဲ့
    ကျွန်တော်ရှိတယ် လောလောဆယ်တော့ကျွန်တော်လည်းသွားစရာနေရာမရှိလို့
    အင်တာနက်ဆိုင်ရောက်နေပီ။

  • ကိုရင်မောင်

    April 12, 2012 at 10:43 am

    ဖရဲရေအညာသား ရေလာချိုးယင်ဇလုံထဲမှာ
    ဂျပန်လိုချိုးမှာတဲ့ ကောက်ညှင်းအချိတ်နဲ့လုပ်တဲ့မုန့်လုံးရေပေါ်နဲ့
    မှားနေအုံးမယ်နော်…..ဟားဟားဟား

  • ဦးဦးပါလေရာ

    April 12, 2012 at 11:08 am

    ဒီလူတွေကတော့ ဘယ်နှ နှစ်အချိန်ပေးပေး (မဆလ၂၆+နအဖ၂၃) ဘယ်တော့မှ မြို့တည်တတ်လောက်စရာ မရှိတော့ဘူး။
    အဲဒီတော့ ခင်ဗျားတို့လဲ ရုတ်တရက် မဆင်းပေးသေးဘူးဆိုရင် နောင်ကို မြို့တွေမတည်နဲ့တော့နော်-
    ကိုယ့်ရေတွင်းကိုယ်တူးပြီး မီးခွက်ထွန်းရတဲ့ ရွာမျိုးပဲတည်။

    • တွတ်ပီ

      April 13, 2012 at 7:12 am

      ဟုတ်ပါရဲ့ နအဖ တုန်းက ဆိုရင်တော့ ဒါမျိုးသွားမလုပ်လေနဲ့ ..
      ဥပဒေ ဆိုတာက စာရွက်တစ်ရွက်ရှိရင် ရနေပြီ ဆိုတာမျိုးပဲ ..
      မာရှယ်လော ဆိုရင်လည်း စစ်ခုံရုံးကိုတင်လိုက်တော့တာပဲ .. စစ်ခုံရုံးကလည်း ဘာမှမေးနေတာမဟုတ်ဘူး (၁၀) နှစ်ပဲ .. ရောက်လာလို့ကတော့

  • ရွှေညာသား

    April 12, 2012 at 3:38 pm

    အမှန်ကရေကိုခွဲတမ်းဆိုရင်လည်း အတိအကျသတင်းထုတ်ပြန်ပေးပါ။
    နောက်ပြီး ရေလိုင်းပြင်တယ်ဆိုရင်လည်း တိတိကျကျပြောပေါ့နော်။အခုတော့
    ဘယ်နေ့ကိုပျက်ပြီး ဘယ်တော့မှ ပြန်လာမယ်ဆိုတာကို ဘယ်သူ့မှမေးလို့မရ
    ပါဘူး။
    ဒီကနဲ့မဆိုင်ဘူးဆိုပြီးဖုန်းချသွားပါတယ်။
    စုံးစမ်းရန်ဆိုတော့ဗျာ တကယ်မှတ်လို့။ဘယ်ကိုဆက်သွယ်ပြီးတော့မှ
    မေးရမှာလဲ။ဒီတော့ ခင်ဗျားတို့ကိုတိုင်မယ်ဆိုတော့
    ကြိုက်တဲ့ဆီတိုင်တဲ့ – ရေမလာတာတစ်မြို့လုံးတဲ့။
    စောက်ဂရုမစိုက်ဘူးတဲ့။အေးကြရောနော်။
    အခုမှ ရွှေညာသားသိရတာ တစ်မြို့လုံးကိုပျက်နေတာတဲ့ – – – အမှန်ကမဟုတ်ပါဘူး။
    ပြီးပြီးရောပြောလိုက်တာပါ။ ကဲ ဘယ်လိုလုပ်ကြမလဲ။

    • water-melon

      April 13, 2012 at 7:45 am

      ရွှေညာသားရေ
      ကိုယ်တိုင်ရေပေးရုံးက ရေပိုက်သမားကိုခေါ်ပြီး
      ပိုက်လိုင်းအသစ်တတ်လိုက်
      ကျွန်တော်တို့အိမ်ရေမလာတုန်းက ပိုက်လိုင်းအသစ်ဖောက်တာ ၁သိန်းပေးရတယ်
      ပြီးတော့ အကိုတို့ဘက်က ရေပိုက်ကိုလည်းတစ်ချက်ကြည့်အုန်း
      ကျွန်တော်တို့ဘက်အရင်တုန်းက ရေမလာတော့ ရေပိုက်ကိုဖောက်ကြည့်တော့ သစ်ပင်မြစ်က ရေပိုက်ထဲဝင်နေတာ 😀
      အဆင်ပြေမှာပါ
      ဖုန်းမဆက်နဲ့ ကိုုယ်တိုင်သွား ပင့်

  • Lwin Aung

    April 13, 2012 at 2:36 pm

    I heard , Previous Mayor Phone Zaw Han’s brother in law , Monkey ( nick name ) stay at hotels liked that Sedona hotel and got bribery ( amount is up to 100000 lac/lakh ) for his brother.

  • ရွှေညာသား

    April 13, 2012 at 4:52 pm

    သာဓုပါတော် – ဖြဲသီးရေ – – –
    ရေပိုက်လိုင်းအသစ်ဖောက်ရင် (၁)သိန်းကျော်ဆိုတာကို ခေါ်ပြီးပါပြီး လမ်းတစ်လျှောက်က
    ကတ္တရာစေးကအစပြန်အကုန်ခံရမှတဲ့ သားသားလည်း ကြောက်သွားတယ်။
    ကုန်ကျစရိတ်ကို သူတို့တွက်လို့မပြီးသေးဘူး။တစ်ယောက်တစ်ပေါက် ငွေစာရင်းဖြည့်နေကြတာ။
    ပြီးတော့ပြောသွားတယ် – – ရေပိုက်ဖောက်လဲမကောင်းလောက်ပါဘူးတဲ့။
    ကဲ – လုပ်ပါဦး ဖြဲသီးရေ . . . .

Leave a Reply